Sunday, September 21, 2014

ကျောင်းဆရာ ကျွန်တော် (ဇာတ်သိမ်း)







 သင်ခန်းစာ  နာရီ  ၅၀ ဆိုပေမယ့်  စာအုပ်ကြီးအတိုင်းမသွားပဲ အပြင်အကြောင်းရာတွေ ပြောကြတဲ့အခါလည်းရှိပါတယ်   သနပ်ခါးအကြောင်း  မြန်မာပြည်အကြောင်း နဲ့ အခြားအကြောင်းရာလေးတွေပေါ့   သူတို့ရဲ့ တန်ပြန်မေးခွန်းတွေက  အရမ်းကောင်းပါတယ်  အားလုံးက ဌာနတွေက  ဆရာ ဆရာမတွေဆိုတော့  ရွှီလို့မရဘူး တစ်ခါတလေ  ကိုယ်မပြင်ဆင်ထားတဲ့ မေးခွန်းတွေထိတယ်  မြန်မာခုနှစ်က ဘယ်က အစပြုတာလဲဆိုတာမျိုးး( ကျနော်လည်း ချက်ချင်းမသိဘူးရယ် ။  တိုင်းရင်းသားလူမျိုးတွေအကြောင်းပြောတဲ့အခါမှာတော့ သူတို့က  မြန်မာစကားကို အားလုံးတတ်ကြတယ်ထင်နေတာ ထိုင်းနိုင်ငံေ၇ာက်တဲ့သူအများစုက တိုင်းရင်းသားတွေများပါတယ်  သူတို့သင်ထားတဲ့မြန်မာစကားလေးနဲ့ ဈေးမှာ စကားသွားပြောရင်  တစ်ချို့က  နားမလည်ဘူးတဲ့ စာသင်ခန်းထဲ လာပြန်ပြောကြတယ်း)  မြန်မာလူမျိုးတော့ ပြောတယ် မြန်မာလိုမပြောတတ်ဘူး ဆရာတဲ့  ။ မြန်မာနိုင်ငံမှာ ဘာသာစကားပေါင်း  ၁၃၀ ကျော်ရှိတဲ့အကြောင်းရှင်းပြတော့ သူတို့တွေ အံ့သြကြတယ် ။
 


တစ်ချို့ မေးခွန်းတွေကျ  ကိုယ့်ရင်ထိတာပေါ့  ကိုလိုနီလက်အောက်ခံနိုင်ငံတွေက ဖွံဖြိုးကြပါတယ်တဲ့ ဘာလို့ မြန်မာပြည်ကျနောက်ကျကျန်ခဲ့တာလဲလို့မေးကြတယ်း(  ။  ရှော့ပင်မောလ်ကြီးတွေရှိလား  တောင်တန်းရှိလား  ကမ်းခြေရှိလားဆိုတဲ့မေးခွန်းတွေက  ရှိတာပေါ့ အများကြီးလို့ ချက်ချင်းကိုဖြေပစ်လိုက်တယ် ။  ကိုယ်ပြောမယ်လို့ ချိန်ရွယ်ထားပြီး မပြောဖြစ်သေးတာကတော့ အမေစုအကြောင်း   စာသင်ရင်း လေကန်တာများသွား သူတို့မေးတာတွေ တစ်ယောက်တစ်မျိုးဖြေရင်းနဲ့  အချိန်ကကုန်တော့ အမေစုအကြောင်းပြောမယ်ဆိုပြီး   မပြောဖြစ်သေး   နောက်တစ်ပါတ်တော့ ပြောဖြစ်အောင် ပြောအုံးမှာ   ကိုယ်တွေမှာ ကြွားစရာဆိုလို့ ဒါပဲရှိတာမှတ်လား။


ပညာရေးအကြောင်းဆွေးနွေးကြတဲ့အခါမှာတော့ သူတို့က ကိုယ်တွေပညာရေးကို တော်ကြောင်း ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ကြတယ် အင်္ဂလိပ်စာ အသံထွက်သူတို့ထပ်ပိုကောင်း ၀ါကျတည်ဆောက်ပုံ ကောင်းကြတယ်လို့ပြောကြတယ် ပြီးတော့ မြန်မာပြည်ေ၇ာက်ဖူးတဲ့ အတန်းထဲက တစ်ယောက် သူတို့မြန်မာပြည်မှာ အခြေခံက အစ အင်္ဂလိပ်လိုတော့တက်ကြတယ် ဈေးထဲလည်း ပြောနေကြတာပဲတဲ့  ။

စကားပြောလေးတွေ ပြောခိုင်းကြည့်တိုင်း   စကားသံလေးတွေပီလာကြတာတွေ့တော့ ပျော်လိုက်တဲ့ဖြစ်ချင်းး)   စာတွေလည်းရေးတတ်လာကြပြီ   စကားလုံးအသစ်ဆန်းပြောရင် ရေးပြပါလို့တောင်းဆိုလာကြတယ် ။ အတန်းမပြီးခင် စာမေးပွဲစစ်ရအောင်ဆိုတော့   စာတွေသေချာလုပ်ကြတာလည်းတွေ့တယ်     ကိုယ့်မိခင်ဘာသာစကားကိုတစ်ခြားတိုင်းနိုင်ငံသူတွေ လေ့လာနေတာတွေ့တော့ တကယ်ကိုပဲ ပီတိဖြစ်မိတယ် ။


အတန်းတာဝန်ကျဆ၇ာရဲ့ အသင်ပြ ကောင်းမကောင်း  အချိန်မှန် မမှန် ကို  ကိုယ်တို့ကိုငှားထားတဲ့ company က အတန်းထဲမှာ စား၇င်းလာကောက်တုန်းကတော့ အရင်လို  ကိုယ်ရင်မခုန်တော့ဘူး အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အဖြေက ဘယ်လိုထွက်ထွက်  ကိုယ့်စိတ်ထဲ ကျေနပ်တာက အဖြေပါပဲ ။  အစပိုင်းကျ  ကျောင်းသားများပြီး နောက်ပိုင်းကျ  လူနည်းသွားတတ်တာ  သင်တန်းတွေရဲ့ အကျင့်အတိုင်းပါပဲ ဒါပေမယ့် ကိုယ့်အတန်းမှာတော့  ကျောင်းသား ၂၀ မှာ  ၁၇ ယောက်လောက်နေ့တိုင်းမြင်ရတာကလည်း   သင်ခန်းစာအပြင်သူတို့သိချင်တာလေးတွေပြောပြချင်စိတ်ပိုဖြစ်မိတယ်   ။ ပုံမှန်လာနေကျသူမလာရင်  ဘယ်သူ ဘာလို့မလာလဲဆိုပြီး သွားသွားမေးမိကော  ။ ခုမှ  ကိုယ်ချင်းစာတတ်တယ် ဆရာ ဆရာမ တွေ ကျောင်းသားအိမ်အထိ လိုက် စိတ်ပူတတ်ကြတာ  ။ကိုယ်က  ခနလေးဆရာလုပ်တာတောင်  ပူမိရန်ကောလို့  ပြန်ထိန်းရတယ်။

ကိုယ်က ဆရာဆိုပေမယ့် တစ်ခါတလေ တပည့်ပြန်ဖြစ်သွားတာလည်းရှိတယ်  ထိုင်းစာ မကျေညက်သေးတော့  အလွဲလွဲအချောချောဖြစ်နေတိုင်း သူတို့က တစ်ခါ ကိုယ့်ကို ပြန်ပြောပြကြတာ   လူကများတော့အကြံပြုချက်အများကြီးလည်းရလိုက်တယ် မှတ်သားဖွယ်ရာပါပဲ ။နောက်ထပ်  ပရိုဂရမ်အတွက် သူတို့ မြန်မာစာထပ်သင်ဖို့ တင်ပြသွားမယ်ဆိုတဲ့အကြောင်း ပြောတော့ ဟုတ်ကဲ့ အဆင်ပြေရင် ကျနော်တို့တွေ့ကြသေးတာပေါ့လို့ ။

တကယ်တော့ ဆရာလုပ်လိုက်ရတဲ့အတွေ့အကြုံဟာ ကိုယ့်အတွက်တော့ ကြီးမားတဲ့ အခွင့်ရေးတွေအများကြီးရလိုက်တယ်  ဘ၀မှာ တစ်ကြိမ်တော့  ငါလုပ်နိုင်ခဲ့တယ်ဆိုတဲ့အတွေး  ထိုင်းလူမျိုးတွကို ကိုယ်ကသာ အမြဲလေးလေးစားစားဆက်ဆံခဲ့ရပေမယ့်   အခုတော့ ကိုယ့်ကို လေးစားမှုရှိရှိ  ဆက်ဆံကြတဲ့အခါ ၀မ်းသာကျေနပ်မိတဲ့စိတ်   လူများများရှေ့ထွက်ရဲလာတဲ့စိတ်တွေ အများကြီးပါပဲ  ။ နောက်ထပ်  ဆရာလည်း လုပ်ခွင့်ရချင်မှရမယ်   ရချင်ရင်လည်းရအုံးမှာ ဘာမှမသေချာမရေရာပေမယ့်  ကိုယ့်မှတ်ညဏ်ထဲမှာတော့ အမှတ်တရကောင်းလေးအဖြစ်  ရှိနေခဲ့ပါပြီ  ။

ဘာသာစကားတစ်ခုဟာ  လူတွေရဲ့ ဆက်ဆံရေး ပေါင်းသင်းကူးလူမှုတွေမှာ တကယ့်ကိုအဓိကကျတဲ့ အချက်တစ်ခုပါပဲ ကိုယ်လည်း  သင်ယူရင်း သူများကိုလည်း ဝေမျှရင်း  ကျောင်းဆရာအတွေ့အကြုံက သင်ပေးခြင်းအပြင် သင်ယူခြင်းတွေအများကြီးရလိုက်တာပါပဲ ။

မင်္ဂလာပါခင်ဗျား  ကျနော်တို့ နောက်တွေ့ကြသေးတာပေါ့း)


6 comments:

Anonymous said...

ဘလော့မှာ လာဖတ်သွားတယ်ဗျို့

လေးစားလျက်
တောင်ပေါ်သား

:P said...

ဆရာ့ ဆရာလေူး
ဆက်လက် ဆရာလုပ်နိုင်ပါစေ

Aunty Tint said...

တပည့်စိတ်ဝင်စားအောင် သင်တတ်တဲ့ ဆရာတစ်ယောက်ရဲ့ ပညာကလဲ မလွယ်ဘူးနော်။ စာအုပ်ကြီးအတိုင် သင်တဲ့ဆရာမျိုးကို ကြုံဘူးသလို ပြင်ပဗဟုသတကနေ ကိုယ်သင်ချင်တဲ့ စာအကြောင်းကို ဆွဲယူသွားပြီး စိတ်ဝင်စားအောင် သင်ပေးနိုင်တဲ့ ဆရာမျိုးတွေလဲ ဆုံဘူးတယ်။ ပညာလိုချင်ရင်တော့ ဆရာကလဲ တပည့်ဖြစ်တတ်တာ အမှန်ပေါ့ ....

မေဓာဝီ said...

ဝမ်းသာတယ် မောင်မျိုးရေ ... တကယ့် အတွေ့အကြုံကောင်း တခု ရလိုက်တာပဲ။ ချီးကျူး ဂုဏ်ယူပါတယ်။

မဒမ်ကိုး said...

ဆရာလုပ်တယ်ဆိုတာကလဲစိတ်ရှည်မှလုပ်လို့ရတာမို့ကျောင်းဆရာမောင်မျိုးကိုတော့ချီးကျူးတယ်
တို့တော့အပျင်းဆုံးအလုပ်ကဆရာအလုပ်ပဲထင်တယ် .ဘာလို့ဆိုကိုယ့်ဖာသာကိုယ်တောင်နားမလည်လို့ :P

Anonymous said...

ခုနောက်ပိုင်း ထိုင်းလူမျိုးတွေ မြန်မာစာ မြန်မာစကားကို စိတ်ဝင်တစား သင်ယူချင်လာတာတွေ့တော့ သူတို့နိုင်ငံမှာ နေရပေမဲ့ ကိုယ့်ကိုကိုယ်တောင် အထင်နည်းနည်းကြီးချင်လာတယ်. ကိုမျိုးယေး... :-) ဒါပေမဲ့ သူတို့မှာလဲ အကြံအစည်တွေများ ရှိနေမလားဘဲ.. (ဥပမာ စီးပွားရေးအရတို့ ဘာတို့ပေါ့) ခုနောက်ပိုင်း ထိုင်းတွေတော်တော်များများ ဗမာပြည်ကို အလည်သွားနေကြတာတွေ့နေရတယ်.. :)

LinkWithin

Related Posts Plugin for WordPress, Blogger...