အမေ့ထမိန်စလေး…..
ပြီးခဲ့တဲ့ လလယ်လောက်က
အိမ်မှာတုပ်ကွေးတွေဖြစ်ကြတယ်
ကိုယ်ခံအားကောင်းတဲ့ အဘ တစ်ယောက်ပဲ
မဖျားတာ အမေဖျားတုန်းက အမေကလည်း
ဆေးမှ ကြိုမသောက်တာ ပြီးတော့ အဟာရရှိအောင် စားပါဆို ဒီခလေးတွေကိုပဲ ကျွေးနေ အမေကျမစားဘူးဆိုပြီ စကားကများမိသေး ။ ခလေးတွေက
နို့ဗူးခလေး တွေဆိုတော့ သေးတွေ
တအားကို ပေါက်ကြတာ အမေဖျားတော့
ကျနော် လျှော်ရတာပေါ့ လုပ်လည်းလုပ်
စကားလည်းများ ..``ကိုယ့်ပါသာ အေးဆေးနေချင်လို့အပူမရှာတာ ခုတော့
သူတို့ဒုက္ခတွေ ကိုယ်ပါ ခံရတာ နံ့လိုက်တဲ့သေးကွာ အရင်က
စတိုင်လ်ကြီးတစ်ခွဲသားနဲ့ နေခဲ့လေသမျှ
ခုတော့ ဗြမ်းဗြမ်းကွဲတာပဲ ။
ကျနော့်အလှည့်ဖျားတော့ အချွဲက ပိုချင်သေးတယ် အမေ
အနားရှိနေတာကြောင့်လည်းပါတာနေမယ်
ပါးစပ်ပျက်တော့
ဘာမှမစားချင်ဘူး အမေက ပြောတယ် နေမကောင်းတဲ့သူက မစားချင်ဘူးဆိုပြီး အိမ်က သူက
ဘာမှမကျွေးရင် ရောဂါကပိုဆိုးတတ်တယ် အဲ့တော့ ဖျားတဲ့သူ ခံတွင်းတွေ့အောင် အမယ်စုံလုပ်ကျွေးရတယ်တဲ့ ထမင်းလေးသုတ်ပေးလိုက် ၊ မြင်းခွာရွက်လေး သုတ်လိုက် ဆန်ပြုတ် ပြုတ်လိုက်နဲ့ အမေကတော့
မမောနိုင်လုပ်ပေးရှာသား ။ ကျနော်က
ပိန်တော့ ကိုယ်ခံအားနည်းတယ် အဖျားဝင်တော့
ပိုဆိုး ဘာမှမလုပ်ချင်း ဖျားတဲ့ ရက်မှ
အလုပ်တွေများတော့ အဖျားက
တာရှည်သွားတယ် ။
အမေ
နဲ့ အဘ
ကို အနားခေါ်ပြီ ကိုယ်ဖိရင်ဖိ ပြုစုမယ်စိတ်ကူးတာ ကိုယ့်ကြီးပြုစုနေရတယ် ။ ည ည
ဆို အဘ က ဓာတ်မီးကလေးထိုးပြီး အခန်းထဲဝင်လာတတ်တယ် ``ကောင်လေး …သက်သာရဲ့လား မင်းတို့က အစားသိပ်ဖျင်းတာပဲ ကောင်းကောင်း ၊ မကောင်းကောင်း
စားထည့်ပေါ့ကွ အစားက လူနဲ့တည့်တာပဲ ငါနဲ့များကွာပါ့ကွာ ၊ မစားချင်ဘူးမလုပ်နဲ့
ဒါလေးကုန်အောင်သောင်လိုက် ´´ မစားချင်ဘူးဆိုလည်း အတင်းကျွေးတတ်ပါတယ် ။ အမေကတော့ ကျနော့် ငြီးသံနားစွင့်ပြီးအိပ်တယ် ။ ပြီးတော့ ခဏခဏ
ကိုယ်ပူလာစမ်းတယ် ။ကိုယ်လက်တွေနာတော့ အမေက ဆေးလူးပေးရင်း နင်းနှိပ်ပေးတယ် `` အမေ့ပါသာ အိပ်ပါဗျာ ကျနော်
ငရဲကြီးနေပါ့မယ် သွားသွား ´´ဆိုလည်း
သားမိချင်တောင် အားနာလို့ ဆိုပြီ ကျနော့်ကိုဆူသေး ။
တစ်ည ခြေသလုံးက
ပုလွေရိုးလေးပေမယ့်
တအားကိုတောင့်ပြီး အိပ်မရအောင်ဖြစ်တာ ဆေးလည်း လူးမပျောက်
အမေ့ကိုလည်းမခေါ်ချင်
အိပ်ရေးပျက်မှာစိုးလို့ ။ အဘက
ကျနော့် ငြီးသံကြားပြီး ``အဖွားကြီး
ထထ နင့်သားဘာဖြစ်လဲ မသိဘူး´´
ဆိုပြီး အခန်းထဲရောက်လာတယ် ပြီးတော့
အဘက ဇက်တွေ ကြောတွေ နှိပ်ပေးတာ အမေက ခြေတွေ နှိပ်ပေး သူများတွေ့ရင်တော့ ကဲ့ရဲ့စရာတွေဖြစ်တော့မှာပဲး) ကျနော် နာလို မျက်၇ည်တွေပါ ကျတော့
အဘက တအားကို နှိပ်တာ အဘ လက်ကြီးတွေက သန်တော့ ``အားး
အား နာတယ် တော်ပြီ အဘ ´´
လို့ပြောရတယ် တကယ် ကျနော့် အဘက
ဟဲဗီးကြီးဆိုတော့
အသက်သာကြီးတယ် အားကတော့ သန်တုန်း။ အမေကတော့ ဆေးလူးပေးနေလည်း မသက်သာတော့ အမေ့ထပ်ဆင့်စ ကိုဖြဲပြီး ကျနော့် ခြေသလုံးလေးမှာ စီးပေးတယ်
။ အမေတို့က လူကြီးတွေဆိုတော့ အဲ့အယူတွေရှိကြတယ် မအေ့ထမိန်စ ဆိုတာ ရောဂါကင်းတယ်တဲ့ အစ်ကိုတွေလာလည်သွားတုန်းက မှတ်မိသေး
`` အမေ့… ထမိန်စ
နည်းနည်းချည်ပေးအုံး ကျနော်လည်း တစ်ခါတလေ အိပ်မက်တွေမကောင်းဘူး´ တဲ့ အစ်ကိုတွေက
လက်မောင်း နှစ်ဖက်လုံး စီးသွားတတ်တယ်
ဘေးကင်းတယ် ဆိုပြီး ။
စိတ်အားမြှင့်တင်မှုတစ်ခုပဲဖြစ်ဖြစ် တိုက်ဆိုင်မှုတစ်ခုပဲဖြစ်ဖြစ် အမေ့ရဲ့ မေတ္တာတရားကြောင်းပဲထင်တယ် ကျနော့် ခံစားမှုတွေ သက်သာရာရခဲ့တယ် ။ အမေ
ကျနော်တို့ အနား ဘယ်လောက်ထိ ရှိနေမှာလဲဆိုတာ အတိကျမသိပေမယ့် အမေရှိရင်
ကျနော် ခလေးဆိုးကြီးလို
နေချင်တုန်း အမေ့ကို
စိတ်ကောက်ချင်တုန်း သားသမီးမျက်နှာ သိပ်ဖတ်တတ်တဲ့ အမေ့ကို
ခဏခဏ မျက်နှာရိပ်တွေပြောင်းမိနေတုန်း ။မနက်ပိုင်း ရုံးလာရင် အမေ့ကို နှုတ်မဆက်မိခဲ့ရင် နေရတာ တစ်မျိုးကြီး အဲ့ကျ နေ့လည်ပိုင်း ဖုန်းတစ်ခေါက်ဆက်ပြီး အိမ်မှာ ဘာချက်လဲမေးလိုက်တယ် ။ အမေ
ပြန်ရင် ကျနော်တော့
နေတတ်ပါတော့မလားတောင်မသိး( ။
အမေ့ ထမိန်စကလေးရဲ့ အစွမ်းကြောင့်
နေကောင်းသွားတဲ့ ကျနော်
ရေချိုးခန်းထဲ အမေ ထမိန်ရေစိုလေး ပုံထားတုန်း ခိုးပြီး လျှော်လိုက်တယ် အမေက
ပေးမလျှော်လို့ပါ ထမိန်အောက်က ထွက်ခဲ့သူက
ဒီတန်ဖိုးကိုတော့ သိတန်ကောင်းရဲ့ပေါ့
။
ကျနော်
နေကောင်းလာပေမယ့် အမေ့ထမိန်စလေး ချည်ထားတုန်း
အမေ့မေတ္တာတရားတွေ ကျနော့်ကိုယ်မှာ စည်းနှောင်းထားတယ်လို့ခံစားရတယ် အရာ အားလုံးအတွက် ကျေးဇူးပါ အမေ ။
( ကျနော်လည်း
မိသားစုရောက်လာကတည်းက
ဒီထဲမှာတင်ရုန်းကန်နေရတာနဲ့
အပြင်အကြောင်းရာတွေလည်း
မလုပ်ဖြစ်သလောက်နည်းသွားတယ်
အဲ့တော့ တစ်ခြားအကြောင်းရာရေးဖို့လည်း
မရှိသလောက်ဖြစ်သွားတယ် ။ မိသားစု အနားရှိတုန်းတော့
ကျနော် ဒါတွေပဲရေးဖြစ်နေမယ်ထင်ပါ့ အကြောင်းရာတွေထပ်ပြီး ဒါကြီးပဲ ဖြစ်နေရင် မိတ်ဆွေတွေနားလည်ပေးပါလို့ စာဖတ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်း) )
12 comments:
ဒီအမေကို ချစ်တဲ့ဒီသားနဲ့ ဒီသားကို ချစ်တဲ့ ဒီအမေ.. အဖျားဝင်တဲ့အခိုက်မှာ မေတ္တာတွေ အစွမ်းနဲ့ ကျန်းမာ လာကြတာ ကြည်နူးစရာဗျာ...၊ အဝေးမှာ ရောက်နေပေမယ့် ဖျားတဲ့အခိုက်မှာ အမေရှိနေလို့ ညီ ကံကောင်းတာပေါ့...၊ ‘မင်းတို့က အစားသိပ်ဖျင်းတာပဲ’ ဆိုတဲ့ အဘရဲ့ စကားလေးတော့ ကြိုက်သွားပြီဗျ...။း)
ဟုတ်ပါ့...အကိုညီလင်းသစ်ပြောသလိုပဲ...အကိုလည်း
အဘရဲ့ အဲ့စကားလေးကို ဖတ်မိမိချင်းသဘောကျသွား
တယ်...:)၊အဲဒီလိုပဲညီရေ.....နေမကောင်းဖြစ်ချိန်မှာ
အဖေတို့အမေတို့ အနားမှာရှိရင် ချွဲလို့သိပ်ကောင်း...၊
သူတို့တွေကလည်း ကိုယ်တွေဖျားရင် ကလေးလေးတစ်
ယောက်လို ပြုစုတာကိုး....၊မိသားစုတွေရဲ့ ချစ်ခြင်း
မတ္တာတွေကို မြင်ရတာကြည်နူးမိရဲ့....၊ဒီအကြောင်းတွေ
ကိုပဲ အကြောင်းအရာတွေထပ်နေသည့်တိုင် နှစ်သက်စွာ
အားပေးမိပါရဲ့....၊ချစ်ခြင်းမေတ္တာတွေအကြောင်းဆိုတာ
ဘယ်လောက်ပဲထပ်နေပါစေ ရိုးမသွားပါဘူးညီရာ....။
u r really good son ..........
မိသားစုအကြောင်းက ဘယ်လောက်ဖတ်ရဖတ်ရ မရိုးဘူး..၊
ရှေးခေတ်က စစ်တိုက်ထွက်ရင် အန္တရယ်ကင်းအောင် အမေ့ထမီစ ဆောင်သွားကြတယ်လို့ ကြားဖူးတယ်..။
တို့ရဲ့ ဦးလေးကတော့ သူ့အမေ တို့အဖွားရဲ့ ကျိုးသွားတဲ့ အံသွားကို ရွှေနဲ့ ကွင်းပြီး လက်စွပ်ဝတ်တာ မြင်ဖူးတယ်..။
အဖေ အမေနဲ့ ကျန်းကျန်းမာမာ ပျော်ရွှင်ပါစေ.. ကြောင်ကြောင်မျိုးးး
မစဒက
တော်တော်အချွဲပိုတဲ့ ဦးသားလေးပါလား။
ချွဲတတ်တဲ့ သားရယ်၊ ဂရုစိုက်တဲ့ အဖေနဲ့ အမေရယ် ... တူတူနေခွင့်ရတာ မင်္ဂလာတပါးပါပဲ။
ဒါနဲ့ မောင်မျိုးဖျားတာ ကလေးသေးဝတ်တွေ လျှော်ရလို့လား :))
မိဘကိုအသက်ရာကျော်ရှည်သည်ထိအလုပ်ကျွေးပြုစုနိုင်ပါစေ။
အမေမိဘကို တန်ဘိုးထားနားလည်တဲ့ သား၊ တစ်ဘ၀လုံးဒုက္ခမတွေ့ရဘူး..တဲ့။ သားတစ်ယောက် အမေ ခံစားဖတ်သွားပါတယ် မောင်မျိုးရေ..။
လွမ်းသလိုလို ငိုချင်သလိုလိုး(( မိဘတွေလည်း အသက်ရာကျော်ရှည်ပြီး သားသမီးတွေအားလုံးလည်း သက်ဆုံးတိုင် မိဘကျေးဇူးတရားသိတတ်ကြရင်ကောင်းမယ် .. သိတတ်ပြီး ပြန်လည်ပေးဆပ်နိုင်ကြရင်ကောင်းမယ် .. အဲလိုသာဆို သားသမီးပစ်လို့ ဆင်းရဲဒုက္ခဖြစ်နေတဲ့ သက်ကြီးရွယ်အိုတွေ ရှိတော့မှာမဟုတ်ဘူး ..
မိဘမေတ္တာတွေနဲ့  အမြန်ကျန်းမာလာတယ်ထင်ပါ့..အဘတို့ ပြန်သွားရင် ကျန်းမာရေး ပိုဂရုစိုက် မောင်မျိုး..
မိဘကို ရင်ထဲမှာ နေရာပေးထားတဲ့ သား သမီးဆိုတာ အတိတ်ကံ အကျိုးပေးကြောင့် အခက်အခဲတွေ့ကြုံရလည်း တခဏာသာပါပဲ မောင်မျိုးရေ။ နွေးထွေးတဲ့မိသားစုဘဝရဲ့ တန်ဘိုးကို နားလည်တာ မင်္ဂလာတစ်ပါးပဲပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိခင်ရဲ့ မေတ္တာဘယ်လောက်အစွမ်းထက်တယ်ဆိုတာ လက်တွေ့ဘဲလို့ ပြောရမယ်ထင်တယ်နော်။
တစ်ချို့ယောက်ျားတွေလဲ စစ်ထွက်သွားရင်တောင် မိခင်ရဲ့ ထမိန်စလေးကို ဆောင်းသွားတာ တွေ့ဖူးတယ်။
မိခင်အပေါ်ထားတဲ့ သားတွေရဲ့ အလေးထား ယုံကြည်ချစ်ခင်စိတ်နဲ့အတူ မိခင်ရဲ့ အစွမ်းထက်လှတဲ့ မေတ္တာလက်နက်က တကယ်ကို လေးစားစရာပါဘဲ..
ဟုတ်တယ်...။ အိမ်မှာလည်း မိဘတွေက ဘာမှမဖြစ်ရဘူး။ ဝေလေးတစ်ယောက်တည်း ချူချာလိုက်တာ။ ကွန်ပျူတာ အမြဲကြည့်ပြီး အလုပ်လုပ်နေရတော့ အကြောတွေတက်..။ ပြန်လာရင် အမေက နှိပ်နှိပ်ပေးရတယ်။ မိဘတွေနဲ့ တူတူနေနေရင်းတောင် တစ်ခါတစ်လေ မိဘတွေကိုလွမ်းနေတတ်တယ်..။ ( ဘာမှန်းလည်း မသိဘူးနော်.. )
Post a Comment