Sunday, April 3, 2011

ရွှေလက်တွဲလို့မြဲပါစေ...




ချစ်ခြင်းတွေတည်မြဲဖို့ခက်လာတဲ့ လောကကြီးမှာ တစ်ယောက်နဲ့တစ်ယောက် နှစ်ဘ၀ကိုတစ်ဘ၀တည်းပေါင်းစည်းတဲ့ သတင်းလေးက ကျနော့်အတွက်တော့ သတင်းကောင်းလေးပါ ။ မလေးအိမ့် ရေးတဲ့ ပို့စ်တစ်ပုဒ်တည်းက စာသားလေးယူသုံးရရင် “ ချစ်သူတို့ရဲ့ ပန်းတိုင်ဟာ လက်ထပ်ခြင်း” ဆိုရင်တော့ ကျနော်ခင်တဲ့ အစ်ကိုက ပန်းတိုင်ကို ချောချောမွေ့မွေ့နဲ့ ကြည်နူးစရာ အပြုံးတွေနဲ့ ကျနော်တို့ကို လှမ်းပြုံးပြနေသလိုပါပဲ ။



မနက်ဖြန်ဆိုတာရှိနေသ၍ ငါကတော့ ငါ့အိပ်မက်ကို ဖက်တွယ်ထားမှာဘဲ ဆိုတဲ့ စကားလုံးအပြင်းစားတွေနဲ့ ကျနော်တို့ရင်ဘတ်ထဲ တည့်တည့်ပစ်ခွင်းခဲ့သူ ကျနော်ကတော့ သူ့ကိုခေါ်တာ ကိုနက် ဘလော့နာမည်က Black Dream ။ ဒီနေ့ သူအိုတဲ့နေ့ ( အမှန်ကတော့ အိုနေတာ နည်းနည်းကြာပြီထင်တယ်းP) တနည်း ဒီနေ့ သူ့ဘ၀ရဲ့ အမှတ်တရနေ့တွေထဲက တစ်နေ့ပေါ့ ။ သူက အနက်ရောင်ကို ရူးရူးမူးမူးစွဲလမ်းတယ် တစ်ခါခါ သူနဲ့ ငြင်းတယ် သူက ရင့်ကျက်တည်ငြိမ်ပြီး သည်းခံတတ်တယ် စိတ်ဆိုးနေရင်တောင် ညီလေး ဆိုတဲ့ အခေါ်ဝေါ်ကနေ မင်းလို့ပြောင်းမပြောတတ်တဲ့သူ သူနဲ့ ကျနော် ခပ်စိမ်းစိမ်း နေတတ်ကြပေမယ့် တစ်ခြားညီတွေလောက် ရင်းရင်းနှီးနှီးမပြောဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက်တော့ စိတ်ထဲက ညီအစ်ကိုလိုခင်မင်ကြပါတယ် ။ ( ခုတော့မဟုတ်တော့ဘူး ထင်တာပဲ သူပြောတဲ့ ညီတွေထဲ ကျနော့် နာမည်ပြုတ်ပြုတ်ကျန်ခဲ့လို့ သိပ်တော့မကျေနပ်ပါ )။

သူရေးတဲ့ အက်ဆေးတွေထဲက သူမ ဆိုတာ ဒီနေ့တော့ သူ့ဘေးမှာ ပါရမီဖြည့်ဖက်အနေနဲ့ လှလှပပလေးဝင့်ကြွားနေတဲ့ အစ်မကလည်း ချစ်စရာ ။ကြည်နူးစရာ မင်္ဂလာပွဲလေးအတွက် မင်္ဂလာလက်ဖွဲ့လို့လည်း မဆိုသာပါဘူးလေ ဘာကြောင့်ဆို ကျနော်ရေးတဲ့ ဒီပို့စ်က မင်္ဂလာလက်ဖွဲ့အနေနေနဲ့တွက်ရင် ဆီးထုတ် တစ်ထုတ်တောင်ရချင်မှရမှာ ကျနော်ကတော့ လက်ဆောင်လေးလို့ဆိုချင်ပါတယ် သူတို့ ဒီပို့စ်လေးဖတ်ပြီး အပြုံးလေးတစ်ချက် ချွေခဲ့ရင်ဖြစ်ဖြစ် ကျေနပ်ပါပြီ ။ ကျနော်ကတော့ ဒီဘလော့လေးရေးဖြစ်နေတိုင်း ဘလော့လေးနဲ့ အကြာကြီးဝေးသွားခဲ့ရင်တောင် ဘလော့လေးပြန်ဖွင့်ဖြစ်တဲ့အချိန်ကျ စာဟောင်းတွေပြန်မွှေရင်း ဒီပို့်စ်လေးဖတ်ပြီး ပျော်ရွှင်မိမှာအမှန်ပါ ။


တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးမဆုံဖူးကြပေမယ့် နှစ်တွေတော်တော်ကြာ အဆက်သွယ်မပြတ်ရှိနေသေးတာ နောင်များလည်း သူတို့သတင်းလေးတွေ နားစွန်းနားဖျားကြားမိရင်ဖြစ် ကိုနက်တစ်ယောက်တော့ ခု ခလေး ၃ ယောက်အဖေဖြစ်နေပြီဆိုတဲ့သတင်းမျိုး ခေါင်းတွေဖြူ သွားတွေကျိုးလို့ မြေးတွေနဲ့ အပြိုင် စိတ်ကောက်နေမယ့် သတင်းမျိုးတွေလည်း ကြားချင်ကြားရနိုင်တာပဲ ။စကားတွေ အများကြီးဆိုချင်ပါသေးတယ် စကားတွေဟာ လေပေါ်မှာ အရာမထင်တဲ့စကားမျိုး ကီးဘုတ်ပေါ်မှာ ရိုက်ချလိုက်တဲ့ စာလုံးလေးတွေအဖြစ်နဲ့ပဲပေါ်နေမှာမို့ ပြောမနေတော့ပါဘူးလေ အစ်ကိုနဲ့ အစ်ကို့ရဲ့ချစ်ဇနီးတို့ မင်္ဂလာနေ့ရက်မှာ ရွှေလက်တွဲလို့ မြဲနိုင်ပါစေဗျာ ။

ဒီနေ့
အနက်ရောင်ကောင်းကင်ကြီးရဲ့ရင်ခွင်ထဲ
ကြယ်ဖြူလေးတစ်ပွင့်ခိုနားတဲ့နေ့

ဒီနေ့
ပန်တိုင်တစ်ခုမှာ ဆီးကြိုနေတဲ့သူနဲ့
အကြိုခံရတဲ့သူနှစ်ဦး
ပြုံးပျော်ကြည်နူးတဲ့နေ့

ဒီနေ့
တစ်ယောက်လက်တစ်ယောက်
မြဲမြဲတွဲလို့ အသံတိတ်ရင်တွင်းစကားတွေနဲ့
ထာဝရမခွဲဘူးဆိုကြမယ့်
ချစ်သူနှစ်ဦးရဲ့ တွဲလက်တွေခိုင်မြဲတဲ့နေ့




ကျနော်က မွေးနေ့ပွဲစားတင်မဟုတ် မင်္ဂလာဆောင်ပွဲစားပါလုပ်တယ်လို့တော့မထင်ကြပါနဲ့ဗျား)) ခင်မင်ရတဲ့ ဘလော့ရေးဖေါ်ရေးဖက် အစ်ကိုတစ်ယောက်ရဲ့ မင်္ဂလာပွဲလေးအတွက် ကျနော့်ရဲ့အမှတ်တရပို့စ်လေးပါ FB က သူတို့ ပုံလေးတွေကြည့်ပြီး ပျော်မိပါတယ် တကယ်ကို ကြည်နူးစရာလေး ။အစ်ကိုနဲ့ အစ်မ အမြဲတမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျှက်။

မောင်မျိုး

(မှတ်ချက် =ကိုနက်ကြီး...... အိပ်ရေး၀၀အိပ်ပါ ဘာမှတော့မဟုတ်ပါဘူး အစ်ကို့ညီလို့ ညည အိပ်ရေးပျက်ခံပြီး ဘလော့ဂင်နေရင် ကျန်းမာရေးထိခိုင်မှာစိုးလို့ပါ ဟဟား :P )



11 comments:

ရွှန်းမီ ShwunMi said...

Congratulations ပါ လို့

ညိမ်းနိုင် said...

ကဲ...သူများတွေ အိုကုန်ပြီ ပွဲစားလေးရော ဘယ်တော့လဲး)

rose of sharon said...

အိုအောင်းမင်းအောင်........................ ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အားကျနေတဲ့ လေသံအပြည့်နဲ့ ရေးထားတဲ့ မောင်မျိုးရဲ့ မင်္ဂလာဆုတောင်းပိုစ့်လေး ဖတ်သွားပါတယ်.. ကာယကံရှင် မောင်နှံလည်း ရွှေလက်တွဲလို့ မြဲပါစေ။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာစွာနဲ့ နှစ်ပေါင်း ရှည်ကြာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ပါစေ
ပိုစ့်ရေးတဲ့ မောင်မျိုးလဲ ခုလိုပွဲလေး မနှေးအမြန် နွှဲနိုင်ပါစေလို့ :)

လူပျိုရံကျောက် said...

ကိုင်း......သူများတွေ ပန်းတိုင်ရောက်ကုန်ပြီ...
ကြောင်မျိုးတို့ ဘယ်တော့ ပြာသိုလ ရောက်မှာလဲ..

နေ၀သန် said...

မသိပေမယ့်ဂုဏ်ယူတယ်ဗျာ.. Congratulations!

ချစ်ကြည်အေး said...

ကိုကြီးကျောက် မန့်သွားတာ ဖတ်ပြီး ရယ်လိုက်ရတာဟယ်....။ ဇနီးမောင်နှံ ရာသက်ပန်တိုင်ပါစေ...။ ကြောင်မျိုးလေးလည်း အမြန်စွံပါစေ....လို့...:))

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးရေ..အားကျနေတယ်ပေါ့လေအဟီး
မြန်မြန်ရှာပြီး ကိုယ်ပိုင်ပို့စ်လေးဖြစ်အောင်လေနော်..:P
အားပေးသွားလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

Unknown said...

Congrulation, Ko Oo!

မိုးခါး said...

အပျော်တွေ ကူးသွားပါတယ် ..

ယနေ့မှစ နှစ်၁၀၀တိုင်ပါစေး))

မဒီခ said...

အဲ့လိုလေးတွေ မြင်ရ၊ ကြားရတာကိုက မင်္ဂလာရှိတာဗျ။ မောင်မျိုးအကိုတို့ မောင်နှံ နားလည်မှုအပြည့်နဲ့ တွဲထားတဲ့လက်တွေ ထာဝရမြဲပါစေလို့ ဆုတောင်းပေးတယ်နော်။ မောင်မျိုးလည်း အမှီလိုက်နိုင်ပါစေလို့ ,,,, :)

LinkWithin

Related Posts Plugin for WordPress, Blogger...