Monday, November 1, 2010

သံချောင်း

သူ့ကို ကျနော်စတွေ့စ မဲကြောင်ကြောင်နဲ့ လှုပ်စိစိကောင်ပေါက်စလေး မွေးချင်းက လေးကောင် အမေကြီးကအသက်ကြီးတော့ သားလေးတွေမွေးပြီး သိပ်မကြာဘူး သေသွားတယ် ။ အိမ်မှာ ဈေးဆိုင်ကတစ်ဖက်နဲ့ဆိုတော့ သားလေးတွေကို ဂရုမစိုက်နိုင်ကြဘူး ကျနော်က ကျောင်းက ပြန်လာရင်လည်း ဒီကြောင်တွေကိုပဲ တမမ လုပ်နေလို့ ခဏခဏ အအော် အငေါက်လည်းခံရတာပေါ့ ။ ၄ ကောင်လုံးဆိုတော့ ကိုယ်လည်း သိပ်မနိုင်ဘူးရယ် တစ်ကောင်ပြီးတစ်ကောင် တဖုတ်ဖုတ်နဲ့ သေသွားလိုက်တာ ကိုယ်ကလည်း ဒေါက်တာ ပေါက်တူး လူတွေမောရင် သကြားရေဖျော်တိုက်တယ်ဆိုတော့ ကြောင်လေးကိုလည်း သကြားရေဖျော်တိုက်လိုက်တာ ပိုပြီး အချွဲကျပ်သွားတယ်ထင်ပါ့ ခဏလေးနေတော့ ငြိမ်သွားတယ် အဲ့လိုတော်တာပြောပါတယ် ။ နောက်ဆုံး တစ်ကောင်ပဲကျန်တော့ ဒီအကောင်လေးတော့ ရှင်အောင်မွေးမယ်လို့ဆုံးဖြတ်လိုက်တယ် အိမ်မှာက ကြောင်မကြီးက မရှိတော့ဘူးဆိုတော့ နောက်ထပ် ကြောင်က ထပ်ရှိဖို့မလွယ်ဘူးလေ ကိုယ့်အိမ်မွေးကြောင်လေးတွေမဟုတ်ပဲ ကြောင်အကြီးကြီးတွေမွေးရမှာကလည်းမချစ်သလိုကြီးး .။

ရတဲ့မုန့်ဖိုးလေးနဲ့ နို့မှုန့်လေးတွေဝယ်တယ် ပြီးတော့ နို့ဗူးသေးသေးလေးနဲ့ အဲ့ကြောင်လေးကို ကျနော်နို့တိုက်ပြီးမွေးတာ တော်တော်မာလာပြီဆိုတော့ မသေနိုင်တော့ဘူးပေါ့ နောက်ပိုင်း ကျနော် မော်လမြိုင်မှာကျောင်းတတ်တော့ ကျနော်မွေးထားတဲ့ကြောင်လေးက တူတွေရဲ့ ကစားဖော်ဖြစ်နေပြီး သူက နာမည်လေးတောင်ရသွားတယ် ကျနော့်တူအကြီးကောင်ပေးတဲ့ နာမည်က သံချောင်တဲ့ တစ်ကောင်တည်း မသေပဲကျန်ခဲ့လို့ မာတယ်ဆိုတဲ့ သဘောကိုဆောင်အောင်ပါ ။ အိမ်ခဏပြန်လာဖြစ်ရင်လည်း အမှုမဲ့အမှတ်မဲ့နဲ့ပါပဲ ။ ကျနော်သူနဲ့ တော်တော်ကြာ ၃ နှစ်နီးပါးလောက်ဝေးခဲ့တယ် အိမ်ကိုပြန်တော့ ကြောင်အကြီးကြီးတစ်ကောင် ကိုယ်သူ့အနားသွားရင်ပဲ ကိုက်တော့မလိုလို ကုတ်တော့မလိုလိုနဲ့ အစ်မက “ ဟဲ့.... အဲ့တာသံချောင်လေး ” ဆိုမှာ အယ် အကြီးကြီးပဲဆိုပြီး အံ့သြရတဲ့အဖြစ် ။

အိမ်မှာပြန်နေနေတုန်း တွဲစရာ သူငယ်ချင်းကလည်းမရှိ အငယ်တွေနဲ့ တွဲဖို့ကလည်းမဖြစ် ရှေ့မမှီနောက်မမှီဖြစ်တဲ့ ကျနော့်အတွက် သံချောင်းကသာ ကျနော့်အတွက် အဖော်ကောင်းပေါ့ ထမင်းစားရင်လည်း သူ့အတွက် သပ်သပ်ကျွေးဖို့ အစ်မက ပြောပေမယ့် ကျနော်က တစ်ဖဲ့စားလိုက် သူကတစ်ဖက်စားလိုက်နဲ့ အပေးယူတွေမျှလို့ ညအိပ်ရင်လည်း သူ့နဲ့ပဲ ကြောင်မွှေးတွေ စောင်မှာကပ်လို့ ဆူခံထိလည်း ညဘက်ကျ သူမပါရင်အိပ်ရတာတစ်မျိုးပဲ သူကလည်း ကျနော့်လက်ပေါ်မှာ တကယ့်လူလေးလို ခေါင်းကလေးတင်လို့ အပြင်ကပြန်လာရင် “ သံချောင်းရေ ခလေးငယ်ရေ”လို့ အရင်နှုတ်ဆက်လွန်းလို့ အဲ့တာက ပိုအရေးကြီးဆိုပြီး အမြင်ကတ် ခံရတဲ့အထိပါပဲ။

အိမ်မှာ သံချောင်းက တစ်အိမ်လုံးရဲ့ အချစ်တော်ပါ အိမ်က ယောက်ဖက ၀၀ကြီး တစ်ရေးနိုး ကြောင်အော်သံတွေကြားလို့ ထကြည့် မီးတွေ ဖွင့်ပြီး ရှာကြရင် လာကိုက်တဲ့ ကြောင်ကြီးက အိမ်က သံဇကားတွေပေါ်တက်ပြေး ယောက်ဖကလည်း သူ့ကိုယ်သူ ၈ျက်ကီချန်းများ မှတ်နေသလားမသိ လမ်းလျှောက်ရင်တောင် လှုပ်စိလှုပ်စိ ဖြစ်နေတာ သံဇကာပေါ် ခုန်တက်လိုက်တာများ လွှားခနဲ ကြောင်ကိုမမိပဲ သူက ပြုတ်ကျတာ ၃ ရက်လောက် လမ်းမလျှောက်နိုင်တဲ့အဖြစ် ။ကြောင်ဆိုတာ အယူသီးတဲ့သူတွေအဖို့ အပူများတယ်လေး ရောဂါရတယ်လေး နဲ့ ကျနော်ကကတော့ မမှုပါဘူး ကိုယ့်နဲ့ အနီးကပ်နေပြီး ကိုယ့်ခံစားချက်တွေကို အနီးစပ်ဆုံးနားလည်ပေးနိုင်တဲ့သူလို မျက်လုံးလေး ပေကလက် ပေကလက်နဲ့ ကိုယ်စိတ်တိုနေတဲ့ အချိန်ကျရင်လည်း သူ့မှာ မနေတတ်မထိုင်တတ် အမြီးလေး တလှုပ်လှုပ် ခေါင်းကြီး အတင်းတိုးဝှေ့ပြီး လာပွတ်သပ်နေတတ်ပါတယ် စိတ်ဆိုးနေတဲ့ အချိန်ကျ နိုင်စရာဆိုလို့လည်း သူပဲရှိပါတယ် သူ့ကြောင့်ပဲ စိတ်ဆိုးပြေရတာလည်း ခဏခဏ ရိုက်မိလိုက်ပြီးရင် သနားသွားတတ်လို့ သူ့ကိုပေါင်ပေါ်ပြန်တင်ပြီး စကားတွေပြန်ပြန်ပြောမိပြန်ကော ။

လူဆိုတာဟာလည်း ကိုယ့်အတွက် ၀ှက်ဖဲတစ်ချပ်တော့ စောင်ထားသင့်တာပေါ့ ကိုယ့်ဘ၀ရဲ့ အခင်မင်ဆုံးသူတွေကို ပြောပြတယ်ဆိုရင်တောင် မပြောပြချင်တဲ့ အကြောင်းရာလေးတစ်ခုတစ်လေတော့ ရှိကောင်းရှိနိုင်ပါတယ် ဥပမာ ကျနော်သာဆိုရင် ကိုယ့်မျက်နှာကို ပြန်မကြည့်ချင်လောက်အောင် စိတ်ပျက်နေတဲ့ အချိန် ဘယ်သုတစ်ဦးတစ်ယောက်ကိုမှ စကားမပြောချင်တဲ့ အချိန် ဘယ်သူ့ကိုမှလည်း ပြန်မပြောမယ့် ကိုယ့်ခံစားချက်တွေကို တိတ်တဆိတ်လေးနားထောင်ပေးတတ်တဲ့ သံချောင်း ကို သတိရမိပါတယ်။သူဟာ ကျနော် အတွယ်တာရဆုံး သက်ရှိတွေထဲက အနိမ့်ဆုံး သက်ရှိလေးတစ်ကောင်ပါ ။



ဒီပုံကတော့ အင်တာနက်ကနေရှာထားတဲ့ သံချောင်းနဲ့ အနီးစပ်ဆုံးတူတဲ့ ကြောင်ပုံလေးပါ ။

17 comments:

:P said...

ပို့စ်ခေါင်းစဉ်ကို "ကြောင်၏ကြောင်" လို့ နာမည်ပေးလိုက်ပါလား... ဟိဟိ

Maung Myo said...

အစ်မကြီးကတော့ လုပ်ပြီး သားကိုဆို ပြောဖို့ပဲဗျာ ။

အခြေနေ ဘီလိုလဲး) ဟိဟိ ပြောပြ ပြောပြ

:P said...

အခြေအနေက လှရုံလေး ပူနေတာပေါ့ ငါ့ကြောင်ရယ်...အဲ..ငါ့မောင်ရယ်.. :P

အုပ်ကြီး said...

သြော် ..ဘာပြောပြော ..ပြန်မပြောဘဲနားထောင်ပေးမယ့်တစ်ကောင်လောက် လိုချင်လိုက်တာ ..ကြောင်ကိုပြောပါတယ်:P

Anonymous said...

သြော်..ဒါ့ကြောင့် ခင်မင်သူတွေက
ချစ်စနိုးခေါ်ကြတာကိုးး..
ကြောင်းမျိုးတဲ့...အင်း...
ဆိုးပါဘူး လှသားပဲ:P

နေ၀သန် said...

ကြောင်ကိုတော့ ဘယ်လိုမှ ချစ်လို့မရပါ.. မောင်မျိုးရေ........အဲ..တစ်မျိုးမထင်နဲ့ဦးနော်.. ဟိ... သူများက ချစ်စနိုးလေးသတိရလို့ရေးထားတဲ့ပို့စ်မှာ... ဟဲဟဲ....

ခင်မင်တဲ့
နေ၀သန်

မိုးယံ said...

ထမင်းကျွေးရ အီးကြုံးရ တော်တော်ရှုပ်တဲ့ကောင်တွေ

ကြောင်မျိုး.... အဲ မောင်မျိုးရေ နင်ပဲ နင့်ကြောင်တွေ နဲ့ နပန်းလုံးနေ... လူပုံလဲ ပြန်ကြည့်ဦး

နင့်ပုံစံကိုက ထန်းလျက် ခွေးလျှက်သလို လုံးပါးပါးနေဘီ ။ ဂြီ

ခွင်ကြုံတုန်း တွယ်ရတာ အရသာရှိလိုက်တာ ။ ဟီဟိ

Anonymous said...

အင်း...မောင်မျိုးရေ...
ဘာပဲပြောပြော သူလေးသာ(ကြောင်လေးသာ) နားလည်
ရင်ဘယ်လောက်ကျေနပ်လိုက်လေမလဲ ။:)
ကိုယ့်မှာတော့ အဲလိုလေး မရှိလို့ ဖတ်ရင်း အားကျသွားရဲ့။
.....ခင်မင်လျှက်...ခင်မာလာအောင်..:)

Anonymous said...

ငါကတော့ ကြောင် ချစ်တယ်
အကောင်သေးလေးတွေကို ပိုချစ်သေး
ငါအိမ်မှာဆိုလည်း ကြောင် မပြတ်ဘူး
ဟိုနေ့ အိမ်ပြန်တုန်းကတောင် 4ကောင်ရှိနေပြီ
အဲဒါ အသစ်တကောင်ရောက်နေတာတဲ့လေး)

မိုးခါး

Anonymous said...

အိမ်ကကြောင်လေးတောင် သတိရသွားပြီ..


ဝေလေး

နေသွေး(ဘရာဗို) said...

ဟုတ်တယ် ကိုမျိုးရေ
ဝှက်ဖဲ တစ်ချပ်တော့ရှိသင့်တယ်
(ဂျိုကာဆိုရင်တော့ ပိုကောင်းတာပေါ့)

ကဗျာကို ခံစားပေးသွားတာ ကျေးဇူးပါပဲး)

ညီလင်းသစ် said...

မောင်မျိုးရဲ့ သံချောင်းက ဒီလိုဆို မာမယ့်ပုံပဲ၊

“A cat has nine lives” ဆိုတာလေး သွား သတိရ တယ်။

blackroze said...

သူငယ်ချင်းတွေထဲမှာကြောင်အရမ်းချစ်တာတယောက်
ရှိတယ်..သူ့အိမ်မှာဆိုကြောင်တွေမှအများကြီး
နာမည်ပေးထားတာလဲအစုံဘဲ
ဘယ်ကြောင်ဘယ်နာမည်ဆိုတာသူဘဲ
မှတ်မိတယ်..ကျန်တဲ့သူတွေမသိဘူး..

johnmoeeain said...

တွေးနေတယ်...။

ShwunMi- said...

ငယ်ငယ်တုန်းက ကြောင်ချစ်တယ်.. ခုတော့ အနေဝေးလို့ သွေးအေးသွားပြီ.. =)

Anonymous said...

supreme
air jordan
yeezy boost 350
goyard
golden goose sneakers
golden goose
hermes birkin
yeezy 350 v2
birkin bag
goyard bag

Anonymous said...

nike off white
golden goose outlet
jordans
bape clothing
off white nike
off white outlet
kd shoes
bape hoodie
bape hoodie
bape clothing

LinkWithin

Related Posts Plugin for WordPress, Blogger...