Saturday, April 24, 2010

ရင်ခွင်လျှော့ဈေး


ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့

6 comments:

Anonymous said...

နုလိုက်တာဗျာ...

Phyo Evergreen said...

ကိုမျိုးနော်.... ဘလော့အသစ်ပြန်လုပ်ထားတာ အဏော့်ကိုတောင်မပြောဘူး.....။

:P said...

ah-Hut....ah-Hut.. :D

နွေးနေခြည် said...

အရင်က မောင်မျိုးလားး) ပြန်တွေ့ရတာ ၀မ်းသာပါတယ်။
မှတ်မိလား?

Maung Myo said...

အမည်မသိ - နုဆို ကျနော်က ခုမှ ၂၀ ကျော်ကိုးဗျး)

ညီဖြိုးရေ အားနာလို့ပါ ကြော်ငြာတယ်ထင်မှာလည်းစိုးလို့ ညီလည်းလူကောစိတ်ကော ပင်ပန်းနေမှာထင်တယ် နေကောင်းပါစေ ။

မစန်ဒါကြီး သိနေတယ်နော်း) အစ်မကြီးရေ အရင်အချိန်တွေကို လွမ်းတယ် ပြီးတော့ နောင်တရတယ် ။

နေခြည်ရေ မှတ်မိတာပေါ့ ငါကမမေ့တတ်ပါဘူးဟ နင်အဆင်ပြေတယ်ဟုတ် ။

မေ said...

သူငယ်ချင်းရေ..စာပြန်ရေးနေပြီနော်..၀မ်းသာပေ
မဲ့နင်ရေးတဲ့အမေငိုလေသော်ဖတ်ရတာမေလဲ
မျက်ရည်ကျမိတယ်..ထပ်တူပဲခံစားရတယ်..
သူငယ်ချင်းရေ..အရင်ကမေတော့ဟုတ်တယ်..
ဒါပေမဲ့မေလဲနှင်းလာရင်ပျောက်ပျောက်သွားတဲ့
မေဖြစ်နေတယ်..အားပေးနေတယ်နော်..

LinkWithin

Related Posts Plugin for WordPress, Blogger...