Friday, August 5, 2011

မိသားစု


ကျနော် (၄) နှစ်သား အပြင်းဖျားတုန်းက လူသူအရောက်ပေါက်နည်းတဲ့ တောရွာလေးကနေ အဖေက ကျောပိုး ၊ အမေက မီးအုပ်ဆောင်းကို ကိုင် သားသမီးဇော နဲ့ ညသန်းခေါင်ကျော် မြို့က ဆေးရုံးကို အပြင်းခရီးနှင်ခဲ့ကြတယ်။ အချိန်မှီ ရောက်လာလို့  သေကံမရောက် သက်မပျောက်ခဲ့တာတဲ့ အဲ့ဒီထဲက ကျနော်က မိဘ အတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခဲ့လေသလားး ဒါပေမယ့် အဖေ နဲ့  အမေကတော့ တစ်ခါမှ ယခုလိုမတွေးခဲဖူးဘူးတဲ့ ။ စကားနည်းတဲ့ အဖေ က သူ့ ရဲ့ မေတ္တာတရားတွေကို ဘယ်တော့မှ မထုတ်ပြခဲ့ပါဘူး သံသရတွေနဲ့  "အမေ.....အဖေက သားကို ချစ်ကောချစ်ရဲ့လား '' မေးတဲ့ အခါ အမေက ပြုံးရိပ်သန်းပြီး သားသမီးတွေအပေါ်ထားတဲ့ အဖေ ရဲ့ ပုံရိပ်တွေကို မြင်ယောင်လာအောင် ညအိပ်ယာဝင် ပုံပြင်အဖြစ် ပြောပြခဲ့ဖူးတယ်။


အဖိုး အဖွား တွေ ရဲ့ စကားတစ်ခွန်းက အဖေ နဲ့  အမေ့အတွက် အတော် သြဇာ ညောင်းခဲ့တယ် ။
"ပညာတက်လည်း စပါးတစ်စီး ပညာမတက်လည်း စပါးတစ်စီး " ဆိုတဲ့ စကားအတိုင်း ရေးတက်ဖတ်တက် တော်ပြီး ကျောင်းထွက် ဆိုတဲ့ စကားက ကျနော့်ရှေ့က မောင်နှမတွေ အတွက်တော့ ကံဆိုးစွာနဲ့  အဖေ နဲ့  အမေ က ကျင့်သုံးခဲ့တယ် ။ နေပူမိရင် ဖျားတယ် ၊ အအေးပက်ရင် ဖျားတယ် မွေးကတည်းက ရောဂါနဲ့  နပန်းလုံးလာခဲ့တဲ့ ဒီကောင့် အလှည့်လည်း ရောက်တော့ သူတို့ ရဲ့ ကျင့်စဉ်ကြီးကို ပြောင်းပစ်ခဲ့ကြတယ်လေ ။ အဖေပြောခဲ့တဲ့ စကားကို ကြားယောင်နေသေးတယ်
'' သားငယ် အတွက်ကတော့ တို့ တွေပေးနိုင်တာ သူ့ အတွက် ပညာအမွေတစ်ခုပဲ " ကံကောင်းစွာနဲ့  ပညာတက်ကြီးတစ်ယောက် မဖြစ်ခဲ့ပေမယ့် ကျနော် လူကြားထဲ မျက်နှာမငယ်ခဲ့ရဘူး။

ကျနော် လူပျိုပေါက်စ အ၀တ်စား လှလှ ၀တ်ချင်တဲ့ အရွယ် အဖြည့်ခံ လူသားနှစ်ဦး အဖေ နဲ့  အမေ က အရာရာမပြည့်စုံပေမယ့် တက်စွမ်းသလောက် ဆောက်ရွက်ပေးခဲ့ကြတယ် ။ ကျနော် မသိတက်တာလား တကယ်မသိတာလား အခုချိန်ပြန်စဉ်းစားလည်း သေချာတိကျတဲ့ အဖြေတစ်ခု ထွက်မလာပါဘူး ကျနော့်တို့ အတွက် အဖေ မနက်စောစော ထင်းလှည်းကိုမောင်း ဆောင်းတွင်အေးအေးမှာ အနွေးထည်မပါ စောင်ထူထူကို ခြုံပြီး ပင်ပန်စွာနဲ့  ကျွေးမွေးစောင့် ရှောက်ခဲ့တာကိုပေါ့ ။ တောဓလေ့ " စိတ်ညစ်တော့ အရက်ကို သောက်တယ် အရက်သောက်တော့ သိပ်စိတ်ညစ်တယ် " တိုင်းရင်းသားသံ ၀ဲဝဲနဲ့  အဖေ့ရဲ့ သီချင်းသံ၊'' အဖေ အရက်သောက်တာ သားရှက်တယ် '' လို့ ပြောတော့ '' အေးပါ ...သားရယ် အဖေ နောက်မသောက်တော့ပါဘူး '' ဆိုပြီး သားသမီးတွေကို စိတ်ချမ်းသာစေခဲ့တယ် ။

ယခု ကျနော် အရွယ်ကလေးရလာတော့ လူ့ လောကမှာ ခြေဖ၀ါး ၂ချပ်ချစရာ နေရာလေးတစ်ခုရလာတဲ့အချိန်
'' အဖေ နဲ့  အမေ နေကောင်းလား ''
'' ကျနော် ဖုန်းဆက်တယ် သတိရတယ်ပြောလိုက်နော် '' ဆိုတဲ့ အမှာစကား နှစ်ခွန်းက လွဲပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး ဘာတာဝန်မှလည်း မကျေသေးဘူး အခုတော့ ကျနော့်ဘ၀ အတွက် အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။
ကျနော် မတွေးပြရပါစေ နဲ့  ။ငယ်ငယ်ကအကြောင်းတွေကိုပြန်စဉ်းစားပြီး ပြန်လိုချင်မိတဲ့ အချိန်လေးတွေကတော့ အဖေ က အမေ့ကို နောက်ပိုးတုန်းက မယ်ဒလင် တီးပြီးဆိုခဲ့တဲ့သီချင်းလေ ကျနော် တို့ အငယ်တုန်းက လသာတဲ့ ညတွေမှာ အိမ်ရှေ့ကွပ်ပစ်မှာ ထိုင်ပြီး အဖေ က မယ်ဒလင်တီး အမေက သီချင်းဆိုခဲ့ကြတာ အဲ့ဒီအချိန်လေးတွေကို ပြန်လိုချင်တယ် ။ တမ်းတမက်မောခဲ့ရတဲ့ ခလေးဘ၀နေ့ရက်တွေကို သတိရမိပါတယ် ။

20 comments:

အမှတ်တရ နေ့စွဲများ.... said...

လာဖတ်သွားတယ်ညီ ....

Angelhlaing(May everybody be happy and healthy! said...

ငယ်ဘဝတွေကို ပြန်လည်မြင်ယောင်မိတယ် အဲလိုမျိုးနဲ့ မထူးခြားနားလေးပါပဲ....:)

blackroze said...

မောင်မျိုး..

ဒီလိုပါဘဲလေ..မိသားစုဘဝလေးဆိုတာ

အမြဲတမ်းအမှတ်ရစရာအကောင်းဆုံး

ပန်းချီကားလေးတစ်ချပ်ပါဘဲလေ..

Nyi Linn Thit said...

မိဘမေတ္တာကတော့ ကျနော်တို့ ဘယ်လိုမှ ဆပ်မကုန် ပါဘူး ညီရာ..၊ စုန်ရေလို့ ခေါ်ကြတာ အကြောင်းမဲ့မှ မဟုတ်တာပဲ...၊ ဆပ်မကုန် နိုင်ပေမယ့် အခုလို သတိတရ ရှိနေတာကပဲ မင်္ဂလာတပါးလို့ ဆိုရဦးမယ် မဟုတ်လား၊ ဒါထက် အဘက အခု အော်ဂင်ကော တီးဖြစ်နေပြီလား...။း)

မေသိမ့်သိမ့်ကျော် said...

အင်း တစ်ခါတစ်ခါပြန်စဉ်းစားကြည့်ရင် ကိုမျိုးလိုပဲ အဖေနဲ့ အမေပေါ် ငါ တာဝန်မကျေဘူးလို့ အမြဲတွေးနေမိတယ်။ အဝေးရောက်နေတော့ အိမ်ကိုပိုလွမ်းတာ အမှန်ပဲ။

ခင်တဲ့

စော(အဝါရောင်မြေ) said...

အဆင်ပြေရင် သီတင်ကျွတ်မှာ ပစ္စည်းလေးတွေ၊ ပိုက်ဆံလေးတွေနဲ့  ရွာပြန်ကန်တော့လိုက်ပါ့လား။ ကိုယ်လုပ်နိုင်တာလေးပေါ့။

နေ၀သန် said...

ချစ်သော မိသားစုနဲ့ မခွဲမခွာနေထိုင်နိုင်ပါစေ....

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

ဒီလိုပါပဲ ကိုမောင်မျိုးရေ...ဆရာဆိုလည်း အခုထိ မိဘကျေးဇူးတွေကို ကျေအောင်မဆပ်နိုင်သေးဘူး...ထမင်းတစ်လုပ်စားတိုင်း၊ အ၀တ်တစ်ထည်ဝယ်တိုင်း၊ သူများက ကိုယ့်ကိုလေးစားတဲ့အခါတိုင်းမှာ မိဘကျေးဇူးကို အောက်မေ့ရုံ၊ ကျေးဇူးတင်ရုံအဆင့်ကနေ မတက်လာသေးပါဘူး...ဘာပဲဖြစ်ဖြစ် ပြန်မရနိုင်တဲ့ အချိန်တွေကို နှမြောစရာကောင်းသလို၊ ပြန်မရနိုင်တော့တဲ့ မိဘရဲ့နုပျိုကျန်းမာခြင်းတွေမကုန်ဆုံးသေးခင်တော့ မိဘကျေးဇူးကို သတိတရနဲ့ ဆပ်ဖို့ ကြိုစားထားကြစို့လား...

Anonymous said...

အဖြည့်ခံ လူသားနှစ်ဦးက အမေ့ခံလူသားတွေ ဖြစ်သွားကြပြီလား ။ hmmmmmmmmmm

တန်ခူး said...

မောင်မျိုးရေ... အမ ဆရာကြီးတယောက်ရဲ့ ဆုံးမစကားလေးကို မျှဝေချင်တယ်... လူတွေက မိဘကို လုပ်ကျွှေးပြုစုခြင်းဆိုတာ ပိုက်ဆံကိုပဲ အဓိကထားပြောနေကြတာတဲ့... တကယ်တော့ မိဘကို စိတ်ချမ်းသာအောင်ထားခြင်း ခြေဆုပ်လက်နယ်ပြုစုခြင်းကလဲ ကျေးဇူးဆပ်လုပ်ကျွှေးပြုစုခြင်းပါပဲတဲ့... ကိုယ့်စိတ်ထဲမှာ မိဘအတွက် အမြဲစေတနာ ထက်သန်နေပြီး လုပ်ကျွေးပြုစုလိုစိတ်ရှိနေခြင်းက အဓိကပါ... မောင်မျိုးရဲ့ ဒီပို့ စ်လေးမှာ အဲဒီစေတနာလေးကို တွေ့ နေရတယ်...

မဒမ်ကိုး said...

ပိုစ့်လေးကအရမ်းကောင်းတယ်
၂ ခါပြန်ဖတ်သွားပါတယ်အကို..

ဒီလိုပါပဲအကိုရေ..ရေဆန်ဆိုတာတော့မနည်းဆန်နေကြရဆဲပါ

mstint said...

မိဘဆိုတာတော့ သားသမီးတွေအတွက် အဖြည့်ခံသက်သက်မို့ ဆိုးဆိုးကောင်းကောင်း နားလည်ခွင့်လွှတ်ပြီးသားပါ။
လိမ္မာသိတတ်တဲ့သားသမီးတို့ကို ပိုင်ဆိုင်ခွင့်ရထားတဲ့ မိဘများအတွက်တော့ ဝမ်းသာကျေနပ်စရာပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Than Lae said...

ပိုစ့်လေးဖတ်ပြီး ငိုချင်သွားတယ် ..T_T ...
အဖြည့်ခံဖြစ်နေတယ်လို့ တော့ မတွေးပါနဲ့ ဗျာ ..မိဘတိုင်းက သားသမီးတိုင်းအတွက် ပြန်ရကောင်းစေဆိုတဲ့ မျှော်လင့်ချက်မဲ့စွာဖြည့်ဆည်းပေးတတ်ကြတာပဲ မောင်မျိုးရဲ့ ..ကိုယ်မိဘနေရာရောက်လာတဲ့အခါ ပိုသိလာလိမ့်မယ် .. အဝေးရောက်နေတဲ့ သား/သမီးတိုင်းကို အရင်ချိန်လေးတွေ ပြန်ရစေချင်ပါတယ် ..ကျွန်တော်အပါအဝင်ပေါ့ ..

မေဓာဝီ said...

အဖြည့်ခံက အမေ့ခံမဟုတ်လို့ ခုလို ရင်တွင်းဖြစ် စာလုံးလေးတွေ ပေါ်ထွက်လာတာလို့ပဲ သတ်မှတ်ထားပါတယ် မောင်မျိုးရယ်။
တချို့အရာတွေကျတော့ ပါးစပ်ကထုတ်မပြောပေမဲ့ ခံစားချက်ချင်း နီးစပ်ရင် နားလည်ကြပါတယ်။ မိသားစုဆိုတာ ကိုယ့်ကို နားလည်မှုအရှိဆုံး လူသားတွေ မဟုတ်လား ...

ညိမ်းနိုင် said...

မိသားစု...အင်း.....စိတ်ထဲ နင့်နင့်နဲနဲပဲ ငါ့ညီရာ....:(

မအိမ်သူ said...

မိဘတွေရဲ့ခံစားချက်ကို ကိုယ်တိုင်မိဘဖြစ်လာတော့ ပိုသိလာတယ်.. ဒီလိုပါဘဲမောင်မျိုးလေးရေ.. အဝေးရောက်နေရင် မိသားစုကို ပိုတမ်းတတတ်လာတယ်။

...အလင်းစက်များ said...

ကတောက် ငါရေးပြီးသားကော်မန့်  ဘယ်ရောက်သွားဒုန်း.... စိတ်တိုလိုက်တာ...။ ဖီလင်အပြည့်နဲ့  ရေးထားတာကိုကွာ။

တကယ်ဝမ်းနည်းလို့ ပါဆို။ :((((((

...အလင်းစက်များ said...

နွားလှည်းမောင်းတာ ဆိုလို့  ငါ့အကြောင်းလေး သတိရတာ ရေးထားတာ။ ဘာမှ မထောက်ကူနိုင်လို့  စိတ်မပျက်နဲ့  ငါဆို နင့်ထက် ပိုဆိုးသေး။ တစ်ချိန်ချိန်တော့ပေါ့။

sonata-cantata said...

မောင်မျိုးရေ...အမဆိုလည်း မောင်နှမတွေ အားလုံးထဲမှာ တယောက်တည်း မိဘနဲ့ အဝေးရောက်နေသူမို့ ငါ့မှာ မိသားစုစိတ်ဓာတ် ရှိရောရှိရဲ့လားလို့ ကိုယ့်ကိုကိုယ် ခဏခဏ ပြန်မေးမိပါတယ်။

မိုးခါး said...

ကိုယ်နိုင်သလောက်လေး ဖြည့်ဆည်းပေးဖို့တော့ မမေ့နဲ့ သူငယ်ချင်း .. မရှိလည်း ရှိတဲ့ထဲက မမေ့မလျော့ တတ်နိုင်သလောက် ပေးပါ .. နင် ပေးရင်းနဲ့ ကိုယ့်အိတ်ထဲလဲ ပြန်ပြည့်လာလိမ့်မယ် ..း))

အစစအရာရာ စိတ်ချမ်းသာပျော်ရွှင် အဆင်ပြေပါစေ ..း)

LinkWithin

Related Posts Plugin for WordPress, Blogger...