Friday, April 1, 2011

ကြိုး



ကြိုးဆိုတာ ရစ်ပတ်တတ်တဲ့သဘော တင်းကြပ်စွာရစ်နှောင်တဲ့ကြိုးရှိသလို ရစ်ပတ်မှန်းမသိအောင် နုညံ့စွာရစ်ပတ်တတ်တဲ့ကြိုးမျိုးလည်းရှိတယ် ကျနော်ကတော့ ဒီလိုရစ်ပတ်ခံရခြင်းမှာ နုညံ့စွာပျော်ဝင်မိပါတယ် ဒါက စကားကြီး စကားကျယ်နဲ့ ပြောတဲ့စကားပါ ။ ကျနော်ဟာ သံယောဇဉ်တော်တော်ကြီးတတ်တဲ့သူမျိုးဆိုတာ ကိုယ့်ကိုယ်ကိုလည်းသိပါရဲ့ ကိုယ့်ဘေးက သူတွေလည်း ဒါကိုရိပ်စားမိတယ် အသက်ကလေးတစ်နှစ်ထပ် တစ်နှစ်ပိုပိုကြီးလာတဲ့ အခါကျ ဒါမျိုးတွေကိုကြိုးစားပြီး ဖြေဖျောက်ရတာပေါ့ ။

မနေ့က လကုန်ရက် နှုတ်ဆက်ပွဲကလေးမလုပ်ပါဘူး ဒါပေမယ့် နှုတ်ဆက်စကားလေးပြောဖြစ်တယ် အလုပ်မှာ တူတူတွဲလုပ်လာတာကြာပြီဖြစ်တဲ့ ထိုင်းအစ်မတစ်ယောက် မနေ့က နောက်ဆုံးအလုပ်ဆင်းတဲ့ရက် မှတ်မိသေးတယ် သူ ကျောင်းစပြီးတဲ့နှစ် စစချင်းအလုပ်ဝင်တော့ ကျနော်လုပ်တဲ့ရုံးမှာ သူ့နာမည်နဲ့ ကိုယ့်နာမည်က ခပ်ဆင်ဆင် လေသံအနိမ့်နဲ့အမြင့်ပဲကွာတယ် အစက သူ့ကိုခေါ်ရင် ကျနော်က ထူးထူးတတ်တယ် နောက်ပိုင်းကျမှ အသားကျသွားတော့တယ် ။ အရပ်ကလေးက ပုပု ထိုင်းမလေးတွေ ပိန်တာကြိုက်ကြပေမယ့် သူကတော့ ကံဆိုးတယ်ပဲပြောရမလား ကံကောင်းတယ်ပဲပြောရမလားမသိ ၀၀ကလေးဖြစ်နေတယ် ။

သူကလည်း ဗမာလိုတစ်လုံးမှမတက် ကိုယ်ကလည်း ထိုင်းလို Broken ပဲသိသေး ဒါပေမယ့် ကျနော် ပြောတာကို သူတစ်ယောက်ပဲ နားလည်ပါတယ်း) ရယ်စရာတော့ကောင်းသာ လက်ဟန်ခြေဟန်တွေနဲ့ ရှုပ်ရှက်ခပ်နေတဲ့ ကျနော့်စကားပြောပုံကို တစ်ခြားသူတွေက ခေါင်းမူးပေမယ့် သူကတော့အဆင်ပြေပြေနားလည်ပါတယ် ။စိတ်ညစ်စရာရှိလည်းတူတူ အလုပ်တွေ မပြီးလို့ သူဌေးကိုလိမ်ပြောကြတော့လည်းတူတူ ကွန်ပျူတာလည်းမကိုင်တက် အင်တာနက်ဆိုတာလည်း ခုမှကြားဖူးတဲ့ ကျနော့်ကို သင်ပေးတာလည်း ဒီအစ်မပါပဲ ။ဘာလေးပဲဖြစ်ဖြစ် အသေးစိတ်လေးကအစတိုင်ပင်လို့ရ အကြံညဏ်တောင်းလို့ရတဲ့သူ့ကို ကျနော်တစ်ခြားသူတွေထပ်ပိုခင်မိတယ် ။

မနေ့က စကားထိုင်ပြောဖြစ်ရင်း “ အစ်မ...ရုံးကိုမကြာမကြာလာလည်လေ နော့်” ဆိုတော့ “မလာတော့ပါဘူးလေ နောက်ပိုင်း သူဌေးနဲ့ ငါ့ရဲ့ဆက်ဆံရေးလည်းနင်သိတာပဲ မဟုတ်လား” ဆိုတော့ ကိုယ့်မှာ လက်မှိုင်ချရတဲ့အဖြစ် ။ နှုတ်ဆက်စကားပြောရတာ ဆော်ဝါဒီလုပ်ရတာ ပျင်းတဲ့ကျနော် “โชคดีนะพี่” Good luck နော် အစ်မ လို့နှုတ်ဆက်စကားဆိုရင်း ဆော်ဝါဒီလုပ်လို့ နှုတ်ဆက်စကားဆိုဖြစ်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ၄ နှစ်ကျော်လောက် အလုပ်တူတူတွဲလုပ်လာတဲ့ လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက် လူမျိုးရေးခွဲခြားမှုမရှိပဲ ကိုယ့်အပေါ်ကောင်းခဲ့သူတစ်ယောက် အဆင်ပြေပါစေလို့ စိတ်ရင်းအမှန်နဲ့ဆုတောင်းပေးမိပါတယ်။

အားလုံးဟာ အမှတ်မထင် ဆုံတတ်ကြပေမယ့် နှုတ်ဆက်ချိန်တိုင်းကိုတော့ အမှတ်ရလျှက်ပါ ။ကိုယ်လည်းတစ်နေ့ ဘယ်သူတွေကို ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ နှုတ်ဆက်ချိန်ကြုံလာမလဲဆိုတာ မဆိုင်တာတွေ လိုက်တွေးနေမိပါရဲ့ ။


14 comments:

မိုးယံ said...

ဆွေးနေတာလားကွယ်

မိုးခါး said...

အင်းး .. ခွဲခွာခြင်းတိုင်းက နာကျင်မှုကို ပေးတယ် .. သံယောဇဉ်ကြီးရင် ကြီးသလိုပဲနော် .. မကောင်း မကောင်း .. ဟူးးး

မဒီခ said...

ကြိုးတွေထဲမှာတော့ သံယောဇဉ်ကြိုးက အခိုင်မြဲဆုံးပဲပေါ့ကွယ်။ ၅၂၈ နဲ့ချည်ရင် လွယ်လွယ် မပြတ်နိုင်ပေမဲ့ ၁၅၀၀ နဲ့ ချည်ရင်တော့ ခိုင်ရင် တစ်သက်လုံး ပြတ်ရင် "ထောက်" ခနဲတောင် မြည်ပါ့မလားပဲ မောင်မျိုးရဲ့။ ခွဲခွါရတဲ့အကြိမ်တိုင်းမှာ နေရာသစ်ကို ရောက်သွားမဲ့သူတွေအတွက် အတွေ့ အကြုံသစ်တွေနဲ့ မေ့မေ့ပျောက်ပျောက်ရှိနိုင်ပေမဲ့ နေရာဟောင်းမှာ ကျန်ခဲ့တဲ့သူအတွက်တော့ အချိန်အတော်တန်ကြာကြာ သတိရနေတတ်တာလေ,,,

Angelhlaing(May everybody be happy and healthy! said...

တစ်ချိန်ချိန် နှုတ်ဆက်ရမယ် ဆိုတာ သိနေပါရဲ့
တစ်ခါတစ်ခါ နှုတ်ဆက်ခြင်းကို ခါးနေအောင်
ခံရတဲ့ အခါ လူလည်း အသက်ရှင် ချင်စိတ်တွေ ပျောက်ဆုံး သွားသလိုပဲ..
မခံစားနိုင်တဲ့ ခံစားမှု တစ်ခုပါပဲ ကိုမျိုး..ေ၇
ကောင်းသောနေ့လေးဖြစ်ပါစေ။

crystal said...

အော် ဒါကြောင့် နေမကန်းဖြစ်နေတာကိုး။

ညီလင်းသစ် said...

ခင်မင်ရတဲ့ သူငယ်ချင်းလို လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဆုံးရှုံးတယ်ဆိုတော့ စိတ်မကောင်းပါဘူး ညီရာ၊ ဒီခရီး တလျှောက်မှာတော့ ဒီလိုပဲ တချိန်လုံး ဆုံတွေ့လိုက်၊ နှုတ်ဆက်လိုက်နဲ့ သွားနေကြရဦးမှာပါပဲ၊ ဒီပို့စ်လေးကို အဲဒီ အမျိုးသမီးလေးလည်း ဖတ်စေချင် လိုက်တာ...။

ညိမ်းနိုင် said...

အင်း....ဟင်း....။ဒီလိုပါပဲညီရာ...။ဆန်ဆုံစား ကံကုန်သွား
ပေါ့လေ....။ဒို့တတွေကပဲဖြစ်ဖြစ်၊ဒို့တတွေကိုပဲဖြစ်ဖြစ်
မဖြစ်မနေ ခွဲခွာခြင်းဆိုတဲ့ ဆုံမှတ်တစ်ခုကို ဆီကို ရောက်
သွားရမှာပဲလေ...:(

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတိုင်းဟာ တစ်နေ့နေ့တော့ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့ ခွဲကြရမယ် မဟုတ်လား
မလွန်ဆန်နိုင်တဲ့ သဘောတရားတစ်ခုပါဘဲ
အဲဒီလို အဖြစ်တွေထဲမှာ သံယောဇဉ်ကြီးတတ်သူက ပိုပြီး ခံစားတတ်ကြတယ်။
ကိုယ့်အပေါ် ကောင်းတဲ့သူဆို ပိုပြီး ခင်တွယ်မိတတ်ကြတယ် မဟုတ်လားနော်။
ဒါကြောင့် ခွဲသွားပြီးမှ လွမ်းဆွတ်သတိရနေတာထက် စာရင် လက်ရှိအတူရှိချိန်တွေမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုပြီး ဂရုစိုက်ကြပါစို့လို့....

နေ၀သန် said...

အင်း.. ဖြေနိုင်ပါစေကွီ....စိတ်တော့မကောင်းဘူး.. ကွဲကွာရတာကို...း((

ခင်မင်လျက်
နေ၀ဿန်

Anonymous said...

မမြင်ရတဲ့ သံယောဇဉ်တွေပေးတာတွေ ...
မကောင်းဘူး ..
မကောင်းဘူး .. ဟူးးး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

တိုက်ဆိုင်လိုက်တာ . .
ပြီးခဲ့တဲ့ ၃၁ ရက်နေ့ကပဲ ဒီမှာလည်း အရမ်းခင်တဲ့ တရုတ်မ နှစ်ယောက် ထွက်သွားတယ်။ အရင်လို ပြင်းပြင်းပြပြ အသက်အရွယ်ကြောင့် မခံစားရတော့ပေမဲ့ ကိုယ်နဲ့ ဖေးဖေးမမ အလုပ်လုပ်ခဲ့ဖူးသူ ဆိုတော့ စိတ်ထဲတော့ မကောင်းဘူး။ သတိတရ ရှိနေတတ်ကြမှာပါ။

blackroze said...

ဒီလိုပါဘဲ..မောင်မျိုးရယ်..
တွေ့ဆုံကြုံကွဲ..တဲ့လေ..

neausmey said...

m7c83l1z16 j3r26s0k26 u5y38s4i72 s1m00f4i03 l2j23l2v41 k0x47u7m88

Anonymous said...

nike dunks
off white outlet
golden goose outlet

LinkWithin

Related Posts Plugin for WordPress, Blogger...