Monday, January 2, 2012

တစ်ရေးနိုး နယူးရီးယား

ဘလော့မိတ်ဆွေများ အားလုံး မင်္ဂလာ နှစ်သစ်ပါ ခင်ဗျား ။

ဟုတ်တယ် ခုမှ တစ်ရေးနိုးတာပါ တဂ်ပို့စ်ကို နှစ်သစ်ကျမှ ရေးမယ်ဆိုပြီး အချိန်ဆွဲထားတား) ။ ညီလေး အိပ်ယာ က ဒီဇင်ဘာ ပိတ်ရက်မှာ ဘာလုပ်မလဲဆိုတဲ့ ခေါင်းစဉ်နဲ့ တဂ်ထားတယ် ကိုယ်က ပိတ်ရက်က လကုန်ခါနီးမှ ရတော့ ပိတ်တော့မှပဲရေးလို့ဖြစ်မယ်လေ ။ အမှန်တော့ အစီစဉ်က ဆွဲထားတာတစ်မျိုးဗျ ပိတ်ရက်ရောက်ရင် ဟိုဘက်ကမ်းက ဘလော့မိတ်ဆွေကြီး ဆရာဦးဟန်ကြည် အိမ်သွားလည်မယ် ပြီးရင် သဘောကောင်းတဲ့ ဆရာ့မဟေသီ ချက်ကျွေးတာတွေ တီးပစ်လိုက်မယ်လို့ အားခဲထားတာပါ ။ ဒီလို အားခဲထားပေမယ့် ကိုးရီးယား ကားတွေထဲက စကားလိုပြောရမယ်ဆိုရင် မိုးနတ်မင်းကြီး က မောင်မျိုး ကိုမျက်နှာသာမပေးဘူးပေါ့ အရင်နှစ်တွေတုန်းက နှစ်မကုန်ခင် ဘော့စ်က လခပေးနေကြပါ ။ ဒီနှစ်ကျတော့ နက်ဖန်ဆို ပိတ်ရက် ` နင်တို့ ဘယ်လည်ဖို့ အစီစဉ်တွေရှိလဲ လည်ချင်သွားလည်ကြနော် အလုပ်က ၃ ရက်နေ့မှပြန်ဖွင့်မယ် ´ အဲ့လိုတော့ပြောပြီး လခ ကျ မပေးဘူးရယ် သူမေ့နေတာပေါ့ စိတ်နာနာနဲ့ အိမ်ကထွက်ခဲ့တဲ့ ကျနော် သူငယ်ချင်းအိမ်ကို အလည်ရောက်လာတာ လွတ်လွတ်လပ်လပ်နေပစ်လိုက်တယ် သူလည်း သတိရလို့ ခလ ထုတ်ကော ကျနော်တစ်ယောက်တည်း အိမ်မှာမရှိတော့ ကျန်ခဲ့တာ ဆရာတို့ အိမ်လည်း လက်ဗလာကြီး မလည်ချင်တာနဲ့ မြ၀တီလည်း သွားမလည်ဖြစ်ဘူး။


ဒါပေမယ့် ဒီနှစ်သစ်လေးကတော့ ကိုယ့်အတွက် အမှတ်တရလေးတွေ ပျော်ရွှင်စရာလေးတွေ ရှိခဲ့တာ ကျေးဇူးတင်စရာ ။ နယူးရီးယားတွေ ခရစ်စမတ်တွေဟာ ကျနော့်အတွက်တော့ သာမာန်နေ့ရက်များထက် ဘာမှမထူးလှပါဘူး ။ဒီနှစ်တော့ ထူးခြားတယ်း) ပိတ်ရက်မှာ ဘာတွေလုပ်သလဲ ဆိုတော့ အိပ်ပါတယ် အိပ်ခြင်းက ကျန်းမာရေးက အထောက်အကူဖြစ်စေပြီး ငွေကုန်သက်သာစေပါတယ်ခင်ဗျား ။ နယူးရီးယား ညမှာ ညီအစ်ကိုတွေနဲ့ ဖိတ်ထားတဲ့ အိမ်တွေမှာ သီချင်းလိုက်ဆိုဖြစ်ပါတယ် အမှန်က ကျနော်က ကိုယ့်အသံကို ကိုယ်ကြားရင်တောင် ရှက်တတ်တဲ့သူ ဆိုတော့ အစ်ကိုတွေ ညီတွေက အတင်းလိုက်ဖို့ခေါ်တုန်းက ကျနော်သွားပုန်းနေလိုက်သေးတယ် ထင်တာကတော့ လူတွေ အများကြီး ဟိုကျ ကိုယ်က အသံကလည်းမကောင်း သီချင်းကလည်းမရဆိုတော့ မလိုက်ချင်တာပါ သွားပုန်းနေတာမိသွားတော့ မလိုက်လို့မရ ဘုရားကျောင်းရောက်လို့  သီချင်းတိုက်တော့ ရှိတာမှ ၅ ယောက် ၂ ယောက်က မလိုက်ဖြစ်တော့ ဂစ်တာတီးတဲ့ အစ်ကိုရယ် ကျနော်နဲ့ သူငယ်ချင်းရယ် ဒါပဲရှိတယ် အသံမထွက်လို့မရတော့ဘူး ရယ်စရာတော့ကောင်းသား အိမ်မှာ ကိုယ့်အသံ ကိုယ်ကြားမှာ ရှက်တဲ့သူက အိမ်တွေမှာ သီချင်းကို လည်ချောင်းတွေနာတဲ့အထိ လိုက်ဆိုဖြစ်တယ်ဆိုတာလေးက အမှတ်တရ ပါပဲ ။


ပိတ်ရက်မှာ ခရီးတွေ သွားဖြစ်ကြ မိတ်ဆွေတွေနဲ့ ဆုံဖြစ်ကြတဲ့ မိတ်ဆွေတွေရဲ့ ပုံတွေတွေ့တော့ အားတွေကျတယ် ။ညီလေး အိပ်ယာ ရေ့ အစ်ကိုက ပိတ်ရက်မှာ ဘာတွေလုပ်သလဲဆိုတော့ အိပ်လိုက် စားလိုက် ပဲလုပ်ဖြစ်တယ်ပြောရမယ် ထူးထူးခြားခြားလေးတွေ ရေး ဓာတ်ပုံလေးတွေနဲ့ ရေးဖို့စိတ်ကူးထားပေမယ့် ဘာမှ ထူးထူးခြားခြားမရှိတာမို့ ဒီလောက်လေးပဲ ရေးဖြစ်တော့တယ် ညီရေ အယ့် ကျန်သေးတယ် နှစ်သစ်မှာ ဘာတွေးမိသလဲဆိုတော့ ငါအသက်တစ်နှစ်ကြိီးပြန်ပြီးဆိုတဲ့ အတွေးလဲ ၀င်မိသေးတယ်ဗျ ။






10 comments:

ညိမ်းနိုင် said...

အိပ်ဖြစ်တောလည်းကောင်းတာပဲပေါ့လေ...ဟုတ်ဝူးလား။
နှစ်သစ်ရောက်တော့အသက်တစ်နှစ်ကြီးသွားတယ်ဆိုတာ
ကတော့ ယူနီဗာဆယ်ထရူးပဲ...:P

Cameron said...

မင်္ဂလာနှစ်သစ်လေးပါ မောင်မျိုးရေ.....

San San Htun said...

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေ မောင်မျိုးရေ..တပုဒ်လောက် ဟဲပါဗျို့ 

ဟန်ကြည် said...

အိမ်လာလည်ရင် လက်ဗလာမလာရဘူးလို့လည်း မပြောလိုက်မိပါလား မောင်မျိုးရယ်...ခင်မင်ရင်းနှီးတဲ့ စိတ်တွေတပွေ့တပိုက်ကြီးပါလာတာပဲ လုံလောက်နေပါပြီ...

ပီမိုင်လာတုန်းက ဖုန်းဆက်တာပဲ ကိုင်မှမကိုင်တာ...နှစ်ယောက်ထဲမို့ KFC မှာတော့ မနှိပ်လိုက်ရဘူး...

ကြိုက်တဲ့ရက်သာလာခဲ့ပေတော့ အိမ်ရှင်မကတော့ သူ့မောင်လာရင် ချက်ကျွေးဖို့ စိုင်းပြင်းနေလေရဲ့...

ညီလင်းသစ် said...

အိပ်တာ အကောင်းဆုံးပဲ၊ သူများတွေက နှစ်သစ်မှာ ညလုံးပေါက် လျှောက်သွား၊ ပျော်ပါးလို့ အိပ်ရေးပျက်၊ ပင်ပန်းနေချိန် ကိုယ်က အိပ်ရေးဝဝနဲ့ စိတ်ကြည်နေတာ အမြတ်ပဲပေါ့...။း)

မြသွေးနီ said...

ပျော်ရွှင်ဖွယ်နှစ်သစ်မင်္ဂလာဖြစ်ပါစေရှင်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် နှစ်သစ်မှာ ဝိတ်တက်အောင်လို့ အိပ်နေတယ် ထင်ပါ့..း)
ဘယ်မှမသွားတော့လည်း ပိုက်ဆံကုန်သက်သာတာပေါ့ မောင်မျိုးရယ်နော့်
နှစ်သစ်မှာ အစစအဆင်ပြေပြီး ဆန္ဒတွေအားလုံး ပြည့်စုံတဲ့ ပျော်စရာနှစ်သစ်ဖြစ်ပါစေနော်

မဒမ်ကိုး said...

မောင်မျိုးရေ ဆရာဦဟန်ကြည်တို့အိမ်သွားသာလည်ဟေ့ များများသာစားခဲ့း)

အင်းးး ဘယ်မှမထွက်တော့လဲ ဟုတ်ပ အကုန်သက်သာတာပေါ့ကွယ်း)

မအိမ်သူ said...

ဟီး.. အမလဲ တရေးနိုးပြီး မင်္ဂလာ နှစ်သစ်ဖြစ်ပါစေကြောင်း လာနှုတ်ဆက်တာ..
အိပ်ချင်ရင် အိပ်သာအိပ်ပစ်.. အဲဒါ ဘာနဲ့မှ မလဲနိုင်တဲ့ ဖီလင်.. အိပ်ရေးမ၀တဲ့ ဖီလင်ကိုတော့ သိပ်မုန်းတယ်.. တစ်ရက် အိပ်ရေးမ၀ရင် နောက်ထပ် ၁၀ရက်လောက် ပြန်အိပ်လဲ ၀တယ်လို့ကိုမထင်ဘူး..း))

THS said...

အအိပ်သည် အား၊ အစားသည် အသားး-))
ပျော်ရွှင်ပါစေ ကိုယ့်ညီ ။

LinkWithin

Related Posts Plugin for WordPress, Blogger...