Sunday, August 21, 2011

Blog Day အမှတ်တရ (၁)

ကိုအောင် (ပျူ) တဂ်လို့ရေးပါတယ် ရေးချင်လျှက် လက်တို့ပေါ့ သိပ်စဉ်းစားစရာတွေ မလို ကုန်ကြမ်းတွေမလိုတော့ အဆင်ပြေပါတယ် ။ ဘလော့ကို ဘယ်တုန်းက သိလည်းဆိုတော့ 2007 မေလလောက်က စစချင်းသိတဲ့ ဘလော့က မန်းလေးက ဘလော့ဂါ ကိုမောင်လှ အဲ့ကနေမှ မနိုင်းနိုင်း ဘလော့ကို ရောက်ပါတယ် သူ့စာတွေကို မနက်တိုင်း အစာအဟာရတစ်ခု မှီဝဲသလို နေ့တိုင်းကိုဖတ်ဖြစ်ပါတယ် ဒါပေမယ့် ကော့မန့်တွေမပေးတတ်လို့ မပေးဖြစ်ဘူး ။ အင်း အဲ့ကနေပြီးမှ ခုထိ ကိုယ့်အစ်မလို ရင်းရင်းနှီးနှီးဖြစ်နေဆဲဖြစ်တဲ့ မလေး (အိမ့်ချမ်းမြေ့ ) သူ့ဆီမှာတော့ အားမနာပါးမနာနဲ့ တစ်နေကုန်းဘလော့ကြီးဖွင့်ထားပြီး ဆီပုံးမှာ စာတွေရေးနေတော့တာ ပြီးတော့ လူမိုက်လိုလို ဘာလိုလိုနဲ့း) အစ်မကို ဆီပုံးမှာ ရစ်သီရစ်သီလုပ်တဲ့ ခနဲ့တဲ့တဲ့ ကော့မန့်တစ်ချို့ကိုလည်း အားနာတတ်တဲ့ အစ်မကိုယ်စား ကျနော်က စစ်သူကြီးလုပ်လို့ ပြန်ပြောတတ်ပါသေးတယ် ဒါတွေကတော့ အမှတ်တရပေါ့ ပြောနေရင်း မင်းကိုလွမ်းပါ့ မမချစ်ရယ် ( အဲ့ ဒါက မလေး ဆီမှာ ပေါက်ကရတွေ လာလာရေးတဲ့သူတစ်ယောက် နာမည်ပါ ) ။

သူများတွေ ဆီပုံးမှာပဲ လိုက်လိုက်ရေးနေရတာ အားတော့သိပ်မရလှဘုး ကိုယ်လည်း ဘလော့လေးတစ်ခုလောက်တော့ လိုချင်တယ် ဒါပေမယ့် ဘာဆို ဘာမှမလုပ်တတ်ပါဘူး ။ ကျနော်က ဘလော့မရေးခင်တည်းက မောင်မျိုး ဆိုတဲ့ နာမည်နဲ့ပဲ ဘလော့တွေလိုက်လည်ရင်း ဆီပုံးတွေမှာ ကော့မန့်တွေပေးခဲ့ စခဲ့နောက်ခဲ့တော့ ဘလော့ဂါတော်တော်များများနဲ့တော့ ရင်းနှီးနေပါပြီ အဲ့တာပြီးတော့ မဲဆောက်က ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ကိုသင်္ကြန် နဲ့ရင်းနှီးပြီး ဘလော့လေးတစ်ခု ရခဲ့ပါတယ် အဲ့တုန်းကတော့ တိုင်တယ်နာမည်က “ မတောက်တစ်ခေါက် မောင်မျိုး နှင့် တစ်နေ့စာအလွဲများ ” ဆိုတဲ့ ချစ်စရာဘန်နာလေးနဲ့ပါ ကျနော် ဘလော့စရေးဖြစ်တာက 2007 နိုဝင်ဘာ 21 ရက်နေ့ မှတ်မှတ်ရရပါပဲ ကိုယ့်အရှေ့ ဘလော့ဂါတွေရဲ့ ကော့မန့်လေးတွေ ရတော့လည်း ပျော်လိုက်တဲ့ဖြစ်ချင်း အိပ်မက်တွေပါ မက်လို့ သိပ်မကြာဘူး မနိုင်းနိုင်းရဲ့ အကြိုက်ဆုံး ဘလော့ဂါအသစ် ၇ ယောက်ကို ကြော်ငြာပေးတဲ့ ပို့စ်လေးမှာ ကိုယ့်နာမည်လေးပါ ပါတော့ ဘလော့ပိုးက တော်တော်ကြီး အရှိန်ရသွားပြီင်္ ထိန်းမရတော့ နေ့တိုင်းကို အသစ်တင်နေချင်တော့ ။အဲ့တုန်းက တကယ်ကိုရင်းရင်းနှီးနှီးဖြစ်ခဲ့ကြတဲ့ ကျနော် ခုထိလည်း အမှတ်တရရှိနေသေးတဲ့ ဘလော့ဂါတွေလည်းရှိပါသေးတယ် ဘလော့ရေးဖို့ အားပေးခဲ့တဲ့ မဂျစ်တူး ၊ ကော့မန့်တွေနဲ့ ပြုံးပျော်စေခဲ့တဲ့ မလေးမ ၊ နောက်တော့ သူငယ်ချင်း မျှားပြာ အခုတော့ သူတို့တွေ တစ်ယောက်မှ ဘလော့မရေးကြတော့ပါဘူး ။



ရှိသေးတယ် နောက်တစ်ခု ရေးမယ်နော် ဟဟား အရင်ကတော့ ကိုယ်က သူ့ဘလော့ဆီပုံးမှာ ပထမဆုံးကော့မန့်ပေးသူ သူ့စာတွေဖတ်ပြီး ကံကောင်းလိုက်တာပေါ့ အားကျလိုက်တာ ကုသိုလ်ကံထူးပါဘိ ။ နောက်တော့စာတွေဖတ်ပြီး တစ်မျိုးတစ်မည်တွေ ကလိ ကလိဖြစ်ဖြစ်လာတယ် မနေ့ကတော့ ဆွစ်ကို အလည်သွားတဲ့အကြောင်း ဘယ်က ဆိုင်ကြီးမှာ ဘယ်လောက်တန်တွေ စားတဲ့အကြောင်း တွေကြီးဖတ်ဖတ်လာရတော့ အော်...ငါတို့မှ အားမနာ ကြွားရက်လိုက်တာလို့ထင်ထင်လာတယ် ။ထပ်ပြီးဆိုးသေးတာက သူ့အရေးသားတွေမှာ “ သူကလေ သူများ အဲ့လိုလေး နေနေတာကို sexy သိပ်ဖြစ်တာပဲဆိုပြီး ဓာတ်ပုံရိုက်ထားလိုက်တာ သိလား ” ဆိုပြီး ခြေသလုံးအထက်နည်းနည်းရောက်တဲ့ ဓာတ်ပုံတွေတင်တဲ့ အရေးသားတွေကျ လွန်တာပေါ့ကွယ် ခလေးမရယ်ပေါ့း) 2008 လယ်ပိုင်းလောက်မှာထင်တယ် 1001 ဆိုတဲ့ ဘလော့ပေါ်လာသေးတော့ ဘလော့ဂါတွေကြားတော်တော် ရိုက်ခတ်လာသေးတယ် ။ နောက်တော့ မပန်ဒိုရာ ရဲ့ သိပ်ကောင်းတဲ့ copyright နဲ့ပက်သက်တဲ့ ပို့စ်ကောင်းတွေလည်း ဖတ်ခွင့်ရခဲ့တယ် အဲ့တော့မှာပဲ အပေါ်မှာရေးခဲ့တဲ့ ခလေးမက ဂလိုတွေပါလားဖြစ်လို့ မပန်ရဲ့ ပို့စ်အောက်မှာ ပဲ ကိုယ့်အကြောင်းပါတဲ့ ကော့မန့်လေးတစ်ခုပါလို့ မရှင်းရင်လည်း မကောင်းဆိုပြီး ခလေးမ ဖတ်ဖို့ဆိုပြီး ပေးစာတစ်စောင် ဗုံးလို့ လေဘယ်တပ်လို့လည်းရေးဖူးပါသေးတယ် ။ အမှန်တော့ ကျနော်မရေးသင့်ပါဘူးလေ အခုနေစိတ်နဲ့ဆိုရင်ပေါ့ အဲ့တုန်းကတော့ ရေးခဲ့မိပြီ ။ ဒါတွေကတော့ ဘလော့နဲ့ ပက်သက်ပြီး အမှတ်တရဆိုးဆိုးတွေပါး)


ဘလော့ဂါ အသစ်တွေဆို အားပေးရ နေ့စဉ်ဝင်လို့ နှုတ်ဆက်ရ ဘလော့မရေးတော့ဘူးဆိုရင် ဂျီတော့ပေါ်မှာ အတင်း အားပေးရနဲံ မမောနိုင် မပန်းနိုင် စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို လည်း အံ့သြမိပါရဲ့ ဘလော့သစ်လေးတွေကနေ ခုထိ ညီလေးတစ်ယောက် ကောက်ရလိုက်သလို ခင်မှီးရင်းနှီနေသေးတဲ့ ကိုယ့်အမှတ်တရလေးကို သတိတရရေးပေးထားတဲ့သူကတော့ အခု အပျင်းထူနေတဲ့ ညီလေးရှင်းသန့် ပါ ။ ဘလော့ကနေ အပြင်မှာပါ ခင်ပြီး တွေ့ဖြစ်တဲ့ သူငယ်ချင်းမ မိုင်ရာ ၊ တွေ့ဖြစ်ပြီး နောက်ပိုင်း အဆက်သွယ်မရှိတော့တဲ့ သူတွေလည်း ရှိပါသေးတယ် ။ဘလော့မှာ စိတ်ညစ်စရာလေးတင်ထားရင် စိတ်ပူစွာနဲ့ သတင်းမေး တတ်တဲ့ အစ်မတန်ခူး ခုထိလည်း ကျနော်ဆုံးဖြတ်ရခက်တဲ့အရာတွေတိုင်း အစ်မဆီကိုတော့ မေးလ်ပို့တိုင်ပင်တတ်ပါသေးတယ် နောက်ပိုင်းတော့ အစ်မကို သနားလို့ သိပ်အပူမကပ်တော့ဘူး ။ကျနော့် အကြိုက်ဆုံး ဘလော့ဂါကတော့ ဘယ်တော့ မေးမေးမပြောင်းပါ ကိုစေးထူး ( ကလိုစေးထူး) ပါခင်ဗျာ အခု သူစာတွေ ပြန်ရေးနေတာတွေ့တော့ အရမ်းဝမ်းသာမိပါတယ် ။ သူ့ဆီကနေပဲ နိုင်ငံခြားသွားရင်ဆိုတဲ့ ပို့စ်လေးမှာ ရေးခဲ့တဲ့ ကော့မန့်ကို ပြည်တွင်းက ဂျာနယ်တစ်စောင်မှာ ဖော်ပြခံရတုန်းက ကိုယ့်စာလေး ၂ ကြောင်းလောက်ပါတာကို အပျော်တွေလွန်ခဲ့မိပါသေး ။


ကျနော် ဘလော့ရေးခဲ့တဲ့ အချိန်တွေမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းတွေကတော့ အများကြီင်္းရှိပါရဲ့ ဒီလိုပို့စ်ရေးရတာ နာမည်လေးတွေ ကျန်ခဲ့ရင် စိတ်ဆိုးစရာတွေ ဖြစ်တတ်ပါတယ် ဥပမာ တွေ့တိုင်း ကျနော် သရဲမ မျောက်မလို့ အားမနာတိုင်းခေါ်ခေါ်တတ်တဲ့ သူငယ်ချင်းမ မိုးခါး လိုမျိုးး) ဘလော့လိပ်စာတွေ ခဏခဏပြောင်းတိုင်း အားပေးခဲ့တဲ့သူတွေ ခင်မင်စွာဆက်ရှိနေသေးတဲ့သူတွေလည်း အများကြီးပါ ။ကျနော့် ဘလော့လေး 2009 မေလ လောက်မှာ စာတွေတော့ တော်တော်များများရေးခဲ့ပါတယ် ပို့စ် 300 ကျော်လောက်ရှိမယ်ထင်တယ် ပျက်သွားပါတယ် အဲ့တုန်းက ပို့စ်တွေ အပင်ပန်းခံပြန်ရှာပေးခဲ့တာကတော့ တောင်ပေါ်သား ပါ အဲ့စာတွေ တစ်ချို့ပြန်ရပေမယ့် ပြန်တင်ဖြစ်တဲ့စာတွေက များပါတယ် ။ဆက်ပါအုံးမယ် ဒါက အရှေ့ပိုင်းအသုတ်ပေါ့း)







17 comments:

နေ၀သန် said...

အားပါးတရကြီးဖတ်သွားတယ်.. အစ်ကိုမောင်မျိုးရေ..း)))

ခင်မင်လျက်
နေ၀သန်

ဆွေလေးမွန် said...

ဆက်ရန်လေးမျှော်နေတယ် မောင်မျိုးရေ..
ဘလော့ အမှတ်တရတွေများတယ်..

ကိုအောင်(ပျူနိုင်ငံ) said...

အပိုင်း(၁)ထက် ပိုများနိုင်သည့် အပိုင်း(၂)ကို မျှော်နေမည် .... :P

8Yar said...

အစ်ကိုမောင်မျိုးရေ ဖတ်လို့လည်းကောင်းတယ်။ ဗဟုသုတလည်းရပါတယ် ခင်ဗျာ။ ဒုတိယပိုင်းကို မြန်မြန်တင်ပါနော် မျှော်နေပါ့မယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Phyo Evergreen said...

ငှင်းငှင်းငှင်း..

ညိမ်းနိုင် said...

ဘလော့ခေတ်ဦးအကြောင်းတွေက ကိုယ်တွေအတွက်
တော့ အိပ်ယာဝင်ပုံပြင်တွေအလားပါပဲ...၊သိပ်ဖတ်လို့
ကောင်းတယ်...၊ကိုအောင်ရေးကတည်းက မျှော်နေတာ
ရယ်...၊ကိုစေးထူးစာပြန်ရေးနေပြီလား..ကောင်းလိုက်တာ။

မိုးခါး said...

ဟေ
ဘယ်ဒေးက ဘလော့ဒေးလဲကွ
:P နင်ကများငါ့ကို .. ဗိုက်ကလေး :P

Than Lae said...

နေနဲနဲ ပြန်ကောင်းလာလို့  စာဝင်ဖတ်ပါတယ် .. အမှတ်တရတွေ ဖတ်လို့ ကောင်းတယ် .. နောက်တစ်ပိုင်းကို စောင့်နေမယ် မောင်မျိုးရေ ...

မဒီခ said...

သူများတွေရေးတဲ့ Blog Day အမှတ်တရတွေအများကြီး ဖတ်ပြီးတော့ အားကျလာတယ် .. စာပြန်ရေးတော့မလားလို့ 
နောက်အပိုင်းတွေလည်း စောင့်ဖတ်နေမယ်နော် ...

blackroze said...

ကျန်တဲ့အပိုင်းလေးလည်းစောင့်မျှော်နေပါတယ်
မောင်မျိုးရေ..

ခင်တဲ့အမ blackroze

ကလိုစေးထူး said...

ကိုယ့်ညီက အကို့ကို မှတ်မှတ်ရရ ရှိတာကို ကျေးဇူးတင်ပါတယ်ဗျာ။

မအိမ်သူ said...

မြန်မြန်ဆက်နော်.. :P ဖတ်လို့ကောင်းလို့ပါ။

ကိုကိုလတ် said...

ကိုယ့်အကြောင်းတွေ ကိုယ်ချရေးတာပဲ ဖတ်ကောင်းပါတယ်။ ကိုယ်နဲ့  နှီးနွှယ်နေတဲ့ ပတ်ဝန်းကျင်လေးလဲ ပါတာပေါ့....... သဘောကျတယ် ကမျိုးရေ.....။

ဟန်ကြည် said...

ကောင်းတယ် မောင်မျိုးရေ...ဘလော့ခေတ်နှောင်းပိုင်းရောက်မှ ဒီလောကထဲကို ရောက်ဖြစ်တဲ့ ဆရာတို့အတွက်တော့ တကယ့်မှတ်ဖွယ်မှတ်ရာတွေပါပဲ...နောက်ဆက်တွဲကို စောင့်ဖတ်လျက်ပါ...

Cameron said...

မောင်မျိုးရဲ့ဘလော့သမိုင်းလေးကိုလာဖတ်သွားပါတယ်...။ အပိုင်းတစ်ဆိုတော့ နောက်ဆက်တွဲလေးကိုစောင့်နေမယ်..)

ခင်တဲ့
မိုးငွေ့

မဒမ်ကိုး said...

ဆွေမျိုးပြပွဲလို့ခေါ်တယ် ကိုမောင်မျိုးရး)
ခင်တဲ့
မဒိုးကန်

ညီလင်းသစ် said...

အလုပ်များနေလို့ ခုမှ ရောက်ဖြစ်တယ် ညီရေ..၊ စာတွေ မနည်း လိုက်ဖတ်နေရတယ်..၊ အခုလို ကိုယ်ရေးခဲ့တာ လေးကို တစေ့တစောင်း ပြန်ကြည့်တော့လည်း လွမ်းသလိုလို..အမှတ်ရစရာ ဖြစ်တာပေါ့ဗျာ...။

LinkWithin

Related Posts Plugin for WordPress, Blogger...