Wednesday, November 6, 2013

ဘယ် နဲ့ ညာ

ဘက်မညီမျှခြင်း   အဆီငေါ်မတည့်ခြင်း တွေနဲ့  ဘယ်နဲ့ညာ  ဒါပေမယ့်  တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းတော့မထိုးဖြစ်ကြဘူးရယ်   တစ်ချို့သူတွေအတွက်တော့ ရယ်စရာကောင်းနေတော့မှာ   ကိုယ်တိုင်တောင်  ကိုယ့်အဖြစ်ကို  ပြုံးမိတဲ့အခါတွေလည်းရှိတယ် ။  အရင်က ဘလော့ရေးဖက်အသိတစ်ယောက်လည်း   ဒီလိုအဖြစ်မျိုး ပို့စ်လေးရေးဖူးတာမှတ်မိသေးတယ် ။  နိုင်ငံရပ်ခြားမှာ ရုန်းကန်ကြရသူများမို့  စတိုင်လ်နဲ့မလိုင်နဲ့ နေကြရတယ်လို့များမထင်လိုက်ပါနဲ့လား တစ်ခါတလေများ  ရေခဲတစ်ထုတ် ၁၀ ဘတ်တန်ဝယ်ပြီး  အိပ်ပျော်သွားလို့  အရေပျော်သွားရင်များ နှမြောလိုက်တြဲု့ဖစ်ခြင်း။    အရာရာကို ချွေတာနိုင်မှ  မဟုတ်လို့ကတော့လား   လမကုန်ခင် ကြိုတင်ငွေက ထုတ်ရပြီ ။  ဒါကြောင့် သူငယ်ချင်းနှစ်ယောက် အခန်းစုပြီး နေဖြစ်တယ်   အရင်က ကျောင်းတက် ကိစ်စရှိမှ ဆုံကြပေမယ့် တူတူနေကြတော့   မလိုလားတာလေးတွေ ဖြစ်လာတဲ့အခါ တော်တော်  ညှိယူရတာမျိုး။

ကိုယ်က   ညဘက် တီဗွီကြည့်နောက်ကျတယ် သူက စောစောအိပ်တယ် ။  ကိုယ်က  တစ်လလောက်နေမှ  သီချင်းတစ်ပုဒ်လောက်ငြီးဖြစ်တဲ့သူ  သူက  နားကြပ်ကြီးတပ်ပြီး   သီချင်းအော်ဆိုတတ်တဲ့သူ     အဲ့မှာ စတွေ့တာပဲ ။   ရုန်းကန်ကြရသူများမို့ တာဝန်တွေလည်း ကိုယ်စီ တစ်ခါတလေ  ကိုယ့်အပူနဲ့ကိုယ်မို့ တစ်ခန်းတည်းနေပေမယ့် စကားတောင်မပြောဖြစ်ကြတဲ့အဖြစ် ။    ကိုယ်အိပ်ပျော်မယ့်ကြံမှ  သူ့ဟောက်သံကြီးကြား  သိပ်စိတ်ကုန်တာပဲ   ပြန်ဖြေတွေးရတာ တီဗွီကြည့်ပြီး   ရယ်တုန်းက သူလည်း အိပ်ရမှာမဟုတ်ဘူးလို့ ။    မနက်အလုပ်သွားကြ  ညအိပ်ချိန်လောက်မှ  ဆုံကြတာမို့    အခန်းပြောင်းဖို့ကိုလည်းနှစ်ယောက်စလုံးက တွေးကိုမတွေးကြဘူး။ 

ရေချိုးရင်   ရေချိုးခန်းဆေးရမှ ကျေနပ်တဲ့ ကိုယ် က သူရေချိုးခန်းသုံးပြီး မဆေးခဲ့ရင် မျက်နှာက  ၈ ခေါက်ချိုးဖြစ်နေတာ ပြင်လို့ကိုမရ  တစ်ခါတလေ သူက  မအောင့်နိုင်လို့ထင်ပါ့ ပြောတဲ့စကားက  *  ကိုမျိုး ကတစ်ခါတလေ  ခလေးကျနေတာပဲ*    တဲ့     ကိုယ် ပြန်ချေပတာက  လုပ်မနေနဲ့  ငါက ကိုယ့်အသက်ကိုယ် ပြန်တွက်ပြီး ဒီလိုကြီးနေလိုက်စမ်းမယ်ကွ  လို့ ပြန်ကိုမတွေးနဲ့လူစား သူ့ပါသူ  ခလေးပဲဆန်ဆန်  ဘာပဲဖြစ်ဖြစ် စိတ်မ၀င်စားဘူးလို့ ။  အဟုတ်ကြီး  ကိုယ့်အရွယ်တစ်ခြားသူတွေတော့ ဘယ်လိုနေလဲမသိ ကိုယ်ကတော့  တမင်ကြီး လူကြီးဆန်မယ်ဆိုတဲ့စိတ်မျိုးနဲ့ကိုနေလို့မတတ်တာ ။


ကိုယ့်ကွန်ပျူတာ ကီဘုတ်သံဟာ သူ့အတွက်  အနှောင့်ယှက်ဖြစ်မလားလို့  တွေးမိချင်မှတွေးမိမယ် ။  သူငယ်ချင်းဆိုတာကို   ဘယ်လိုဖွင့်ဆိုရမလဲတောင်မသိ   ဒါပေမယ့်  မျက်မှန် နောက်ပိုင်း  မိုက်ဖော်မိုက်ဖက်    စိတ်တူကိုယ်တူသူငယ်ချင်းရယ်လို့  ကိုယ့်မှာမရှိတော့တာ လုံးဝသေချာတယ် ။  အပျော်အပါး သွားဖို့  စိတ်မပါတဲ့ သူနဲ့    ရုပ်ရှင်ကားသစ်တင်ရင်  ကြည့်ချင်တဲ့ ကိုယ်က အတွဲမညီပြန် ။ လူတိုင်းနဲ့ ဖော်ရွေယဉ်ကျေးစွာ ဆက်ဆံတတ်တဲ့သူနဲ့  မျက်လုံးထဲထောင့်မကျိုးရင်  ပြုံးပြဖို့တောင် ပျင်းတဲ့  ကိုယ်က  တည့်တည့်ကြီးကို ဆန့်ကျင်ကြတာမျိုး ။  တစ်ခုပဲ  ဘယ်နဲ့ညာဟာ   ရန်သူတွေ ဘယ်တော့မှ မဖြစ်ကြဘူးရယ် ။

ဖုန်းပြောရင်  *  ချစ်တယ်နော်  ...အာဘွား  အိုကေ  အိုကေ  ဘိုင်းဘိုင်း   အိုင်လပ်ယူ  *  လို့  စိတ်ပါတဲ့အခါ  ပလူးတတ်တဲ့  ကိုယ့်အတွက်   သူက  စိတ်အေးလက်သာ နှစ်ယောက်စလုံရှိကြတဲ့အခါ  ပြောပြ ဆိုပြီး မေးတတ်ပေမယ့်   ကိုယ်ကဘာမှမဟုတ်ဘူး  သူငယ်ချင်း  ရယ်လို့ ဗြောင်လိမ်ဗြောင်စားလည်း  လုပ်တတ်တဲ့သူမျိုး ။

ဘ၀ မှာ  ဘယ် နဲ့  ညာ ဟာ ခဏတာ ဆုံတွေ့ကြသူများမို့   တစ်ချိန်ကျရင်  ဘယ်နဲ့ညာ ရဲ့ ဆန့်ကျင်ဘက်တွေဟာ  ပြုံးစရာတွေဖြစ်နေအုံးတော့မှာ ။ဘာပဲဖြစ်ဖြစ် ဒီလွဲချော်မှုတွေကပဲ  နေ့စဉ်ဖြတ်သန်းမှုတွေကြားက အမော တွေက   အာရုံးပြောင်းလဲစေတာမျိုးလေးတွေပါပဲ  ။







6 comments:

မိုးဇက် said...

အမယ် " တစ်ခုပဲ ဘယ်နဲ့ညာဟာ ရန်သူတွေ ဘယ်တော့မှ မဖြစ်ကြဘူးရယ် " ဒါလေးအတော်သဘောကျသဗျ ။
ဒါနှင့်စကားမစပ် လူဆိုတာက တစ်ယောက်ထဲနေလို့မရတဲ့အမျိုးဆိုတော့ကား ဒီလိုပဲ ညှိနှိုင်းပြီးနေရတာပ ကိုမျိုးရ ။

San San Htun said...

အခန်းဖော်ချင်း ဒီလိုပဲ ညိနှိုင်းယူရတာပဲ မောင်မျိုးရေ...အဆင်ပြေလို့  သူငယ်ချင်း ဖြစ်တာလည်းရှိ၊ မေးထူးခေါ်ပြောပဲ ဖြစ်တာလည်းရှိ၊ အခန့် မသင့်ရင် မခေါ်မပြောနိုင်တာ ဖြစ်ကျသေးတာ....အဆင်လို့  တော်သေးတာပေါ့....း)

ွှThan Lae said...

ဘယ်နဲ့ညာက အရေးကြုံလာရင် အချင်းချင်း အကူအညီတွေပေးလို့ရသေးတယ်လေ .. :)

ဟန်ကြည် said...

ဘယ်နဲ့ညာက အဆင်ပြေတာပေါ့ ဘယ်အချင်းချင်းဆိုရင်လည်း ပြဿနာ ညာအချင်းချင်းဆိုရင်လည်း ပုလင်းတူဗူးဆို့တွေဖြစ်ကုန်ရော...

blackroze said...

* ချစ်တယ်နော် ...အာဘွား အိုကေ အိုကေ ဘိုင်းဘိုင်း အိုင်လပ်ယူ *

အဲတာဘူ့ကို ပြောတာတုန်းမောင်မျိုး
(စီအိုင်အေ စပ်စုသွားသည်)

:P said...

ခပ်ပါးပါးထည့်ကြွားသွားသေးတယ်...

ဘိုင်း..ဘိုင်း..
အိုင်လပ်ဗျူးးးးးးးးးးးးးးးဆိုကပဲ..ဟိဟိ..ခွိ

LinkWithin

Related Posts Plugin for WordPress, Blogger...