ဟုတ်ကဲ့..... ကျနော်က အမေ့ရဲ့ တိုးတိုးဖော်ကလေးပါ ဒါပေမယ့် တိုးတိုးဖော်က မေးမှ အမေက ပြောတာမျိုး ။
ဘဝမှာ မိဘဟာ အရေးကြီးမှန် အဝေးမှာနေရချိန်တွေ အမေတို့အဘတို့ အသက်ကြီးလာပြီးလို့တွေးမိချိန်တိုင်း အချိန်နှောင်းသွားမှာ နောင်တတွေရမှာ သိပ်စိုးတယ် ။ စွန့်လွှတ်တယ် စွန့်စားတယ်ဆိုတာတွေထက် တစ်ခါတလေတော့ ကိုယ်စိတ်ခံစားမှုအတိုင်းစီးဆင်းရတာလေးကလည်း အောင်မြင်မှုနည်းပါးပေမယ့် နေတတ်ရင်တော့ ကျေနပ်စရာပါ။
များသောအားဖြင့် အမေတွေက သမီးတွေနဲ့ အနေနီးစပ်တာများပေမယ့် အိမ်ထောင်ကျစောသွားတဲ့ သမီးသုံးဦးထက် အမေက ကျနော့်ကိုပိုပြီးပြောဖြစ်တာများတယ် ။ သားမက်တွေအကြောင်းပါချင်ပါမယ် ချွေးမတွေအကြောင်းပါချင်ပါမယ် သူ့မြေးတွေအကြောင်းပါချင်ပါမယ် အမေ့ကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးတာဆိုလို့လည်း ခပ်ကြွားကြွားပြောရရင် ကျနော်တစ်ယောက်ပဲရှိတာ အိမ်ထောင်သည်တွေဆိုတော့ လူလွတ်တွေလောက် ဘယ်ပြောလို့ကောင်းမလဲ ။
တစ်ခါတလေ အမေ့ကိုမြှောက်တယ် ဥပမာ..... ချွေးမက ကြောသလိုလို မောသလိုလို လုပ်ရင် * အမေ့.....အားတင်းထားစမ်းပါ ကိုယ်က သူတို့စီသွားနေတာလည်းမဟုတ် သားကပြောရင် ငယ်တော့မကောင်းဘူးလေ အမေက အမေဆိုတော့ ခပ်မာမာလေးနေ သားရှိတယ် ဒေါ်လေးဆို သူ့ချွေးမတွေ အဲ့လိုဘယ်လုပ်ရမလဲ အမေ ဒေါ်လေးဆီသွားပြီး နည်းသွားတောင်း * ဒါက တစ်မျိုး ။အိမ်သစ်ကြီးဆောက်ပြီး ယောက်ခမတွေခေါ်တင်နေတဲ့ အစ်ကို့ကိုကျ အမေက စိတ်ကလေးနွမ်းပြီး ၀မ်းနည်းသံနဲ့ပြောတော့ စိတ်မကောင်းဖြစ်ပေမယ့် * အမေရယ်....ကိုယ်လည်း ကိုယ်အိမ်ကလေးနဲ့ကိုယ်နေနေရတာပဲ သူတို့ပါသာနေပါစေ စိတ်မကောင်းမဖြစ်နဲ့ ကိုယ့်အိမ်နဲ့ကိုယ်ဆိုတော့ ဘယ်သူ့မျက်နှာမှတောင်ကြည့်စရာမလိုဘူး * အဲ့လိုလေး အားပေးရတာမျိုးတွေလည်းရှိတယ် ။
ဒီကိုပြန်ရောက်ပြီးမှ တစ်ပါတ်ကို သုံးခါလောက်ဖုန်းပြောဖြစ် တစ်ခါတလေ နေ့တိုင်းနီးပါးစကားပြောဖြစ်တိုင်း အမေ့ကို စကားစရတယ် ဘာဖြစ်သေးလဲ ဘယ်သူတွေ ဘယ်လိုလဲ ကိုယ်ကစရတယ် အမေကတော့ စိတ်ညစ်စရာရှိရင်မပြောပြပေမယ့် ရွာမှာကင်းထောက်ချထားတော့ ဘယ်လိုအခြေနေဆိုတာသိပြီးသားဆိုတော့ အမေစိတ်ဖြေသာအောင် စကားလမ်းကြောင်းဖွင့်ပေးရတာမျိုး အနည်းဆုံးတော့ အမေ့စိတ်ပေါ့ပါးစေချင်တာမျိုးပေါ့ ။ ငွေကလေး စားစရာလေး ပို့ဖြစ်တိုင်း * အမေ...စားနော် မရှိသလိုနဲ့ ကိုယ့်ပါသာသိမ်းထား သွားသွားမပြောနဲ့ တော်ကြာ လာချေးကြ တောင်းကြအုံးမယ် * အဲ့လိုလည်း ပေးပြီး အမေ့ကို ပြောခဲ့ရတာလည်းရှိတယ် ။
နောက်ပိုင်းကျ အမေ ဘာချက်စားလဲမေးတိုင်း သားဟင်းငါးဟင်းကြီးပဲ ချက်တယ်ပြောတော့တယ် မြင်မှမမြင်ရတော့လည်း ယုံရတာပေါ့ ။ အမေက တစ်ခါခါ မှာတတ်သေးတယ် *ဟဲ့..... ငါ့သား ငါ့အကြောင်းမေးရင် စိတ်ညစ်စရာတွေ သွားသွားမပြောပြနဲ့နော် သူ့ပါသာအေးဆေးနေပါစေ သူက ပူတတ်တာနဲ့ စိတ်ညစ်နေရမယ်* တဲ့ ။
ဒီအရွယ်မှာ ဖြစ်ချင်တဲ့အရာတွေနောက်လိုက်ရင်း ဝေးဝေးသွားတာထက် ချစ်ခြင်းတရားတွေနားရှိရင်း အပူအပင်တွေ မျှဝေခံစားကြတာကလည်း မိသားစုဘဝရဲ့ ပြယုဂ်ပါပဲ ။ အနည်းဆုံးတော့ အမေ့နားမှာ ကျနော်ရှိပေးနေရင် *သူ့အမေ...ကို သွားသွားမပြောနေနဲ့ ဟိုတစ်ယောက်သိရင် လွယ်တာမဟုတ်ဘူး* ၊ *အငယ်ကောင် က သူ့အမေသူများပြောတာကြိုက်တာမဟုတ်ဘူး* ဆိုတဲ့ အကာကွယ်ပေးမှုလေးပေးနိုင်တာနဲ့တင် ကျနော်က အမေ့တွက် အားကိုးရာလေးဖြစ်နေတဲ့ ဖြစ်တည်မှုကို နှစ်သက်သဘောကျမိပါရဲ့ ။
6 comments:
ဒီလိုလိမ္မာရတဲ့အကျိုးအားကြောင့် အမေ့ရဲ့မေတ္တာစွမ်းအားကြောင့် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ဝလာပါစေဗျား
လိမ္မာလိုက်တဲ့ ကြောင်ကလေး
မစန်ဒါကြီး
အမေတွေဟာ သူတို့သားသမီးတွေအပေါ်မှာ မျှမျှတတချစ်တယ်ဆိုပေမယ့် ...မသိမသာ အလေးပေးချစ်တာလေးတွေရှိစမြဲပေါ့... မောင်မျိုးလို လိမ္မာတဲ့သားတစ်ယောက် အဖို့တော့ အထူးပြောစရာမလိုပါဘူးလေ။
အကို့စာတွေဖတ်ရတာအရမ်းကောင်းတယ်
ဖတ်ပြီးသား post တွေတောင်ပြန်ပြန်ဖတ်မိတယ်
အမေတွေက သားတွေကို ပိုချစ်တာတဲ့။ သမီးတွေက ဘယ်လိုလုပ်ပေးပေး သားအကြောင်း မကောင်းပြောလိုက်ရင် ကာဆီးကာဆီးနဲ့.. .။ အဟီး.. ဘာမှတော့မဆိုင်ဘူး ပြောချင်တာပြောသွားတယ်။
designer replica luggage x52 d3c64k0e01 best replica bags online a07 c3r43c9e97 Ysl replica bags o93 a1g51k6v09
Post a Comment