Thursday, August 25, 2011

အရှက်

အငယ်တုန်းကတော့ အရှက်ဆိုတာ ဘာမှန်းတောင် မသိ ။ ဘောင်းဘီခွပြဲနဲ့လည်း ရွာရိုးကိုးပေါက် ကစားချင်ကစားတာပဲ ။ အစ်မဖိနပ်ကြီးစီးလို့ ဈေးကိုပြေးလည်း ပြေးတာပဲ ။ တစ်ခါခါ ရပ်ကွက်ထဲမှာ အဆင်မပြေတဲ့သူတွေကို အပေါင်ဆိုင် ကိုယ်စားသွားပေးတာတို့မျိုးလည်း ရှိတာပဲ အဲ့တုန်းကတော့ တကယ်ကိုမရှက်တတ်ခဲ့တာ ၁၀ တန်းလောက်ရောက်လာတော့ အရွယ်ကလေးက စကားပြောလာပြီး ဈေးသွားခိုင်းရင် စိတ်က ရှက်တတ်နေပြီ ။ အမှန်တော့ ကျနော်က တော်တော် အရှက်အကြောက်ကြီးပါတယ် ။ ကောင်မလေးတွေ များများရှိရင် အဲ့အရှေ့ကကိုဖြတ်မလျှောက်ရဲတာ တကယ်လို့ လျှောက်ဖြစ်ရင်လည်း လက်ကို လွှဲတာပဲ မြန်လာသလိုလို ဘယ်နားကမှန်းမသိပဲ ယားလာသလိုလိုနဲ့ နေရတော်တော် ခက်တာပါ ။

ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ထမင်းထွက်စား လက်ဖက်ရည်ထွက်သောက်ကြပြီဆို ကျနော်က လူမမြင်တဲ့ အစွန်ဆုံးကနေပါတယ် ကျောင်းသားဘ၀ဆိုတာကလည်း ရေများ ရေနိုင် မီးများ မီးနိုင်မှတ်လား ကိုယ်တွေ တစ်ယောက် နှစ်ယောက်လောက်ပဲဆိုရင်တော့ ညနေပိုင်း အဆောင်ရှေ့တွေမှာ အတင်းတုတ်နေကြတဲ့ ကျောင်းသူတွေ ပါးစပ်သေနပ်က တော်တော်ပြင်းပါတယ် ဘယ်ညာ ဘယ်ညာ အော်တာမျိုး ဘာကြီးပြုတ်ကျကျန်ခဲ့တယ်ဆိုတာမျိုး အစခံရရင် အရှက်လွန်ပြီး ခဏခဏ ခလုတ်တိုက်လဲတတ်ပါတယ် ။ ဒါက ဟိုးတုန်းက အရှက်အကြောင်း ။

အခုကျတော့ အရှက်က မရှိတော့တာလား မေ့ချင်ယောင်ဆောင်နေတာလားမသိ အစကိုစမ်းလို့မရတော့ ဘောင်းဘီက လျှောကျနေရင် ဆွဲတင်ရပျင်းတဲ့ အခါမျိုးကျ ကားကား ကြီး လမ်းလျှောက်သွားတော့ အိမ်က ခလေးတွေက ကိုမျိုးက အရှက်လည်းမရှိဘူးတဲ့ ။ ပြီးတော့ တစ်ယောက်ယောက်နဲ့ စရင်လည်း အရင်လို မျက်နှာကြီးရဲတာမျိုး မကြည့်ရဲတော့ပဲ ရှက်နေတာမျိုး မဖြစ်တော့ဘဲ သားရည်ကတော်တော် ထူနေတတ်ပြီ။ ပြီးခဲ့တဲ့ ၂ ပါတ်လောက် က မိုးတွေရွာတာ ရက်ဆက်သွားတော့ အ၀တ်စားတွေက မခြောက် ၀တ်စရာတွေကလည်းမရှိနဲ့ ဈေးကိုပြေးရတာ အဲ့မှာ အရင်ကဆို မိန်းခလေးတွေများတဲ့ဆိုင်ဆို သွားမ၀ယ်ရဲပါဘူး ခုတော့ သတိလက်လွတ်နဲ့ ” ဒီဆိုဒ် ဆို ကျနော်ဝတ်လို့ရမလားမသိဘူး ” ဆိုင်က ကောင်မလေးကို မေ့ပြီးသွားပြောမိတာ ကောင်မလေးက ရှက်ပြီး မျက်နှာတွေရဲသွားတယ် အဲ့တော့မှ အားနာပြီး “ ဆောရီး ညီမ အစ်ကိုမေ့သွားလို့ ” ဆိုပြီး ဆိုင်တည်းက ကမန်းကတန်းပြန်ထွက်ခဲ့ရတယ် ။ လမ်းမှာ အသံတိတ် ကိုယ့်ကိုယ်ကို အပြစ်တင်လာတာ မောင်မျိုး မင်းရှက်ကြောတွေ ဘယ်ရောက်ကုန်ပြီလဲလို့ ။

သင်တန်းမှာ အတန်းရှေ့ စာထွက်ပြောရခါနီး ထလိုက်တော့မှ ကိုယ့်ဘောင်းဘီကြီးဇစ်ပြုတ်နေတာ ဒွတ်ခတွေရောက်လို့ တကယ်ဆို ရှက်စရာကြီးပေါ့ ဘာလို့လည်းတော့မသိ မရှက်တော့ဘူးရယ်း) မတိတ်ပဲ ရယ်နေကြတဲ့ ခလေးတွေကို “ တော်ကြတော့ မဟုတ်ရင် ငါ စာမဆိုတော့ဘူး နင်တို့အလှည့်ပဲမြန်မြန်ရောက်မှာ ” အဲ့လို ခပ်တည်တည်ကြီးနဲ့ ။ တစ်ခါခါ ပြန်စဉ်းစားတယ် ငါ မိန်းမတွေ သားသမီးတွေတောင်မရသေး ဒီလောက် အနေကဘတ်နေရင် အဲ့အရွယ်ရောက်လို့ကတော့ သွားပြီလို့ ။

တကယ်တော့ အရှက်ဆိုတာ နုနယ်တဲ့ အရွယ်မှာသာ စိတ်ကိုထိန်းချုပ်ထားတဲ့ ချစ်စရာ့အမူအကျင့်လေးတစ်ခုလို့ထင်ပါတယ် အဟုတ် ၁၈-၁၉ အရွယ် ခလေးမလေးတွေ ရှက်တဲ့ပုံစံလေးတွေက သိပ်ချစ်စရာကောင်းတာ ။ကျနော်ကတော့ အခု အရှက်တွေကင်းနေတယ် ။ တစ်ခါတလေတော့လည်း လောကကြီးကို အရွဲ့တိုက်လို့ အရှက်နဲ့ လူလုပ်တာမဟုတ် လို့သာအော်ချင်လိုက်တော့တယ် ။




21 comments:

Anonymous said...

Are you sure you've no more "ashet"?.If so you are "Thayetsae"now:)))
Gyidaw

ဟန်ကြည် said...

အလိုလေး...တစ်မျိုးကြီးပါလား ကမောင်မျိုးရေ...အဲလောက်တော့လဲ မလုပ်နဲ့ပေါ့...နည်းနည်းလျှော့စမ်းပါဦး...ဘယ့်နှာ ဒီဆိုဒ်က ၀တ်လို့ရမယ်ထင်တယ်လို့မေးရတာပါလိမ့်နော်...အောင်မလေးနော်...မေးရက်လေခြင်း...သူပါးရဲချင်ရဲ ကိုယ်ပါးရဲချင်ရဲ နှစ်ခုထဲက တစ်ခုပဲ...ကံကောင်းလို့ ကိုယ့်ပါးမရဲတာပါလား...ကြည့်လည်းလုပ်ပါကိုယ့်ဆရာရယ်...

ညီလင်းသစ် said...

"... အနေက ဘတ်နေရင်...." တဲ့၊

ညီသုံးထားတာ သဘောကျလို့ ကိုယ်ဟာကိုယ်လည်း အနေဘတ်နေပြီလားလို့ ပြန်စဉ်းစားယူရတယ်..ဟားဟား၊ ဖြစ်ရိုးဖြစ်စဉ်တွေပဲ လို့တွေးပြီး အရေထူလာ တာနဲ့ တူတယ်ဗျ...။း)

မဒမ်ကိုး said...

ကိုမောင်မျိုးကြီး ကြည့်လုပ် ကြည့်လုပ်
များတို့တော့ရှက်တယ်နော်း)
(ဒါပေမယ့်လက်တို့ပြီး ပြောရရင်တော့
နည်းနည်းတော့အရည်ထူလာတယ်တော့သိလား )

ကိုယ့်ချင်းချင်းမို့ပြောပြတာနော်
ခင်တဲ့
မဒိုးကန်

SHWE ZIN U said...

ကိုမောင်မျိုး ရေ

အရှက်မရှိတဲ့ လူတွေမြင်ပါများ တော့

ဒီလောက် အရှက် မရှိတာလေး ကို အရေးမလုပ်တော့ပါဘူး ဖြစ်သွားတာထင်တယ်

ရွှေစင်ဦး ကတော့ ဒီမှာ မရှက်တတ်တဲ့ သူတွေနဲ့ ကြီးတွေ့နေတယ်...

8Yar said...

ဟတ်ဟတ်ဟတ် ကိုမောင်မျိုးက လူဆိုးပဲ... :P

Cameron said...

ဘောင်းဘီအောက်လျှော့ကျနေတာကို ဆွဲတင်ရမှာပျင်းလို့ ကားကားကြီးလမ်းလျှောက်သွားတဲ့
မောင်မျိုးကို မြင်ယောင်မိပါတယ်...း))

နေ၀သန် said...

:D... ရှက်ကြောကိုမှားပြီးဖြတ်မိတာလားမှ မသိတာ...း))

ခင်မင်လျက်
နေ၀သန်

An Asian Tour Operator said...

ငယ်ငယ်တုန်းက ရှက်ခဲ့ တဲ့ကိစ္စတော်တော် များများကြီး လာတော့ ရှက်စရာ မဟုတ်ဘူးလို့ ထင်လာတတ်တာ ကလဲ သဘာဝပါပဲ။ မဟုတ်တာ၊ မကောင်းတာ လုပ်ဖို့ ရှက်တတ် ရင်ပဲ အရှက်တရား ရှိတယ်လို့ ပြောရတော့မှာ။

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးပြောတာလဲ ဟုတ်သလိုလို :):) အဟီး
စာကျက်ချင်ယောင်ဆောင်နေလို့ အလာကျဲနေတာ ခွင့်လွတ်ပါလို့ :P

စော(အဝါရောင်မြေ) said...

အင်း အဲလို ဆိုရင်တော့ လူပျိုကြီးကြီး ဖြစ်သွားပြီထင်တယ်။ ကြီးသွားရင် အဲလို ဖြစ်တတ်တယ် ထင်တယ်။ :P

အင်္ဂါဟူး said...

ကိုမောင်မျိုးပြောတာလဲ ဟုတ်တာပဲ...ဒါပေမယ့် အခုထိ မိန်းမ မယူသေးဘူးဆိုတော့ ရှက်တာတွေ ဘာတွေများ ရှိနေလို့လား...

ဟဲဟဲ။

ညိမ်းနိုင် said...

ဘောင်ဘီဇစ်မတပ်ပဲနဲ့တော့လျှောက်မသွားပါနဲ့ ငါ့ညီရယ် :)
အင်း..ဟုတ်တယ်....အသက်လေးရလာရင် သိပ်ပြီး မရှက်
တတ်တော့ဘူးကွယ့်....:D

ချစ်ကြည်အေး said...

မိန်းမဖြင့်မရသေးဘူး ကျုပ်ကျက်လိပါဦး ကိုကြောင်မျိုးရယ်....

blackroze said...

သတိလက်လွတ်နဲ့ ” ဒီဆိုဒ် ဆို ကျနော်ဝတ်လို့ရမလားမသိဘူး ” ဆိုင်က ကောင်မလေးကို မေ့ပြီးသွားပြောမိတာ ကောင်မလေးက ရှက်ပြီး မျက်နှာတွေရဲသွားတယ်

မောင်မျိုး ..နင်ဘာသွားဝယ်တာလဲ.. :P

သူကြီးမင်း (တုံးဖလား) said...

အခုအသက်အရွယ်ထိ ရှက်တတ်တုန်းဘဲဗျို့။ ခက်လိုက်တာ။ မရှက်တတ်တာလေးတွေ နဲနဲတော့ သင်ယူချင်သား။ အရှက်အကြောက်ကြီးတာကလဲ လူတွေနဲ့ ဆက်ဆံဖို့ သိပ်မလွယ်လှဘူး။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးရဲ့ ရှက်ကြော ဘယ်သူက လာဖြတ်သွားပါလိမ့်
ကောင်မလေးတစ်ယောက်ယောက်များ လေလားနော်း)

San San Htun said...

ချက်နဲ့ ရှက် ကြော မှားပြီး ဖြတ်မိလေသလား...းD

Anonymous said...

:D
ဖတ်ပြီး ဘာပြောရမှန်း မသိဘူး ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Unknown said...

အရှက်ဆိုလို့ ဗမော်ဆရာတော်ကိုသတိရသွားတယ်ဗျာ
မျက်နှာက ရှက်တာအ၀ှါက မရှက်ဘူး ဆို
ပြီးသင်္ဏန်းခြုံပြီးကစ်ချ လိုက်တာ..ဟီးး
ကျွန်တော်လည်း နှစ်ခါလောက် ကြုံးဘူးတယ်ဗျ..
..အားပေးသွားပါတယ်ဗျာ..
(ဒုတိယ)

ညီရဲ said...

ဒါဆို ကိုမောင်မျိုးက ကျွန်တော်နဲ့ တူတာပေါ့။ ကျွန်တော်ကလဲ အရှက်နဲ့ လူလုပ်နေတာ မဟုတ်ဘူး အသက်နဲ့ လူလုပ်နေတာကွလို့ မကြာမကြာ ဟစ်ကြွေးလေ့ ရှိတယ်လေ။ ကျွန်တော် လင့်လေး လာယူသွားပါတယ်။ လမ်းကြုံရင် ကျွန်တော်ဆီကိုလဲ ဝင်လည်ဖို့ ဖိတ်ခေါ်ပါတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...