Tuesday, November 16, 2010

ကျေးဇူးတင်ပါတယ် မဲဆောက်

ကျေးဇူးတင်ပါတယ် မဲဆောက်ရေ အရေးကြုံတိုင်း ကူညီဖို့ အမြဲအသင့်ရှိနေတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ် ။ ဘာရယ်တော့မဟုတ်ပါဘူး အင်တာနက်ကြီးနဲ့လည်း အဆက်ပြတ် လူလည်း နေသိပ်မကောင်း ကွန်ပျူတာကြီးကလည်း နေသိပ်မကောင်း မဲဆောက်မြို့ကြီးကလည်း ဖုတ်လိုက် ဖုတ်လိုက်နဲ့ပေါ့ ။ အခုတော့လည်း သူမဟုတ်တော့သလိုပဲ မဲဆောက်က ဈေးရောင်းမပျက် ကားမောင်းမပျက်ပါပဲ ။ အဲ့ဒီနေ့က အဖြစ်အပျက်တွေကတော့ ပြန်စဉ်းစားကြည့်ရင် တကယ်ကိုစိတ်ရှုပ်ရင်မောစရာပါပဲ ကားတွေက ရှုပ်ရှုပ် ဆေးရုံကားတွေက တ၀ီဝီ ငိုတဲ့သူနဲ့ ပြေးတဲ့သူနဲ့ တံတားပိတ်ထားလို့ ခြောက်ကပ်ကပ်ဖြစ်နေတဲ့ မဲဆောက်မြို့လေးတောင် ချက်ချင်းလူတွေ ရှုပ်ကုန်တယ် အမျိုးတွေမရှိပေမယ့် ရုံးက သူငယ်ချင်းတွေ အိမ်ပြန်သွားကြတော့ စိတ်ပူမိတာနဲ့ ဖုန်းဆက်မိတော့ သူတို့တွေ အားလုံး ကုတင်အောက်မှာပုန်းနေတယ်တဲ့း)

ကြက်ခြေနီ အဖွဲ့ဝင်ထားတဲ့ အိမ်က အဖွားနဲ့ တူတူ အိမ်မှာ ထမင်းဟင်းတွေ ၀ိုင်းချက်ရင်း သွားဝေဖြစ်တယ် အားလုံးကတော့အရမ်းကြီး ဒုက္ခရောက်နေလို့ ပြေးလာရတဲ့ပုံတွေမဟုတ်ပေမယ့် ဘာမှကိုသယ်မလာဖြစ်ပဲ ၀ယ်စားရလဲ ခက်တဲ့ နေရာမှာဆိုတော့ ရေဆိုလည်း အလုအယက် ထမင်းဆိုလည်း အလုအယက်နဲ့ ဖြစ်ရတဲ့ ဘ၀တွေက မြင်ရတာ စိတ်မချမ်းသာစရာပါ ။စိတ်ညစ်စရာတွေထဲက ရယ်စရာအဖြစ်လေးတွေလည်း ကြုံခဲ့တယ် အိမ်မှာဆို လှုပ်စိလှုပ်စိနဲ့ ဘာမှမလုပ်နိုင်တဲ့အဖွားက ထမင်းသွားဝေတဲ့ဆီမှာ ချွေးသံတရွှဲရွှဲနဲ့ ခလေးတွေနဲ့ အော်လို့ဟစ်လို့ ခလေးတွေကလည်း သားကိုတစ်ထုတ် သမီးကိုတစ်ထုတ်နဲ့ အော်ဟစ်နေလိုက်ကြတာ ။ “ဦး သားကိုကော တစ်ထုတ် သားမစားရသေးဘူး” ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ အမေပျောက်လို့ငိုနေတဲ့ ခလေးမလေးကို လက်မှာဆွဲရင် တစ်ထုတ်တည်းကျန်တော့တဲ့ လက်က ထမင်းဗူးကို သူ့ကိုပဲ ပေးရမလိုလို ခလေးမလေးကိုပဲ ထို်င်ကျွေးရမလိုလိုနဲ့ ကျနော့်တစ်ယောက်တည်း ခလေး၂ယောက်နဲ့ ပြာယာခတ်သွားတယ်း)
“မစားရသေးဘူးသာပြောတယ် လဒလေး မင်းပါစပ်မှာ ဆီတွေဝင်းနေတယ်ကော” ဆိုတော့ ဘေးနားကလူကြီးက ကျနော့်ကိုပြုံးစိစိနဲ့ အဲ့ကောင်လေးကလည်း “ဦးက စုံထောက်ကျနေတာပဲ ” တဲ့ ။

အဲ့နေ့ညကတော့ မြန်မာသံတွေ တိတ်ဆိတ်နေတဲ့ ကျနော့်ဘော့စ်အိမ်မှာ မြန်မာသံတွေ ဆူညံ့သွားလောက်အောက် ဧည့်သည် ၁၅ ယောက်လောက် လာတည်းသွားလေရဲ့ မိသားစုလိုဆက်ဆံပေးပြီး နွေးထွေးမှုတွေပေးတဲ့ ကျနော့်ဘော့စ်မိသားစုနဲ့ မြို့နီင်္းချင်းကောင်း အမြဲပီသတတ်တဲ့ မဲဆောက်မြို့လေးကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားရင် နေကောင်းပါစေ မဲဆောက်ရေ ခပ်ပွန်းမာ့ ။


ပင်ပန်းပေမယ့် ပျော်နေတဲ့ အဖွားတို့သူငယ်ချင်းတွေး)

5 comments:

ShwunMi- said...

တော်သေးတာပေါ့နော်..

Anonymous said...

ခေါ့ပ်ခွန်းမာ့မာ့ မဲဆောက်
ချုတ်ဒီမာ့မာ့ မဲဆောက်
ဆဘိုင်ဒီခရပ်ဖုမ် မဲဆောက်


ခေါ့ပ်ခူးန်မာ့မာ့ နောင့်ချိုင်း မောင်မျိုး
ချုတ်ဒီမာ့မာ့ နောင့်ချိုင်း မောင်မျိုး
ဆဘိုင်ဒီခရပ်ဖုမ် နောင့်ချိုင်း မောင်မျိုး

by Turn On Ideas :))

Anonymous said...

မောင်မျိုးရေ...ရောက်တယ်။
ပြေးလွှားပင်ပန်းနေပေမဲ့ ကျေနပ်ပျော်ရွှင်နေတာ
သိရတော့ ဝမ်းသာတယ်ဝေ့။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

အကူအညီလိုအပ်နေသူတွေကို လူသားချင်းစာနာထောက်ထားစွာ သိတတ်ကူညီပေးခဲ့တာအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်..
စစ်ကြောင့်ဖြစ်ရသော ဒုက္ခဆင်းရဲအားလုံး ချုပ်ငြိမ်းစေချင်ပါတယ်..
ကမ္ဘာကြီးငြိမ်းချမ်းပါစေ...

မိုးခါး said...

အဝေးကနေ ပုံတွေကြည့်ရင်းတောင် စိတ်မကောင်းဖြစ်ရတာ ..း(
အကုန်လုံး ဘေးအန္တာရယ်ကင်းကြပါစေ ..

LinkWithin

Related Posts Plugin for WordPress, Blogger...