Friday, April 8, 2011

စားဖိုမှူး

စားဖိုမှူး ကိုယ့်အိမ်မှာတော့ ကိုယ်ကစားဖိုမှူးပဲ ။ ဟင်းချက်ရတာပျော်တယ် ဟင်းမြီးရတာကိုပိုပျော်တယ် ။ကိုယ်ချက်လိုက်တဲ့ ဟင်းကို ကောင်းကောင်း မကောင်းကောင်း မြိန်ရည်ယှက်ရည် စားသောက်နေတာ မြင်ရင် စိတ်ချမ်းသာတယ် နောက်လည်း ဆီပူပဲလောင်လောင် ငရုတ်သီးတွေ ထောင်းလို့ မျက်လုံးထဲပဲဝင်ဝင် ကိုယ်ချက်တဲ့ဟင်းလေးကို သူတို့ စားကောင်းတယ်ဆိုရင် ပင်ပန်းရကျိုးနပ်တာပေါ့ ။ဟင်းစချက်ဖူးတာက အမေ့ရဲ့ မီးဖိုချောင်လေးထဲ အမေက ဟင်းချက်ရင်း အလုပ်ရှုပ်သွားတာမျိုးဖြစ်ရင် မီးဖိုထဲမှာ မနေအားဘူး အဲ့တော့ “ သားရေ .... မန်ကျည်းရည်လေး ထည့်လိုက်ပါအုံး ပေါ့နေသလားမြီးလိုက် ပေါ့ရင် ဆားလေး နည်းနည်းထပ်ထည့် ငန်နေရင်တော့ ရည်လေးထည့်လိုက်အုံး ဆူပြီဆိုချလိုက်တော့ ” အဲ့လိုမျိုး ကိုယ့်ကို အမေက ကွန်ထရိုးလုပ်ခဲ့တာပေါ့ ။

တစ်ခါခါ ဟင်းက မြီးရင်းနဲ့ အရှိန်လွန်သွားတော့ ဟင်းအိုးတစ်ဝက်လောက်ပဲ ကျန်တော့တာမျိုးလည်း ရှိတယ် ။ စားးဖိုးမှူးက စိတ်လည်းကောက်တတ်တယ်ဗျး) တစ်ခုခုမကျေနပ်တာများရှိလို့ကတော့ ကိုယ့်ရဲ့ စိတ်ထွက်ပေါက် နယ်မြေက မီးဖိုးခန်းလေးပါ အိုးခွက် ပန်ကန်တွေက အိုင်စီတီးဝိုင်းလို သံစုံမြည်ညသွားစေရမယ် ။ တစ်ခါခါ ဟင်းမွှေတဲ့ ဇွန်းလေးတင်တဲ့ ပန်းကန်ပြားသေးသေးလေးတွေ အောက်ကခံထားတတ်တယ် စဉ်းစား စဥ်းစားရင် မကျေနပ်တာများရှိလို့ကတော့ ဇွန်းကိုဆောင့်ချလိုက်တာ ပန်းကန်လေးက ကွဲကေား) အဲ့တာက အကျင့်လိုဖြစ်နေပြီး တစ်ခုခု စိတ်ဆိုးရင် ကွဲသံရှသံလေးတွေကြားရ လုပ်လိုက်ရမှ လူက စိတ်ပြေတာမျိုး ။စာဖိုးမှူးချက်တဲ့ဟင်းကို ငန်တယ်လို့မပြောလိုက်ပါနဲ့ ရေထပ်ထည့်မယ် မစဉ်းစားနဲ့ ဆားတစ်ဆုပ်လိုက် ထပ်ထည့်လိုက်တယ် စားရချင်ရ မရချင်နေ ။ ဟင်းက ပေါ့လိုက်တာဆို နောက်နေ့ ဆားလုံးဝ မထည့်ပဲ ချက်လိုက်တယ် သူတို့မေးရင် “ ငန်လို့ဆို” အဲ့လိုမျိုး ပိသာလေးနဲ့ ဘေးကိုပစ်ထည့်ပေးလိုက်ကော ။

စားဖိုမှူးရဲ့ ဒဏ်ကို အများဆုံးခံရတာက ယောက်ဖ နဲ့ တူနှစ်ယောက် အစ်မက ဈေးဆိုင်နဲ့ဆိုတော့ မအားပါဘူး အဲ့တော့ ကိုယ်ပဲချက်ရတာ ဂျီးများတဲ့ ယောက်ဖက ကိုယ်ချက်တဲ့နေ့ဆိုရင်တော့ ဘာမှမပြောပဲ တိတ်တိတ်လေးစားတတ်ပါတယ် ။တူတွေကတော့ ဂျီးထူရင် “ မင်းတို့ ဒီအရွယ်ထိရောက်အောင် ငါချက်ကျွေးလာတာ ဂျီးထူမနေနဲ့ ယောင်းမစာမိသွားမယ် ကောင်းကောင်း မကောင်းကောင်း ကုန်အောင်စားသွား နောက်နေ့မငတ်ချင်ရင် ” အဲ့လိုနိုင်စားတာပါ ကြက်သွန်လှီးတာ ထူလိုက်တာလို့ပြောရင် အရွဲ့တိုက်တာ နောက်နေ့ ကြက်သွန်တစ်လုံးကို လေးစိတ်ပဲစိတ်ပါတယ် ။သူတို့ကိုသာ အဲ့လိုနိုင်စားပေမယ့် ကိုယ်ကတော့ မကောင်းရင်လုံးဝမစားပါ သူတို့အတွက် သက်သက်ချက်ပေးပြီးရင် ကိုယ့်ပါသာကြိုက်တာလေး လုပ်စား ပြီးရင် ဖွတ်ထားတတ်တယ် တူအငယ်ကောင်က မျက်လုံးက လျှင်သလားမမေးနဲ့ ထမင်းစားခါနီးကျ ဦးသားလေးဖွတ်ထားတဲ့ဟင်းမှ စားမယ်လို့ အကျင့်ဆိုးတတ်ပါတယ် ။ မရှိပါဘူး ဘာဟင်းတုန်းဆိုရင် ကိုယ်ဖွတ်ထားတဲ့နေရာကို လက်ညှိုးထိုးလို့ ဟိုဟင်း ဟိုဟင်း ဆိုပြီး သိက်ခါချပါလေကော အစ်မက နည်းနည်းကျွေးလိုက်လို့ အမိန့်ချလိုက်ရင်တော့ “ နည်းနည်းလေးရှိပါတယ်ဆို ” ပါးစပ်က ပွစိ ပွစိ ပြီးရင် ပေးတာက နည်းနည်းလေးး) ။


ဟင်းချက်ရတာ အမှန်တော့ပင်ပန်းပါတယ် မီးရှိန်ထိတယ် အခန့်မသင့်လို့ ငါးကြော်နေရင်းဆီပူစင်ရင် အနာရတယ် ။ ငရုပ်သီးထောင်းနေရင်း မျက်လုံးထဲဝင်လို့ ခံစားရတာလည်းရှိတာပဲ တစ်ခုခုလှီးတာ အာရုံမစိုက်မိရင်လည်း ဓားကထိပြန်ကော ဟင်းမချက်ဖြစ်တာတောင် တော်တော်ကြာပြီး သူများချက်ကျွေးတာပဲစားနေတာ ။ ကိုယ်လည်းချက်ခဲ့ဖူးတော့ သူများချက်ထားတာကို မကောင်းဘူးလို့မပြောရက်ပါဘူး ကောင်းကောင်း မကောင်းကောင်း စားကောင်းတယ်ပဲပြောလိုက်တယ် အဲ့တော့ ကိုယ့်အတွက်ဟင်းက ပိုရတာပေါ့း) ခုရက်ပိုင်း ရာသီက ပူလာလို့လားမသိ အရည်သောက်ဟင်းလေးတွေတော်တော်စားချင်နေတယ် ချဉ်ပေါဟင်းချိုလေးပဲဖြစ်ဖြစ် ကန်းပွန်းရွက်လေး ဆီသတ်လို့ ငါးခြောက်လေးစင်းကြော် ပြီးတော့ ငရုပ်သီးပွလေးတွေ လှီးထည့်ပြီး ချက်ထားတာလေးစားချင်နေတာကြာပေါ့ ။ဒီတစ်ပါတ် ပိတ်ရက်တော့ အပျင်းထူနေတဲ့ စားဖိုမှူးလည်း ကိုယ့်အူ ကိုယ်စေး ဖို့ စားချင်တာလေး ချက်စားအုံးမယ် ။

သူငယ်ချင်းတို့လည်း ကိုယ့်စားလိုက်ရတဲ့ဟင်းတစ်ခွက်အတွက် ချက်ပေးတဲ့သူကို “စားကောင်းလိုက်တာ” ဆိုတဲ့ ကျေးဇူးတင်စကားလေးပြောဖို့မမေ့ပါနဲ့လို့ ဟင်းတစ်ခွက်ဟာ ဟင်းတစ်ခွက်ဆိုတဲ့အရာထပ် ချက်သူရဲ့ စေတနာတွေ အများကြီးပါတတ်ပါတယ် ။



17 comments:

ညိမ်းနိုင် said...

ပါဘူး...ဟင်းချက်ဝါသနာတော့...သူများချက်ပြီးသားကိုပဲ
အသင့်စားတတ်တယ်...:)။မောင်မျိုးချက်တာလေး စား
ချင်သေး.....မကောင်းလည်း ကောင်းတယ်ပြောပေးမယ် နော်....:)))

Anonymous said...

What a clever Mg Myo.U r so patient to cook n share what u cooked.I really like last paragraph.I tried to comment in Burmese but can't finish even a sentence n give up finally.Have a Happy THINGYAN:)
Gyidaw

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တာပေါ့နော် ဟင်းချက်မကောင်းတောင် အကောင်းဖြစ်စေမယ့် စေတနာတွေနဲ့ ချက်တဲ့ ဟင်းပဲ ဖြစ်နေမှာပါ..ကျေးဇူးပါ ကိုမျိုးရေ...

ညီလင်းသစ် said...

ကျနော် ငယ်ငယ်က ဟင်းနဲ့ပတ်သက်ရင် နဲနဲ ဂျီးများတယ်၊ အခုတော့ အကုန်ကြိုက်၊ အကုန်စားပဲ..၊ စားတဲ့ ဟင်းတိုင်းရဲ့ နောက်ကွယ်က ချက်သူကို အသိအမှတ် ပြုဖို့ အရေးကြီးတာပေါ့၊ ညီပြောတာ မှန်ပါတယ်...။

မဒီခ said...

ဟုတ်တယ်မောင်မျိုးရေ... ဟင်းချက်ရတာ ကရိကထ အများသား..ကျွန်တော်ကတော့လေ ရွေးချယ်ခွင့်ရှိရင် သူများချက်ထားတာကို စိတ်ထဲမှာ မကောင်းဘူးထင်ရင် မဆာသေးဘူးလို့ ငြင်းတယ်...မဖြစ်မနေစားရရင်လည်း မကောင်းဘူးလို့ ဘယ်တော့မှ မပြောဘူး..ရှာကြံပြီးချီးကျူးလိုက်တာပဲ..ဒါ့ထက် ဒီစာဖိုမှူးလေး အရင်တုန်းက အတော်ဆိုးပါပဲလား....:P

Anonymous said...

ဆိုးလိုက်တဲ့ စားဖိုမှူးပါလား ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပဲ။
ဒီစားဖိုမှူးချက်တဲ့ဟင်းတော့ မစားတော့ပါဘူးအေ။ ဆားနဲ့ပဲ စားပါ့မယ်။ ဒါမှမဟုတ်လဲ ဆွမ်းခံစားမှပဲ။
ဆွမ်းခံထားတာကိုတော့ ရှယ်ယာ လာမခွဲကြေး :)

ပုံ
အမည်မဖော်လိုသူ
ဆြာလေး
မဓဝ

Anonymous said...

ကိုမျိုးရေ
ဥာဏ်ကောင်းချင်ရင် ကန်စွန်းရွက်ကြော် စိမ်းစိမ်းလေးရယ်၊ ပန်းဂေါ်ဖီရယ်၊ ကိုက်လံကြော်ရယ်၊ မုန်လာဥနီရယ်၊ ရွှေပဲသီးကြော်ရယ် ပုံမှန်စားပေးပါ။ ဗီတာမင်အေ ကြွယ်ဝတယ်ဗျ။

ကိုမျိုးကြိုက်တဲ့ ဟင်းချိုတွေ ချဉ်ဟင်းတွေက မစိမ်းတော့ဘဲ အောင်မဲညိုရောင်ပေါက်အောငဖိုပေါ်မှာ အကြာကြီးထားချက်တာဆိုတော့ အချဉ်ဓာတ်အတွက်တော့ ကောင်းပါတယ်၊ ကျန်တဲ့ အာဟာရတွေ သိပ်ပါတော့ဘူးဗျ။ သူ့၁မျိုးထဲ မစားဘဲ နွားမြက်စားသလို စိမ်းစိမ်းမြင်တိုင်းတွယ်နေရင်ကောင်းမယ်။

မိုးယံ said...

ကောင်မ ညည်းနဲ့ ငါ ၀ါသနာ တူတယ်ဟာ

ကျုပ်လဲ ဟင်းချက် ၀ါသနာပါတယ်.. နို့ပေမယ့် ဒို့ ချက်တဲ့ ဟင်းက ရောသမမွှေပါအေ

တွေ့ရာအကုန်လှီးချွတ် အိုးထဲထည့်မွှေတာ.. အံမယ် စားတော့ကောင်းသားဟ.. နင့်ကို တစ်ရက် ချက်ကျွေးဦးမယ်.. နင်ဘောင်းဘီလျှောကျချိန်တွေ ပုဆိုးကို မနိုင်မနင်းအချိန်တွေ ၊ ငါဟင်းချက်တုန်း အနားမလာနဲ့ တွေ့တာ ကောက်ပစ်ထည့်ပြီး မွှေတာ

သားစိုးတောင် ခပ်လှမ်းလှမ်းက ငါဟင်းချက်တာ ကြည့်နေရင်း သူ့ စီးရီးတိုင်တယ် စဉ်းစားမိတာဟဲ့။

Anonymous said...

ဒီစာ ဖတ်ပြီးး
ဘာလို့မှန်း မသိဘူး ...
အိမ်က မေကြီးကို
သတိရတယ် ...း((

ခင်မင်လျှက်
ဆောင်းနှင်းရွက်

puff said...

ဟင်းချက်ကောင်းမကောင်းသိရအောင် ဓာတ်ပုံတင်ပါဗျိုး :D

နေ၀သန် said...

မျက်လုံးထဲကိုပေါ်လို့... တခုခုစိတ်ဆိုးတာတွေးမိလိုက်တာနဲ့ ယောင်းမကို ဆောင့်ချလိုက်တာ အောက်က ပန်းကန်ကြီးကကွဲရော ဆိုပဲ.. အဲလိုချိန်ဆို မောင်မျိုးနှုတ်ခမ်းကြီး လန်နေမှာနော်.. ဟဟဟ

ခင်မင်လျက်
နေ၀ဿန်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် ဟုတ်တယ်
ဒီတစ်ခါ စားဖိုမှုးလုပ်ဖြစ်ရင် ချက်ထားတဲ့ဟင်းတွေ ချက်နည်းတွေနဲ့ တင်ပေးပါ။ မောင်မျိုးလက်ရာ မစားရတောင် ကြည့်ချင်သေးတယ်။ လက်စွမ်းပြပစ်လိုက်စမ်းပါဟယ်။
နောက်လဲ တို့ချက်ထားတာ လာဖတ်ပြီးရင် ကျေးဇူးလို့ပြောနော်..း)
ကဲ ခရီးထွက်မှာမို့ ၁၀ရက်လောက် ပျောက်နေဦးမယ်.. နှုတ်ဆက်ခဲ့တယ်
တာ့တာ

မောင်မျိုး said...

ကိုမောင်လေး..... အဲ့တာဆိုရင်တော့ ရှယ်ချက်ကျွေးမယ် လာလည်လေဗျ ။

ဂျီးတော်... ဟုတ်ကဲ့ ကျနော်ကတော့ ဒီကော့မန့်လေးကို သူငယ်ချင်းတစ်ယောက်ကိုဖတ်ခိုင်းရတယ်ဗျ နှစ်ယောက် ကွာခြားချက်ပြောပါတယ် ဟဟား။

အိန်ဂျယ်....အေးပေါ့ ဟင်းချက်တဲ့သူ သိတယ် အဲ့တာလေး ။

ကိုညီ... ဟုတ်ကဲ့ မှန်တယ်ဆိုလို့တော်ပါသေးရဲ့ဗျာာာ

ဒီမိုဆူး... စာဖိုးမှူးက အင်မတန် အရွဲ့တိုက်တာဗျ စိတ်ပုတ်ချင်လို့တော့မဟုတ် ဗီဇ ဆိုတော့ ဖျောက်ရခက်သားး။

ဆြာလေး...အမည်မဖော်လည်း သိတယ် နေကောင်းတယ်ဟုတ် ။ ဆားနဲ့တော့မစားပါနဲ့လေ ဆြာလေးကို ဆွမ်းဟင်းကောင်းကောင်းလေး ကပ်ပါ့မယ်ဖျာ့ ။

အမည်မသိ.... ဟုတ်ကဲ့ ကျနော် အဲ့တာတွေ စားဖြစ်တယ် ကျန်တာတွေက ဈေးကြိးလို့မစားနိုင်ဘူးလေ အသီးရွက်ကျ ဈေးတော်တယ် ။

မိုးယံ... နင်ချက်တဲ့ဟင်း မစားချင်ဘူး ရွံတယ်း)

ဆောင်းနှင်း....ဟေ ဒါဆိုရင်တော့ အမေကိုဂျီးများခဲ့တာပဲဖြစ်ရမယ် ကျနော်တို့လည်းတူတူပါပဲဗျာ ခုမှ သိကြတာ ။

puff..ဟုတ်ကဲ့ နောက်တော့ တင်ပေးမယ် ဟဟား ဒါမယ့် ကောင်းမယ့်ပုံမမြင်ပါဘူးလေ ။

နေ၀သန်..... ငပြောင် ငါ့ကိုများပြောဆိုလိုက်ရင်တော့လား ကောင်းကွက်ကိုမရှိတော့ဘူး မင်းတော့နော် ။

မချော.... အစ်မတို့ကိုတော့ ဘယ်မှီမတုန်းဗျာ ပုံကြည့်တာနဲ့တင် ဗိုက်တွေဆာတာ အခွင့်ရရင်တော့လား အစ်မချင်တဲ့ဟင်း စားချင်သေ.။ ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေဗျာ ။

နောင်အင်းလေး said...

စွယ်စုံ ဖက်စုံ .....
လေးစားပါတယ် သူငယ်ချင်း ... တကယ် ။

Maung Myo said...

အယ်ကိုး...မင်းနဲ့ စကားပြောချင်သေးတာ တစ်ခါမှကိုမတွေ့သေးး) စာလာဖတ်တာ ကျေးဇူး သယ်ရင်းရေ ။

မိုးခါး said...

အမလေးလေး
ဘာမှ မပြောရဲလောက်အောင်ပါပဲလား
တော်ပါသေးရဲ့ ငါ့မှာ အဲလို ဦးလေးမျို မရှိလို့ .. :D

Maung Myo said...

မိုးခါး.....ဒီဦးလေးလည်း ကောင်းကွက်လေးတွေ ရှိပါတယ်ဟး)

LinkWithin

Related Posts Plugin for WordPress, Blogger...