Monday, August 22, 2011

Blog Day အမှတ်တရ (่ပြီးပြီ)

မင်္ဂလာပါ အပိုင်းဆက်ပါခင်ဗျား ။

2009 မေလနောက်ပိုင်း ကျနော် စာလုံးဝမရေးဖြစ်တော့ပါဘူး ဘလော့ကိုလည်း စိတ်ကုန်တာလည်းပါတယ် ဒီ့အပြင် ကျနော် မွေးရပ်မြေမှာ တစ်နှစ်လောက်ပြန်နေလိုက်တော့ အင်တာနက် အခက်ခဲကြောင့် စာမရေးဖြစ်တော့ပါဘူး အွန်းလိုင်းတတ်ဖြစ်ရင်တော့ အနည်းကျဉ်းသော ဘလော့လေးတွေ ဖတ်ဖြစ်ပါတယ် ဒါပေမယ့် စာရေးစရှိလို့လားတော့မသိ အိမ်ခေါင်မိုးပေါ် ဗာဒံသီးကြွေကျတာတောင် စာကရေးချင်သေး စိတ်ထဲမှာတော့ ပို့စ်တွေက တစ်နေ့ကို ၃ ပုဒ်လောက်တောင်ရေးဖြစ်တယ်ထင်ပါ့ ပြီးတော့ စာရွက်တစ်ထုတ်နဲ့ ဘော်ပင်တစ်ချောင်းနဲ့ အားတိုင်း တကုတ်ကုတ်လုပ်နေတတ်တဲ့ ကိုယ့်ကို အစ်မကတောင် အမြင်ကတ်လို့ “စာရေးဆရာ” ကျနေတာပဲတဲ့ ။ အဲ့တစ်နှစ်အတွင်းမှာတော့ ကျနော်စာတွေတော်တော်ဖတ်ဖြစ်ပါတယ် အပြင်စာတွေပေါ့ အ၇င်က ဂျူး ၊ ချစ်ဦးညို ၊ ဘုန်းနိုင် တို့ဆိုတာ ဘာလဲဟင်လို့ ထင်နေရတဲ့ ကိုယ် အပြင်စာတွေ အများကြီးဖတ်ဖြစ်ပါတယ် ။

မိုင်ရာ နဲ့တွေ့တော့ သူက အားပေးတယ် စာပြန်ရေးပါ သူငယ်ချင်းရယ် နင့်စာတွေ မျှော်နေမယ့်သူတွေရှိမှာပါတဲ့ “အေး ရေးမယ် နောက်တော့ပေါ့” ဆိုပြီး ကျနော်မရေးဖြစ်ပါဘူး သူက အွန်လိုင်းမှာတွေ့လည်း ပြန်ရေးဖို့တိုက်တွန်းပါတယ် စာများများရေးဖို့ပေါ့ ရန်ကုန်မှာ သင်တန်းလေး တစ်ခုသွားတက်ရင်း နယ်မြို့ထပ်စာရင်တော့ အင်တာနက် အဆင်ပြေတာကြောင့် 2010 ဧပရယ် လမှာ ကျနော် စာပြန်စရေးပါတယ် ကဗျာသစ်လေးတစ်ပုဒ်နဲ့ ပို့စ်ဟောင်း၂ ပုဒ် ကိုယ်စာပြန်ရေးတာကို အားရ၀မ်းသာ ပြန်ကြိုကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကိုလင်းဒီပ ၊ မီ ၊ ကိုရင်နော်ခင်လေးငယ် ၊ အန်ကယ်အောင် ၊ ညီဖြိုး နဲ့ ဘလော့ရီဒါမမကြီး မစင်ဒန်လာ တို့ကိုလည်း ကျေးဇူးတင်ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် မေလလောက်မှာ ကျနော် မဲဆောက်ပြန်ရောက်ပြီး အင်တာနက် သုံးရတာ ပြန်အဆင်ပြေလာတာကြောင့် ပို့စ်တွေပြန်ရေးဖြစ်နေတာ အခုထိပေါ့ ။ စစချင်းတော့ အရင်ကိုယ်ရေးခဲ့တုန်းက ရေးဖော်ရေးဖက် တွေကလည်းနည်း ဘလော့ဂါ အသစ်တွေကြား မျက်နှာငယ်ခဲ့ရတာတော့ အမှန်ပဲး) အူကြောင်ကြောင်နဲ့ပေါ့ ။

ဘလော့ပြန်ရေးပြီးမှ စာတွေ စပြီးပြန်ဖတ်ဖြစ်တာက မချစ်ကြည်အေး ၊ မချော ( အစိမ်းရောင်လွင်ပြင်) ၊ကိုညလင်းအိမ် ၊ကိုကြီးကျောက် ရှိပါသေးတယ် မမှတ်မိတော့လို့ ( မမှတ်မိတာတွေများလို့ ဂျီတော့မှာ ၇န်တွေ့တဲ့သူတွေများနေပြီ ဒွတ်ခ) ။ နေ၀သန်ဆို ကျနော့်ထပ် ငယ်ပေမယ့် စာရေးတာ သိပ်လူကြီးဆန်တာပဲ လေးစားပါတယ် တည်တည်တန့်တန့်လေး ။ မိုးယံကတော့ ကိုယ့်ဆီမှာ ကော့မန့်တွေ လာပေးရင် ပေါတောတောနဲ့မို့ ခင်ပါတယ် ။ အရင်တည်းက စာတွေဖတ်ဖူးပေမယ့် မခင်ဖူးသေးတဲ့ မမေဓာဝီ နဲ့တော့ ဒီတစ်ခေါက် ပြန်ရေးဖြစ်မှပဲ ခင်မင်ခွင့်ရခဲ့တာကလည်း အမှတ်တရပါ ။ အလွဲလေးတွေလည်းရှိသေးတယ် အစက မသက်ဝေကို ခပ်တည်တည်နဲ့ သက်ဝေရေ ကျေးဇူးပါ ဆိုတဲ့ စာမျိုးပေါ့း) ဒါတွေက အရင်က ခုတော့ တော်တော် သတိထားနေရတယ် အဲ့လိုမဖြစ်ဖို့ ။ အရင်ကလည်းလွဲ အခုလည်းလွဲ မပြောင်းလဲသေးပဲ လွဲနေတာကတော့ စာလုံးပေါင်းသတ်ပုံပါး) ဖက်ရှင်လုပ်ပြီး မှားအောင်လုပ်တယ်မထင်ပါနဲ့ခင်ဗျား ကျနော်က အလုပ်ထဲကနေ ဘလော့လေး ခိုးရေး ခိုးဖတ်လုပ်ရတော့ ရေးသုတ်သုတ် ဖတ်သုတ်သုတ် မြန်မာစာက ညံ့ဆိုတော့ နားလည်ပေးကြပါလို့ ။

ဘလော့ပြန်ရေးပြီးမှ အပြင်မှာတွေ့ဖြစ်တဲ့ ဘလော့ဂါကြီးက ဆရာဟန်ကြည် ပါ ထင်တာ အသက်ကြီးကြီးလားလို့ သူ့ပို့စ်တွေမှာ ဦးဟန်ကြည် ဆိုပြီးရေးရေးနေတော့ ဘယ်ဟုတ်မတုန်း ငယ်ငယ်လေးရယ် ဘော်ငွေရောင် ဆံပင်တွေနဲ့ သိပ်ခန့်တဲ့ဆရာပါး) သဘောလည်းတော်တော်ကောင်းတယ် ကျနော်က ဟာသတွေရေးဖြစ်ပြီး အပြင်မှာ ရယ်စရာမပြောတတ်တဲ့ကောင် ဆရာနဲ့တွေ့တော့လား ရယ်နေရတာဆိုတာ ပါးစပ်တောင်မစိရဘူး ဆရာက တကယ်ကို ရယ်စရာပြောတတ်ပြီး စကားပြောလည်းကောင်းတဲ့ သူပါ ကိုယ်နဲ့အတူ သူပြောသမျှလိုက်ရယ်တာက ဆရာ့မဟေသီး) ။ စာတွေဖတ်လိုက်ရတိုင်း ဗသုသုတရစရာ ပို့စ်တစ်ပုဒ်ဖြစ်ဖို့ အလေးအနက်ထားပြီး စေတနာပါပါရေးတတ်တဲ့ ကိုညီလင်းသစ် ကိုတော့ မမြင်ဖူးပေမယ့် စာတွေဖတ်ပြီး အစ်ကိုလိုခင်မိ ၊သူ့မိသားစု ဘ၀လေးကိုလည်း အားကျမိနေရဲ့ ။


ကျနော့်အမြင်ပါ အရင်ကဘလော့တွေက အစုအဖွဲ့ဆန်တယ် ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကူးလူယှက်သန်းလို့ ဆီပုံးမှာစကားတွေပြောကြ ကော့မန့်တွေမှာ စကြနောက်ကြနဲ့ အခုနောက်ပိုင်းတော့ ဒါမျိုးတွေ သိပ်မမြင်ရတော့ပါဘူး ။ အခုကျတော့ စာဖတ်တာပဲ ရင့်လာတယ်ပြောရမလားမသိ စာကောင်းမြင်ရင် ဖတ်တာတော့ဖတ်ခဲ့တာပဲ ဘာမှမရေးခဲ့ဖြစ်တော့ဘူး ခုနောက်ပိုင်း ဘလော့တွေ စာတွေသိပ်ဖတ်ကောင်းပါတယ် ။ ကိုမြစ်ကျိုးအင်း တို့ အွန်လိုင်းစာမူရွေးချယ်ပွဲလိုမျိုးလေးတွေပေါ်လာမှ ဘလော့ကောင်း စာရေးကောင်းတဲ့သူတွေ ဘလော့တွေအများကြီးဖတ်ရတော့တယ်။

ဘလော့ဂါဖြစ်ရတာကိုလည်းပျော်ပါတယ်း) စာတွေလည်း ပရိုဖိုင်မှာတင်ထားသလို ရေးချင်တဲ့အခါ ရေးပြီး ပျောက်ချင်တဲ့အေခါပျာက်မှာပေါ့ ။ တကယ်တော့ ဒီပို့စ်ကို ပျော်စရာတွေကြီင်္းရေးချင်ခဲ့တာပါး) ဒါပေမယ့် အဟမ်း... ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူနိုင်ပါတယ် မဟုတ်တဲ့အကြောင်း အဟုတ်လုပ်လို့ရေးခဲ့တာ တစ်ခုမှမပါတဲ့အတွက် ကျနော်ကတော့ လိပ်ပြာသန့်ပါတယ်လို့
ဘာပဲဖြစ်ဖြစ် ဘလော့ဒေးအမှတ်တရမှာ ဘလော့ဂါတွေအားလုံး ပျော်ရွှင်စွာ ဘလော့ဂင်နိုင်ကြပါစေလို့ ။


သတိတရနဲ့ အမှတ်ရပေးတဲ့ ကိုအောင် (ပျူ) ကိုကျေးဇူးအထူးတင်လျှက် ..........
ဆက်ပြီးတဂ်ပါမယ် .. ကိုညီလင်းသစ် ၊ နေ၀သန် ၊ မဒမ်ကိုး ၊ Blackroze ၊ မမိုးငွေ့၊ကြယ်စင်အလင်း တို့ကို အဆင်ပြေမယ်ဆိုရင်ရေးပေးစေချင်ပါတယ်ဗျာ ။



21 comments:

Anonymous said...

ကျေးဇူး

Maung Myo said...

ရပါတယ် အေးဆေးး)

blackroze said...

သာမီးကိုအခုလိုတကူးတကတဂ်တော့လည်း
ရေးပေးရမှာပေါ့
(ကိုယ်အရမ်းေ၇းချင်နေတာ
မပေါ်လွင်အောင်ထိန်းပြောမှ.. :P)
သာမီးကနဲနဲတော့အလုပ်များတယ်နော် အဟီးး


ခင်တဲ့အမ blackroze

ခရစ္စတလ် said...

ဖဘ ကနေ ဘန်နာကို ဘာလေးများရွေးလဲလို့ လာကြည့်တာ၊ စာတွေဖတ်ပြီးမူလ ဘန်နာကြည့်တာ မေ့သွားတယ်၊ ဘလော့လောကဆိုတာ ကိုယ်မမှီတဲ့ ပန်းတစ်ပွင့်လိုပါပဲလေ....

ကိုအောင်(ပျူနိုင်ငံ) said...

ပြောချင် ရေးချင်တာ တ၀က်လောက်ကို မျိုချထားသလိုပဲ ... :D
တက်ဂ်ကို ရေးပေးတဲ့ အတွက် ကျေးဇူး ကမ္ဘာပါ ...

ညီလင်းသစ် said...

ဖတ်လို့ ကောင်းတယ် ညီရေ..၊ တခါတခါတော့လည်း အခုလို လည်ပြန်လေး ငဲ့ကြည့်တော့ လျှောက်လာခဲ့တဲ့ ဒီရပ်ဝန်းက အမြင်တမျိုး၊ ခံစားမှုတဖုံ ပေးပြန်ရောဗျ၊း) အလုပ် နည်းနည်းလေး အားတာနဲ့ ကျနော် ကြိုးစား ပါ့မယ်...။

ဟန်ကြည် said...

ဘလော့ဂါကြီးမဟုတ်တဲ့ ဘလော့ဂါမသေးတသေး ဆရာဦးဟန်ကြည်ကပြောတယ်...ဒီ ကိုမောင်မျိုးတော့ ကျန်းမာ အသက်ရှည် အမြန်စွံပြီး သိန်းခု အခါခုနစ်ထောင်ပေါက်ဦးမယ်ထဲ့...သူ့ကို ခန့်တယ်ပြောလို့တဲ့...ဟား ဟား...

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း ပုဂံပိုစ့်မှာ ဖတ်ပြီးတော့ ဆရာဟန်ခန့်တယ်ဆိုတာ ယုံကြည်ပါတယ် ဒါကြောင့် သူ့မဟေသီ တကောက်ကောက်လိုက်နေရတာ စိတ်မချလို့လေး)
ဘလော်ဂါနေ့အတွက်အမှတ်တရ ရေးတဲ့ ပိုစ့်လေးဖတ်ပြီး အားလုံးသော ဘလော်ဂါတွေ ဘလော့ဖတ်သူတွေ တစ်ယောက်မကျန် ပျော်ရွှင်ကြပါစေ။

နေ၀သန် said...

ဆရာဦးဟန်ကြည်တော့ အတော်ကိုသဘောခွေ့သွားသတဲ့.. :D...

ခင်မင်လျက်
နေ၀သန်

Cameron said...

မောင်မျိုးရယ်...မနေ့ကဒီပို့စ်ကိုတင်ပြီး ကိုးမိနစ်ကတည်းက ဖတ်လိုက်ရတာ ကော်မန့်ပေးတာ ဘယ်လိုမှပေးမရဘူး စိတ်တိုလိုက်တာ...။ အဲဒါနဲ့ စိတ်တိုတိုနဲ့ တဂ်ပို့စ်လေးကို ထိုင်ရေးပစ်လိုက်တယ်ပြီးသွားပြီ..။ တင်သေးပါဘူး...တော်နေကြာ အရမ်းအားတက်သရောဖြစ်နေတယ်ဆိုမယ်...။

ခင်တဲ့
မိုးငွေ့

မိုးခါး said...

အင်းး ဟုတ်တယ် .. အရင်က ဘလော့ရေးရတာ တော်တော်ပျော်စရာကောင်းတယ် .. ခုတော့ ပျင်းခြောက်ခြောက်း)

မဒီခ said...

တစ်နေ့ တစ်နေ့  ဘယ်သူ့ ဘလော့က ပိုစ့်အသစ်တင်မလဲလို့  စောင့်ဖတ်ရတာ အမောပါဗျာ .. အခုတော့ စာဖတ်တာ နဲနဲအသားကျလာပြီရယ် .. အမှတ်တရတွေလည်း အားကျတယ် .. ဘာပဲဖြစ်ဖြစ် စာရေးပါလို့  ...

ကြယ်စင်အလင်း said...

အီး.. ကျွန်တော့်ကို တကယ် တဂ်တယ်လား ကိုကြီးမျိုး။ေ၇းဆိုတော့လဲေ၇း၇မှာပေါ့. နဲနဲတော့စောင့်။ ခုမှ ဘလော့စေ၇းတာဆိုတော့ သည်းခံခွင့်လွတ်ပေးပါ အမှားပါခဲ့၇င်။

ညိမ်းနိုင် said...

စာလုံးပေါင်းမှားတာကတော့...အဟီး...ပြောတော့ဘူး...:)

မိုးယံ said...

ပြောမနေနဲ့ ကညိမ်းနိုင်...ပြောလည်း သူ့ပရိုဖိုင်းကြီးနဲ့ ကိုင်ကိုင်ပေါက်နေတာ..ဟွင့်...

သူက မသိလို့မှားတာမဟုတ်ဘူး...သိသိနဲ့မှားတာ ... ပြင်ရှာ ပျင်းလို့မှားတာ....မှားပေ့ဇေ။

sosegado said...

ကိုအောင် တဂ်ထားတာ၊ ဘယ်လိုရေးရမလဲ လာဖတ်သွားပါတယ်၊

8Yar said...

အစ်ကိုရေ နောက်တစ်ခေါက်လာ ဖတ်ပါတယ်ဗျာ။ ဗဟုသုတရလို့။ ကောင်းသောနေ့လေးဖြစ်ပါစေ။း)

အိမ့်ချမ်းမြေ့ said...

မောင်မျိုး ၂၀၀၉ နောက်ပိုင်းရေးတဲ့ စာတွေက သမ္မာရင့်စာရေးဆရာ လက်ရာတွေ ဖြစ်လာတယ်။ နောက်ပိုင်းစာတွေကို အစ်မ ပိုကြိုက်တယ်. ဥပမာ မိုးသံ၊ချည်တိုင်၊ ခလောက်သံ.. စဉ်းစားတိုင်း ကိုယ်တိုင် အဲဒီနေရာ ရောက်သွားသလိုကို ခံစားရတယ်။

အဲသလိုစာကောင်းတွေ များကြီး ဆက်လက်ရေးသားနိုင်ပါစေ မောင်မျိုး။


နောက်တစ်ခုက
တဂ်ပိုစ်လေးတွေက ဘလောဂါတွေ အချင်းချင်း ပြန်လည်နွေးထွေး ခင်မင်စေတယ်နော်...

အဲလို တဂ်ပိုစ်လေးတွေ ဖတ်ရတိုင်း blog-tag ကို စခဲ့တဲ့ ကိုတက်စ်လာကို အမြဲ သတိရမိတယ်။ နောက်ပိုင်းလူတွေကတော့ သူ့ကို ဘယ်သိတော့မလည်း။ ကဗျာဆရာ တက်စ်လာ ဆိုတာကို...။

http://teslanet.wordpress.com

ဘာပိုစ်မှ တက်မလာတော့တာ ကြာပေါ့..

မြသွေးနီ said...

မောင်မျိုးရေ...
ကွန်မန့်ပေးလို့ရတုန်းလေး Blog Dayနဲ့ ကြုံကြိုက်တုန်း စာတွေလာဖတ်သွားပါတယ်နော်...။

An Asian Tour Operator said...

မောင်မျိုး ရဲ့ စာတွေက ရေးတဲ့သူလို ပဲချစ်စရာလေး..တဲ့။

သက်ဝေ said...

မောင်မျိုးက သက်ဝေရေ ကျေးဇူးပါဆိုတော့ ကိုယ်ကလည်း ရပါတယ် အန်ကယ်မျိုးရယ် တွေ ဘာတွေ လုပ်မှာပေါ့... ဘာအရေးလဲ...း)))

အမလည်း ဘလော့ဂ်ဒေး အမှတ်တရကို ကိုအောင် တဂ်ထားလို့ ရေးနေတယ်... ပြီးသေးဘူး...း)))

LinkWithin

Related Posts Plugin for WordPress, Blogger...