Monday, February 18, 2013

ကျနော်နှင့်ဂြိုလ်ကောင်လေးများ



ဖြစ်လိုက်ရင် မောင်မျိုးတို့ကတော့  အရာရာနဲ့  အကြောင်းကြောင်းကြီးပဲ  ညကဆို အိပ်လို့တောင်မပျော်ဘူး စိတ်တွေတိုတာ  ဖြစ်ပုံက  ဒီလို ပြီးခဲ့တဲ့ရက်ပိုင်းလောက်က  ကိုယ့်မှာ စွန့်စားမှုပေါင်းများစွာနဲ့    ကွန်ပျူတာလေး တစ်လုံးဝယ်လိုက်ပါတယ်   အိုင်ဖုန်းခေတ်မှာ   အိုင်ဖုန်းလည်းမကိုင်နိုင် ပြီးတော့ ဖုန်းကိုလည်း သိပ်ပြီး ခရေဇီ မဖြစ်တာနဲ့  အင်တာနက်လေး  သုံးလို့ရတာနဲ့  စာလေးလည်း   ရေးချင်သေးတာမို့    ၀ယ်လိုက်တာပါ  မမြင်ဖူးတော့ မူးမြစ်ထင် ဆိုသလို  ကိုယ့်မှာ  တယုတယ နဲ့    ကိုင်တာတောင်မှ  ရွရွလေး      ၀ယ်တုန်းကဆို  ဟိုဟာလေးလည်း  လိုချင် ဈေးက  ခေါင်ခိုက်လို့  ကိုယ့်အားကလေးနဲ့ အဆင်ပြေမယ်ထင်တာလေး  ချွေချွေတာတာဝယ်ထားရတာ ။

မနေ့က  ဦးလေးရောက်တယ်ဆိုလို့  တူတော်မောင်  ၂ယောက် လာပါတယ်   ။လာတာကတော့ ဦးလေးကို သတိရလို့   တကူးတက လာတွေ့တာ မျောက်လောင်းတွေလာတော့ ဦးလေးရဲ့ တယုတယ လေးကို ရူးရူးမိုက်မိုက်လုပ်သွားကြတာပေါ့ဗျာ  ပြောရင်း အသဲတွေ နာလိုက်တာဗျား(   သူတို့က   ဖုန်းတွေဆိုလည်း သိပ်ကလိတာပါ  ဖုန်းတွေဆို  ပျက်ပေါင်းများပြီ  သီချင်းဝယ်ရတာနဲ့  ဘာနဲ့ သူတို့မှာ အလုပ်တွေကို ရှုပ်လို့ ဖုန်းတွေလည်းပျက်ပေါင်းများပြီး    ကျနော်က အေးတော့ သူတို့က သိပ်မကြောက်ကြဘူး  တစ်ခြားဦးလေးတွေဆို သူတို့ကြောက်ကြတယ်    ရိုက်လည်းမရိုက်ဖူးဘူး   ပြောရင်လည်း   အေးအေးဆေးဆေးလေးပဲ ပြောဆို ဆုံးမတတ်တော့  မကြောက်ကြတာနေမယ် ။ ကျနော်  ကွန်ပျူတာ  သုံးနေကတည်းက  အနားမှာ  ရွပိုးထိုးနေကြတာ တိုးဝှေ့လို့      ဒါက   ဖုန်းနဲ့တူတာမဟုတ်ဘူး  မကလိနဲ့နော် ပျက်ရင်  ငါလည်းမလုပ်တတ်ဘူးလို့  အပြင်ကိစ္စလေး သွားစရာရှိတော့မှာခဲ့တာ ။ အဟုတ်  ကျနော်ကလည်း   စက်ပစ္စည်းဆို  ဘာဆို  ဘာမှ  မကျွမ်းကျင်  သုံးလို့ရရင် တော်ပြီ  များများသိ  များများ  ကလိ ရမှာ  မို့   ကျန်တာတွေ ဘာမှ မလေ့လာထားဘူး။

မနေ့ကညပြန်ရောက်တော့  ဂြိုလ်ကောင်ကလေးတွေက   ကလိပြီး  ဖျက်ပြီး ဆော်ခံထိမှာ စိုးလို့ ပြေးကြပြီ  ကျနော့်မှာ ခရီးရောက်မစိုက်   အမောကို  ဆို့လို့  ။ ဘုရားသခင်း ကယ်တော်မူပါ   ကျနော်လည်းမလုပ်တတ်ဘူးရယ်   ဘာပတ်ဝေါ့စ်တွေ တောင်းလို့တောင်းမှန်းလည်းမသိ    screen ပေါ်မှာရှိတာတွေလည်း  အကုန်ပျောက်ကုန်ပြီ  ရေးထားတဲ့ စာတွေ  ဓာတ်ပုံတွေ  သီချင်းတွေ  ဆိုင်ကသွင်းပေးလိုက်တဲ့ ဆော့ဝဲလ်တွေ   ဘာဆို  ဘာမှမရှိတော့တာ  အခန်းထဲမှာ ရှိတဲ့သူတွေကိုလည်း မတားရ ကောင်းလားဆိုပြီး  ပတ်ရမ်းလိုက်သေးတယ် ထမင်းစားခေါ်တဲ့  ညီမတွေကော       အစ်မလည်းပြောတာပဲ  ခလေးရယ်  ဒီဂြိုလ်ကောင်လေးတွေကိုက ပြောမရတာဆိုပြီး  အနားမှာ  လာချော့နေတဲ့ အစ်မကိုလည်း အော်ထုတ်ပေးလိုက်တယ်     လူကသာ ပျော့စိစိ  စိတ်တိုရင်  ဟိုဟာပစ်ထုတ်  ဒီဟာပစ်ထုတ် နဲ့  ကိုယ့်ကိုယ်ကိုလည်း  အသုံးမကျရမလားဆိုပြီး  ဆံပင်တွေဆွဲစုတ်  ပြီး ပါးသုံးချက်လောက်တီးပစ်လိုက်တာ  နာလိုက်တာ နာလေ ဂြိုလ်ကောင်ကလေးတွေကို  ပိုဒေါသထွက် ။  ကျနော်က  အဲ့လိုပဲ  ကိုယ်တန်ဖိုးထားတာလေး  အဲ့လို အလုပ်ခံရရင်  သိပ်စိတ်တိုတာ  အငယ်တုန်းက ကိုယ့်အတွက် ဖယ်ထားပေးတဲ့  ဟင်းထဲက  တစ်ယောက်ယောက်နှိုက်စားလိုက်လို့ကတော့ မစားတော့ပဲ သွန်ပစ်တဲ့ အမျိုး  အဲ့တာကြောင့် မိသားစုမှာ နာမည်ပေးခံရတာ  ပျော့ပျော့နဲ့ နံ့တဲ့ ကြောင်ချေးတဲ့ ။


ခဏနေတော့ ဖုန်းခေါ်တယ်   အပြစ်လုပ်ထားကြတော့ တော်တော်နဲ့ မကိုင်ရဲကြဘူး  ဟလို  စလုပ်ကတည်းက  သား ဘာမှမလုပ်ဘူးနော် ဦးသားလေး တဲ့  မသာလေးတွေ  ငါ့ကို ဗလောင်းတား( 
 ““  ဘာမှ  မလုပ်ပဲ  ပျက်စရာလား ဟမ်း  မလုပ်ပါနဲ့လို့  မကလိပါနဲ့လို့ အတန်တန် မှာထားရက်နဲ့ လုပ်ဖြစ်အောင် လုပ်တယ်   ပြောစမ်း  ငါက  ငပေါကြီးလား   အဲ့လောက်တောင် မင်းတို့  ငါ့ကိုမကြောက်ဘူးလားပြော   ငါတို့ဦးလေး ပြောတဲ့စကား နားထောင်လိုက်အုံးမယ်ဆိုတဲ့ စိတ်မရှိကြဘူးလား ဟာကွာ .. ငါပြောရင်း ဒေါသထွက်လာပြီ  အေနော်  ငါမကြေဘူး  ဒီတစ်ပါတ်  ပိတ်ရက်  ၂ ယောက်လုံးလာခဲ့ တစ်ယောက်ကို  နားအုံ ၃ ချက်တီးပြီးမှ  ငါကျေနပ်မယ်  မလာလို့ကတော့  ငါလာရင်  ပိုနာမယ်မှတ် ကြားတယ်နော်   ငါ စိတ်မတိုရင် မတိုဘူး  စိတ်တိုလို့ကတော့သေမယ်သာမှတ် ””   လို့ ဆိုတော့  ဟုတ်ကဲ့  ဟုတ်ကဲ့   တဲ့ ။

ပြောလည်းပြောပြီး  ဖုန်းကိုပိတ်ပြီး လွှင့်ပစ်လိုက်သေးတယ်  အခန်းထဲမှာ ရှိတဲ့  ၃ ယောက်လောက်ကလည်း  ကိုယ်စိတ်တိုနေတာသိတော့   တိတ်ဆိတ်လို့ ။    မကျွမ်းကျင်တဲ့ အလုပ်ကို ပြန်လုပ်ရတာဆိုတော့ ပိုဆိုး   လုပ်မတတ်လေ  ဒေါသဖြစ်လေ ။  ညဥ့်နက်မှ ရေချိုး ထမင်းစား တစ်ခြား အာရုံလွှဲလိုက်မှ  တော်တော့တယ် ။  အရင်ဆို ခုချိန်  ထမင်းစားပြီးပြီလား  ဘာလုပ်နေလဲ ဆိုပြီး ဖုန်းဆက် မေးတတ်ကြပေမယ့် ခုကျ  အပြစ်လုပ်ထားကြတော့  မဆက်လာရဲကြဘူး  ။ နှမြောလိုက်တာ ရေးထားတဲ့စာတွေ  ပုံတွေ   အများကြီး  အယ် ပြောရင်း ဒေါသထွက်ပြန်ပြီဗျာ    ဒီစက်ကြီးကလည်း အခုကျ  သူမဟုတ်သလိုနဲ့  လုပ်သမျှ ငြိမ်ခံနေတာကိုက  မုန်းဖို့ကောင်းလိုက်တာကြီး ။ ဘာပဲဖြစ်ဖြစ်  ဒီိပိတ်ရက်ကျရင်တော့   ဂြိုလ်ကောင်လေးတွေကို  တီးပစ်အောင်တီးလိုက်အုံးမယ် ။ဒီဦးလေး လည်း  နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်အုံးမယ်  ဘယ်…မဟုတ်ရင် ကြောက်မှမကြောက်ကြတဲ့  ဂြိုင်လ်ကောင်လေးတွေပဲ ။




15 comments:

Anonymous said...

I am really afraid of you. Don't scold me u that lay naw naw..

ညိမ်းနိုင် said...

အလို စိတ်ကြီးတယ်.....၊စနေသားထင်ရဲ့.... :)))
ဘာမှမပျောက်သွားလောက်ပါဘူး...စက်ထဲမှာပဲရှိနေဦး
မှာပါ...၊နဲနဲတတ်တဲ့သူကိုခေါ်ပြကြည့်လိုက်...၊နောက်ကို
အဲ့လောက်စိတ်မတိုနဲ့လေ...၊သူပဲပြောလိုက်ရင် ရင့်ကျက်
ချင်ပီဘာညာနဲ့....ကဲကြည့် ခုထိဘာမဟုတ်တာလေးနဲ့
စိတ်မထိန်းနိုင်သေးဘူး.... :)

ဟန်ကြည် said...

အလဲ့...တကယ်ဒေါသထွက်နေတဲ့ပုံပဲး)

ကွန်ပျူတာလိုချင်တာ ဆရာ့ကိုမပြောဘဲကိုး...ဈေးပေါပေါနဲ့ ရပါ့...အထိုက်အလျောက်ဆိုရင် တစ်သိန်းလောက်ပဲရှိတာကို...

ကိုယ့်စက်နဲ့ကိုယ်ဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါပြီဆိုတဲ့သဘောထင်ပါ့...စာလေးဘာလေးလဲ ရေးစမ်းပါဦး...တစ်ခါတစ်ခါ မေ့လောက်မှ တစ်ပုဒ်...သားကျွေးမှု မယားကျွေးမှုမပူရတဲ့လူမဟုတ်လား...ဖတ်လည်းဖတ် ရေးလည်းရေးပေါ့

Aunty Tint said...

စိတ်ကြီးပုံရတယ် စွန့်စားမှုပေါင်းများစွာနဲ့ ၀ယ်ခဲ့တဲ့ ကွန်ပျူတာလေးကိုတော့ ကိုင်မပေါက်လောက်ပါဘူးနော် ဟိဟိ ... စတာကိုစိတ်တိုပြီး ကိုင်ပေါက်ချင်ရင်တော့ လှိုင်သာယာကိုသာအရောက်လာခဲ့ပေါ့ မောင်မျိုးရေ :P စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခိုင်မာလာ said...

စိတ်လျှော့မျိုး ရေအဆင်ပြေကျန်းမာပြိးနေကောင်းတယ်ဟတ် ဘယ်တွေရောက်နေလဲ လူကြီးမင်း နဲ့ပဲတွေ့နေတယ် ။း)

ညီလင်းသစ် said...

ဒီတစ်ခါ.. အတော့်ကို စိတ်တိုနေပုံပါလား..၊ ဒီ ကွန်မန့်တောင်မှ ပေးသင့်၊ မပေးသင့် ၃ ခါလောက် စဉ်းစားပြီးမှ ခပ်ရွံ့ ရွံ့ နဲ့ ချရေးရတယ်၊း)

အားလုံးတော့ မပျက်စီးသွား လောက်ပါဘူး၊ Desktop က dust bin အမှိုက်ပုံးထဲ ရှာကြည့်သေးလား? ကလေးတွေက drag and drop လုပ်လို့ ဖိုင်တွေ၊ ပုံတွေက တခြား ဖိုလ်ဒါထဲများ ရောက်ကုန်တာလား? ဖိုလ်ဒါ တစ်ခုချင်းစီကို ရှာကြည့်ပါလား ညီရေ..၊ အဲဒီလို ရှာနေတုန်းမှာလည်း စိတ်ကို နှာသီးဖျားက ဝင်လေ၊ထွက်လေ အပေါ်မှာ စုစည်းထား..၊ ဟိုကလေးတွေကိုချည်း သတိရ မနေနဲ့ဦး...။း) အဆင်ပြေပါစေ ညီရေ...။

Cameron said...

စိတ်လျှော့ စိတ်လျှော့ မောင်လေး အစကတည်းက ဒီကလေးတွေအကြောင်းသိတာကို အဲဒီလက်တော့ကြီး ဗီဒိုထဲသော့ခတ်သိမ်းလိုက်ရမှာ..။

မေဓာဝီ said...

ဘယ်လောက်တောင် စိတ်ဆိုးနေလဲ မသိပါဘူး ... ခေါင်းစဉ်တောင် ကျနော် မဟုတ်ဘဲ ကျနောင် ဖြစ်နေတယ်။ အင်း ... ကျနောင်ဆိုတော့လဲ ဂြိုလ်ကောင်နဲ့ ကာရန်လိုက်တာပေါ့လေ။ :)

သိပ်လဲ စိတ်တိုမနေပါနဲ့ ... ကလေးဆိုတာ ဆော့တတ်တဲ့ အမျိုးပဲ ဦးလေးကြီးရဲ့ ...
မဆော့စေချင်ရင် နဂိုထဲက မိုးငွေ့ပြောသလို ဗီရိုထဲ သော့ခတ်သိမ်းထားရောပေါ့။ ကလေးတွေကို မြှူဆွယ်သလို အပြင်ထုတ်ထားပြီးမှ ဆော့လို့လဲ ပျက်ရော ဒေါသတွေ ထွက်မနေပါနဲ့တော့ ဦးလေးကြီးရယ် ... :))

Angelhlaing(May everybody be happy and healthy! said...

စိတ်ဆိုးနေတာဆိုတော့ ဘာမှ မပြောပဲ ပြန်တော့မယ် ..:)

မြသွေးနီ said...

ဖတ်ရင်း နရင်းအုပ်တဲ့ အခန်းများ ပါလာလေမလားလို့ တထိတ်ထိတ်နဲ့..။ တော်ပါသေးရဲ့.. အခုထိ မအုပ်ရသေးလို့.. :)

San San Htun said...

အတော် စိတ်ဆိုးနေပုံပဲ..း) ကွန်ပျူတာလေး အမြန်အဆင်ပြေပြီး တဂျောင်းဂျောင်းရိုက်ကာ ပို့ စ်တွေ များများတင်နိုင်ပါစေ..

Anonymous said...

ကလေးတွေကို မရိုက်ပါနဲ့ မောင်မျိုးရယ်...။
သူတို့ဆော့တာပဲ...။
မင်းသာ...အပြစ်ရှိတာ...။ မမိုးတို့ပြောသွားသလို သိမ်းမှမထားပဲ။

ပုံ/
ဏီလင်းညို
(ကလေးများအား ရိုက်တာမကြိုက်သူ)

ရွှေအိမ်စည် said...

ဟိုက်.....
ကွန်ပျူတာဗိုင်းရပ်စ်တွေကို ပြောတယ်မှတ်လို့ ဖတ်နေတာ
စိတ်အတော်တိုနေတာပဲ
ကိုညီ ပြောသလို လုပ်ကြည့်ပါလား
အစ်မတော့ ပြန်လစ်ပြီ (ဗန္ဓုလသွေးဆိုတော့ကာ :D )

Iora said...

အမလေး..မရောက်တာကြာလို့ လာလည်ပါတယ်။
လေးလေးကစိတ်ဆိုးနေတာကိုး။
အမြန်လစ်မှဘဲ။
(လက်တော့ကြီးလည်းတတ်ကျွမ်းသူနဲ့ တွေ့ ပြီးအဆင်ပြေပါစေလို့ ...
အိုင်အိုရာ

Maung Myo said...

အမည်မဲ့... ဦးသားလေးပါဗျ သူခေါ်တာ ဦးသက်လေး ဖြစ်နေတယ်း) မကြောက်ပါနဲ့လေ လာခဲ့ပါ။

ကိုညိမ်းနိုင်...ကျနော်က ဘာဆို ဘာမှ မတက်ဘူးလေ သိမှမသိတာ ရင့်ကျက်ချင်တယ်ဆိုတာ အပြောပဲရှိတာ တကယ်ကျ ကိုယ့်စိတ်ကိုယ် မနိုင်သေးဘူး အဟုတ်း)

ဆြာဟန်...ဟုတ်ပါ့ ကျနော်က စိတ်ပေါက်မှ ရေးနေမိတော့တယ် ။ ဆရာ့တို့ကိုလည်း သတိရသား ပြောင်းလဲတာတွေများနေတော့ ဘာတွေမှန်းမသိ ဖြစ်နေတော့တာပဲေ၇းမယ် နောက်ဆို ရင်....။

တီတင့်....ဒီပို့စ်လေးရေးတော့တောင် တီတင့်ရဲ့ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေ ဆိုတာလေး သတိရသား အဲ့ဆုတောင်းလေး ကြိုက်တယ် ။

မခိုင်.... မပြောပြဘူးးးး

ကိုညီ...အစ်ကိုပြောတာ ရယ်ချင်စရာ အဲ့အချိန် နှာသီးတွေ ဘာသီး တွေ ဘာဆို ဘာမှ သတိမရဘူးဗျ စိတ်တိုနေတာပဲသိတော့တာ ။

မမိုး... ဟုတ်သား ကျနော်ကိုက ညံ့တာဆို ပြောရင်း စိတ်ဆိုးချင်လာပြီး ကိုယ့်ကိုယ်ကိုး)

မမေ... ဟဟား အစ်မကတော့ တော်တယ်ဗျို့ ကျနော် မှတ်၂ရ၂ ရှိနေတာ ကျနော့်ကို စာလုံးပေါင်းပျင်ဖို့ ပြောပေး သတိပေးတာ အစ်မ နဲ့ နေ၀သန်ပဲရှိတယ် အဲ့တာလည်း ကျနော်ကတော့မှာတုန်း ခုလည်း အစ်မပြောမှကိုသိတာ အဟုတ် လုံးဝမသိဘူးရယ် ဒီကော့မန့်တွေပြန်မှပဲ ခေါါင်းစဉ်ကို့ ပြင်တော့တယ် ကျနော်က အဲ့လောက်ဆိုးဆိုးဗျ ။ ဦးလေး လုပ်ရတာမလွယ်ဘူးဆို အစ်မ ဦးရီးတော်ကိုလည်း လိမ်မာနော့်း)

အိန်ဂျယ်.... ဟေ ဖြစ်ရလေဗျာာာ အဲ့လောက်မဆိုးပါဘူးဆို ။

မမြသွေး... မအုပ်ဖြစ်လိုက်ဘူးဗျ ကျနော်က ကြာရင် စိတ်ပြေသွားကော ဖြစ်တုန်းတစ်ချက်ပဲ ဆိုးတား)

မစန်းထွန်းး...ပေးတဲ့ဆုနဲ့ပြည့်ပါစေ ပျောက်တာတွေပြန်မလုပ်တတ်ပေမယ့် လုပ်တတ်တာလေးတွေလုပ်ပြီး ပြေအောင်သုံးနေတယ်ဗျ ။

ကိုဏီ... ခလေးတွေမလုပ်နဲ့ ဖဘ မှာ ပုံပြပြီးပြီး သူတို့က ၂၀ ကျော်ပြီး) အစ်ကိုလည်း တူ တူမ တွေ များများရမှ သိမှာ ရပါစေဗျာ ။

မသူ....ဟုတ်တယ် အဲ့တုန်းက တော်တော့ကို တိုတာဗျ ပြောတောင်မပြောချင် မကြောက်ပါနဲ့ ကျနော်က ပိန်ပိန်လေးရယ် ...။

မအိုင်အိုရာ...အဆင်ပြေတယ် အစ်မ ပျောက်နေတယ်နော် နေကောင်းအဆင်ပြေါပါစေဗျာာာ။

LinkWithin

Related Posts Plugin for WordPress, Blogger...