သင့်ဘဝထဲကနေ တစ်စုံတစ်ဦးကို
လွယ်လွယ်နဲ့ မစွန့်ပစ်လိုက်ပါနဲ့ ….
အချစ်ဆိုတာ…..
မောင်နှမ ညီအစ်ကိုချင်း
တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်ပေးတတ်တာကိုဆိုလိုတယ် ။
အချစ်ဆိုတာ ….
ဒို့တွေငယ်ငယ်တုန်းက
အဆင်ပြေပြေနေထိုင်စားသောက်နိုင်ဖို့ အဖေ ခြွေးသံရွှဲရွှဲအလုပ်ကြမ်းလုပ်ခဲ့တာကိုဆိုလိုတယ်
။
အချစ်ဆိုတာ
အမေဒို့တွေအတွက်ချက်ကျွေးခဲ့တဲ့
အရသာအရှိဆုံး အစားအသောက်တွေကိုဆိုလိုတာ ။
အချစ်ဆိုတာ
ကိုယ်စိတ်ပျက်အားငယ်နေချိန်မှာ
ကိုယ့်ဘေးနားကနေ အမြဲမပြတ် အားပေးခဲ့တဲ့ သူငယ်ချင်းကိုဆိုလိုတာ ။
အချစ်ဆိုတာ ….
အစ်ကိုလုပ်သူက ညီမလေးဆီ ဖုန်းဆက်ပြီး နင် အိမ်အခန်းကို ဘေးကင်းကင်းပြန်ရောက်ပြီလားလို့
စိုးရိမ်စိတ်နဲ့မေးတာကို ဆိုလိုတာ ။
အချစ်ဆိုတာ ….
သင့်သူငယ်ချင်း
Fb Group/Line Group ကနေ မင်္ဂလာနံနက်ခင်းပါလို့
အမြဲမပြတ်သူကစတင်နှုတ်ဆက်ပြီး ချစ်ခြင်းတရားကိုပြတာ
ကိုဆိုလိုတာ။
အချစ်ဆိုတာ ယောက်ကျားနဲ့မိန်းမ သမီးရည်းစားတွေကိုပဲ ဆိုလိုတာမဟုတ်ဘူး ။ အချစ်ဆိုတာ ငယ်ရွယ်ပျိနုစဉ်အချိန်မှာပဲ ချိုမြိန်တာကိုဆိုလိုတာမဟုတ်ဘူး ။
တကယ်တော့ အချစ်ဆိုတာ ကိုယ်ချစ်ခင်တဲ့သူတွေကို အမြဲမပြတ် နည်းချင်နည်း များချင်များ ကိုယ်တကယ်လုပ်ဆောင်ချင်နေတဲ့ အရာကို
သူတို့အတွက်လုပ်ဆောင်းပေးချင်နေတာကို ဆိုလိုတာပါ။အဲ့ဒီလိုလုပ်တဲ့အတွက်လည်း ဘယ်တော့မှလည်း
ပင်ပန်းတယ်မထင် ဘယ်တော့မှလည်း ရိုးအီမသွားမယ့်
အရာပါပဲ အဲ့တာကိုအချစ်စစ်လို့ခေါ်တယ် ။
အသက်အရွယ်ရလာတဲ့အခါမှာ
သင်ပိုပြီးနားလည်လာလိမ့်မယ် အချစ်စစ်ဆိုတာ
တကယ်စစ်မှန်တဲ့ နှလုံးသားနဲ့ ဟန်မဆောင်ပဲ လုပ်တဲ့ လုပ်ရပ်တွေဆိုတာ ။
သင် ၃၀၀ တန်နာရီပဲ
ပတ်ပတ် ၃သိန်းတန်နာရီပဲပတ်ပတ် အချိန်ကတော့
တူတူပဲပြနေမှာပဲ။
သင် ၃၀၀ တန် လက်ကိုင်အိတ်ပဲကိုင်ကိုင် ၃ သန်းတန်လက်ကိုင်အိတ်ပဲကိုင်ကိုင် ငွေထည့်လို့ရတာချင်းအတူတူပဲ။
သင် ၃၀၀ တန် ၀ိုင်ပဲသောက်သောက် ၃ သိန်းတန် ၀ိုင်ပဲသောက်သောက် မူးတာချင်းလည်းအတူတူပဲ
။
သင် ၁၀ တန်ဆေးလိပ်ပဲသောက်သောက် ၁၀၀၀ တန်ဆေးလိပ်ပဲသောက်သောက် ကင်ဆာဖြစ်မှာချင်းအတူတူပဲ။
သင်လေယာဉ်စီးလို့ First Class
မှာပဲထိုင်ထိုင် Economy မှာပဲထိုင်ထိုင် လေယာဉ်ပျက်ကျရင် သေမှာချင်းတူတူပဲ ။
တစ်နေ့မှာ သင်သေချာနားလည်လာလိမ့်မယ် တကယ့်ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာ ငွေတွေ
ဂုဏ်ပကာသနတွေမဟုတ်ဘူးဆိုတာ။
ဒါကြောင့်မို့
ပျော်ရွှင်ခြင်းဆိုတာကိုလိုချင်ရင် စိတ်နှလုံးကျေနပ်မှုနဲ့
ရောင့်ရဲတင့်တိမ်နိုင်မှုဆိုတာကို သင့်နားလည်ရမယ် ။
အရေးကြီးဆုံးအချက်ကတော့ သူငယ်ချင်းတွေနဲ့ အဓိပ်ပါယ်ရှိတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် အတူတူပျော်ရွှင်စရာတွေပြောမယ် ဖေ့ဘွတ်ပေါ်က သင့်ပေါက်ကရ စတေးတပ်တွေအကြောင်းပြောမယ် ဆယ်ဖီးရိုက်မယ် ရယ်မောကြမယ်
ငြင်းခုံကြမယ် အရည်မရ အဖတ်မရတွေပြောကြမယ် အကြောင်းအရာတွေဟိုရောက်ဒီရောက်ဖြစ်ချင်လည်းဖြစ်မယ်
။ ဒါကို ပျော်ရွှင်ခြင်းအစစ်မဟူတ်ဘူးလို့ သင်ငြင်းမလား ။
ဒီစာကိုဖတ်ပြီးတဲ့နောက်မှာ သင့်မိသားစုဝင်ထဲကဖြစ်ဖြစ် သင့်အပေါင်းသင်လုပ်ဖော်ကိုင်ဖက်ထဲကဖြစ်ဖြစ် စကားမပြောတာကြာပြီဖြစ်တဲ့ သင့်သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် နေကောင်းရဲ့လား ၊ အဆင်ပြေလား ဆိုတဲ့ စာပို့ဖို့ သတင်းစကားမေးနိုင်အောင် ဖုန်းခေါ်ဖို့ မမေ့လေနဲ့ သင့်စိတ်ထဲ ပေါ်လာတဲ့သူကို ချစ်ခြင်းတရားပြဖို့သင်သတိရတယ်ဆိုရင်ပဲ ကျွန်ုပ်ဒီစာကိုရေးရကျိုးနပ်ပြီ .။
1 comment:
မောင်မျိုးစာဖတ်ပြီး မန္တလေးရောက်နေတဲ့ မောင်လေးဆီဖုန်းဆက်ဦးမယ်... ကျေးဇူး...။
အချစ်ဆိုတာ တစ်စုံတစ်ယောက်မေ့နေတတ်တဲ့ အရာကို သတိပေးလိုက်တာဆိုတာပဲ...း)
မိုးငွေ့
Post a Comment