Monday, November 19, 2012

တံခါးဖွင့်ထားသော မြို့ကလေး

နယ်စပ်မြို့ကလေးလို့ ဆိုလိုက်တာနဲ့ စာဖတ်သူတော်တော်များများက နယ်မြေများ လုံခြုံပါ့မလားလို့အတွေးရောက်ချင် ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီမြို့လေးမှာ ဆယ်စုနှစ်တစ်ခုနီးပါးလောက် နေတဲ့သူတစ်ယောက်အနေနဲ့ သိပ်ချစ်စရာကောင်းတဲ့ မြို့ကလေးပါလို့ဆိုရင်  လွန်တယ်လို့ဆိုနိုင်ပါ့မလား။ မဲဆောက်ဆိုတဲ့ မြို့လေးကို ကျနော့တယောက်တည်း အမြင်နဲ့ တွယ်တာနေမိတာများ အလုပ်ကိစ္စနဲ့ တခြားရပ်ရွာသွားနေရတဲ့အခါ ကိုယ့်အိမ်ကိုယ့်ရာကို လွမ်းသလိုမျိုးတောင် ပြန်လွမ်းမိတဲ့အထိ။ ငြိတွယ်မိတဲ့ အကြောင်းတွေကို ကိုယ်ပိုင်ဆန်းစစ်ချက်ကလေးတွေနဲ့ စစ်ထုတ်ကြည့်ရင်း ချစ်ခင်စိတ်ရင်း အမှန်အကန်ဆိုတာကို သေချာသည်ထက် သေချာစေခဲ့တဲ့ မြို့တမြို့ပါ။
 










7 comments:

mstint said...

မှတ်သားစရာကောင်းတဲ့ တံခါးဖွင့်ထားသောမြို့လေးအကြောင်းကို တစ်စေ့တစ်စောင်း လေ့လာမှတ်သားခွင့်ရလို့ ကျေးဇူးပါ မောင်မျိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

အခုပဲ သွားဖတ်ပြီး ပြန်လာတာ....၊း)

မဲဆောက်နဲ့ ဘန်ကောက်က ဘာသာစကားမှာ ၈၀% လောက်ကို ကွဲပြားတာလား? လူမျိုးစုတွေ အများကြီး ဆိုတော့ မဲဆောက်မှာ multi-culture လည်း တွေ့ရမယ် ထင်တယ်နော်၊ မြို့ကလေး အကြောင်းကို နောက်ခံ ရာဇဝင်၊ နိုင်ငံရေး၊ စီးပွားရေးမှ စလို့ ချစ်စရာ ကောင်းအောင် ရေးသွားလို့ ဖတ်မိသူတိုင်းက လာချင်စိတ်တွေ ပေါ်လာမှာ မလွဲပါဘူး ညီရေ..၊ ဒုတိယ အိမ်လို့ ထင်မယ်ဆိုလည်း ထင်ချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်နိုင်တဲ့ မဲဆောက်ပါပဲဗျာ...။

ညိမ်းနိုင် said...

ရွှေဒေါင်းတောင်ကပြန်လာခဲ့တယ်ညီ.... :)
လူမျိုးရေးခွဲခြားမှုတွေလျော့နည်းသွားတာကြားရတာ
ဝမ်းသာစရာကောင်းလိုက်တာကွာ.....

Anonymous said...

ချစ်စရာကောင်းတဲ့ မြို့လေး အကြောင်းကို ဆက်ဖတ်ချင်လို့ ဆက်ဖတ်သွားပါတယ် :;))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မေဓာဝီ said...

မဲဆောက်ကို တခါမှ မရောက်ဖူးပေမဲ့ မဲဆောက် ... သောင်ရင်းမြစ် ... စတဲ့ အမည်နာမတွေနဲ့ ရင်းနှီးနေခဲ့တယ်။ မောင်မျိုးရေးတဲ့ ပို့စ်လေး ဖတ်ပြီး တံခါးဖွင့်ထားတဲ့ မြို့လေးကို တခေါက်လောက်ဖြစ်ဖြစ် အလည်သွားချင်ပါရဲ့ မောင်မျိုးရေ ... ။

Maung Myo said...

တီတင့်... ဟုတ်ကဲ့ ကျနော် မရေးဖူးတဲ့ ပုံစံလေးရေးတာဆိုတော့ ဟိုလူ့မေး ဒီလူ့မေး ပြီးတော့ သေချာအောင် စာတွေရှာဖတ်ပြီး ရေးထားကြည့်တာဗျ မှတ်သားစရာကောင်းတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ။

ကိုညီ... လာလည်ခဲ့ပါအုံးတစ်ခေါက်လောက်း) ဂိုက်လိုက်လုပ်ပေးတာပေါ့ နေစရိတ် စားစရိတ်ငြိမ်ရင် ထိုင်းတစ်နိုင်ငံလုံးခေါ်လည်းစိတ်မဆိုးဘူး ။။

ကိုညိမ်းနိုင်.. ဟုတ်တယ် ကျနော်တို့ဆို ပိုခံစားရတယ် အရင်နဲ့မတူတော့လို့ပျော်လည်းပျော်တယ် ။

ဆောင်းနှင်း... ဖတ်သွားတယ်ဆိုလို့ ကျေးဇူးဗျး)။

မမေ... မဲဆောက်မြို့ရဲ့ အ၀ိုင်းစုံ မှာ ရေးထားတဲ့ ဆိုင်းဘုတ်လေး က ဒီလိုဗျ* မဲဆောက်မှာ သင်တွေးထင်ထားတာထက် ပိုပြီး စိတ်ဝင်စားစရာတွေရှိပါတယ် * တဲ့ ဘာတွေလဲ သိချင် လာလည်ဗျာာ ။

San San Htun said...

မယ်ဆောက်မြို့ လေးက ချစ်စရာလေး..ယိုးဒယားလာလည်ရင် ဝင်ခဲ့မယ်ဝေ့..

LinkWithin

Related Posts Plugin for WordPress, Blogger...