Wednesday, April 28, 2010

မင်းမသိဟန်ဆောင်နေတာ ငါသိတယ်

ခြွေခဲ့တဲ့ ပန်း မြေခပေမယ့်
မပုပ်သိုးဘူး ( ဆေးစိမ်ထားလို့ )
ကွဲခဲ့တဲ့အသဲ နာကျင်ပေမယ့်
မေ့မရဘူး
ချစ်ခဲ့ဖူးတဲ့ အချစ် မေ့သင့်ပေမယ့်
ဖျောက်ဖျက်မရဘူး
နမ်းခဲ့ဖူးတဲ့ အကြင်နာနွေးနွေး
ကြာခဲ့ပေမယ့် ရင်ထဲလှိုက်ဖိုနေတုန်း
ဆိုခဲ့ဖူးတဲ့ သီချင်း
ငှက်ဆိုးထိုးသံလို့  ကောင်းချီးပေးပေမယ့်
ငါ ...ဆက်ဆိုနေဆဲ
( "အသဲကွဲတဲ့ရောဂါ လွယ်လွယ်နဲ့ လည်း မပျောက်နိုင်'' )
တစ်ချိန်က မဟာဆန်ခဲ့တဲ့အပြုံး
အခု မဲ့ပြနေပေမယ့်
ငါ့အတွက် နတ်သမီးအပြုံးလို့  ထင်မှတ်နေဆဲ
ငါပေးခဲ့ဖူးတဲ့အချစ် အခုခေတ် ကာလပေါက်ဈေးနဲ့  တွက်ရင်
လူတွေပြောပြောနေကြတဲ့ ( ၁၅၀၀) အချစ်ဆိုတာထပ် (၂) ပိဿလောက်ပိုနေပြီး
ကျေးဇူးပြု၍ချစ်သူ
အတိုးမရရင် နေပါစေ
ငါချစ်ခဲ့မိတဲ့အချစ်တွေအတွက် အရင်းတော့ ပြန်ပေးပါ
မင်းမသိဟန်ဆောင်နေတာ ငါသိတယ်။

8 comments:

Unknown said...

ဇွတ်ကြီးပဲနော် ဒီလူတော်တော် ဆိုးတယ် :P
:))

mirror said...

အတိုးမရလို့တော့ ဘယ်ဖြစ်မလဲ အေ..ရင်းထားနှီးထားရတာ နဲတာမှ မဟုတ်တာ။ ၂ ပိသာက ပိုထားသေးတာ မဟုတ်လားး))

မိုးခါး said...

သြော်
ကြွေးတောင်းတဲ့ ကဗျားကိုး ... :P

(သေချာအောင် မေးပါရစေ .. နှုတ်ခမ်းမွှေးနဲ့ ကြောင်လားဟေ :D)

လင်းထက် said...

အင်းးးးး

ဗီလိန် said...

လူဇိုးဂျီး

Unknown said...

ပြာသိုလား

Maung Myo said...

မောင်ခင်လေး...ခပ်ဆိုးဆိုးပဲကွး)

မိုင်ရာရေ့ ဟုတ်ပါ့ အလေးကအမှန်နော် အင်မဟုတ်ဘူးဟ

မိုးခါး အေး ဟုတ်ပါတယ်ဆိုး)

ကိုလင်းထက်ကြီး သက်ပြင်းချင်နေတယ်

ဗီလိန်.....မဟုတ်ပါဘူး ချစ်တတ်တာလို့ ပြောရမယ်း)

မေ...ဟုတ်ကဲ့ ပြာသိုက မောင်မျိုး မောင်မျိုးက ပြာသို တူတူပါပဲ ။

aye aye said...

င်္်Facebook တွင်ကူးယူဖေါ်ပြခွင့်ပြုပါ။

LinkWithin

Related Posts Plugin for WordPress, Blogger...