Friday, April 15, 2011

ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း

တစ်ချို့တွေကတော့ သိပြီးသားတွေနေကြမှာပါ ဒီပို့စ်လေးကတော့မသိသေးကြတဲ့သူတွေအတွက်ပါ ။ တစ်ချို့ သူငယ်ချင်းတွေက မေးကြတယ် မဲဆောက်ဆိုတော့ မြ၀တိနဲ့နီးလား တဲ့ ။ ကျနော်ကလည်း မဲဆောက်အကြောင်းသာ ခဏခဏရေးနေတယ် မြ၀တီအကြောင်းတော့ သိပ်မရေးဖြစ် သိပ်မရေးဖြစ်ဆို အမှန်တိုင်းပြောရရင် သိပ်မကြိုက်ပါဘူး ဒါက သူများပြည်ရောက်လို့ ကိုယ့်ပြည်ကိုစော်ကားတာလည်းမဟုတ် ဘယ်သူ့ကို အဘခေါ်ရမှန်းမသိတဲ့ အုပ်ချုပ်မှုကြီးမှာ ငိုစားရယ်စား ဟောက်စား ချောက်စားတွေကလည်းများလွန်းလို့ မရေးချင်တာပါ တော်ကြားရေးလိုက်ရင်များ မောင်မျိုး တစ်ယောက် နိုင်ငံရေးစာပေလောကထဲပဲ ဂျွမ်းပစ်ဝင်လိုက်သလားထင်ကုန်မှာစိုးလို့ပါ ။

ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်း မြ၀တီကလူက ဟိုဘက်ကမ်းလို့ပြောလိုက်ရင် ဒါ မဲဆောက်ပဲ ။ မဲဆောက်က လူက “ဖန်နွန့် ” ဟိုဘက်ကမ်းလို့ပြောလိုက်ရင် မြ၀တီပဲပေါ့ ။ သူတို့က ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း ဇတ်လမ်းပါ ဒါပေမယ့် တော်တော်တော့ကွာတယ် ကိုယ့်ပြည်ကိုယ့်မြေကိုရောက်သွားတာတောင် သူများပြည်လောက် လုံခြုံတယ်လို့မခံစားရတော့တဲ့ ခံစားချက်မျိုးကတော့ ဆိုးဝါးပါတယ်လေ တကယ်လည်းဟုတ်တာပဲ ခဏလေးသွားတောင် ဗုံးပေါက်ပြန်ပြီ သေနတ်သံကြားပြန်ပြီနဲ့ ကျီးလန့်စာ စားရသလိုပါပဲ ။ အမှန်က မြ၀တီ-မဲဆောက်ဆိုတာ သောင်ရင်းမြစ်ကလေးတစ်ခုသာ ခြားတဲ့ ကမ်းနဖူးမြို့ကလေးနှစ်မြို့ပါ ။ တစ်ချို့ကတော့ အဲ့ဘက်က ကြမ်းတယ်ဆိုလို့ ပြောတတ်ကြပေမယ့် ကျနော်တို့အတွက်တော့ ရိုးနေပါပြီ သေခါမှသေတော့ ဘာကိုမှမကြောက် လုပ်ကိုင်စားနေကြတဲ့သူတွေလည်း အများကြီးပါပဲ ။

မြ၀တီမြို့ထဲက ချမ်းသာတဲ့သူတွေရဲ့ သားသမီးတွေကတော့ မဲဆောက်ကကျောင်းကောင်းတွေမှာထားတတ်ကြတာလည်းရှိတယ် ။ တစ်ချို့ကျ တစ်နေ့ဝင်ထွက်ခွင့်လတ်မှတ်ကလေးတွေလုပ်ပြီး မနက်လာ ညနေပြန်ကြတဲ့ ပန်းရံသမား ဈေးရောင်းဈေးဝယ်တွေလည်း ရှိကြတာပဲ ။ တစ်ချို့ကျပြန်တော့ တစ်နေ့စာလက်မှတ်ကလေးလုပ်ပြီး နှစ်တွေတော်တော်ကြာ သောင်တင် ခပ်တည်တည်နဲ့နေနေတဲ့သူတွေလည်းရှိတယ် ဥပမာ ကျနော် ပေါ့း) ။ပုလိပ်တွေကလည်းဖမ်းတာပဲ ဖမ်းခံရတဲ့သူတွေကလည်းမမှုတော့သလို ငွေပေးလို့ကျေနပ်တဲ့ ပုလိပ်ရှိသလို ဘာမှမမေးတော့ပဲ မမြင်ချင်ယောင်ဆောင်လို်က်ကြတဲ့ပုလိပ်တွေလည်းရှိတယ် ။ မြ၀တီမြို့မှာ ဈေးဝယ်ရင်တော့ ဘတ်နဲ့လည်းသုံးလို့ရတယ် ကျပ် နဲ့လည်းသုံးလို့ရတယ် ။

တံတားကြီးပိတ်ထားတော့ အောက်က လှေဂိတ်တွေနဲ့ သွားမယ်ဆိုရင်တော့ ဂိတ်ကြေး လှေကြေး ပေးပြီးသွားလို့ရတယ် ။မပြောဘူးဆိုပြီး ပြောရပါအုံးမယ် ၀ါသနာမို့ ခွင့်လွှတ်တော်မူပါ မြ၀တီလောက် အကောက်ခွန်များတဲ့မြို့မတွေ့ဖူးပါဘူး ဒါမယ့် မြို့ကို ပြင်ပြင်ဆင်ဆင်လုပ်ထားတာများ ဘာမှကိုမတွေ့ဘူး လမ်းတွေများဆိုတာ ဆိုက်ကားကြိုက်တဲ့ ကိုယ့်အဖို့တော့ လင်ပန်းထဲ ဆီးဖြူသီထည့်လှိမ့်ထားသလို ဝေ့၀ိုက်နေတာပဲ တစ်ခါခါဆို ဖင်ချမထိုင်ရဲပါဘူး ကြွထားရတယ် အဲ့လောက်ဆို လမ်းတွေ ဘယ်လောက်ဖြောင့်ဖြူးတယ်ဆိုတာ မှန်းသာကြည့်ကြပါတော့ ။တိုင်းရင်းသား ကျေးရွာသွားစရာမလိုပါဘူး မြ၀တီကိုလာခဲ့ လူမျိုးပေါင်းစုံ လူမျိုးစုံမြင်ရမယ် ကိုယ့်ပြည်သားချင်း ကူညီတတ်တဲ့သူတွေကနည်းပြီး မျက်စိတစ်ဖက်မှိတ်လို့ ဂွင်စင်တဲ့သူတွေလည်းများတယ် ။ငွေလဲတဲ့နေရာတွေမှာ ဂဏန်းပေါင်းစက်ကိုတွက်လိုက်တာများ ကိုယ်တွက်ထားတာနဲ့ တစ်သောင်းလောက်ကွာနေတယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး လက်ရဲဇက်ရဲနဲ့ ဂဏန်းပေါင်းစက်ယူပြီး သူ့ရှေ့မှာ နှိပ်ပြလိုက်တော့ ငွေတစ်သောင်းကွာနေတယ် ။ မယုံမရှိနဲ့ မြ၀တီလာမယ်ဆိုရင် အူတူတူလေးလုပ်နေလို့ကတော့ ခေတ်စကားနဲ့ပြောရရင် ဆွဲစိခံလိုက်ရမယ် သတိထား ။

မဲဆောက်မြို့ထဲမှာတော့ မြန်မာမရှိတဲ့အိမ်က ခပ်ရှားရှား ဈေးကဆိုင်တွေဆိုလည်း မြန်မာတွေအများကြီးပါပဲ မြန်မာအစားသောက်တွေလည်း မသိရင်မြန်မာပြည်က အစားသောက်တွေလိုပေါပါတယ် ။ လက်ဖက်ရည်ဆိုင် ကွမ်းယာဆိုင်တွေလည်းရှိတယ် ။ “အနိထော့လိုင်ခရပ်” လို့ ကိုယ်ကမေးလိုက်ရင် ဗမာသံပီးလွန်းတဲ့ ထိုင်းကြီးတစ်ယောက်က ကိုးဆယ်လို့ဖြေချင်ဖြေလိမ့်မယ် ။ ဒါမဲဆောက် နဲ့ မြ၀တီရဲ့ ဘာသာစကားပေါ့ ။ဒီလိုသင်္ကြန်ရက်မျိုးမှာ မြ၀တီကနေ သင်္ကြန်လာကျတဲ့သူတွေလည်းရှိတယ် ကားပေါ်မှာ ကိုကြီးကျော်သီချင်း ၊ ဗျို့ဟစ်သံ သီချင်းတွေကို အကျယ်ကြီးဖွင့် ကနေကြတဲ့ မြန်မာတွေလည်းအများကြီး ။ သင်္ကြန်ရက်ဆိုအများဆုံးတွေ့ရတဲ့ ရွှေပြည်ကြီးက ကိုကိုကပ်ပန်းတွေအကြောင်းလည်းပြောချင်ပါသေးတယ် ဓာတ်တိုင်လေးတစ်တိုင် အပင်သေးလေးတစ်ပင်တွေ့ရင်များ သူတို့ကို သူတို့တော်တော် လုံပြီထင်ပြီး ပန်းကြတဲ့ ကိုကိုပန်းတွေပေါ့ ။ ဘော့စ်ကမေးတယ် နင်တို့ဗမာတွေ မူးရင် အဲ့လိုပဲလားတဲ့ ကိုယ့်မှာ ရယ်ရမလို ငိုရမလို “မသိဘူးလေ” လို့ပဲဖြေလိုက်ရတော့တယ် ။

ကျနော်ကတော့ ဟိုဖက်ကမ်း နဲ့ ဒီဘက်ကမ်း ကို ကျောချင်းကပ်ထားတဲ့ အိမ်နီးချင်းတွေလို့တင်စားချင်ပါတယ် ။ ဒီဘက်အိမ်က အလျှော့ပေးလိုက် ဟိုဘက်အိမ်က ခလေးဆိုးကြီးလုပ်လို့ တံခါးခဏခဏပိတ်လိုက်နဲ့ အိမ်သူအိမ်သားတွေ နားပူရတဲ့အဖြစ်မျိုးပါ ။ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ သွေးချင်းတွေရှိတဲ့ ဟိုဘက်ကမ်းကို ချစ်မြဲချစ်နေသလို ကိုယ့်ရဲ့ ဒုတိယမွေးရပ်မြေလိုဖြစ်နေတဲ့ ဒီဘက်ကမ်းကိုလည်း ချစ်လျှက်ပါ ။ အားလုံးလည်း ဟိုဘက်ကမ်းဖြစ်ဖြစ် ဒီဘက်ကမ်းဖြစ်ဖြစ် အလည်များရောက်လာခဲ့ရင် ကျနော် မောင်မျိုးကို ဆက်သွယ်လိုက်ပါခင်ဗျား) တကယ်ပါ မလိမ်ဘူး မညာဘူး ဖုန်းနံပါတ် 085-******* ဆက်လိုက်ပါ :P



11 comments:

မိုးယံ said...

တယ်လေ. ဖုန်းနံပါတ် ငါရေးပေးလိုက်ရ မကောင်းရှိရော့မယ်

ညီလင်းသစ် said...

ဘယ်ဖက်ကမ်းကိုမှ မရောက်ဖူးသေးဘူး ညီရ..၊ တခါ လောက်တော့ လာကြည့်ချင်တယ်၊ ဒီမှာတော့ မြန်မာ တစ်ယောက်နဲ့ ဆုံဖို့ဆိုတာ ထီပေါက်တာထက် ပိုခဲယဉ်းပါတယ်...။

Anonymous said...

မောင်မျိုး

ကိုညီ ပြောတာဟုတ်တယ် ။ ဗမာတစ်ယောက်နဲ့ဆုံဖို့ ဆိုတာ ထီပေါက်ဖို့ထက်ခက်တယ် ။ ဒီဇင်ဘာပြန်ရင် မဲဆောက်ဘက်ကိုဝင်ခဲ့ဦးမယ် ။ ပြန်ခါနီးတော့မှ မောင်မျိုးဆီ တစ်ခါ ဆက်သွယ်ဦးမယ် ။ ပုန်းမနေဘဲ ကူညီပါဦး ။

တိတ်တိတ်ဖတ်တဲ့အမာခံပိတ်သတ်

မိုးခါး said...

ဖုန်းဆက်လိုက်ရမလား :P

နှစ်သစ်မှာ ပျော်ရွှင်ပါစေ ..း))
သင်္ကြန်ရေနဲ့ ပျော်မြူးကြတယ် တုန်းချမ်းချမ်း တုန်ချမ်း
(ဘာဖြစ်နေတယ်မသိဘူး .. သင်္ကြန်သီချင်းကြီး ဆိုချင်နေတယ် .. :D) သင်္ကြန်ရေတော့ မထိရပေါင်ကွယ်

Anonymous said...

ထိုင်းဖက်ကမ်းက မြန်မာတွေအတွက် ဆိုးတယ်။ မြန်မာဖက်ကမ်းက လာသမျှ လူအားလုံးအတွက် ဆိုးတယ်။ ဒါပါပဲ ဆရာကိုမျိုးရယ် ---- မြ၀တီမှာ သင်္ကြန်အတက်၊ မဲ့ဆောက်မှာ နှစ်ဆန်းတစ်ရက်ဗျ။ ဒါပေမဲ့ ထိုင်းတွေလည်း မြန်မာနဲ့ရောပြီး ဒီနေ့ညနေထိ ပက်ကောင်းတုန်းပဲ။ ပျော်ရွှင်မှုဆိုတာ နယ်စည်းခြားလို့မှ မရကောင်းတာပဲနော်။

အားပေးလျှက်

ညိမ်းနိုင် said...

ဟိုဘက်ကမ်းက မီးထိန်ထိန်...ဒီဘက်ကမ်းက မီးမှိန်မှိန်...
ပေါ့လေ....။လာချင်သေးတယ်ဗျ....ကမ်းနှစ်ဘက်လုံးကို...
(ဖုံးဆက်တော့လည်းမရဘဲနဲ့...ဟွန်းးးးးးး))))

မောင်မျိုး said...

မိုးယံ...တင်ပေးလိုက်ပေါ့ ငါက အဲံ့လောက်မလျှိုတတ်ပါဘူးလေး)


ကိုညီ....ဟုတ်လား ဒီမှာတော့ အများကြီးပဲ ညီတို့အိမ်မှာတင် ၅ ယောက်လောက်ရှိတယ်း) ပျော်စရာကောင်းပါတယ် အားမငယ်ရတော့ဘူးပေါ့ .

တိတ်တိတ်ဖတ်တဲ့အမာခံပိတ်သတ် ...
ဟုတ်ကဲ့ပါ ခင်ဗျား လာလည်ခဲ့ပါအုံး ကျနော့်ဆီ မေးလ်ကြိုပို့ထားလိုက်ပါ myomaungg@gmail.com က ကျနော့် မေးလ်ပါ ပုန်းမနေပါဘူး ဆက်သွယ်လိုက်ပါဗျး)

မိုးခါး...ဆက်လိုက်း)

အမည်မဲ့...ကျနော်တော့ အဲ့လိုမထင်ပါဘူး ဒါက သူငယ်ချင်းကြုံရတာက ဆိုးတဲ့အခြေနေမို့ ဆိုးတယ်လို့ပြောလိုက်တာပဲ ဖြစ်မယ် အားလုံးအတွက်ဆိုတယ်ဆိုတဲ့တော့ ကျနော်လက်မခံဘူးဗျး) ကျနော်လည်း စည်းမခြားပါဘူးဗျာ ဒါမယ့် ဗုံးသံ သေနတ်သံတွေကြားနေရတဲ့ဆီမှာ ကျနော်က ပျော်ပါတယ်လို့ရေးလိုက်ရင် ကျနော် မုသားသုံးသလိုဖြစ်နေမှာပေါ့ ဟဟား ကျေးဇူးပါ ကော့မန့်လေးအတွက် ကျနော်လည်း ဒီနေ့လိုက်လည်သေးတယ် ။

ကိုညိမ်းနိုင် ... မဆက်ပါဘူး ပေါက်ကရ ဘန်ကောက်ရောက်တုန်းက ဖုန်းကဒ်တစ်ခု ၀ယ်ပြီး ဆက်လိုက်ပါလို့ သေချာမှာထားတာကို ကိုယ့်ပါသာ ရေချိုးကန်ကိုသွားဖို့ပဲ အာရုံရနေပြီးတော့ ဟိဟိ ဖော်ပြီဗျ ။

Anonymous said...

If i have chance,i want to visit both side of the area but mee mee kyauk kyauk.Ko Nyi wrote a bit twist cos he's hiding from his regular reader in same place:(
Gyidaw

Maung Myo said...

ကြီးတော်... လာလည်လေ လာတဲ့အခါကျ ကျနော့်ကိုဆက်သွယ်လိုက်ပေါ့ ပျော်စရာပါး)

ကိုညီလား.... ဘလော့ဂါတွေက တစ်ခါခါ အဲ့လိုပဲ ဒီမှာတော့ ဆင်ဖမ်းမယ်လေး ကျားဖမ်းမယ်လေး ရေးတတ်ကြပေမယ့် အပြင်မှာကျတော့ ရှက်တတ်တယ်ဗျး) ကျနော့်ကိုယ် ကျနော်ပြောတာနော် ကိုညီ့ကိုပြောတာမဟုတ် သူက ရုပ်ဆိုးလို့နေမှာပေါ့ hiding လုပ်နေတာ တော်ကြာ ကြီးတော်က လန့်ပြီး စာသွားမဖတ်တော့ရင် ဒွတ်ခး))

ကျနော် ရီပလိုင်းပြန်တာ ဆိုင်ကော ဆိုင်ရဲ့လားမသိ အင်းဂိတ်လို သိပ်မတော်လို့ပါ ။

Anonymous said...

You are very clever.Tks for your invitation and reply.I try to practise myanmar typing.I prefer to communicate in our own language with our own people:(
Gyidaw

An Asian Tour Operator said...

တခေါက်ပဲရောက်ဖူး ပါတယ်။ တခါတည်း ဆုံးဖြတ်လိုက် တယ် နောက် မလာတော့ဘူးလို့။ :)

LinkWithin

Related Posts Plugin for WordPress, Blogger...