ဒီအကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ရေးဖို့လည်း နည်းနည်းရှက်သလိုလို ။ တစ်ချို့ အကြောင်းရာတွေက အထိုင်ကျသွားမှသာ ရယ်စရာကောင်းချင်ကောင်းပေမယ့် ဖြတ်သန်းနေတုန်း အခိုက်တန့်မှာတော့ ကိုယ့်အခက်ခဲသာ အကြီးမားဆုံးလို့ ထင်တတ်ကြတယ်မဟုတ်လား ။
ဒီအလွဲတွေမှာ စွန့်စားခြင်းများစွာနဲ့ ကျေးဇူးတရားတွေကို မျက်ကွယ်ပြုတဲ့အခါတွေပြုလို့ ဘ၀မှာ ကိုယ်တစ်ယောက်တည်းသာ လူပိုကြီးရယ်လို့ ခံစားခဲ့မှုတွေလည်းရှိခဲ့တာပဲ ဆွေမျိုးတွေလိုဖြစ်နေတဲ့ မိတ်ဆွေတစ်ချို့ကို ခွဲခွာနှုတ်ဆက်လို့ ကိုယ့်တစ်ယောက်တည်း တိတ်တိတ်ကလေး စွန့်ခွာခဲ့တော့တာ ၇ နှစ်နီးးပါး သံယောဇဉ်ရှိခဲ့တဲ့ ဘော့စ်နဲ့ ကျနော့်ရဲ့ အလုပ်ရှင်နဲ့အလုပ်သမားကြားက သံယောဇဉ်တွေကို ရေကြည်ရာမြက်နုရာကို ရှာဖွေချိန်တန်ပြီလို့ ဆုံးဖြတ်မှုတွေနဲ့ ထွက်ခွာခဲ့တယ် ။ တစ်ချို့ကတော့ ဒါလေးများကွာ စာတစ်တမ်ပေတစ်ဖွဲ့ရေးနေရသေးတယ်လို့ မဲ့ချင်မဲ့နိုင်ပါတယ် နယ်စပ်မြို့ကလေးတစ်မြို့မှာ လိုင်းကားတစ်စီးပဲ နာရီဝက်နေမှတစ်ခေါက်ပြေးပေမယ့် မြို့ကြီးတစ်မြို့မှာ လမ်းပေါင်းများစွာ ကားပေါင်းများစွာကြားမှာ ယောင်လည်လည်ဖြစ်ခဲ့ရတာတွေလည်းအများကြီးပါပဲ ။
ဘာမှ သေချာရောရမှုမရှိပဲ တစ်ဝမ်းကွဲ ညီမလေးတွေအခန်းမှာနေလို့ မြို့ကြီးပြကြီးထဲ မသွားတတ်မလာတတ် လိုင်းကားတိုးစီးတော့ ကိုယ်ဆင်းရမယ့် မှတ်တိုင်မဟုတ်ပဲ ဆင်းတဲ့အခါဆင်း ငွေကောက်သူက ဘယ်အထိသွားမှာလည်းမေးတဲ့အခါ အူလည်လည်ဖြစ်နေလို့ ဟောက်ခံထိတဲ့အခါထိ မနက် ၉ နာရီကထွက် ည ၉ နာရီလောက်မှပြန်ရောက်ပြီး ခြေဖ၀ါးတွေ နာတဲ့အထိ အလုပ်ထွက်ရှာတဲ့အခါတွေမှာ ငါ့ကိုယ်ငါများ အထင်ကြီးစိတ်တွေများနေလို့ ဒီလို စုံစမ်းခြင်းမျိုး ခံရတာလားဆိုပြီး စိတ်နှလုံးသွင်းမိပါတော့တယ် ။
တစ်လနီးပါးလောက် အလုပ်ရှာမရသေးတဲ့အခါမှာ ယုံကြည်မှုတွေကနည်း စိတ်တွေကလည်း တိုတတ်လာတယ် ဟိုအလုပ်လုပ်မလား ဒီအလုပ်လေးအဆင်ပြေမလား ဆိုပြီး အလုပ်ဝိုင်းရှာပေးတဲ့ အစ်ကိုတွေကို * ကျနော်က အဲ့တာတွေမှမလုပ်နိုင်တာ မလုပ်ချင်ဘူး* ဆိုပြီး ဂျစ်တွန်းခဲ့အခါတွေလည်း တွန်းခဲ့ပြန်တာပဲ ။ အစ်ကိုတွေ သူတို့အိမ်ထောင်ရေးမှာ စကားများကြရင်ပဲ ကိုယ့်ကြောင့်လိုလို စိတ်လည်းဖြစ်လို့ အမေ့ကိုဖုန်းခေါ်ပြီး *မေ့....သား အလုပ်မရသေးဘူး* ဆိုပြီး ၀မ်းနည်းသံနဲ့ပြောတော့ * အေး .....မရလည်းနေအုံးပေါ့သားရယ် ဖြည်းဖြည်းရှာ ငါ့သားက ကျွေးရပေးရမယ့် သားမယားလည်းရှိတာမဟုတ်ဘူး အမေ့ကိုလည်း နင်စိတ်မပူနေနဲ့တော့ အမေ ရွာမှာအဆင်ပြေနေတာပဲ စိတ်အေးအေးထားရှာ အဆင်ပြေသွားလိမ့်မယ် အမေလည်း ငါ့သားအဆင်ပြေဖို့ ညတိုင်းဆုတောင်းပေးနေတယ် * အမေ့ စကားလေးကြားပြန်တော့ အားကလေးပြန်တတ်ခဲ့တယ် ။ အရင်ကကော အခုကော မပြောင်းမလဲ စိတ်ထဲစွဲနေတာကတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ အနားမှာမရှိတော့ရင်တောင် ကျနော့်မိဘ နှစ်ပါးကတော့ ကျနော့်အနားရှိနေအုံးမယ်ဆိုတာပါပဲ ။
ဘန်ကောက်က ဆေးရုံကြီးတစ်ရုံမှာ အလုပ်လျှောက်ဖြစ်တယ် မလျှောက်ခင်ကတည်းက နည်းနည်းတော့လန့်သာ ဘာသာပြန်လုပ်ခဲ့ဖူးပေမယ့် ရောဂါတွေနဲ့ ဆိုင်တာမျိုးတော့မလုပ်ခဲ့ဖူးဘူး တော်ကြာ ပြန်တာမှားသွားလို့ လူနာဂန့်သွားမှဖြင့် ငါတော့ အမှုပတ်အုံးမယ်လို့ စိတ်ထဲကလည်ြးုဖစ်သေး ။ အလုပ်လျှောက်တဲ့နေ့မှာပဲ ရေးဖြေဖြေရတယ် အင်တာဗျူးရတယ် အွန်လိုင်းမှာ ဆရာစိုးမင်း ၊ဆရာဟန်ကြည်တို့ဆီ အကူညီတောင်းပြီး ဖတ်မှတ်သေးတယ် အင်တာဗျူး အခန်းထဲလည်းရောက်ကော ဘာမှ မသိတော့ဘူးရယ် သူတို့မေးတာတွေလည်း မဖြေနိုင်ဘူး မေးခွန်း ၂၀ မှာ ၅ ခုလောက်ပဲဖြေနိုင်တယ် မအောင်ဘူး ကျတယ် အလုပ်မရဘူးးး ။
မိုးပျံရထားစီးတယ် နယ်စပ်က လာတဲ့သူက မြို့မှာ တစ်ခါမှမစီးဖူးတာ စီးရတော့ လန့်တယ် ဘယ်မှာ လက်မှတ်ဝယ်လို့ဝယ်ရမှန်းမသိဘူး ဘယ်လိုထိုးထည့်လို့ ဘယ်က ထွက်ရမှန်းလည်းမသိဘူး အကြွေစေ့လဲပေးတဲ့ အိပ်ငိုက်နေတဲ့ အစ်ကိုကို သွားမယ့်နေရာရေးပြလိုက်တယ် ပြီးတော့ပိုက်ဆံလဲလိုက်တယ် သူက လက်မှတ်ထုတ်မယ့်နေရာကို လက်ညှိုးထိုးပြတယ် ပထမ တစ်စေ့ထည့်တယ် မထွက်ဘုး နောက်တစ်စေ့ထည့်တယ် မထွက်ပြန်ဘူး သူ့ကိုလှည့်ကြည့်တယ် သူက လက်သုံးချောင်းထောင်ပြတယ် နောက်စေ့ထည့်လိုက်တော့မှာ အတုံးကလေးကျလာတယ် ။ ခပ်တည်တည်နဲ့ သွားဖူးသလို တက်စီးသွားတယ် ဆင်းမယ့်မှတ်တိုင် တစ်ခုကျော်မှ ဆင်းမိသွားတယ် ပြန်ထွက်တော့ အတုံးကလေးထည့်ပေမယ့် တံခါးက မပွင့်ဘူး တတီးတီးအော်နေတယ် တစ်ခြာအပေါက်က ဆင်းဖို့ လိုက်ရှာတယ် မတွေ့ဘူး တော်တော့ဟာတွေ ၅ဘတ်ကလေးပိုစိးမိတာသေသွားတာကျလို့း( ကောင်တာကို ခပ်တည်တည်နဲ့ ကျနော်ဆင်းမလို့ မပွင့်ဘူးဆိုပြီး လုံခြုံရေးကိုသွားပြောတယ် ကောင်တာကိုသူကခေါ်သွားပြီး စစ်ကြည့်တော့ ငါးဘတ်လိုသေးတယ်တဲ့ ပေးလိုက်တော့မှ အတုံးကလေး လဲပေးတယ် အဲ့တော့မှပဲ ဆင်းလို့ရသွားတော့တယ် ဟင်းး မပြောချင်တော့ဘူး ဖြစ်ပုံကတော့ အတွေ့အကြုံတွေက ဘာမှ မရင်းနှီးပဲမရဘူးဆိုတာ သိလိုက်ရပြန်တာပေါ့ ။
အလုပ်မရသေးတုန်း အခန်းမှာ ထမင်းချက် ဟင်းချက် အခန်းရှင်းပေါ့ အဲ့အချိန်တုန်းက အားပေးကြတဲ့ အွန်လိုင်းမိတ်ဆွေတစ်ချို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ။ နောက်ဆုံးအလုပ်မရတဲ့အဆုံး ရတာ လုပ်မယ်ဆိုပြီး အစ်ကိုလုပ်တဲ့စက်ရုံမှာ မီးပူတိုက်တဲ့အလုပ်ဝင်လုပ်တယ် အသက်ကြီးကြီးအဒေါ်ကြီးတွေ အခြောက်တွေများတယ် ယောက်ျားလေးနည်းတယ် ကောင်လေးငယ်ငယ်ချောချော ကျနော့်လို သူတွေ ပိုနည်းတယ်း) ။ ခဏခဏအစခံထိတယ် ရေလာခပ်တိုက်တဲ့အဒေါ်ကြီးတွေ ကဲကြတာလည်းခံရတယ် ချွေးလာသုတ်ပေးလိုက် မုန့်လာကျွေးလိုက် လာလုပ်ကြတာကို ကြာတော့စိတ်ကတိုလာတယ် ။ တစ်နေကုန် မတ်တပ်ရပ်ပြီး မီပူတိုက်ရတဲ့အဖြစ်ကိုတွေးပြီး မျက်ရည်ဝဲလာတယ် လက်တွေတအားကိုက်လာတယ် ၂ ရက်ဆင်းပြီး ၃ ရက်မြောက်မနက်ကျတော့ လက်ဆစ်တွေယောင်ပြီး ကွေးမရဘူး အစ်မက ဆေးထလူးပေးရင် မျက်ရည်ကျတယ် ယောက်ဖက ငါ့ညီရယ် မလုပ်နိုင်ရင်တော့ မလုပ်ပါနဲ့တော့ တော်ကြာ ငါတို့ မတားဘူးလားဆိုပြီး အမေက အပြစ်မြင်အုံးမယ်ကွာ တစ်ခြားအလုပ်ဖြည်းဖြည်းထပ်ရှာပါအုံးဆိုပြီး ပြောတယ် အစ်ကိုကလည်း မနိုင်ရင်မလုပ်နဲ့တော့ဆိုပြီး နားခိုင်တယ် ။
အမေ့ဆုတောင်းကြောင့်ပဲလားတော့မသိပါဘူး အသိတစ်ယောက်ပေးတဲ့ အလုပ်ရှာဖွေပေးတဲ့
ကုမ္ပ်ပဏီ တစ်ခုက ဖုန်းနံပါတ်ရတယ် သူဌေးရဲ့ ဖုန်းနံပါတ်ကြီးဖြစ်နေတယ် ကိုယ်ကမသိဘူးရယ် အဖိုးကြီးကို ကြောက်ရမှန်းမသိပဲ ခပ်တည်တည်နဲ့ လေပြန်ကန်နေလိုက်တယ် အီးလိုလည်းမှုတ်တယ် တကယ်တော့ ကျနော်က အဲ့လောက်မကျွမ်းပါဘူး သူ့ကိုကြောက်နေရင်တောင် ပြောလို့ဖြစ်မှာမဟုတ် ခုတော့ ၀ါကျမှန်လား မမှန်လားလည်းနားမလည်ဘူး လွှတ်ထည့်လိုက်တယ် ဟုတ်နေတယ် ပြီးထိုင်းလိုဗျူးတယ် စုံအောင်မေးတယ် သူမေးတာတွေ သဘောကျပြီး ရယ်တောင်ရယ်လိုက်သေးတယ် သူက အဆင်ပြေတယ် သဘောကျတယ်တဲ့ ဖုန်းပြန်ဆက်လိုက်မယ်ပြောတယ် ခဏနေတော့ မန်နေဂျာအစ်မက လူတွေ့ဗျူးဖို့ထပ်ချိန်းတယ် နောက်နေ့ ဖုန်းထဲမှာ တောင်းထားတဲ့ လိပ်စာအတိုင်းသွားတယ် ဟိုရောက်တော့ ရုံးက အကြီးကြီး ၀န်ထမ်းက ၃၀ ကျော်လောက်ရှိတယ် သူဌေးအဖိုးကြီးကိုတွေ့ပြီး ဖျားသွားတယ် ကိုယ်ရယ်ထားတာ အားနာလိုက်တာ ခုမှပဲကြောက်ရမှန်းသိတော့တယ် ။
ကိုယ့်ဘွဲ့လက်မှတ်ကြည့်ပြီး လျှပ်စစ်နဲ့ပက်သက်တာတွေမေးတယ် ကျနော်က လျှပ်စစ်နဲ့ ကျောင်းသာပြီးခဲ့တာ ခုထိ ဓာတ်မီးတောင်မပြင်ဖူးဘူး တတ်လည်းမတတ်ဘူး စာပဲကျက်ခဲ့ဖူးတာလို့ ပွင့်၂လင်း၂ပြောလိုက်တယ် သူတို့ရယ်ပါလေကော တတ်တယ်ပြောပြီး နောက်မှမလုပ်တတ်မှဖြင့်ပိုပြီး အရှက်ကွဲမှာ မဟုတ်လား ။ တစ်လကျော်ကျော်လောက်ရှာလိုက်ရတဲ့အလုပ်ဆိုတာ အဆင်ပြေချင်တော့များ ကိုယ်မှန်းတဲ့လစာထပ်လည်းအဆင်ပြေ အလုပ်လေးလည်း အဆင်ပြေပြေ ရသွားတယ် မဲဆောက်မှာတုန်းက ထိုင်းစာသင်ခဲ့တဲ့ အကျိုးကျေးဇူးလည်း ပြန်ခံစားရလို့ ရုံးမှာ ဘာသာပြန်တဲ့အလုပ် ၊ စာရင်းစစ်တဲ့ အလုပ်လေးရလိုက်တယ် ။ ပြီးတော့ အားတဲ့အခါလေးတွေမှာ ခုလို တစ်တောက်တောက်နဲ့ စာလေးလည်း ရေးလို့ရသေးတယ် ။ ဖေ့ဘွတ်လည်း ခိုးတက်လိုက်သေးတယ် သူဌေးတွေက တစ်ပါတ်လောက်မှ တစ်ခါ ရုံးလာတယ် ကိုယ့်တာဝန်ကိုယ်ပြီးရင်ပြီးကော ဘယ်သူ့မှလည်းမကြောက်ရဘူး ။ ဆုမယ့် ဟောက်မယ့်သူလည်းမရှိဘူး ။
ခုဆို နေစရာနေရာလေးလည်းအဆင်ပြေ အလုပ်ကလေးလည်းအတည်တကျဖြစ်ပြီမို့ ကျေးဇူးတော် ခံစားရင် နေထိုင်အဆင်ပြေနေတဲ့အကြောင်း ဘလော့မိတ်ဆွေတွေကို သတင်းပါးပါရစေ စာကတော့ရေးဖို့ပျင်းတုန်း မြို့ကြီးတွေမှာကြုံရတဲံ့ အချိန်ရှားပါးခြင်းကြောင့်ကောပေါ့ ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေလို့ ပြီးခဲ့အပါတ်က တစ်ခြားပြည်နယ်တစ်ခုကိုနေ့ချင်းပြန် ခရီးထွက်ကြတာ လိုက်သွားသေးတယ် ။
နောင်များလည်း ကြုံရင် ဘန်ကောက် အလွဲလေးများ ထပ်ရေးပါအုံးမယ်ဗျာ ။
နောင်များလည်း ကြုံရင် ဘန်ကောက် အလွဲလေးများ ထပ်ရေးပါအုံးမယ်ဗျာ ။
8 comments:
အလုပ်အဆင်ပြေတယ်ကြားလို့ သာဓုခေါ်သွားပါတယ် ကိုမျိုး
ဘ၀တူချင်း ကိုယ်ချင်းစာပါတယ်။ ငါးပါးသီလ ကြိုးစားထိန်းရင် ကံကောင်းလာတတ်ပါတယ်။ မြန်မာပြည်မှာဆို မိဘအသိုင်းအ၀ိုင်းတွေကြားဆိုတော့ လဲရင် ထူမယ့်လူတွေ ရှိလို့ ကံဆိုတာ မသိသာပေမယ့် ရေမြေခြား ရောက်နေရင် ကံ ဆိုတာ သိသာလာတတ်တယ်။ ရေကန်အသင့်ကြာအသင့် နိုင်ငံခြားထွက်နိုင်တဲ့သူတွေ မိဘက ဖြည့်ဆည်းပေးနိုင်သူတွေက လွဲရင်ပေါ့။ ငါးပါးသီလထိန်းရင် သီလက ပြန်စောင့်ရှောက်ပါလိမ့်မယ်။ လုပ်ကြည့်ပါ။ ဒုက္ခတွေကြားက ရလာတဲ့ လက်တွေ့နည်း။
ဝမ်းသာလိုက်တာ ညီရေ....၊
ဘယ်အရာမဆို အမြဲတမ်းကြီးတော့ ခက်ခဲ မနေနိုင် ပါဘူး၊ တစ်ချိန်ချိန်မှာတော့ တနည်းနည်းနဲ့ အဆင်ပြေသွား ရမှာပဲ မဟုတ်လား၊ ဒါပေမယ့် ခက်ခဲနေဆဲ ကာလမှာတော့ ဒါကြီးက မဆုံးနိုင်အောင် ရှည်လျားလှတယ်လို့ ခံစားရကြတာ ပါပဲ...၊း)
အခုလို အစစ၊ အရာရာ အဆင်ပြေတဲ့ သတင်းလေး ကြားရတာ စိတ်ချမ်းသာစွာနဲ့ ဝမ်းသာမိတယ်ဗျာ၊ သူဌေးလစ်ရင် လစ်သလို ဖေ့စ်ဘွတ်ခ်ချည်းပဲ တက်မနေဘဲ ဘလော့ဂ်မှာလည်း စာလေးတွေ ဆက်ရေးနိုင်ပါစေဗျား...။းD
အလုပ်အသစ်မှာ အဆင်ပြေနေတယ်ဆိုလို့  ဝမ်းသာလိုက်တာ..
ကိုယ်က ခုမှ ရှာတုန်း...ယိုးဒယားစာ သင်ထားတာ အသုံးဝင်သွားတာ ကောင်းလိုက်တာ...
အစစ အဆင်ပြေပါစေ..
ကောင်းတယ် ...
အလုပ်အဆင်ပြေလို့ဝမ်းသာမိပါတယ်ငါ့မောင်ရေ... ကျန်းမာရေးဂရုစိုက်ပါနော်....
ဘာအခက်ခဲဘဲ ကြုံကြူံ အားတင်းထား
စိတ်ဓါတ်မကျနဲ့
အောင်မြင်မှု့ ဆိုတာ လွယ်လွယ်နဲ့
ဘယ်တော့မှမရတတ်ဘူး..
ကြိုးစားနေတဲ့သူ အတွက်
အောင်မြင်ခြင်းတရားက
စောင့်ကြိုနေမှာပါ..
ခင်တဲ့အမ ပစ်ပစ်
မြို့ရောက်သွားတဲ့ တောသားလေး...
သဌေးကိုတောင် ရယ်လိုက်သေးသတဲ့ ... လုပ့်ု..လုပ်ပုံ ... ။
အလုပ်အဆင်ပြေသွားတာ သိပ်ဝမ်းသာတယ်ဟေး....။
အရင်တစ်ခါ ဆေးရုံမှာ အလုပ်လျှောက်တာ ဆရာစိုးမင်းနဲ့ပြောနေကြတာ ဖဘမှာ ဖတ်လိုက်ရတယ်..။
hop over to here dolabuy hermes this article replica louis vuitton bags additional reading dolabuy louis vuitton
Post a Comment