ဘလော့ဆိုတာကြီး ကိုမေ့နေတဲ့ကိုယ် ခုတော့ တီတင့် နဲ့ ပစ်ပစ် ရဲ့ ကျေးဇူးကြောင့် ဘလော့ပေါ်ပြန်ရောက်လာပါပြီး) ရေးဖို့တွေးထားတာကြာပေမယ့် ခုမှပဲ အင်တာနက်လေး အဆင်ပြေလို့ ရေးဖြစ်တော့တယ် စတိုင်လ်ကြီးတစ်ခွဲသားနဲ့နေတယ်ဆိုပြီး ထင်မှာလည်း စိုးရသေးတယ်လေ ။
တကယ်တော့ ဘလော့ဒေး အမှတ်တရက အရင်နှစ်တွေမှာ ရေးခဲ့ဖူးပြီးသားတွေပါပဲ အရင်ကတော့ ဘလော့ကို ပျော်ပျော်ပါးပါးရေးခဲ့ပေမယ့် ကိုယ်လည်း အများနည်းတူ ပျောက်နေတယ် ပျင်းနေတယ် ဘာပဲဖြစ်ဖြစ် ဘလော့မှာ ရေးချင်တဲ့စိတ်တွေလည်း ပျောက်ကုန်တယ် ။ ဖဘ ကို မက်မက်စက်စက် သုံးနေပေမယ့် ဘလော့လောက်တော့ တန်ဖိုးထားမှုမရှိတာ အမှန်ပါပဲ ဘလော့က ခင်မင်တဲ့သူကို သူငယ်ချင်းအရင်းကြီးလိုပေါင်းပေမယ့်လည်း တစ်ချို့ ဖဘ သုံးသူတွေကိုတော့ ကလစ်လေးတစ်ချက်နှိပ်ပြီး ဖျက်လိုက်ဖို့ ၀န်မလေးတတ်တာ အမှန်ပါပဲ ။
တလောက မလေး တင်လိုက်တဲ့ ပြည်တွင်းက စာရေးဆရာမ တစ်ယောက်ရဲ့ ဘလော့ဂါတစ်လှေကြီး ဆိုပြီး ဘလော့ဂါတွေကို သိမ်းကြုံးပြီး ဝေဖန်ပစ်လိုက်တဲ့ ပို့စ်မှာ အရင်လို မိတ်ဆွေတွေ ဆွေ့ဆွေ့ခုန်မဖျြစ်ကြတော့ဘုး နာရကောင်းမှန်းမသိတော့တာကိုတော့ ၀မ်းနည်းမိပါရဲ့ ဒါပေမယ့် ကိုယ်လည်း ဒီတိုင်းပါပဲ ။
ဒီနှစ် ဘလော့ကနေရလိုက်တဲ့ အမှတ်တရလေးတစ်ခုကတော့ မှတ်မှတ်ရရပါပဲ အန်တီတစ်ယောက် က ကိုယ့် ရဲ့ ဘလော့နဲ့ အတူ ကိုယ့်ဘလော့မိတ်ဆွေတွေ အကြောင်းပြောပြတော့ တအံ့တသြ သူက ဘယ်မှာမှလည်း ကော့မန့်ရေးတာမမဟုတ်တော့ ဘယ်သူမှလည်း သိမှာမဟုတ်ဘူးထင်တာပဲ သူက ဦးဟန်ကြည် စာရေးကောင်းတာကို သိသလို ကိုညီလင်းသစ် မိသားစု ချစ်စရာကောင်းကြောင်းသိတာပဲ ၊ အန်တီတင့် ၊ တီတီဆွိ ကျန်သေးတယ် အများကြီးပဲ မမှတ်မိတော့ဘူးရယ် စာဖတ်သူက ဘလော့ဂါတွေ ငြိမ်နေကြတယ်နော် ပြောတော့ ကိုယ်ကလည်း ဟုတ်တယ်ဗျ လို့ပဲပြန်ပြောမိတယ် ကိုယ်လည်း စာရေးဖို့ပျင်းနေတာကိုးး))
ခုလည်း ကျနော်ရဲ့ စာတိုလေးတွေမှာ သားေ၇ဆိုပြီ အားပေးစကားမှတ်ချက်လေးတွေပေးတတ်တဲ့ အန်တီ အမေတို့ ကျန်းမာကြရဲ့လားဆိုပြီး အမြဲမေးတတ်တဲ့ အန်တီ ကျေးဇူးတင်စရာ ဒါဟာ ကျနော်တို့ Like လေးတစ်ချက်ရတာနဲ့ မနှိုင်းသာပါဘူး နာမည်ကြီး ဘလော့ဂါမဟုတ်ပေမယ့်လည်း သားစာလေးတွေဖတ် လို့ကောင်းတယ်လို့ ပြောတာခံရတာလေးကတကယ်ကို ပျော်ရွှင်စရာပါ ။
ဘလော့က ရလိုက်တဲ့ မိတ်ဆွေကောင်းတွေ အများကြီးပါ တကယ့်ခင်မင်မှုစစ်စစ်လေးတွေပေါ့ ဘလော့က ကိုယ့်အတွက် အမှတ်တရကောင်းတွေ အများကြီး ရှိခဲ့တဲ့ နေရာပါပဲ ။ သူ က ကျနော့်ရဲ့ ချစ်ဦးသူပါ ချစ် ရယ် မင်းကို ကိုယ်မမေ့ပါဘူး မင်းရင်ခွင်ကို ကိုယ် ပြန်လာခဲ့ပါအုံးမယ် လို့း))
တီတင့်ရေ ... စာမရေးတာကြာလို့လားမသိ အများကြီးမရေးတတ်တော့ဘူးရယ် ဘာပဲဖြစ်ဖြစ် သွေးပူလေ့ကျင့်ခန်းပြန်ဝင်လာတဲ့ တပ်သား လိုသဘောထားပြီး ကျေနပ်ပေးပါလို့ သွေးပြန်ပူပြီဆိုတော့ နောက်ဆို ဘလော့မှာ စာပြန်ရေးမယ်လေ နော့် ။ စာရေးဖို့ပြောတဲ့ အတွက် အားပေးတဲ့အတွက် ကျေးဇူးပါဗျာာ ။
9 comments:
ရေးလဲရေး ဘလော့ရွာလဲ အားတဲ့အခါ လျောက်လည်။ ဒါမှ ပိုပျော်စရာကောင်းမှာ။ လာခဲ့မယ်ဆိုပြီး ပျောက်နေရင်တော့ လေးခွနဲ့ လာထုမယ်။း)
ကဲ..မောင်မျိုးရေ
စာတွေဆက်လက်ပြီးရေးပါဦးလို့...နော်
ပြန်ရေးမယ်ဆိုလို့ နေ့တိုင်းလာချက်ပါမယ် မောင်မျိုး
‘ကလစ်လေးတစ်ချက်နှိပ်ပြီး ဖျက်လိုက်ဖို့ ၀န်မလေးတတ်တာ အမှန်ပါပဲ’ Credit :P
ပို့စ်မတင်မချင်း အနားမှာ ရစ်သီရစ်သီလုပ်မိတာ ဆောတီး မောင်မျိုးရေ... :D
အရှိန်လေးရဘို့ အစပျိုးပြီဆိုတော့ နောင်ကို ပုံမှန်လေး ဘလော့ဂင်းနိုင်ပါစေ... အသံတိတ်အားပေးတဲ့ စာဖတ်သူများကိုလဲ အစဉ်လေးစားလျှက်ရှိပါတယ်။
ပထမတလှမ်းကတော့ ဒီလိုပဲ...၊ ရေးရတာ စာမချောသလိုလို၊ အကြောင်းအရာတွေက ဆက်စပ်မှု မရှိသလိုလိုနဲ့....၊ နောက် ၂ ပုဒ်လောက်ဆို အရင်အတိုင်း ပြန်အိုကေ သွားလိမ့်မယ်...၊း) ကဲ.. ဆက်သာရေးတော့ဗျာ..။
Welcome back!!!
စတိုင်မလိုင်ကြီးနဲ့  မောင်မျိုး...ပျောက်ချက်သား ကောင်းချက်...Warmly welcome back !
စစ်ဖြစ်တဲ့ နှစ်မှ တပ်ထဲ လိုက်တာလား.. တပ်ပျက်မှ ဗိုလ်ချုပ် ရာထူး တိုးတာလား.. ။ ဘလော့စပေါ့ ဖျက်မဲ့ နှစ်ထိတော့..ဘလော့ ရေးလိုက်အုံးမယ်ကွာ..း)
စာရေးကောင်းတဲမောင်မျိုးနဲ့ ဖဘမှာတရင်းတနှီးမပြောဖြစ်ပေမယ့် ဘလော့ထဲမှာစာတွေလာဖတ်ဖြစ်တဲ့အချိန်တိုင်းရင်းနှီးနေတာအမှန်ပါပဲ.
တကယ်တော့ဖဘထက်ဘလော့ဟာသိပ်တန်ဖိုးရှိတာကို ကျမတို့အားလုံးကခေတ္တခဏမေ့လျော့နေကြတာနေမှာပါလေ ။
my company gucci replica handbags a knockout post designer replica luggage try this website best replica bags online
Post a Comment