ဘက်မညီမျှခြင်း အဆီငေါ်မတည့်ခြင်း တွေနဲ့ ဘယ်နဲ့ညာ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းတော့မထိုးဖြစ်ကြဘူးရယ် တစ်ချို့သူတွေအတွက်တော့ ရယ်စရာကောင်းနေတော့မှာ ကိုယ်တိုင်တောင် ကိုယ့်အဖြစ်ကို ပြုံးမိတဲ့အခါတွေလည်းရှိတယ် ။ အရင်က ဘလော့ရေးဖက်အသိတစ်ယောက်လည်း ဒီလိုအဖြစ်မျိုး ပို့စ်လေးရေးဖူးတာမှတ်မိသေးတယ် ။ နိုင်ငံရပ်ခြားမှာ ရုန်းကန်ကြရသူများမို့ စတိုင်လ်နဲ့မလိုင်နဲ့ နေကြရတယ်လို့များမထင်လိုက်ပါနဲ့လား တစ်ခါတလေများ ရေခဲတစ်ထုတ် ၁၀ ဘတ်တန်ဝယ်ပြီး အိပ်ပျော်သွားလို့ အရေပျော်သွားရင်များ နှမြောလိုက်တြဲု့ဖစ်ခြင်း။ အရာရာကို ချွေတာနိုင်မှ မဟုတ်လို့ကတော့လား လမကုန်ခင် ကြိုတင်ငွေက ထုတ်ရပြီ ။ ဒါကြောင့် သူငယ်ချင်းနှစ်ယောက် အခန်းစုပြီး နေဖြစ်တယ် အရင်က ကျောင်းတက် ကိစ်စရှိမှ ဆုံကြပေမယ့် တူတူနေကြတော့ မလိုလားတာလေးတွေ ဖြစ်လာတဲ့အခါ တော်တော် ညှိယူရတာမျိုး။
ကိုယ်က ညဘက် တီဗွီကြည့်နောက်ကျတယ် သူက စောစောအိပ်တယ် ။ ကိုယ်က တစ်လလောက်နေမှ သီချင်းတစ်ပုဒ်လောက်ငြီးဖြစ်တဲ့သူ သူက နားကြပ်ကြီးတပ်ပြီး သီချင်းအော်ဆိုတတ်တဲ့သူ အဲ့မှာ စတွေ့တာပဲ ။ ရုန်းကန်ကြရသူများမို့ တာဝန်တွေလည်း ကိုယ်စီ တစ်ခါတလေ ကိုယ့်အပူနဲ့ကိုယ်မို့ တစ်ခန်းတည်းနေပေမယ့် စကားတောင်မပြောဖြစ်ကြတဲ့အဖြစ် ။ ကိုယ်အိပ်ပျော်မယ့်ကြံမှ သူ့ဟောက်သံကြီးကြား သိပ်စိတ်ကုန်တာပဲ ပြန်ဖြေတွေးရတာ တီဗွီကြည့်ပြီး ရယ်တုန်းက သူလည်း အိပ်ရမှာမဟုတ်ဘူးလို့ ။ မနက်အလုပ်သွားကြ ညအိပ်ချိန်လောက်မှ ဆုံကြတာမို့ အခန်းပြောင်းဖို့ကိုလည်းနှစ်ယောက်စလုံးက တွေးကိုမတွေးကြဘူး။
ရေချိုးရင် ရေချိုးခန်းဆေးရမှ ကျေနပ်တဲ့ ကိုယ် က သူရေချိုးခန်းသုံးပြီး မဆေးခဲ့ရင် မျက်နှာက ၈ ခေါက်ချိုးဖြစ်နေတာ ပြင်လို့ကိုမရ တစ်ခါတလေ သူက မအောင့်နိုင်လို့ထင်ပါ့ ပြောတဲ့စကားက * ကိုမျိုး ကတစ်ခါတလေ ခလေးကျနေတာပဲ* တဲ့ ကိုယ် ပြန်ချေပတာက လုပ်မနေနဲ့ ငါက ကိုယ့်အသက်ကိုယ် ပြန်တွက်ပြီး ဒီလိုကြီးနေလိုက်စမ်းမယ်ကွ လို့ ပြန်ကိုမတွေးနဲ့လူစား သူ့ပါသူ ခလေးပဲဆန်ဆန် ဘာပဲဖြစ်ဖြစ် စိတ်မ၀င်စားဘူးလို့ ။ အဟုတ်ကြီး ကိုယ့်အရွယ်တစ်ခြားသူတွေတော့ ဘယ်လိုနေလဲမသိ ကိုယ်ကတော့ တမင်ကြီး လူကြီးဆန်မယ်ဆိုတဲ့စိတ်မျိုးနဲ့ကိုနေလို့မတတ်တာ ။
ကိုယ့်ကွန်ပျူတာ ကီဘုတ်သံဟာ သူ့အတွက် အနှောင့်ယှက်ဖြစ်မလားလို့ တွေးမိချင်မှတွေးမိမယ် ။ သူငယ်ချင်းဆိုတာကို ဘယ်လိုဖွင့်ဆိုရမလဲတောင်မသိ ဒါပေမယ့် မျက်မှန် နောက်ပိုင်း မိုက်ဖော်မိုက်ဖက် စိတ်တူကိုယ်တူသူငယ်ချင်းရယ်လို့ ကိုယ့်မှာမရှိတော့တာ လုံးဝသေချာတယ် ။ အပျော်အပါး သွားဖို့ စိတ်မပါတဲ့ သူနဲ့ ရုပ်ရှင်ကားသစ်တင်ရင် ကြည့်ချင်တဲ့ ကိုယ်က အတွဲမညီပြန် ။ လူတိုင်းနဲ့ ဖော်ရွေယဉ်ကျေးစွာ ဆက်ဆံတတ်တဲ့သူနဲ့ မျက်လုံးထဲထောင့်မကျိုးရင် ပြုံးပြဖို့တောင် ပျင်းတဲ့ ကိုယ်က တည့်တည့်ကြီးကို ဆန့်ကျင်ကြတာမျိုး ။ တစ်ခုပဲ ဘယ်နဲ့ညာဟာ ရန်သူတွေ ဘယ်တော့မှ မဖြစ်ကြဘူးရယ် ။
ဖုန်းပြောရင် * ချစ်တယ်နော် ...အာဘွား အိုကေ အိုကေ ဘိုင်းဘိုင်း အိုင်လပ်ယူ * လို့ စိတ်ပါတဲ့အခါ ပလူးတတ်တဲ့ ကိုယ့်အတွက် သူက စိတ်အေးလက်သာ နှစ်ယောက်စလုံရှိကြတဲ့အခါ ပြောပြ ဆိုပြီး မေးတတ်ပေမယ့် ကိုယ်ကဘာမှမဟုတ်ဘူး သူငယ်ချင်း ရယ်လို့ ဗြောင်လိမ်ဗြောင်စားလည်း လုပ်တတ်တဲ့သူမျိုး ။
ဘ၀ မှာ ဘယ် နဲ့ ညာ ဟာ ခဏတာ ဆုံတွေ့ကြသူများမို့ တစ်ချိန်ကျရင် ဘယ်နဲ့ညာ ရဲ့ ဆန့်ကျင်ဘက်တွေဟာ ပြုံးစရာတွေဖြစ်နေအုံးတော့မှာ ။ဘာပဲဖြစ်ဖြစ် ဒီလွဲချော်မှုတွေကပဲ နေ့စဉ်ဖြတ်သန်းမှုတွေကြားက အမော တွေက အာရုံးပြောင်းလဲစေတာမျိုးလေးတွေပါပဲ ။
6 comments:
အမယ် " တစ်ခုပဲ ဘယ်နဲ့ညာဟာ ရန်သူတွေ ဘယ်တော့မှ မဖြစ်ကြဘူးရယ် " ဒါလေးအတော်သဘောကျသဗျ ။
ဒါနှင့်စကားမစပ် လူဆိုတာက တစ်ယောက်ထဲနေလို့မရတဲ့အမျိုးဆိုတော့ကား ဒီလိုပဲ ညှိနှိုင်းပြီးနေရတာပ ကိုမျိုးရ ။
အခန်းဖော်ချင်း ဒီလိုပဲ ညိနှိုင်းယူရတာပဲ မောင်မျိုးရေ...အဆင်ပြေလို့  သူငယ်ချင်း ဖြစ်တာလည်းရှိ၊ မေးထူးခေါ်ပြောပဲ ဖြစ်တာလည်းရှိ၊ အခန့် မသင့်ရင် မခေါ်မပြောနိုင်တာ ဖြစ်ကျသေးတာ....အဆင်လို့  တော်သေးတာပေါ့....း)
ဘယ်နဲ့ညာက အရေးကြုံလာရင် အချင်းချင်း အကူအညီတွေပေးလို့ရသေးတယ်လေ .. :)
ဘယ်နဲ့ညာက အဆင်ပြေတာပေါ့ ဘယ်အချင်းချင်းဆိုရင်လည်း ပြဿနာ ညာအချင်းချင်းဆိုရင်လည်း ပုလင်းတူဗူးဆို့တွေဖြစ်ကုန်ရော...
* ချစ်တယ်နော် ...အာဘွား အိုကေ အိုကေ ဘိုင်းဘိုင်း အိုင်လပ်ယူ *
အဲတာဘူ့ကို ပြောတာတုန်းမောင်မျိုး
(စီအိုင်အေ စပ်စုသွားသည်)
ခပ်ပါးပါးထည့်ကြွားသွားသေးတယ်...
ဘိုင်း..ဘိုင်း..
အိုင်လပ်ဗျူးးးးးးးးးးးးးးးဆိုကပဲ..ဟိဟိ..ခွိ
Post a Comment