ဘန်ကောက်မှာ အလုပ်လုပ်နေပေမယ့် ကိုယ့်မှာ ရေပေါ်ဈေး မြဘုရား ကိုရောက်ဖူးပြီလားမေးရင် ဟင်အင်းလို့ဖြေရမှာ ဖြတ်သွားဖြတ်လာလောက်ပဲရှိတယ် ရောက်ကတည်းက အလုပ်ရဖို့ကိုသာရှာနေရတာနဲ့ အလုပ်ရပြန်တော့လည်း မနက်ကနေ ညနေထိ အလုပ်ဆင်း ပိတ်ရက်လေးတစ်ရက်မှာ ပါစင်နယ်လေးလုပ်ရတာနဲ့ ဘယ်မှ ဟုတ်တိပတ်တိမရောက်ဖြစ်ဘူး ။ ဒီလ ၁၆ ရက်နေ့က အလုပ်က အပျော်ခရီ ပို့ပေးတယ် Company ၁၁ နှစ်ပြည့်အတွက် ။ ကိုယ်လည်း ဘာလိုလိုနဲ့ အလုပ်ဝင်တာ တစ်နှစ်နီးပါးလောက်ရှိပြီဆိုတော့ လိုက်ခွင့်ရတယ် ထိုင်းဝန်ထမ်းတွေနဲ့အတူ ကျနော်ရယ် အလုပ်ဖော်သူငယ်ချင်းရယ်ပဲ မြန်မာပါတယ် ။ စနေနေ့ မနက်သွား တနင်္ဂနွေ ညပြန်လာ ။
မြို့ကြီးတွေမှာ ကြုံကြရတဲ့ စိတ်ဖိစီးမှုများ ဖြေဖျောက်ဖို့အတွက် ဘော့စ်က တမင်ရည်ရွယ်ပြီးတော့ကို ခေါ်သွားပေးတာမျိုးပါ အလုပ်တွေများပြီး တစ်ယောက်နဲ့တစ်ယောက် တစ်ရုံးတည်းနေပေမယ့် မခေါ်မပြောကြသူများ အသစ်ရောက်လာပြီး အဖွဲ့မကျသေးသောသူများ ပိုမိုရင်းနှီးစေချင်တာကြောင့်လည်းပါမယ်ထင်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ စိတ်အပြောင်းလဲလေးတစ်ခုနဲ့ နယ်မြေဗဟုသုတ ရစေခဲ့တော့တာ ။
လမ်းမှာ ထမင်းစား နားတုန်းရိုက်ထားကြတာ ။ညနေပိုင်း ကစားကြရင်း ဘော့စ်နဲ့အတူ အမှတ်တရ
ကျနော်တို့အဖွဲ့ ပထမ ရတယ်ဗျး) ဘီလောက်လဲသိလား စာအိတ်ကြီးဖောင်းနေလို့ ပျော်နေတာ ဘီဟုတ်မတုန်း ၂၀ တန်တွေ ၅၀၀ တည်း
Take me to your heart သီချင်း သူငယ်ချင်းက ဂစ်တာတီးသီချင်းဆို အစ်မ ၂ ယောက်က ဘေးကနေ က ကျနော်က ဖော်လို လိုက်း)
အောက်က ပုံကတော့ ဆုပေးခါနီး မြူးဇစ်ဆိုပြီး တစ်ဖွဲ့တစ်ယောက် ကခိုင်းတုန်း ဘီလို ကလိုက်မိမှန်းတောင်မသိ အရှိန်လေး နည်းနည်းရသွားလို့နေမယ် ။ည၁၀ နာရီထိုးမှာ ဒီဂျေက သီချင်းပိတ်ပေးတယ် ။
မနက်စာ စားရင်း ညကအရှိန်နဲ့ ညောင်နာနာဖြစ်နေတဲ့ အဖော်မဲ့သူတစ်ဦးး)
မြို့တည်း ပြန်ခါနီး လမ်းမှာ ဘုရားဝင်ဖူးကြသေးတယ် ။ ရုံးကအဖွဲ့တွေနဲ့ အမှတ်တရ ။
ဘုရားပေါ်ကနေမြင်ရတဲ့ ကန်ချနဘူရီ ခရိုင်ရဲ့ စိမ်းမြမြ မြင်ကွင်း မြန်မာပြည်ရဲ့ ဘာအံရှု့ခင်းနဲ့တောင် ခပ်ဆင်ဆင် ။
အလုပ်မှာ မြန်မာဝန်ထမ်းလေး ၂ယောက်ပဲရှိပေမယ့် ဖေဖေမမ နဲ့ စိတ်ကောင်းရှိကြတဲ့ အလုပ်ဖော်တွေ ။အလုပ်တွေများပြီး အမြဲ မျက်နှာကြောတွေတင်းနေတဲ့ အန်တီကြီးတွေ ။ အရင်က စတိုင်လ်ကြီးတစ်ခွဲသားနဲ့ နေတတ်ကြတဲ့ ရုံးဝန်ထမ်းအစ်မတွေ ဒီဂျေ အရှိန် ၀ီစကီအရှိနဲ့ ကကွက်စုံလင်ပြီးတဲ့နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြုံးစိစိ နဲ့ဖြစ်လို့ အရင်ထက် ရင်းနှီးမှု ပိုရရှိခဲ့တာတော့ အမှန်ပဲ ။
ဒီခရီးစဉ်လေး လုပ်ပေးတဲ့ ဘော့စ်နဲ့အတူ စီစဉ်ကြီးကြပ်တဲ့အစ်ကိုတွေကိုကျေးဇူးတင်ကြောင်း တစ်နေ့ မြန်မာပြည်ပြန်သွားတဲ့အခါ အခုပျော်ရွှင်မှုလေး အမြဲတမ်း သိမ်းထားမှာဖြစ်ပြီး လုပ်ငန်းခွင်မှာ မြန်မာတစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရမှုအပေါ် ကူညီဖေးမကြတဲ့ လုပ်ဖော်ကိုင်ဖက်များ ဒီခရီစဉ်လေးမှာ လိုက်ပါပျော်ရွှင်ခွင့်ရတဲ့အပေါ် ကျေးဇူးတင်စကားပြောနေစဉ်း)
ထိုင်းမှာက ခရီးစရိတ် သိပ်မများပဲ လည်ပတ်စရာတွေတော်တော်များတယ်ဆိုတာ ခုနောက်ပိုင်းပိုသိလာတယ် အလည်လာသူများဖိတ်ပါ :P
11 comments:
ပျော်စရာကြီး..အိမ်ကလူတွေကတော့ ဘန်ကောက်ကို လည်ရတာ ပျော်တယ်တဲ့...အစားအသောက်တွေလည်း အရမ်းကောင်းဆိုပဲ...နောင်လည်း ဒီလို ပျော်စရာ ခရီးစဉ်တွေ များများထွက်နိုင်ပါစေ...
ပျော်စရာကြီးတော့... ဘောင်းဘီတိုလဲမဝတ်ထားဘူး :D
က လိုက်တာ ကွေးလို့ပါလား...
မစဒက
စာလာဖတ်တယ်မျိုးရေ ဘလော့ဆီကိုရောက်တုန်းတစ်ခေါက်ပေါ့
ပျော်ရွှင်အဆင်ပြေတဲ့အကြောင်းကြားရတဲ့ဝမ်းသာပါတယ်
မစိုး
မောင်မျိုးရဲ့ အပျော်တွေကို ဓာတ်ပုံထဲက တဆင့်မြင်ရပါတယ်... အလုပ်တွေချည်းဖိလုပ်မနေပါနဲ့ ငါ့မောင်ရေ... breakလေးပေးပါ... သတင်းတော့ကြားပါတယ်... မကြာခင် ခရီးထွက်မယ်ဆိုတာ.. ပျော်ရွှင်အဆင်ပြေပါစေ...
ညဖက်ကကွက်စုံခဲ့သမျှ နောက်မနက်အနေခက်တာတော့ ကျုပ်တို့လည်းကလိုပဲဗျို့
မောင်မျိုးတစ်ယောက် ပျော်နေတာတော့ အသေအချာပဲး).. ခရီးစဉ်လေးဖတ်သွားတယ်...
မေတ္တာဖြင့်
တီတင့်
လာလည်ရင် Guide လုပ်ပေးရမယ် ဆရာမျိုးရေ ..
လာလည်ရင် Guide လုပ်ပေးရမယ် ဆရာမျိုးရေ ..
ပျော်စရာခရီပဲနော်... အားလုံးလည်း ဖေဖေမမနဲ့ဆိုတော့... :P.. ဟီးဟီး.. လာလည်သွားတယ်.. ဖေ့စ်ဘုတ်မှာမြင်ပြီးသားတွေဆိုတော့ ထူးထူးထွေထွေမပြောတော့ဘူး...
နေ၀သန်
kyrie 7 shoes
supreme clothing
kyrie 9
golden goose
Golden Goose
bape hoodie
goyard
jordan shoes
hermes
kevin durant
Post a Comment