အဖြစ်အပျက်ကတော့ စုံပလုံနေတော့တာပဲ စာရေးအားကလည်း တစ်လမှ ၂ ပုဒ်လောက်ဆိုတော့ သိပ်မဟုတ်သေး အရင်ကဆို စာရေးဖို့စိတ်ကလေးထည့်ထားတော့ ဟိုဟာလေးလည်းရေးချင် ဒီဟာလေးလည်းရေးချင် စုံနေတာပဲ ခုများတော့ မေ့ကို မေ့နေတော့တာ ငါ စာများရေးးတတ်တော့ရဲ့လားလို့ ကိုယ့်ကိုယ်ကိုတောင် ပြန်မေးမိတော့တယ်။
အမှန်ကတော့ ရှုပ်နေတာ မြို့ပြတွေမှာ ကြုံတွေ့ရတဲ့ ပြသနာတွေအတိုင်း အချိန်မလောက်ငမှုပေါ့ ဘာကိုကုန်လို့ ကုန်နေမှန်းကိုမသိတော့ဘူး အလုပ်ပိတ်ရက်ရနေတာတောင် ကိုယ့်ပါသာ ဘာမှမနားလိုက်ရသလိုပဲ မောင်နှမတွေဆီလည်းမရောက်ဖြစ်သလို သူငယ်ချင်းတွေနဲ့တောင် ဖုန်းမှန်မှန်မပြောဖြစ်တော့ဘူး ။ အရင်ကဆို အမေ့ဆီ ဘယ်လောက် အလုပ်များများ တစ်လ ၂ ခါလောက်ခေါ်ဖြစ်ပေမယ့် ခုဆို ဖုန်းမပြောရတာ တော်တော်ကြာပြီ အမေကတောင် မေးနေသေးဆိုလား ။
အခန်းပြန်ရောက်တာနဲ့ ချက်ပြုတ် လျှော်ဖွတ် ဈေးသွားတဲ့အခါသွားနဲ့ မောစရာကြီးတွေ ။
စာမရေးဖြစ်တော့ သတင်းတွေပဲ ထိုင်ကြည့်နေဖြစ်တယ် ။ ကျနော်က အမှန်ဆို အရှုပ်တွေထဲ မ၀င်တာများတယ် ဘာသာရေး အကြောင်း နိုင်ငံရေးအကြောင်းဆို ပိုဆိုး မသိတာများတော့ ၀င်ရောက်ဆွေးနွေးဖို့နေနေသာသာ သူများပြောတာတွေတောင် သိပ်နားမလည်ဘူး နိုင်ငံရေး ဘာသာရေး သဲသဲလှုပ်များကတော့ ကိုယ့်ကို သိမ်ဖျင်းတယ်လို့များ သတ်မှတ်ကြလေမလားမသိ ဂရုစိုက်စရာတော့လည်း မရှိပါဘူးလေ ။ သတင်းတွေကြည့်ရင်း ထိုင်းနိုင်ငံရဲ့ အရှုပ်တွေအကြောင်း မြင်ရကြားရတော့ စိတ်မကောင်းစရာတွေ တော်တော်များတယ် ။ပထမ အချက် စိတ်မကောင်းစရာက ထိုင်းနိုင်ငံတောင်ပိုင်းအခြေနေတွပါ တကယ့်ကို အီရတ်အလားပါပဲ ။ ထိုင်းတောင်ပိုင်းအရေးဟာ ထိုင်းနိုင်ငံမှာ တော်တော်ကြာပြီဖြစ်တဲ့ပြသနာပါ ဒါပေမယ့် ခုနှစ်ပိုင်းတွေမှာ ပိုပိုဆိုးလာတယ် နေ့စဉ်သတင်းတွေမှာလည်း စိုးရိမ်းစရာအခြေနေ တောင်ပိုင်း သတင်းဆိုပြီးတော့ သတင်းတွေ ကြားရပါတယ် ။ ကားလမ်းဗုံးပေါက်ကွဲမှု နေအိမ်တွေကြားအထိ ဗုံးပေါက်မှုတွေဟာ တစ်ခါတလေ တစ်ရက်တည်းနဲ့တင် ၈ နေရာလောက်အထိဖြစ်ပါတယ် ။
စစ်ကြီးကို ရပ်စေချင်လို့ စာသင်ကျောင်းတစ်ကျောင်းလုံး ဖျက်ဆီးခံလိုက်ရတဲ့ ခလေးတွေရဲ့ စစ်တွေရပ်ပေးပါဆိုတဲ့ ပြကွက်အတိုလေးကြည့်ပြီး မျက်ရည်ဝဲမိတယ် ပြာပုံတွေကြားက စာအုပ်အတိုလေးတွေကို လိုက်ကောက်ရင် အငိုမျက်ဝန်းလေးတွေနဲ့ ကျနော်တို့ ကျောင်းတက်ချင်ပါသေးတယ်တဲ့ ။ လုပ်ကြံခံရသူတွေထဲမှာ ထိုင်းတောင်ပိုင်းရဲ့ ပြည်နယ်တစ်ချို့ ပြည်နယ်မှူးတွေ မြို့နယ်မှူးတွေပါ ပါဝင်ကြတာကိုတွေ့ရတယ် ထိုင်းအစိုးရကတော့ အဲ့အထိ သွားရောက် နှစ်သိမ့် ပြီး ကူညီနေတာတွေ့ရပေမယ့် သတင်းကြည့်နေရင်း ဒီအဖြစ်ပျက်တွေ ဘယ်တော့များ ဆုံးမှာပါလိမ့်လို့ ကျနော်တော့တွေးနေမိတော့တယ်။
ထိုင်းရဲ့ စစ်သားစုဆောင်းရေး ကိုပြီးခဲ့တဲ့ လက ပြုလုပ်တာတွေ့ရတယ် တစ်ချို့ တောင်ပိုင်းဘက်ကျလို့ စိတ်ပျက်နေကြတဲ့သူတွေရှိသလို တစ်ချို့ကလည်း နိုင်ငံတော်အတွက် ကာကွယ်ဖို့တက်ကြွနေကြသူတွေလည်းတွေ့ရတယ် ။ အစိုးရက ကျနော်တို့ဖြေရှင်းနေပါတယ် ကျမတို့ လုပ်ဆောင်နေပါတယ်ဆိုပြီးပြောနြေ ကပေမယ့် ဗုံးက တစ်နေ့ ၈ လုံးလောက်ပေါက်ပြီး လူတွေကတော့ နေ့တိုင်းလောက်ကိုသေနေတော့တာပဲ ။
တောင်ပိုင်းအရေးတွေ့ဆုံညှိုနှိုင်းပွဲတွေမှာ ဒေါ်ရင်လပ်ကြီးက ခေါင်းပေါင်းကြီး နဲ့ နှုတ်ခမ်းမွှေးရှည်ရှည်နဲ့ အဖိုးကြီးကို လက်အုပ်ချီပြီး သေချာဆော်ဝါဒီ လုပ်နေတာတွေ့ရတာ ကိုယ်နဲ့လည်းမဆိုင်ပဲ ရင်နာစရာကောင်းလိုက်တာ ပြောမနေနဲ့တော့။ ငါတို့တော့ အဲ့လိုအဖြစ် မဖြစ်ပါရစေနဲ့လို့ပဲ ဆုတောင်းမိတော့တယ် ။ ထူးခြားမှုတစ်ခုက မြန်မာပြည်တွင်းကနဲ့ မတူပဲ တစ်နိုင်ငံလုံးအတိုင်းတာထိ မပျံ့နှံ့ပဲ တောင်ပိုင်းတစ်ခုပဲ ဆိုးရွားနေတာမျိုးပါ ။ ပြည်မထဲက ထိုင်း-မွတ်စလင်တွေကတော့ အေးအေးချမ်းချမ်းပဲ တစ်ခြားနေရာတွေမှာလည်း ဆူပူမှုဆိုတာမတွေ့ရဘူး။
တောင်ပိုင်းအရေးတွေ့ဆုံညှိုနှိုင်းပွဲတွေမှာ ဒေါ်ရင်လပ်ကြီးက ခေါင်းပေါင်းကြီး နဲ့ နှုတ်ခမ်းမွှေးရှည်ရှည်နဲ့ အဖိုးကြီးကို လက်အုပ်ချီပြီး သေချာဆော်ဝါဒီ လုပ်နေတာတွေ့ရတာ ကိုယ်နဲ့လည်းမဆိုင်ပဲ ရင်နာစရာကောင်းလိုက်တာ ပြောမနေနဲ့တော့။ ငါတို့တော့ အဲ့လိုအဖြစ် မဖြစ်ပါရစေနဲ့လို့ပဲ ဆုတောင်းမိတော့တယ် ။ ထူးခြားမှုတစ်ခုက မြန်မာပြည်တွင်းကနဲ့ မတူပဲ တစ်နိုင်ငံလုံးအတိုင်းတာထိ မပျံ့နှံ့ပဲ တောင်ပိုင်းတစ်ခုပဲ ဆိုးရွားနေတာမျိုးပါ ။ ပြည်မထဲက ထိုင်း-မွတ်စလင်တွေကတော့ အေးအေးချမ်းချမ်းပဲ တစ်ခြားနေရာတွေမှာလည်း ဆူပူမှုဆိုတာမတွေ့ရဘူး။
ဘာသာတရားတစ်ခုဟာ လူတွေသေကြေပျက်စီးစေကြအောင်များ ဘယ်လို သူတော်ကောင်းများက ဆိုဆုံးမခဲ့ကြလေသလဲဆိုတာ သိပ်မမှီချင်တဲ့ ညဏ်က လိုက်တွေးနေမိတယ် ။ ဘာပဲဖြစ်ဖြစ် ခေါင်းခဲစရာတွေများနေတဲ့ ဒေါ်ရင်လပ်ကြီးတစ်ယောက် ဘယ်လိုများဖြေရှင်းမှာပါလိမ့်လို့ စောင့်ကြည့်နေမိတယ် ။ လူဦးရေများပြားလာမှု ၊ ကားလမ်းကျပ်မှု အပြင် လုပ်အားခ တစ်နေ့ ၃၀၀ သတ်မှတ်ကြတာကို ထိုင်းပညာတတ်လူငယ်တွေက မကျေနပ်မှု ၊ AEC အတွက် ကြိုတင်ပြင်ဆင်မှု ၊ လွှတ်တော်ထဲမှာ အမြန်ရထားလမ်း ၃ နှစ်အတွင်း ဖောက်လုပ်နိုင်မှုအတွက် ဘတ်သန်း သိန်း၂၀ အတွက် ငြင်းခုံကြမှုတွေကြား မှာ သူမ ဘယ်လို အကောင်းဆုံးလုပ်ဆောင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ။
ငြိမ်းချမ်းမှုများ ကျရောက်ပါစေလို့ မေတ္တာပို့လျှက် ထိုင်းနိုင်ငံ အေးချမ်းပါစေကြောင်း။
7 comments:
ငြိမ်းချမ်းပါစေပေါ့
ဟုတ်တယ်.. ခုတလော ကြားရတဲ့ သတင်းတွေက စိတ်မကောင်းစရာတွေ ချည်းပဲ..၊ ကျနော်လည်း စာရေးဖို့ကို အတော် အချိန်လုနေရတယ်၊ ညီ ပြောသလိုပဲ..၊ အချိန်က ဘာတွေနဲ့ ကုန်လို့ ကုန်သွားမှန်းတောင် မသိနိုင်အောင်ပဲ....၊
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းနေရင်းတောင် စိတ်ညစ်စရာတွေ များရတဲ့ကြားမှာ သတင်းဖွင့်ကြည့်လိုက်တိုင်း ဟိုနားကသေ သည်နားကသတ်နဲ့ စိတ်ဆင်းရဲလွန်းလို့ ဘယ်နားသွားနေရမှန်းကိုမသိတော့တာ...ဘယ်ဘာသာရေးအတွက်ပဲဖြစ်ဖြစ် သတ်တာဖြတ်တာကိုတော့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်ဟေ့...
ဘာသာတရားဆိုတာ လူ့ ဘောင်လောက အေးချမ်းဖို့ စိတ်နှလုံး ခွန်အားဖြစ်စေဖို့ ပဲ ဖြစ်သင့်ပါတယ်...အစွန်းရောက်အကြမ်းဖက်ခြင်း ကင်းဝေးပါစေ...ကမ္ဘာကြီး ငြိမ်းအေးပါစေ...
လွမ်းရေး. ဝမ်းရေးနဲ့ ပြည်ထဲရေးတွေအကြားဗျာမများရအောင် တရားလေးမှတ်ဖြစ်အောင်မှတ်မောင်မျိုးရေ. စိတ်ကိုညစ်နွမ်းစေမယ့်သတင်းတွေ စိတ်ဓါတ်အင်အားကျဆင်းစေမယ့်သတင်းတွေကိုfilterလုပ်ဖတ်. ပျော်ရွှင်စိတ်ချမ်းသာပါစေ
ဟုတ်တယ် မောင်မျိုးရေ..
သတင်းတွေစောင့်ကြည့်မှ ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ နေ့တိုင်း ဗုံးတွေ ဖောက်ကွဲခံနေရတာ..။ အပြစ်မဲ့သူတွေ သေကြေနေရတာ..။ ဗြမ္မာစိုရ်တရားတွေ ခေါင်းပါးလာကြတာ..။ စိတ်မအေးစရာ..။
here are the findings Goyard Dolabuy have a peek at this website replica louis vuitton bags helpful hints Dolabuy Chrome-Hearts
Post a Comment