Sunday, February 27, 2011

အိုးပုတ်ပန်း



အရင်က ကျနော့်ဘလော့က ပရိုဖိုင်လေးမှာ (About me )ခရမ်းရင့်ရောင် အိုးပုတ်ပန်းတို့ပွင့်ရာမွေးရပ်မြေကို အမှတ်ရနေတဲ့ ပိန်ညှောင်ညှောင်ကောင်လေးတစ်ယောက်လို့ရေးထားဖူးတယ် အဲ့တာကို အသိအစ်ကိုဘလော့ဂါတစ်ယောက်က မေးဖူးတာနဲ့ရေးဖြစ်ပါတယ် ။ ပို့စ်ဟောင်းလေးပါ အရင်ကရေးထားတဲ့စာတွေ ကျနော့်မှာ တော်တော်များများရှိပါသေးတယ် အချိန်က စကားပြောသွားလို့လားတော့မသိ ကျနော် ခု အဲ့စာတွေပြန်တင်ရမှာ ရှက်နေသလိုလို အရင် ၂၀ ကျော်စလောက်ကရေးထားတဲ့စာတွေဆိုတော့ တော်တော်ကိုမရင့်ကျက်တဲ့ အနေထားကိုပြနေသလိုလို ဟဟား ခုလည်းတူတူပါပဲ ။ဒီနေ့တော့ ဖေ့ဘွတ်မှာ ပုံတွေလိုက်ကြည့်ရင်း အစ်မအပြုံးပန်း တင်ထားတဲ့ပန်းပုံလေးတွေ့လိုက်တယ် ရွာပြန်တုန်းကလည်း အိုးပုတ်ပန်းပုံတွေမရိုက်ဖြစ်ခဲ့ပါဘူး အင်တာနက်မှာ ရှာတော့လည်းမရတာနဲ့ အိုးပုတ်ပန်းအကြောင်းမရေးဖြစ်ဘူး ခုတော့ အစ်မတင်ထားတဲ့ ပုံလေးတွေ့တာနဲ့ ပျင်းထူနေတဲ့ ကျနော် ဆားချက်ဖို့ တစ်ပုဒ်ရသွားပါပြီး ကျေးဇူးပါ ။


ကတယ်တော့ ကျနော်တို့  မြို့ ကို ဒီလိုမျိုး ဘယ်သူမှမတင်စားပါဘူး ကျနော့်ပါသာ အရူးထလိုက်တာပါ ။ အိုးပုတ်ပန်းဆိုတာက ကျိုက်ထိုမြို့ ရဲ့ တောရွာတွေမှာ အလေ့ကျပေါက်ရောက်တဲ့ တောပန်းတစ်မျိုးပါခင်ဗျာ ။ ကဗျာဆန်ဆန်လေးပြောရရင်တော့ မွှေးရနံ့ မရှိတဲ့ပန်း ဒါပေမယ့် သူက နေဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံနိုင်တယ် မညှိုးနွမ်းလွယ်ဘူးး ပုံပါအတိုင်း သူ့ ရဲ့အရွက်က ကြမ်းရှရှနဲ့  ပန်းရဲ့ အရောင်က ခရမ်းရောင် အများဆုံး တစ်ပွင့်မှာ ၄ -၅ ဖတ်ပဲပါပါတယ် အ၀ါရောင်အမျှင်လေးတွေကိုတော့ ခလေးမလေးတွေက အပ်ချည်ကြိုးနဲ့ သီပြီး နာကပ်လေးတွေ ဆွဲကြိုးလေးတွေ လုပ်ဝတ်ကြပါတယ် ။

ထူးဆန်းတာလေးကတော့ သူက တောပန်းဖြစ်ပေမယ့် တောင်ကုန်းတို့  မြေမာတဲ့ နေရာတွေမှာမပေါက်ပါဘူး ကွင်းစပ် ဒါမှမဟုတ် မြေနိမ့်ပိုင်းတွေမှာပဲ ပေါက်ရောက်ပါတယ် အပင်ပေါက်ရောက်ပုံကလည်း ချုံနွယ်တွေလို အုံလိုက်ကြီးပေါက်နေပြီး ပန်းပွင့်တဲ့ရာသီ မိုးတွင်းဘက်မှာ တစ်ပင်လုံး ခရမ်းရင့်ရောင်ပန်းတွေနဲ့  အရမ်းကိုလှပါတယ် ။သူ့ ရဲ့ ညှာတံတွေမှာလည်း အသီးလေးတွေပါပါတယ် ပုံထဲမှာ ပန်းပွင့်လေးအောက်မှာရှိတဲ့ ညှာတံပုံစံလေးက သူ့ ရဲ့ အသီးလေးပါ အသီးရဲ့ပုံသဏ္ဍာန်လေးက ခလေးတွေဆော့တဲ့ အိုးပုတ်ပုံစံလေးဖြစ်နေပါတယ် ဒါကြောင့်လည်း သူ့ ရဲ့ပန်းကို အလွယ်ပဲ အိုးပုတ်ပန်းလို့  ခေါ်ဆိုကြတာ ဖြစ်မယ် ။

အကယ်၍ အိုးပုတ်သီးမှည့်သွားတဲ့ အခါမှာ အပြာရောင်အသီးလေးတွေ အများကြီးပါ စားလို့ လည်းကောင်းတယ် အရမ်းချိုတော့ ခါချဉ် ၊ ပုရွတ်ဆိတ်တွေလည်းဝိုင်းဖွဲ့ ပြီးနေကြတယ် ခါချဉ်တွေနဲ့  အပြိုင် အိုးပုတ်သီးလုစားရတာ ပျော်ဖို့ ကောင်းတယ်ဗျး) စားပြီးရင် လျှာတစ်ခုလုံးက အပြာရောင်တွေဖြစ်သွားကော ကြမ်းရှရှလေးနဲ့ နေရတာ ဖီးလ်တစ်မျိုးလေး :D ဒီတစ်ခါရွာပြန်ရင်သွားခူးစားအုံးမယ် ။ ရွာမှာ အမေကတော့ ရေမိုးချိုးပြီးရင်း အိုးပုတ်ပန်းတစ်ပွင့်လောက် ချိုးပြီး ခေါင်းမှာပန်းထားလိုက်တာပါပဲ ။ ကျနော်တို့အတွက်တော့ ကျွဲကျောင်း နွားကျောင်းသွားရင် စားစရာက အိုးပုတ်သီးတို့ သပြေင်္သီးတို့ပါ ။တန်ဖိုးကြီးပေးဝယ်ရတာ မဟုတ်တဲ့ မွေးရပ်မြေက နေလောင်ခံပန်းကလေးတစ်ပွင့်ဟာလည်း ရနံ့မရှိပေမယ့် ကိုယ့်အတွက်တော့ မွှေးကြိုင်နေတာပါပဲ ။အခုများတော့ ကျနော်တို့  ရွာက အိုးပုတ်ပင်လေးတွေလည်း ကြက်ဆူပင်တွေက နေရာတော်တော်များများ ယူသွားပါပြီး ။ဘာကြောင့်လည်းလို့  မမေးပါနဲ့  ဒီလိုပါပဲ ဟိုလိုပါပဲ ဒီဟာက ဒီလိုရှိပြီး ဟိုဒါက ဟိုလိုရှိတယ်း)



18 comments:

မေဓာဝီ said...

အမကတော့ အလေ့ကျ တောပန်းလေးတွေကို တန်ဖိုးကြီးပေးရတဲ့ သစ်ခွတို့ သဇင်တို့ထက် ပိုချစ်တယ်။
ရနံ့ကင်းပြီး အဆင်းသိပ်မလှရှာပေမဲ့ သူတို့က သဘာဝနဲ့ ပိုနီးစပ်ပြီး အကြမ်းခံနိုင်တယ်၊ အားမာန်ရှိတယ်။ လူအများ လစ်လျူရှုခံရပေမဲ့ ပွင့်မြဲ ပွင့်၊ လန်းမြဲ လန်းနေတာပဲ ... ။

ကိုယ့်ဒေသက ပွင့်တဲ့ အလေ့ကျ သဘာဝ ပန်းကလေးကို သတိတရနဲ့ တန်ဖိုးထားတတ်တဲ့ မောင်မျိုးကို ချီးကျူးပါတယ်။

rose said...

အစ်မ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့ ပန်းလေး အကြောင်း ပြောပြလို့ ကျေးဇူးပါ။ ဗပာုသုတ ရသွားတယ်။ စားလို့ရတယ်လား။ ထူးဆန်းတယ်နော်။ အစ်မ နွယ် ၀တ္ထုလေး ရေးတုန်းက အားပေးခဲ့တဲ့ မောင်မျိုးကို အခု အစ်မ ၀တ္ထုရှည်လေး တစ်ပုဒ် ထပ်ရေးနေတော့ မျှော်နေမိသေးတယ်။ အားလပ်တယ် ဆိုရင် စာလာဖတ်ပါဦးလို့ ဖိတ်ခေါ် ပါရစေရှင်။

ကိုဇော် said...

ဒီတစ်ခေါက် ပြန်သွားပြီးလို့ ပြန်လာရင် ငါးလုံးလောက် ခူးခဲ့ပါဦး။ ပြာတာတာ နဲ့ ကြမ်းရှရှလေး စားကြည့်ရအောင်။ အဲဒီလို မစားဖူးတဲ့ ထူးထူးဆန်းဆန်းလေးတွေဆိုရင် အရမ်း စားချင်တာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အယ် မောင်မျိုးလုပ်တာနဲ့ ရွာကို လွမ်းသွားပြီ
အစ်မတို့အရပ်မှာာ အဲဒီအသီးကို လျှာမဲသီးလို့ခေါ်တယ် အပွင့်တော့ လျှာမဲပန်းဆိုပါတော့လေ။
စားလိုက်ရင် လျှာတွေပါးစပ်တွေ အားလုံးမဲကုန်လို့လေ
ဟိုဘက်မှာတော့ တော်တော်ပေါတယ်.. ငယ်ငယ်က အမြဲဆော့တဲ့ပန်းလေ .
မြင်ရတာ ၀မ်းသာလိုက်တာ.. မတွေ့တာကြာပေါ့

Sunny said...

အိုးပုတ်ပန်း လာကြည့်တာ.. ငယ်ငယ်က မြင်ဖူးလား မမြင်ဖူးလား မမှတ်မိတော့ဘူး.. အခုမှ ပြန်ကြည့်ပြီး မှတ်သွားပါတယ်..

Anonymous said...

အိုးပုတ်ပန်း တဲ့လား၊

ဒီက ပန်းခြံထဲမှာ တွေ့တယ်၊
အသီးကို သိပ်သတိမထားမိဘူး၊
သတိထားကြည့်ရမယ်၊
ပန်းပွင့်အရောင်က ဗေဒါရောင်မို့ ပန်းခြံထဲမှာတော့ ထင်ရှားနေတာပေါ့၊

ဒီမှာ အမြဲလိုလို ပွင့်နေတာတွေ့တယ်။
တောင်ကြီးဖက်မှာ ငယ်ငယ်တုန်းက မတွေ့ဖူးသလိုပဲ

Anonymous said...

အဲဒီပန်းအကြောင်းလေး
တချိန်ကျရင် ရေးမယ်လို့
ပြောဖူးတာကို
ဖတ်ဖူးတယ် ဆိုတာကို
အခု ပြန်မှတ်မိသွားတယ်

ကိုထွဋ် said...

အခုမှ အဲဒီပန်းအကြောင်းကြားဖူးတာ..

အိုးပုတ်ပန်း...

သိင်္ဂါကျော် said...

မမြင်ဖူးဘူး.. တောပန်းလေးပေမယ့် တော်တော်လှတယ်နော်..

ညီလင်းသစ် said...

တောပန်းပေမယ့် ကိုယ့်မွေးရပ်မြေက ပန်းလေးမို့ တန်ဖိုးထားတဲ့ စိတ်ကလေးက ချစ်စရာကောင်းတယ်၊ ခါချဉ်တွေနဲ့ အပြိုင်လုစားတယ်ဆိုလို့ ရီရသေးတယ်၊ ဘာ့ကြောင်လဲ မမေးနဲ့ဆို မမေးပါဘူး ညီရေ့..၊ ဒါပေမယ့် 'သိနေတယ်လေ'...အဟဲ။

ညိမ်းနိုင် said...

ပန်းလေးက ချစ်ချာလေး...၊အိုးပုတ်ပန်း နာမည်ကို ကြားဖူး
ပေမယ့်၊ခုမှမြင်ဖူးတာ...၊

Than Lae said...

အပြင်မှာ ဒီပန်းလေးကို တွေ့ ဖူးပေမဲ့ ဘာပန်းမှန်းတော့ မသိဘူးဗျ။ အခုမှပဲ အိုးပုတ်ပန်းဆိုတာ သိတော့တယ်။ ဝေမျှတဲ့အတွက် ကျေးဇူးပါပဲဗျာ မောင်မျိုးက ဗဟုသုတတော်တော် နှံ့စပ်တာပဲနော်,,

nYi ThU E@in said...

ှုငယ်ငယ်က စားဖူးတယ်ထင်တယ်
မှတ်မိတော့ဘူး
မှတ်မိတာက လျှာတွေ ရဲပတောင်းခတ်နေလို့
အမေဆူတာ:(

ကိုအောင်(ပျူနိုင်ငံ) said...

ကြက်ဆူးပင်တွေကို ခုတ်ပြီး အိုးပုတ်ပန်းတွေ
ပြန်စိုက်ပေါ့ ... :P

Anonymous said...

အိုးပုတ်ပန်းလေးပေးပါ ရင်ထိုးလုပ်မလို့ 
အိုးပုတ်သီးလေးတလုံး၂လုံးပေးပါ စားဖူးချင်လို့ 
ဆောင်း (မဲဝဲ ထိမှာစိုးလို့ အနောနီးမတ်နဲ့ ရေးပါတယ်)

My Heaven said...

အဲဒီပန်းကိုသိတာပေါ့.စမ်းချောင်းဘေးတွေမှာ ပေါမှပေါ..
မောင်မျိုးက ကျိုက်ထိုကလား..
အမတို့တုန်းက ၈ တန်းနဲ့ ၁၀ တန်းကို ကျိုက်ထိုမှာသွားဖြေရတယ်..
အမလဲ ကလေးဘ၀တစ်လျောက်လုံး မွန်ပြည်နယ်မှာနေခဲ့တာ..
စစ်တောင်းစက္ကူစက်ရှိတဲ့နေရာ...
..

Anonymous said...

yeezy boost 350 v2
supreme shirt
kevin durant shoes
kd 12
off white outlet
supreme hoodie
curry 6
curry shoes
nike sb dunks
giannis shoes

Anonymous said...

air jordan
golden goose cyber monday
bape
hermes outlet
off white clothing
goyard
goyard bag
golden goose outlet
goyard bag
air jordan travis scott

LinkWithin

Related Posts Plugin for WordPress, Blogger...