Monday, April 4, 2011

ကြိုက်တာတွေ.....

ကြိုက်တာတွေက ခပ်များများ သူငယ်ချင်း မီ တဂ်လို့ရေးပါတယ် ။

၁။မုန့်ဟင်းခါး ၊ ခရမ်းချဉ်သီးသုတ် ကိုကြိုက်ပါတယ် ။ မုန့်ဟင်းခါး စားပြီးတိုင်း ဟင်းရည်အစစ်တောင်းရတာကိုလည်းကြိုက်တယ် ခရမ်းချဉ်သီးသုတ်ကို ပဲမှုန့်များများ ဆီချက်များများနဲ့ သုတ်စားရတာကိုလည်းကြိုက်ပါတယ် ခု အဲ့တာတွေမစားရတာကြာပြီ ။ ကော်ဖီ နဲ့ သွားရည်စာ မုန့် ပြီးတော့ ကိုကာကိုလာ အေးအေးကို နေ့လည်ပိုင်းသောက်ရတာကိုလည်းကြိုက်တယ်။

၂ဆံပင်ရှည်ရှည် အသားဖြူဖြူ မျက်လုံးမျက်ခုံးလှလှ လက်သည်းရှည်မထားပဲ တုံးတိတိလေးထားထားတဲ့သူ ပြီးတော့ ကတ်တီပါညှပ်ဖိနပ်ပါးလေးစီးထားတဲ့ ကောင်မလေးတွေကြိုက်တယ် ။

၃။ကိုယ်ကြိုက်မိတဲ့ သီချင်းတွေဆိုရင် အီသွားအောင် တနေကုန်ဖွင့်နားထောင်ရတာကိုကြိုက်တယ် နောက်ပိုင်းမှ အဲ့အဆိုတော်တွေ အသံဝင်နေပါပြီးလေ သနားပါတယ်ဆိုပြီး ပြန်ပိတ်ရတဲ့အဖြစ် ။ X -factor , AGT ,BGT အစီစဉ်ဟောင်းတွေ ရယ်ရတဲ့ဟာတွေကိုကြိုက်တယ် ထိုင်း ch-7 ကနေ အင်္ဂါနေ့ည 10.30 မှာလာတဲ့ ဟာသ အစီစဉ်ကိုတအားကြိုက်တယ် ။

၎။ လုံချည်ဝတ်ရတာကိုကြိုက်တယ် ပေါ့ပါးတယ် လုံခြူံတယ်လို့ ခံစားရတယ် ။ ပြီးတော့ ထမင်းစားပြီး လက်သုတ်ရှာမတွေ့ရင်ဖြစ်ဖြစ် လုံချည်လှည့်ဝတ်လိုက်ရင်တော်တော် အဆင်ပြေတယ် နှာစီးရင်လည်း လုံချည်က အသုံးဝင်တာပဲ ပြီးတော့ လှည့်ဝတ်လိုက်ရင် အသစ်တိုင်းပဲ ။ ခုလည်း လုံချည်ဟောင်းလေး ၃ ထည်ရှိတယ် ညအိပ်ရာဝင်တိုင်း လုံချည်ဝတ်အိပ်ရတာကိုကြိုက်တယ်။

၅။ အကျီ င်္သေးသေး ပါးပါးတွေကိုကြိုက်တယ် ။ အမှန်တော့ ပိန်တဲ့သူက ဒါတွေနဲ့မလိုက်မှန်းသိပါတယ် ဒါမယ့် သေးတာတွေပဲကြိုက်တယ် လက်ကြီးရှည်နေတာပဲဖြစ်ဖြစ် အကျီ င်္အရှည့်ပိုင်းကြီး တွဲကျနေသလိုခံစားနေရရင်ပဲဖြစ်ဖြစ် တအားမုန်းတာပါ ဒါကြောင့် ပေါ့ပေါ့ပါးပါး လေးတွေကြိုက်တယ် အကျီင်္အသစ်အနံ့ကိုကြိုက်တယ် ပြီးတော့ ဟောင်းတဲ့အထိ ခဏခဏ ၀တ်ရတာကိုကြိုက်တယ် ။

၆။ဘောင်းဘီ ခဏခဏလျှောကျလို့ လူကြားထဲလည်း အရှက်မရှိ ဆွဲဆွဲတင်ရတာကိုကြိုက်တယ် ။

၇။လက်ခဏခဏဆေး မျက်နှာ ခဏခဏသစ်ရတာကိုကြိုက်တယ် ။

၈။စာအုပ်သေးသေးလေးတွေ စုရတာကြိုက်တယ် ။ စာရွက်လွတ်တစ်ရွက်ပေါ်မှာ အရုပ်တွေလိုက်ဆွဲ စိတ်ကူးပေါက်ရာတွေလိုက်ရေး ပြီးတော့ လက်မှတ်တွေ ထိုးကြည့်နေရတာကိုကြိုက်တယ် ။

၉။သံယောဇဉ်ကြီးတာကို မကောင်းမှန်းသိပေမယ့်ကြိုက်တယ် သူတို့သတိရချင်ရ မရချင်နေ သူငယ်ချင်းတွေနဲ့ပက်သက်တဲ့ အမှတ်တရရေးထားတာလေးတွေကို ပြန်ပြန်ဖတ်ရတာကြိုက်တယ်။

၁၀။စိတ်လွတ်ကိုယ်လွတ် ရယ်မောရတာကိုကြိုက်တယ်။ ခလေးဆန်တယ်ပဲပြောပြော ဘာပြောပြော ခလေးတွေနဲ့ ဟာသပြော သူတို့နဲ့ပေါင်းရတာကိုကြိုက်တယ် ။

၁၁။လသာတဲ့ ည တစ်ယောက်တည်းတိတ်တဆိတ် သီချင်းလေးနားထောင်ပြီး လမင်းကြီးကို ငေးမော ဘာကိုမှန်းမသိ လွမ်းရတာကိုကြိုက်တယ် ။

၁၂။ဆိုက်ကားစီးရတာနဲ့ အသက်ကြီးကြီး အဖိုး အဖွားတွေနဲ့ စကားပြောရတာကိုကြိုက်တယ် ။

၁၃။မထင်မရှာနေရတာကိုကြိုက်တယ် ဘယ်သူမှ မသိပဲ တိတ်တိတ်လေး ငြိမ်နေရတာကိုကြိုက်တယ် ။

၁၄။စာအုပ်တွေစုရတာနဲ့ ဖတ်ပြီးသား စာအုပ်တွေကို ပြန်ပြန်ဖတ်ရတာကိုကြိုက်တယ် ။

၁၅။ပိတ်ရက်တွေမှာ တစ်နေ့လုံး အိပ်ယာထဲခွေပြီး မိုးချုပ်မှ အိပ်ယာသိမ်းရတာကိုကြိုက်တယ် ။

၁၆။အ၀တ်တွေကို လက်နဲ့လျှော်တာထပ် ဆပ်ပြာရည်ဖျော်ထားတဲ့ထဲအ၀တ်တွေထည့် အပေါ်က တက်နင်း သီချင်းညည်းပြီး အ၀တ်လျှော်ရတာကိုကြိုက်တယ် ။

၁၇။အဘ နဲ့ အမေ့ ကိုပါစပ်ကြီးပြည့်သွားအောင် အကျယ်ကြီးခေါ်ရတာကိုကြိုက်တယ် ။ ညီ လို့ အခေါ်ခံရတာနဲ့ ဦးသားလေး လို့ အခေါ်ခံရတာကိုကြိုက်တယ် ။

၁၈။အိမ်ပြန်တိုင်း အမေ့ကိုဖက်အိပ်ရတာကြိုက်တယ် ။

၁၉။ ဘ၀မှာ အငယ်ဆုံးဖြစ်ရတာနဲ့ ကိုယ့်ကိုချစ်တဲ့ အစ်ကို /အစ်မတွေ အများကြီးရှိတာကိုကြိုက်တယ် ပြီးတော့ သူတို့အပေါ် စိတ်ဆိုး ဂျီကျရတာကိုလည်းကြိုက်တယ် ။

၂၀။ စံပယ်နံ့နဲ့ ပိတောက်ပန်းနံ့ကိုကြိုက်တယ် ။

၂၁ ။ ရေအကြာကြီး ချိုးရတာကိုကြိုက်တယ် ။

၂၂။ သည်းခံတတ်ပေမယ့် newton ရဲ့ second law အတိုင်းနေထိုင်ရတာကိုကြိုက်တယ် ။

၂၃ ။ကြွတ်ကြွတ်အိတ်တွေကို ညီညီညာညာခေါက်ပြီး ဖျာအောက်မှာ သိမ်းထားရတာကိုကြိုက်တယ် ။

၂၄။ ဘလော့ပေါ်မှာ စာရေးစာဖတ်ရတာကို ကြိုက်တယ် ။

ကြိုက်တာတွေတော့ အများကြီးပဲ ဆက်ရေးရင် သူများတွေ အမြင်ကတ်ကုန်တော့မှာ စိုးလို့မရေးတော့ဘူး သူတို့ဘာကြိုက်လည်း ဆက်တဂ်ပါတယ် လူနိုင်တွေပေါ့ ကျနော်က ဟိတ်ဆိုရင် ဒီကောင်တွေ ဟိတ်သွားတာပဲ အဲ့နှစ်ကောင် မိုးယံ နဲ့ နေ၀သန် ကို ဘာတွေကြိုက်လဲဆိုတာ တဂ်ပါတယ် တိုတိုလေးရေးတဲ့သူ နောင်ဘ၀ကျ တိုတိုလေးဖြစ်ပါစေ ( အရပ်) ဟုတ်ရင်ခံပြော မှန်ရင် ငြိမ်နေ :))))

20 comments:

Mon Petit Avatar said...

"ch-7 ကနေ အင်္ဂါနေ့ည 10.30 မှာလာတဲ့ ဟာသ အစီစဉ်ကိုတအားကြိုက်တယ်" မနက်ဖြန် စောင့်ကြည့်လိုက်ဦးမယ် .

ချစ်ကြည်အေး said...

ရယ်ရတယ်တော့် ကြောင်မျိုးလေး ရေးထားတာ....

*ကြွတ်ကြွတ်အိတ်တွေကို ညီညီညာညာခေါက်ပြီး ဖျာအောက်မှာ သိမ်းထားရတာကိုကြိုက်တယ် ။

ခွိခွိ တို့ အဖွားနဲ့ တူလွန်းလို့....:))

rose of sharon said...

ကြိုက်တာတွေအများကြီးပါလား... ပျော်စရာကြီး

ညီလင်းသစ် said...

ညီ့ရဲ့ အကြိုက်လေးတွေက ရိုးသားပြီး ချစ်စရာ ကောင်းတယ်၊ သူများတွေ ဘောင်းဘီကို တင်ပါးတဝက် ချပြီး ဝတ်နေချိန်မှာ ညီက ပြန်ပြန်ဆွဲတင်တာမျိုး...၊း) လုံချည်တစ်ထည်ရဲ့ အသုံးဝင်ပုံကိုလည်း ခုမှ ကောင်းကောင်းသိသွားတော့တယ်၊ ကြိုက်တာတွေ အကြောင်းရေးတဲ့ ပို့စ်လေးက ကြိုက်ချင်စရာ ပေါ့ပေါ့ပါးပါးလေး ပါပဲ..။

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးကြိုက်တာလေးတွေကို ချစ်စရာလေး..
ဘယ်လိုလေးလဲမသိဘူး...:D:D
အားပေးသွားတယ်ကိုမျိုးရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ။

နေ၀သန် said...

စွာလိုက်တာ.. အောက်ဆုံက စာကြောင်း.. ကက်ကက်ကို လန်နေတာပဲ.. :D

ခင်မင်လျက်
နေ၀ဿန်

သက်ဝေ said...

အင်း... အများကြီး ကြိုက်တာပဲ... အကောင်းမြင်စိတ်ကလေး ရှိတာကို ကြိုက်သွားတယ်...း))

မဒီခ said...

သူကြိုက်တာလေးတွေ ရေးထားတာ ကလေးလေးကျနေရောပဲ။ အပြစ်ကင်းလိုက်တာ။ "အ၀တ်တွေကို လက်နဲ့လျှော်တာထပ် ဆပ်ပြာရည်ဖျော်ထားတဲ့ထဲအ၀တ်တွေထည့် အပေါ်က တက်နင်း သီချင်းညည်းပြီး အ၀တ်လျှော်ရတာကိုကြိုက်တယ်" တဲ့။ ကိုရီးယားကားတွေ ကြည့်ကြည့်ပြီး ကြိုက်သွားတာမှတ်လား,,,, :P

မိုးခါး said...

သြော် .. ကျွတ်ကျွတ်အိတ်ကို ကုတင်အောက်ထားတတ်တာ အဖွားကြီးတွေ မှ လုပ်တတ်တယ်ထင်တာ ..
ခုတော့ အဖိုးကြီးတွေလဲ အဲလိုလုပ်တတ်တာပါပဲလား .. :D :P

...အလင်းစက်များ said...

(ကြွတ်ကြွတ်အိတ်တွေကို ညီညီညာညာခေါက်ပြီး ဖျာအောက်မှာ သိမ်းထားရတာကိုကြိုက်တယ်) တဲ့ ငါလေးတန်းတုန်းက ဆုံးသွားတဲ့ ငါ့အဖွားကို သတိရထှာကွယ်.. ဒါကျတော့ မိုးပျံမနဲ့  ငါနဲ့  လာတူနေပြန်ကော.... :))))))))

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီလို ဟန်မဆောင်တမ်း ပွင့်ပွင့်လင်းလင်း ရေးတတ်တာကိုကြိုက်တယ်..
လက်သုပ်မလိုတဲ့ ပုဆိုးဝတ်နည်းကိုကြိုက်တယ်..
အဲ ကတ္တီပါ ညှပ်ဖိနပ်လေး စီးတဲ့သူတွေ ဒီခေတ်မှာ ရှားပြီထင်ရဲ့။
ဒီလို ပွင့်လင်းတဲ့ အရေးအသားတွေကြောင့်လည်း မောင်မျိုးရယ်လို့ လူသိများနေတာကိုး...
ခုတော့တိတွားပြီ။း)

Baby taster said...

ပွင့်ပွင့် လင်းလင်း ရေးတာကိုကြိုက်တယ်
ကြွတ်ကြွတ်အိတ်တွေကို ညီညီညာညာခေါက်ပြီး ဖျာအောက်မှာ သိမ်းထားရတာကိုကြိုက်တယ် ဆိုတော့
သေထေးဖြစ်နောက်ကျမှာကို ကြောက်တာကိုလည်းကြိုက်တယ်း)

ညိမ်းနိုင် said...

ငါ့အမေလည်း အဲ့လိုသိမ်းတယ်....၊ငါကတော့ တွေ့လွင့်ပစ်
တာပဲ...၊ပုဆိုးတစ်ထည်လုံးအသုံးကျနည်းကတော့ ရှယ်ပဲ။
တစ်ဝတ်လောက်ကအကြိုက်ချင်းတူတယ်...ညီ...။

puff said...

နံပါတ်၆မှာ အသံထွက်ပြီးရီမိတယ် =D

Anonymous said...

ပုဆိုး ၀တ်တာလား ..
လုံချည် ၀တ်တာလား .. :D
သာမီး မသိလို့ မေးကြည့်တာပါ .. ^_^

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အခါတော်ပေးကျောက် said...

ခနခန မင်္ဂလာဆောင်ရတာလဲ မကြိုက်ဘူးလား...

မိုးယံ (လူသားအားလုံးအတွက်) said...

ကောင်မ ညည်း ကြိုက်တဲ့ အစင်လေးတွေကျ ထည့်မရေးဘူး။.. ဟွင်းဟွင်း

ငါ့အလှည့်တော့ ခဏနေဦးဟယ်... ရေးမှာပါ... အလုပ်တွေ များနေလို့....

ဒါနဲ့ ဘယ်နှစ်ချက် ရေးရမလဲဟင်...

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဦးမပေါ့... ဆရာချစ် ပြောသလိုဆို ခပ်ဖွဖွပေါ့။

လပြည့်ရိပ် said...

မောင်မျိုးရဲ့ စာတွေထဲမှာ ရိုးသားမှုတွေ ၊ ကလေးလေးလိုနေတာတွေ ထင်ဟပ်နေတာက တော်တော်ခင်ဖို့ကောင်းတယ်။ ကျွတ်ကျွတ်အိတ်ခေါက်သိမ်းတာလည်း ကျွန်မ အဘွား နဲ့ မေမေတို့ လုပ်တယ်။ ပုဆိုးဝတ်နည်းကိုတော့ ကြိုက်သွားပြီ။ ဒါဆို ပုဆိုး ၁ ခါလျှော်ရင် လက်သုတ်ဝတ်ဖြစ်လိုက်၊ နှပ်ချေးသုတ်ဖြစ်လိုက်ဆိုတော့ တော်တော်လျှော်ယူရလောက်မယ်။ :P

ShwunMi- said...

၃။ကိုယ်ကြိုက်မိတဲ့ သီချင်းတွေဆိုရင် အီသွားအောင် တနေကုန်ဖွင့်နားထောင်ရတာကိုကြိုက်တယ် နောက်ပိုင်းမှ အဲ့အဆိုတော်တွေ အသံဝင်နေပါပြီးလေ သနားပါတယ်ဆိုပြီး ပြန်ပိတ်ရတဲ့အဖြစ် ။
:)


၁၆။အ၀တ်တွေကို လက်နဲ့လျှော်တာထပ် ဆပ်ပြာရည်ဖျော်ထားတဲ့ထဲအ၀တ်တွေထည့် အပေါ်က တက်နင်း သီချင်းညည်းပြီး အ၀တ်လျှော်ရတာကိုကြိုက်တယ် ။
ကိုရီးယားကားထဲ အဲ့လိုအဝတ်လျှော်တာ မြင်ဖူးတယ်.. အဲ့ဒါ နင်ပဲမဟုတ်လား =) ..

ဟိုလူကြီးရဲ့ second law က ဘာလဲဟင်..
လွဲရတာရော မကြိုက်ဘူးလား.. :P

အများကြီးကြိုက်ရင် အများကြီးရေးပါ.. အားမနာပါနဲ့လေ .. ပြီးရင် စီးရီးနဲ့ထုတ်ပေါ့.. ကြိုက်တဲ့အရာတွေအကြောင်း :D

ပျော်လို့ ကော်မန့်အရှည်ကြီး ရေးသွားတယ် ..

ကောင်းမွန်ဝင်း said...

တချို့ version တွေကတော့ ကျွန်မလည်းအတူတူပါပဲ။
ဥပမာ။ version 1,12, 15
ဒါပေမယ့် version 23ကိုတော့ သိပ်နားမလည်ဘူး။

LinkWithin

Related Posts Plugin for WordPress, Blogger...