Monday, April 11, 2011

Thailand's got talent 2011

ဒီရက်ပိုင်း စာရေးဖို့လည်းစိတ်မပါဘူး ပျင်းလည်းပျင်းနေတာနဲ့ သီချင်းတွေနားထောင်ဖြစ်တယ် ပြီးတော့ အစီစဉ်ကောင်းလေးတွေ သတင်းမှာ ကြည့်ကြည့်နေရတဲ့ Thailand's got talent 2011
ဆိုတာလေး သွားထပ်ကြည့်ဖြစ်ပါတယ် ။ အစပိုင်းတော့ ကြော်ငြာထဲပါတာလောက်လေးတွေပဲကြည့်ဖြစ်ပေမယ့် နောက်ပိုင်းစိတ်ဝင်စားစရာတော်တော်ကောင်းတာနဲ့ တစ်ခြားတင်ဆက်မှုတွေပါ အင်တာနက်မှာရှာပြီး ဆက်ကြည့်ဖြစ်တယ် ။ အစီစဉ်ကောင်းလေးပါ ပြီးတော့ ကိုယ့်ရင်ထဲ လှိုက်ခနဲဖြစ်ဖြစ်သွားရတဲ့ တင်ဆက်မှုလေးတွေပါကြည့်လိုက်ရတော့ ဘလော့လေးမှာလည်း ဝေမျှချင်စိတ်ပေါက်တာနဲ့ တင်လိုက်ပါတယ်ခင်ဗျား ။

၁။ ဒါကတော့ ကျနော်တော်တော်ကြိုက်တဲ့ တင်ဆက်သူပါ သူဟာ အသက် ၂၉ နှစ်ပဲရှိပါသေးတယ် ။ လွန်ခဲ့တဲ့ဆယ်နှစ်ဆို သူ့အသက်ဟာ ၁၉ နှစ်ပဲရှိသေးတာပေါ့ အရွယ်ကောင်းမှာ ကားအက်ဆီးဒင့်ဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက် လက်တစ်ဖက် သုံးမရဖြစ်သွားရတယ်။ ပြီးခဲ့တဲ့ ၂-၃ နှစ်လောက်မှ ပြန်စပြီး သူဟာ ဂစ်တာကို လက်တစ်ဖက်တည်းနဲ့ ပြန်စတီးခဲ့ပါတယ်တဲ့ ။ သူ့ရဲ့ လက်တစ်ဖက်တည်းနဲ့ ဂစ်တာ တီးတာကလည်း အံ့သြဖို့ကောင်းသလို သူရဲ့ ပြောစကားတွေဟာလည်း လာကြည့်သူ ပရိတ်သတ်ကို မျက်ရည်ကျစေတဲ့အထိပါပဲ သူ့မျက်နှာက ပြုံးနေတယ် ပြီးတော့ သူ့အသံက ဂရုဏာသံနဲ့ ။သူက ဒိုင်တွေ မေးတော့ ဖြေတဲ့ စကားလေးက လေးစားစရာ “ ဖုန် ရာကမလန်ကျိုင် ဟိုက် ခွန်အီ ခရပ် ” ၊“ ကျနော် တစ်ခြားသူတွေ ကို စိတ်ဓာတ်ခွန်အားတွေ ပေးချင်သေးတယ်ခင်ဗျ ” တဲ့ တကယ်ကိုလေးစားစရာပါ ။သူ့အစ်ကိုကတော့ သူ့ညီလေးကိုကြည့်ပြီး မျက်ရည်မဆယ်နိုင် “ကျနော့်ညီလေးကို အားတင်းထားစေချင်ပါတယ် ” လို့ပြောသွားပါတယ်.။သူ့ကို အားပေးရင်း အမြဲစောင့်ရှောက်လာခဲ့တဲ့ သူ့အစ်ကို ကိုတော့ သူဟာ မျက်ရည်တွေနဲ့ ပြောသွားတဲ့စကားလေးက “ ကျနော် နောက်ဘ၀လည်း ကျနော့်အစ်ကို ကို အစ်ကိုပြန်တော်ချင်ပါသေးတယ် ” တဲ့ ။ဒီအစီစဉ်လေးကြည့်ပြီး ကျနော် မျက်ရည်ဝဲမိပါတယ် ။


၂။သူ့နာမည်က အာကျိ အသက်က ၃၈ ။ပြိုင်ပွဲမစခင် ဗျူးတာကိုသူဖြေသွားတာက “ ကျနော့်အိမ်မှာ ပြသနာနည်းနည်းရှိလို့ခင်ဗျ ဒါကြောင့် ကျနော် ၀င်ပြိုင်ဖြစ်တာပါ ဘာကြောင့်လည်းဆိုတော့ ကျနော့်အမေဟာ နှလုံးရောဂါသည်ပါ ပြီးတော့ အဖေက ဦးနှောက်နဲ့ပက်သက်ပြီး ရောဂါဖြစ်နေတာပါ ကျနော့်ခလေးကလည်း ငယ်နေသေးတော့ မိဘတွေကို သိပ်မကြည့်ရှူ့စောင့်ရှောက်နိုင်ပါဘူး ကျနော် ဘာလုပ်ရမှန်းလည်းမသိတော့ပါဘူးဗျာ ဒါကြောင့် ကျနော့်ဇနီးက ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ဖို့အကြံပေးတာနဲ့ ၀င်ပြိုင်ဖြစ်သွားတာပါ ” လို့ သူက ဆိုပါတယ် ။ ပထမတော့ ဒိုင်အမျိုးသမီးက “ ရှင်..ဘာကြောင့် ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ စိတ်ကူးရမိတာလဲ ” လို့ မေးတာကိုတော့သူက “ ကျနော် ငွေလိုချင်လို့ပါ ” လို့ ခပ်ရှင်းရှင်းပဲဖြေလိုက်ပါတယ် သူ့ဘာကြောင့်ဝင်ပြိုင်ဖြစ်တယ်ဆိုတာကို ပရိတ်သတ်ကမသိသေးတော့ ရယ်ပွဲဆင်ကြသေးတာပေါ့ ။ပထမပိုင်းမှာ ဗျူးထားတာကိုနားထောင်ပြီးထားတဲ့ ကျနော့်အဖို့ သူဖန်တီးတဲ့ ဂီတသံကပဲ လွမ်းဆွေးစရာကောင်းနေသလိုလို ။ အသက်င်္ကြီးကြီးနဲ့ဒိုင်က “ စောနက ခင်ဗျား ငွေလိုချင်လို့လို့ပြောသွားတယ်နော် တကယ်လို့ ငွေ ၁၀ သန်း ခင်ဗျားရသွားရင် ခင်ဗျား ဘာလုပ်မှာလဲ ” လို့မေးတာကိုတော့ သူက သူ့အမေကို ရောဂါကုပေးဖို့လို့ ငိုသံနဲ့ဖြေသွားပါတယ် ။အဲ့အချိန်မှာ အားလုံးရဲ့ အသံတွေက တိတ်ဆိတ်သွားတာပါပဲ သူ့အမေ ဒီရောဂါ ခံစားနေရတာ ၁၀ နှစ်ကျော်ရှိပါပြီတဲ့ ။ဒိုင် ၃ ယောက်လုံးက yes ပေးကြတော့ သူ့ရဲ့ ခလေးလေးကလည်း ပရိတ်သတ်တွေနဲ့အတူ လက်ခုပ်လေးတီးလို့ ဒီမြင်ကွင်းလေးမြင်ရတာ ကြည်နူးစရာဆွေးမြေ့စရာလေးပါ ။


၃။သူကတော့ ညာလက်တစ်ချောင်းပဲရှိပါတယ် ။ခြေတောက် ၂ ချောင်းလုံးက ခြေတုတပ်ထားတယ် ။ ပျော်ရွှင်နေတဲ့ပုံက သာမာန်လူတွေတောင် အားကျစရာ ဒိုင်တွေမေးတော့ သူနောက်ဆုံးဖြေသွားတာက “ ကျနော် ဘယ်သူ့ကိုမှ အားမကိုးချင်ဘူးဗျ ၊ ကျနော် သာမန်လူတစ်ယောက်လိုပဲ နေသွားချင်ပါတယ်” တဲ့ ။ သူရဲ့ ဂီတဖန်တီးမှုလေးတွေကိုလည်း ကြည့်ကြည့်ပါအုံး ခံစားမှုတစ်စုံတစ်ရာပေးမယ်ထင်ပါတယ် ။

၎။ဒါကတော့ စပ်စလူးတို့ အဖွဲ့ပေါ့ ဟဟား ပထမတော့ ရယ်ရလို့ကြည့်ဖြစ်သေးတယ် သူတို့ အခန်းထဲက ထွက်သွားတော့ ကင်မရာ ယောက်ျားလေးတွေ အခန်းဆိုတာတမင်ရိုက် ပြသွားသေးတယ်း) သူတို့ရဲ့ တင်ဆက်မှုကလည်း ပရိတ်သတ်တွေအကြိုက်တွေ့ပြီး ကြည့်ရတာ ပျော်စရာကောင်းတဲ့ ပွဲလေးပါ ဒိုင်တွေ အမှတ်ပေးကာနီ သူတို့ကဲတဲ့ ပုံတွေကတော့ အသဲယားစရာ ကဲလိုက်ကြတာ စင်ပေါ်မှာ လူးလို့ ။


၅။ ဒါကတော့ ကျနော်လည်း ရှင်းမပြတတ်တော့ပါး) ပိတ်သတ်ကြီးသာ ကြည့်ကြပါတော့ သူကတော့ အရှက်နဲ့လူလုပ်တာမဟုတ် အသက်နဲ့ လူလုပ်တာဆိုတဲ့ လူစားမျိုးပဲဖြစ်ရမယ် :P

6 comments:

Angelhlaing(May everybody be happy and healthy! said...

နောက်ဆုံးက သူကတော့ တော်တော်ဆိုးဆိုး...:D:D
မျှဝေပေးလို့ ကျေးဇူးပါကိုမျိုးရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

အပေါ်ဆုံးတခုက လူရဲ့ ဂစ်တာတီးဟန်က တကယ့်ကို အဆန်းပဲ၊ လက်တစ်ဖက်ထဲနဲ့ ရအောင်တီးသွားတာ အံ့သြတယ်၊ မသန်သော်လည်း စွမ်းပါသည်ဆိုတာ သူတို့တွေကို ပြောတာပဲ ဖြစ်မယ်၊ ဝမ်းနည်းစရာတွေက ထိခိုက်ရသလို ပျော်စရာတွေကလည်း ရွှင်မြူးစရာပါပဲ၊ မျှမျှတတလေးနဲ့ အစုံအလင်​ ဝေမျှသွားလို့ ကျေးဇူးပါပဲ ညီရေ...။

Maung Myo said...

ကိုညီ နဲ့ အိန်ဂျယ်...ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျား ။

မဒီခ said...

သူတို့ ကိုကြည့်ပြီး လောကကြီးကို ဘယ်တော့မှ အရှုံးမပေးတတ်တဲ့စိတ်ရှိသူတွေကို အားကျတယ်.. ဗဟုသုတတွေမျှဝေပေးတဲ့ ဆရာမျိုးကိုလည်း ကျေးဇူးပါ...

Maung Myo said...

ဟုတ်ကဲ့ပါ ကျနော်လည်း ကြိုက်တာလေးတွေ ဝေမျှဖြစ်တာ အမြဲလာဖတ်ပေးတာကျေးဇူးခင်ဗျ ။

မိုးခါး said...

နင့်စာမျက်နှာကို မှတ်ထားပြီး ခုမှ ကြည့်မိတယ် .. ဘာသာပြန်ပေးထားတာ အရင်ဖတ်ထားတော့ ငါ့စိတ်ကိုက ၀မ်းနည်းသလိုဖြစ်နေရော
သနားလိုက်တား(( စိတ်ထဲ မကောင်း

LinkWithin

Related Posts Plugin for WordPress, Blogger...