Saturday, January 7, 2012

တစ်နေ့တာ

တစ်နေ့တာပဲ ဆိုတော့ သိပ်များများ စဉ်းစားမလိုဘူး ဒါကြောင့် ပေါ့ပေါ့ပါးပါးပဲ ရေးလိုက်ပါတယ် ။ ကျနော်က မနက်ဆို အစောကြီးထပါတယ် ၈ နာရီထိုးဖို့ ၁၅ မိနစ်လောက်ထပါတယ်း) ၇.၄၅ လောက် နှိုးစက်ပေးထားလိုက်တယ် ပြီးရင် နှိုးစက်အော်ရင် ကမန်းကတန်းပိတ်ချပြီး ၁၀ မိနစ်လောက်တော့ ပြန်မှိန်းလိုက်ပါတယ် ဘယ်လို အရသာရှိမှန်းကိုမသိဘူး ။ ကျနော်က ရုံးခန်း အပေါ်ထပ်မှာပဲနေတော့ သူများတွေလို ကားတွေ ရထားတွေလည်း စီးပြီး အလုပ်တက်စရာမလိုဘူး အဲ့လို အလုပ်မျိုးသာဆိုရင်လည်း မောင်မျိုး အလုပ်ပြုတ်တာကြာကောပေါ့ ရေကို ဇတိအနေနဲ့ အခွက်ရေနဲ့ ချိုးပါတယ် ပြီးရင် ဟိုနည်းနည်းလိမ်း ဒီနည်းနည်းလိမ်း ပြီးပြီး ။

ရုံးခန်းထဲရောက် ကွန်ပျူတာဖွင့် ရုံးထဲမှာ ခလေးတွေ သန့်ရှင်းရေး လုပ်ခဲ့ပေမယ့် အဆင်မပြေတာလေးတွေ ပြန်သိမ်း မှန်သုတ်တဲ့ အခါလည်းသုတ်သေးတယ် ။ ရုံးက ကျနော့်အိမ်လိုပဲဖြစ်နေတော့ အလုပ်တွေ သိပ်မခွဲဖြစ်ဘူး ။ ကော်ဖီ တစ်ခွက် ဖျော်သောက်တယ် မနက်စာကို မုန့်ဟင်းခါးဖြစ်ဖြစ် ပဲပြုတ်နဲ့ ထမင်းပူပူလေးဖြစ်ဖြစ် စားချင်ပေမယ့် ကော်ဖီပဲသောက်ဖြစ်ပါတယ် ။ ပြီးရင် ဘလော့ကိုအရင်ဖွင့်တယ် ဘာတွေထူးသလဲ ဘယ်သူတွေ အသစ်တင်သလဲ မေးလ်စစ် ဖေ့ဘွတ်ဝင်း) အလုပ်ကြီးအကိုင်ကြီးတွေ သိပ်လုပ်ပါတယ် ။ ပြီးရင်တော့ စားကောင်းသောက်ကောင်းအောင် အလုပ်လေးတွေ လုပ်ပြရတာပေါ့ဗျာ ။ ဧည့်သည်တွေလာရင် အလုပ်အကြောင်းလေး ရှင်းပြရတယ် ဖုန်းလာတဲ့ အခါ ဒိုင်ခံဖြေရှင်းရတယ် အလုပ်လာအပ်တုန်းကသာ ချိုချိုသာသာ ပြောတတ်ပေမယ့် ဖုန်းထဲမှာက မချေမငံပြန်ပြောတတ်ပါသေးတယ်း)

နေ့ခင်း ၁၁.၃၀ လောက်ဆိုရင် နေ့လည်စာ စားပါတယ် ဟင်းကတော့ မကောင်းဘူးဗျ ကျနော်တို့ကို ဗီတာမင်တွေ အားနည်းလို့တဲ့ သူဌေးက အသီးအရွက်ပဲ ကျွေးပါတယ် ကျနော်တို့ဆီမှာ မျှစ်လည်း ၁၂ ရာသီရတယ်ဗျ ဗိုက်ထဲမှာတောင် မျှစ်တွေ အစို့ထွက်နေသလားမသိ ထမင်းဟင်း ချက်ပေးတဲ့ အစ်မကြီးကလည်း သူ့ယောက်ျားနဲ့ရန်ုဖြစ်တဲ့နေ့ဆို ဟင်းချက်တာ သိပ်ငန်ပါတယ် ဒါပေမယ့်မပြောရဲဘူးလေ နောက်နေ့ကျ ငတ်ကိန်းဆိုက်သွားမှာစိုးလို့ ဒီလိုပဲ ထိုးထည့်သိပ်ထည့် ရေနဲ့မျှောချ ကျနော်နေတဲ့နေရာက ဈေးနဲ့သိပ်မနီးတော့ ၀ယ်စားဖို့လည်း သိပ်အဆင်မပြေတာနဲ့ ဖြစ်သလိုလေးတွေပဲ ပြီးလိုက်တာများတယ် ။

လက်ရှိအစားချင်ဆုံးက ခရမ်းချဉ်သီးသုတ်ပါ ။ကော်ဖီက တစ်နေ့ကို တစ်ခွက်ပဲသောက်ပါတယ် စိတ်ကူးပေါက်ရင်တော့ ညပိုင်းမှာ ပဲနို့ပူပူလေးဖြစ်ဖြစ် ချိုကျ လက်ဖက်ရည်လေးပဲဖြစ်ဖြစ် ဖျော်သောက်တတ်ပါသေးတယ် အမြဲတမ်းတော့မဟုတ်ဘူး ။ညနေစာတော့မစားဖြစ်ဘူး ဒါပေမယ့် ၂-၃ နာရီလောက် ဗိုက်ဆာရင်တော့ မာမားတစ်ထုတ်လောက်ပြုတ်သောက်တယ် ပြီးတော့ ကိုကာကိုလာ တစ်ဗူးလောက်သောက်တယ် ။ ညနေပိုင်းဆို သင်တန်းခဏသွားတယ် ခုနောက်ပိုင်း သင်တန်းပျက်တာတွေလည်းများလာတယ် ။ထမင်းစားရင်းနဲ့ ဘာစဉ်းစားသလဲတဲ့ မစဉ်းစားဘူးဗျ မြန်မြန်ကုန်အောင် ဗိုက်တင်းအောင်သာစားနေရတာဆိုတော့ စဉ်းစားချိန်လည်းမရဘူး ။

အလုပ်ဆင်းရင်တော့ ခံစားချက်က ထူးထူးခြားခြားမရှိလှပါဘူး အပေါ်ကိုပဲတက်သွားရမှာဆိုတော့ ပျင်းလို့ ကွန်ပျူတာ ဆက်သုံးနေတာများတယ် သီချင်းတွေနားထောင်နေတာဆို ပိုမှန်မယ်။ ည ၇ နာရီလောက် သင်တန်းက ပြန်ရောက်ပြီဆို ခဏလောက် အိပ်ယာထဲ ကျောဆန့်လိုက်သေးတယ် ပြီးရင် ရေချိုး လျှော်စရာရှိတာလေးလည်းလျှော်တယ် အခန်းသန့်ရှင်းရေးလုပ်တယ် ။ ညစာ ကို ၉ နာရီလောက်မှာစားတယ် စာအုပ်ဖတ်တယ် သီချင်းနားထောင်တယ် နောက်အကျဆုံးအိပ်ယာဝင်တာက ၁၁ နာရီ စနေနေ့ ညမျိုးဆိုရင်တော့ အွန်လိုင်းမှာ စာတွေဖတ်တယ် ။ အိပ်ယာဝင်ဝင်ချင်း ဘာလုပ်သလဲဆိုတော့ ဘုရားဆုတောင်းတယ် အမေနဲ့ အဘ အကြောင်းတွေးတယ် ကျနော့်ခေါင်းရင်းမှာ ထောင်ထားတဲ့ အမေနဲ့ အဘပုံလေးကိုကြည့်ပြီး စိတ်ရှိလက်ရှိလွမ်းတယ် ။

အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲဆိုတော့ ၀င်သက်ထွက်သက်မှတ်ပါတယ် အိပ်မပျော်တဲ့ညကရှားပါတယ် အလုပ်က ပင်ပင်ပန်းပန်းကြီးမဟုတ်ပေမယ့် တစ်နေ့လုံး အလုပ်ရှာလုပ်နေရတာမျိုးဆိုတော့ ညပိုင်းကျ မျက်လုံးက သူ့ပါသာ အဆင်ပြေပြေ မှိတ်ကျသွားတာပဲ ။အပြင်သွားတဲ့အခါ ဖုန်း ရယ် ပိုက်ဆံနည်းနည်းရယ် ပြီးတော့ နေထိုင်ခွင့်ကဒ်ရယ် တစ်ခါတုန်းက မေ့သွားလို့ ပုလိပ်ဖမ်းသေးတယ် တော်သေးတာပေါ့ အချုပ်ထဲမရောက်လို့ မနည်းရှင်းပြရတယ် ။မိသားစုဝင်တွေထဲမှာ အားလုံးကိုချစ်ပါတယ် ။သူစိမ်းတွေထဲမှာ အယုံကြည်ရဆုံးသူက *ကိုတင့်* အလုပ်ထဲမှာက ထိုင်းမလေးတစ်ယောက် ဗမာ အစ်မတစ်ယောက် ပြီးတော့ ကျနော်ရယ် ဒါပဲ ရှိတယ် အဆင်ပြေပါတယ် ရန်ုဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့ အလုပ်တွေရှုပ်တဲ့အခါကျ သူက ကိုယ့်ကိုအော် ကိုယ်ကသူတို့ပြန်အော်နဲ့ရှုပ်နေတာပဲ မောင်နှမတွေလိုဖြစ်နေကြတော့ စိတ်လည်းမဆိုးကြဘူး ။

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.. ဆိုရင်တော့ လပေးနဲ့ တအားလိုချင်ခဲ့တဲ့ ကင်မရာလေးပါ ။ လက်ဆောင်လား မရဖူးဘူးထင်တယ် အဲံ့လောက် ကိုယ့်ကို အလေးနက်ထားမယ့်သူလည်း အပြင်မှာ သိပ်မရှိ ဒီဇင်ဘာမတိုင်ခင်ကတော့ သူငယ်ချင်းက သူလက်ဆောင်ရထားတဲ့ ခေါင်းစွပ်နဲ့လည်စည်းလေး ကျနော့်ကို ပြန်ပေးထားတာရှိတယ် အဲ့တာလေး ချစ်စရာကောင်းလို့ ကျနော်သေချာတော့ သိမ်းထားဖြစ်တယ် ။ ကျနော့်ကို နားလည်မှု ခွင့်လွှတ်မှုပေးတာကတော့ ကျနော့်ရဲ့ မိသားစုပါပဲ မပြောင်းလဲမှု နားလည်မှု ခွင့်လွှတ်မှုတွေ သူတို့မှာ အမြဲရှိနေပါတယ် ။ တအားစိတ်ဓာတ်ကျတဲ့အခါ စိတ်အားငယ်တဲ့အခါ ဘာလုပ်သလဲဆိုတော့ တစ်ယောက်တည်း တိတ်တိတ်လေးနေတယ် စကားသိပ်မပြောဘူး သီချင်းနားထောင်တယ် စာဖတ်တယ် ပြီးတော့ ကျနော့်ရင်ထဲက ခံစားချက်တွေကို စာရွက်တွေပေါ်ချရေးတယ် ပြီးတော့ ဟာသတွေကြည့်တယ် ရယ်လိုက်ရင် ပျောက်သွားကော ကြီးကြီးမားမား စိတ်ဓာတ်ကျ အားငယ်ဖူးတာ နည်းပါတယ် ။

မေးခွန်းတွေလည်းတော်တော် စုံတယ် ကိုယ်လည်း ဖြေတတ်သလောက်ပဲဖြေလိုက်တော့တယ်း)

နောက်ဆုံးမေးခွန်းက အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ...... တဲ့ ကျနော် အမေ့အိမ်ဝန်းထဲက ရေတွင်းလေးကို ခလေးတွေရေခပ်တဲ့အခါ စိတ်ပူလို့ အုတ်ရေတွင်းကလေး လုပ်ပေးချင်တယ်ဗျ ဒီနေ့ပဲ အိမ်နဲ့ဖုန်းပြောဖြစ်လို့ မှာလိုက်သေးတယ် ပန်းရံဆရာမေးပြီး ကျနော့်ကိုဖုန်းပြန်ဆက်ပေးလို့ ကျန်တာတွေတော့ ဖြစ်ချင်တာသိပ်မရှိလှပါဘူး ။

အစ်မ BlackRose ရဲ့ တဂ်ပို့စ်လေးပါ ကျေးဇူးပါ ကျနော် တဂ်ပို့စ်လေးတွေရေးရတာပျော်ပါတယ်း)



26 comments:

Anonymous said...

ဖြေတက်သလိုဖြေပြီး သက်သာသလိုနေပါ ကိုကိုရယ်

Phyo Evergreen said...

ကိုမျိုးတစ်နေ့တာက ရိုးရိုးရှင်းရှင်းနဲ့ကြိုက်တယ်..။ လက်ဆောင်အကြီးကြီးလိုချင်လား အသေးလေးလိုချင်လား.. :)

Anonymous said...

ရိုးရှင်းတဲ့ ခုလောလောဆယ် အဖြစ်ချင်ဆုံး ဆန္ဒလေး သဘောကျတယ်။း)

နောင့်း)

Angelhlaing(May everybody be happy and healthy! said...

လတ်တလောဖြစ်ချင်နေတဲ့ ဆန္ဒလေး အမြန်ဆုံး ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုရင်း.... ဒါတောင် ဖြေတက်သလောက်ပဲ ဖြေလို့ မဟုတ်ရင်တော့လား....:P:P

mirror said...

ဘာလဲဟေ.. ဟိုနည်းနည်းလိမ်း ဒီနည်းနည်းလိမ်းဆိုတာက.. :D
(နောက်တာနော် ဟဲ့)..

စာဖတ်ပြီး ခန့်မှန်းမိတာက ငါ့သူငယ်ချင်း အခြေကျတည်ငြိမ်အေးချမ်းနေပုံပဲလို့။
း)

သက်ဝေ said...

ရေက ဘယ်နှစ်ခွက် ချိုးတာလဲ... ဟိုလိမ်း ဒီလိမ်းဆိုတာ ဘာတွေ လိမ်းတာလဲ... :D :D

blackroze said...

မောင်မျိုး
လတ်တလောအဖြစ်ချင်ဆုံးဆန္ဒလေး
အမြန်ဆုံးဖြစ်ပါစေနော်
အမဆုတောင်းပေးပါတယ်..

မေဓာဝီ said...

မောင်မျိုးအတွက် ဖြည့်စွက်ချက်။ ။

ရေချိုးတဲ့အခါ ရတနာ ၃ ပါး ဦးထိပ်ထားတဲ့ အနေနဲ့ ရေကို ဆပ်ပြာမတိုက်ခင် တခွက်၊ ဆပ်ပြာတိုက်ပြီး နှစ်ခွက် စုစုပေါင်း ၃ ခွက်တိတိချိုးတယ်။
ပြီးရင် မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုး တို့ဖတ်လေး ပုတ်ပြီး လှုပ်လီလှုပ်လဲ့နဲ့ အောက်ထပ်ကို ရုံးခန်းကို ဆင်းတယ်။
ရုံးခန်းထဲမှာ ဘယ်သူမှ မလာခင် ကြက်မွှေးလေး တချောင်းနဲ့ ဟိုဒီယမ်းရင်း (ဟိုး အဖြူအမဲခေတ် ဓာတ်ရှင်ထဲက မင်းသမီးလေးတွေလို) သီချင်းလေးညည်းတယ်၊ :))

အဟဲ မောင်မျိုးပုံကို မျက်စိထဲမှာ အဲဒီလိုလေး ပုံဖော်ကြည့်တာ ကြည့်လို့ ကောင်းမှ ကောင်း။ :P

ညီလင်းသစ် said...

ကောင်းတယ်ဗျ၊ အဲဒီလို အေးအေးဆေးဆေး..၊ တခါတလေ ခြံထဲမှာ ဆင်းပြီး လမ်းလျှောက်တာ၊ ဒန်းကလေးပေါ်မှာ ထိုင်တာရော မပါဘူးလား..၊း) ညီ့ရဲ့ ညနေခင်းတွေကလည်း မိုက်တယ်၊ ဟိုတခါ ဝယ်လာတဲ့ ငါးပိကောင်ကြော်လား ဘာလား၊ အဲဒါကို ခွေးပုကြီး ဆွဲသွားတယ်ထင်လို့ လှမ်းတီးပြီး ရန်ဖြစ်နေတာမျိုးကိုလည်း သဘောကျတယ်၊း)

အပေါ်က မမေရဲ့ ကော်မန့်ကိုလည်း ရယ်နေရတယ်၊ ကြက်မွှေး တယမ်းယမ်းနဲ့ ဓါတ်ရှင်မင်းသမီးဆိုတာ မျက်စိထဲ တန်းမြင်တာပဲ၊ ဘီးစပတ်နဲ့ ရင်ဖုံးအင်္ကျီတွေ နဲ့လေ...။း)

San San Htun said...

မောင်မျိုးကတော့ အေးချမ်းနေပုံပဲ..ဆန္ဒတွေ ပြည့်ပါစေဗျား

ကိုကိုမောင်(ပန်းရနံ့) said...

ုရေတွင်းလေး အမြန်ပြီးစီးအောင်မြင်ပါစေ။

ဟန်ကြည် said...

မောင်မျိုးရဲ့ နောက်ဆုံးဆန္ဒ အမြန်ပြည့်ပါစေ...(နောက်ဆုံးဆန္ဒဆိုလို့ မျက်လုံးမပြူးပါနဲ့ကွယ်...နောက်ဆုံးမှာရေးထားတဲ့ ဆန္ဒကို ဆိုလိုတာပါ)

ကလေးတွေကို သနားလို့ ရေတွင်းပြင်ချင်တဲ့ ဆန္ဒကို အတော်လေးသဘောကျတယ်...ဤကောင်းမှုကြောင့် လူပြိုဂျီးတစ်ယောက် အမြန်အမြီးပေါက်ပါစေပေါ့...ဟုတ်လား..

မအိမ်သူ said...

မောင်မျိုးရဲ့ တစ်နေ့တာထဲမှာ မျောသွားတယ်.. သူ့ဆီမှာ ဖတ်လိုက်ရရင် ထူးထူးဆန်းဆန်းချည့်ပဲ.. ရေချိုးတာတောင် မိုးခေါင်ရေရှားဒေသချိုးနည်းနဲ့..း))
ဖြစ်ချင်တဲ့ ဆန္ဒလေး အမြန်ဆုံးပြည့်ပါစေကွယ်..

ညီရဲ said...

ရုံးခန်းပေါ်မှာဘဲ နေတာဆိုတော့ ညီ့အလုပ်ကလေးက အဆင်ပြေမယ်နော်... အစ်ကိုတို့ ဆိုရင် အလုပ်သွားရင်း အသွားတစ်နာရီ အပြန်တစ်နာရီ သေပြီဆရာဘဲ ညီရေ... ညီ့ရဲ့ တနေ့ တာလေးကို ဖတ်ရှုလေ့လာသွားတယ် ညီရေ...

ညိမ်းနိုင် said...

တစ်နေ့တာလေးက ရိုးရိုးရှင်းရှင်းနဲ့ဖတ်လို့ကောင်းတယ်၊
ညီ့ရဲ့ ဆန္ဒလေးအမြန်ဆုံးပြည့်ဝပါစေဗျားးးးး။

...အလင်းစက်များ said...

ညီရဲသစ်နဲ့  အတူတူပဲ။ စာရေးဆရာတွေ လို့  မပြောရဘူး :D

Cameron said...

black ရဲ့ ပျော်ပျော်ပါးပါးတဂ်ပို့စ်လေးကို လိုက်လည်ဖတ်နေတာ ခုမောင်မျိုးဆီရောက်ခဲ့ပါတယ်.....။ ရိုးစင်းတဲ့ဘ၀လေး (မြန်မာဘီယာမဟုတ်ရ)

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးရဲ့ ရိုးရိုးရှင်းရှင်းနေ့စဉ်အကြောင်းလေးကပို ခပ်ရှင်းရှင်းလေး ဖတ်သွားပါတယ်.. ဗိုက်ထဲမှာ မျှစ်စို့တောင် ထွက်နေပြီလားမသိဘူးဆိုလို့ ရယ်ချင်သွားတယ်
မျှစ်ထွက်လာရင် ပြန်ရောင်းစားလို့ရတာပေါ့လေ
စီးပွားတောင် ဖြစ်သေးတာကို
ဟုတ်ဘူးလား

ငယ်လေး said...

အဲ့လို..အလုပ်လိုချင်တယ်....

မြသွေးနီ said...

ဖြေတတ်သလောက် ဖြေထားတာတောင် အတော်စုံနေပြီ...။ ဖြေတတ်လိုက်တာများ.. ဖတ်ရင်း ပြီးသွားမှန်းတောင် မသိလိုက်ဘူး...။

mstint said...

မောင်မျိုးရဲ့ဆန္ဒလေးအမြန်ဆုံးပြည့်ဝပါစေနော်။
တဂ်ပို့စ်လေးရေးထားတာ ရိုးရိုးရှင်းရှင်းနဲ့
ဖတ်လို့ကောင်းတယ် မောင်မျိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

း)... တဂ်ပို့စ်က ခပ်သော့သော့နဲ့ နောက်က ကျားလိုက်သလိုလေး ရေးထားတာပါလား.. ဖတ်လို့ကောင်းပါ့.... ဖြစ်ချင်သော ဆန္ဒလေးအမြန်ဆုံး ပြည့်ဝပါစေဗျာ..

ခင်မင်လျက်
နေ၀သန်

မြစ်ကျိုးအင်း said...

ဖျတ်ခနဲဖျတ်ခနဲ ရေးသွားတာ အမေးအဖြေ တဂ်ပို့စ်ဆိုတာတောင် မေ့သွားသေးတယ်။
အလုပ်ကို အောက်ထပ်မှာ ထားပြီး လုပ်ရတဲ့ အလုပ်မျိုးကို မနက်အိပ်ယာမထချင်တိုင်း တွေးမိတယ်။

Maung Myo said...

အမှတ်တရနေ့စွဲ.... ကျေးဇူးပါ ယွန်းရယ် နေတတ်ပါတယ် ။

ဖြိုး... ဘာဖြစ်ဖြစ်လိုချင်တယ်း)

နောင့်... ဟုတ် အဲ့တာလေး အကောင်ထည်ဖော်ဖို့ကြိုးစားနေတယ် ။

အိန်ဂျယ်လှိုင်... ဆုောတင်းလေးအတွက် ကျေးဇူးတင်ပါတယ် ။

မိုင်၇ာ... နင်ပြောမှ ငါလည်း ပြန်စဉ်းစားကြည့်တာ တစ်မျိုးကြီးဖြစ်နေတယ်း)

မသက်ဝေ... ၃ ခွက်ပဲချိုးတယ်ဗျး)

ဘလက်စ်... ဆုတောင်လေး ပြည့်ပါရစေ။

မမေ... အစ်မကတော့ ဟဟား ကျနော့်မှာ ကိုယ့်ပုံ ကိုယ်ပြန်မြင်ပြီး ဟေ ငါကြီး အဲ့လိုဖြစ်ရင်တော်တော်ရယ်စရာကောင်းမှာလို့ ။

ကိုညီ...ဟုတ်ကဲ့ အစ်ကို ခွေးပုကြီးအကြောင်းရေး အုံးမယ်း) မမေကိုထောက်ခံနေတယ်ပေါ့ အစ်ကိုက အစ်ကို့ညီ ပုံကြည့်ကောင်းနေမယ့် ဖြစ်ခြင်း ။

မစန်းထွန်း... အေးချမ်းနေပါတယ် အစ်မရေ နေတတ်အောင်လည်းကြိုးစားနေတယ်ဗျ။

ကိုကိုမောင်... ဟုတ် အစ်ကို ကြိုးစားနေတယ်ဗျ။

ဆြာဟန်.. အမြီးမပေါက်ချင်ပါဘူး ဆရာကလည်းး))

မအိမ်သူ... ဒီမှာဆောင်းတွင်း တအားအေးတယ.်ဗျ ကျနော်ကအအေးကြောက်တယ် အဲ့တာကြောင့် ။

ကိုညီရဲ... တစ်နာရီကြီးများတောင်ကြတယ် ဝေးလိုက်တာနော့် ။

ကိုညိမ်းနိုင်... ဖတ်ကောင်းတယ်ဆိုလို့ ပျော်သွားတယ် ။

ကိုလတ်... စာရေးဆရာ တဲ့း) ဘာပဲဖြစ်ဖြစ် မြောက်သွားတာတော့ အမှန်ပဲ ။

မမိုးငွေ့... မြန်မာဘီယာ သောက်ချင်တယ်း)


မချော.. ဟုတ်တယ်နော့် သူများတွေဆီမှာ မျှစ်ဈေးကြီးချင် ကြီးနေနိုင်တာ ကိုယ်တွေက ပေါပေါလောလော စားနေနိုင်တာပဲ ကျေးဇူးတင်စရာ။

ငယ်လေး.... တကယ်လိုချင်တာလား လစာ နည်းနည်းပဲရလည်းလိုချင်တယ်ပေါ့း)

မမြသွေး... စာရေးဆရာ အစ်မက ညွှန်းသွားတယ်ဆိုတော့ အနေရတောင်ခက်လို့း)

တီတင့်.... ကျေးဇူးတီတင့် နေကောင်းတယ်ဟုတ် ။

နေ၀သန်... ကျားမလိုက်ပါဘူး ငါက လောတတ်တာ တစ်ခုပဲး)

ကိုမြစ်... မနက်စောစော ထရတာလောက် ပျင်းတာမရှိဘူးနော့် ဇိမ်အားကြီးပျက်တယ် ။

phendee said...

over at this website replica bags buy online go right here replica designer backpacks check that designer replica luggage

sousa said...

advice resource see this website linked here right here replica designer backpacks

LinkWithin

Related Posts Plugin for WordPress, Blogger...