ဘ၀မှာ တစ်ခါလောက်တော့ လုပ်မယ်လို့ စိတ်ကူးရှိပြီးမလုပ်ဖြစ်သေးတဲ့အလုပ်တစ်ခုရှိပါသေးတယ် ။ မိမိကိုယ်ကိုယုံကြည်စိတ်ချမှုနည်းခြင်းကြောင့်လည်းမဟုတ်ပြန်ပေးဘူး ။ ဒါဟာ ဘ၀မှာ အမိန့်တစ်ခုစီရင်ချက်တစ်ခုနဲ့လည်းဆင်နေပြန်ကော ။ ကိုယ်ဟာလူရှုပ်လူပွေတစ်ယောက်မဟုတ်သလိုဗိုင်းကောင်းကျောက်ဖိအမျိုးသားကောင်းလေးလည်းမဟုတ်ပြန်ဘူး ။ တပ်မက်စွဲလမ်းစိတ် များလွန်းနေတာမျိုးမဟုတ်ပါပဲဒီအရွယ်မှာတရေးးနိုးအိပ်ပျက်ညတွေမှာတော့ အနားမှာတစ်စုံတစ်ယောက်ရှိနေစေချင်တဲ့ ခံစားမှုတွေရှိတယ်ဆိုရင်တော့ ဒါကိုအပြစ်တစ်ခုလို့ယူဆမယ်မထင်ပါဘူး ။
ဒီနိုင်ငံမှာလုပ်ငန်းခွင်
လုပ်ကိုင်ခွင့်အတွက်
လက်မှတ်သက်တမ်းတိုးရတဲ့အခါတွေမှာဆေးစစ်မှုတွေပြုလုပ်ရပြီဒါဟာလည်းအဖြစ်သဘောလို့ ကိုယ်ကတော့ယူဆလိုက်တာပဲအလုပ်သမားဦးရေသန်းနဲ့ချီရှိနေတဲ့ ဒီနိုင်ငံမှာဘယ်လိုစစ်ဆေးချက်ကများကိုယ်တွေ အတွက် သေချာတိကျမှာမို့လို့ သူတို့ဂရုစိုက်နေတာရန်ပုံငွေ
ရရှိဖို့လောက်ပဲလို့
ကိုယ်တော့မြင်တယ် ။
ပြီးခဲ့တဲ့တစ်ပါတ်လောက်ကမိတ်ဆွေတစ်ယောက်ဆီကနေအဖွဲ့စည်းတစ်ခုကဖွင့်ထားတဲ့ဌာနတစ်ခုကိုသိထားတယ်
ပိတ်ရက်တစ်ရက်ရက်မှာတော့ သွားဖို့ဆုံးဖြတ်ထားပေမယ့် မသွာရဲပြန် အဖြေဟာတစ်စုံတစ်ရာလွဲမှားခဲ့ရင်ဆိုတဲ့ အတွေးနဲ့
မိသားစုတွေဆီတောင် စိတ်တွေ
ချက်ချင်းရောက်သွားလို့ ။ မသွားခင် ဖုန်းနဲ့
ကြိုတင်
စုံစမ်းမှု ပြလုပ်တဲ့အခါမှာတော့ စစ်ဆေးချက်အဖြေကို နာရီဝက်အတွင်းသိရှိနိုင်မှာဖြစ်ပြီးဒီစစ်ဆေးချက်ဟာကာယံကံရှင်အပြင်
မိမိကို တာဝန်ယူစစ်ဆေးပေးမယ့် ဆရာဝန်သာလျှင် သိရှိမှာဖြစ်တယ်ဆိုတဲ့ အာမခံချက်တွေဟာကိုယ့်ကိုအဲ့ဒီနေရာကိုသွားရောက်ဖို့ တွန်းအားပေးမှုတွေပါပဲ ။
ပိတ်ရက်မှာတော့
သက်သောင့်သက်သာစိတ်ကိုထားလို့
အဖြေတစ်ခုကိုသိရှိနိုင်ဖို့အတွက်
ကိုယ်သွားခဲ့တယ်
ရင်မခုန်ပါဘူးဆိုရင်တော့ ဒါဟာညာတာပဲဖြစ်လိမ့်မယ် ။ ဘာကြောင့်သွားဖို့
ဆုံးဖြတ်တာပါလိမ့်လို့
ကိုယ့်ကိုယ်ကို
ပြန်ဖြေရရင်တော့
စိတ်ချလုံခြုံတဲ့
ခံစားချက်တစ်ခုရရှိဖို့အတွက်ပါ ။
စိတ်တွေ
လှုပ်ရှားလာတဲ့
ကိုယ့်ကိုယ်ကို
ပြန်အားပေးလိုက်တာက
( စိတ်အေးအေးထားစမ်းပါ
ဒါကိုအတွေ့အကြုံတစ်ခုအနေနဲ့
ပြူမူခဲ့တာကလွဲလို့
ဘယ်လို
ပြုမူခဲ့မှုမျိုးမှမရှိဘူးလေ ) ဆိုပြီးတော့ပါ
။
ဒီနိုင်ငံမှာကိုယ်တွေနိုင်ငံသားတွေအတွက်
နေရာတိုင်းလိုလိုမှာတန်းစီစောင့်ဆိုင်းခြင်းနဲ့သာရင်းနှီးလာတာတော်တော်ကြာပါပြီခုတော့ ကိုယ်သွားမယ့်နေရာကတိတ်ဆိတ်ငြိမ်သက်လို့ ၃ ထပ်မြောက်အထပ်မှာရှိတဲ့ စစ်ဆေးခန်းကိုဓာတ်လှေးခါးကတစ်ဆင့်တက်သွားတဲ့အခါ
ကိုယ့်ကိုလိုက်ပို့တဲ့ မိတ်ဆွေကလိုက်ခွင့်မရှိပဲ ပြန်ဆင်းသွားတယ် ။ ဒီစစ်ဆေးချက်ကိုကိုယ်ကလွဲပြီးဘယ်သူမှ သိစရာမလိုဘူးဒါကပဲသူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းလာရောက်သူတွေအတွက် ယုံကြည်စိတ်ချမှုကိုတိတိကျကျဆောင်ရွက်နေတာတွေ့ရတယ် ။
ကောင်တာမှာရှိတဲ့
အမျိုးသမီး ၂
ဦးကိုကိုယ့်နာမည်ပြောပြီး ကြိုတင်ဖုန်းဆက်ထားကြောင်းပြောလိုက်တယ် ။
ကွန်ပျူတာသုံးတတ်သူများအတွက်
တစ်ယောက်စာအလုံပိတ် ကွန်ပျူတာခန်းမှာမိမိရဲ့ အချက်လက်တွေကိုသွင်းရပါတယ် ။
ဒီအချက်လက်တွေ အားလုံးကိုကိုယ့်ကို တာဝန်ယူမယ့်ဆရာဝန်ပဲ
ကြည့်ရှူ့ခွင့်ရှိတယ် ။ ကိုယ်ကိုယ်တိုင်တောင် ပြန်မဖြေဖြစ်တဲ့
မေးခွန်းတွေကိုသူစိမ်းတစ်ယောက်ကိုပွင့်ပွင့်လင်းလင်းပြောပြဖို့ ဆိုတာသိပ်တော့မလွယ်တဲ့အလုပ်ပဲဘာပဲဖြစ်ဖြစ် ဒီအထိရောက်လာပြီးမှတော့ ဘာတတ်နိုင်မှာပါလိမ့် လုံခြုံစိတ်ချရမှု ပြီးပြည့်စုံပြီး အခမဲ့ဝန်ဆောင်မှုပေးတဲ့
ဒီလိုနေရာမှာကိုယ်တွေအတွက်တော့
အတိုက်အထက် အလွန်ကိုကောင်းနေတော့တာ ။ ကိုယ်ရလိုက်တဲ့ ကဒ်ပြားကလေးကိုကိုင်ရင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ နားနေခန်းမှာသက်သောင့်သက်သာထိုင်စောင့်နေလိုက်တယ်
။
ခဏနေတော့
ရွယ်တူ ဆရာဝန်မလေးတစ်ယောက်ရဲ့ ကိုယ့်နာမည်
ခေါ်သံကြားလိုက်တယ်
ပြီးတော့ ဆွေးနွေးမှုမှာအဆင်ပြေစေဖို့ သူ့ကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ပြုံးပြလိုက်တယ် ။
သူမကလည်းကိုယ့်ကိုဖော်ရွေစွာပြုံးပြလို့
သူမကကိုယ့်အတွက်တော့ အမိန့်တစ်ခုကိုပေးမယ့် စီရင်ချက်တစ်ခုပြောပြမယ့် တရားသူကြီးတစ်ယောက်နဲ့ တူနေပြန်ကော ။
နာမည် အသက်နဲ့ လက်ရှိနေရပ်လိပ်စာဇာတိနိုင်ငံတွေ မေးပြီးတဲ့အခါမှာတော့ သူမကကိုယ့်ကိုစိတ်အေးအေးထားပြီးမေးခွန်းတွေကိုဖြေဖို့
ပြောလာပါတယ် ဘာသာစကားအထိုလျှောက် နားလည်သူမို့ ကိုယ်တို့
ဆွေးနွေးပွဲဟာခက်ခဲမှုရယ်မရှိခဲ့ဘူး
။
တစ်ချို့မေးခွန်းတွေရဲ့အဖြေကိုမဖြေပဲကိုယ်ပြုံးနေလိုက်တဲ့အခါမှာသူမကကိုယ့်ကိုနားလည်မှုရှိစွာနဲ့
အိုကေမဖြေလည်းရတယ်တဲ့
အစိုးရဆေးရုံတွေကသူနာပြုအန်တီကြီးတွေဆိုကိုယ့်ကိုဟောက်လိုက်မယ့်ဖြစ်ချင်း
။ဒီစစ်ဆေးချက်ကိုခံယူဖို့အတွက်
ရှင်ဘာကြောင့် ဆုံးဖြတ်လိုက်တာလည်းဆိုတဲ့ မေးခွန်းကိုတော့ ဒီအရွယ်မှာထိုက်သင့်တဲ့ ပြူမှုဆက်ဆံမှုတွေ
ရှိခဲ့ဖူးတဲ့လူလတ်ပိုင်းတစ်ယောက်အနေနဲ့
မိမိကိုယ်ကိုစိတ်ချယုံကြည်မှု
ရှိတယ်ဆိုတဲ့
စိတ်ခံစားချက်တစ်ခုကိုရချင်တာကြောင့်ပါ
ဒီစစ်ဆေးမှုဟာလုပ်အပ်တယ်လို့လည်းထင်ပါတယ်လို့
ကိုယ် အေးဆေးစွာ
ပြန်ဖြေလိုက်တယ် ဆရာဝန်မလေးက အဖြေကိုသဘောကျသွားပုံနဲ့ အိုကေကျမတို့
စစ်ဆေးမှုစလိုက်ရအောင်ဆိုပြီးသူမကတော့ လုပ်နေကျအလုပ်တစ်ခုကိုအေးဆေးစွာ ပြုလုပ်နေလို့ ကိုယ့်မှာသာဟန်ဆောင်
ထိန်းနေရပေမယ့် ရင်ခုန်သံတွေကတဒိတ်ဒိတ် ကိုယ့်အပြင် ဘယ်သူမှ သိနိုင်မယ်မထင် ။ ဆေးစစ်ချက်
အဖြေထွက်လာပြီနောက်မှာ
မစိုးရိမ်ဖို့
ပြီးတော့
တိုင်ပင်ဆွေးနွေးနိုင်ဖို့ကိုသူမကကိုယ့်ကိုစိတ်ရှည်လက်ရှည်ရှင်းပြနေလေရဲ့ ။
နားနေဆောင်မှာအဖြေကိုစောင့်နေသူတွေထဲကိုယ့်အပြင်
၃
ဦးလောက်လည်းရှိသေးတယ်
ဖုန်းကိုသဲကြီးမဲကြီးပွတ်နေတဲ့သူတစ်ယောက် တွေတွေကြီးငေးမောနေသူကတစ်ဦး ၊ သတင်းကြည့်နေတဲ့သူတစ်ဦးပါ သူတို့ပုံတွေကတည်ငြိမ်နေသယောင်ပေါက်နေပေမယ့် စိတ်လှုပ်ရှားနေပါတယ်ဆိုတာကိုယ်လည်းအဖြေကိုစောင့်ဆိုင်းနေသူမို့
ခံစားနားလည်မိပါရဲ့ ။
နံပါတ်စဉ်ကဒ်ပြားခေါ်သူကိုယ့်အရှေ့ကတစ်ယောက်လာတဲ့အခါ
လူကဒူးတွေတုန်လာတယ် အဖြေကိုမစောင့်ပဲ ပြန်သွားလိုက်ရင်
ကောင်းမလားမဖြစ်သေးပါဘူးလေဒီအထိရောက်လာပြီးမှ
ပြန်သွားမယ်ဆိုအချိန်တွေ မိတ်ဆွေအပြင် ကိုယ့်ကို
တာဝန်ယူဆွေးနွေးပေးသူ
ဆရာဝန်မလေးကိုပါ
အားနာစရာ ။
ဘယ်အရာဖြစ်ဖြစ်
ကိစ်စတိုင်းမှာအဖြေကတော့ရှိစမြဲပဲ ။
ကိုယ့်နာမည်
ခေါ်သံကြားတဲ့အခါ
ရင်ကဒိတ်ခနဲ
။
ခြေလှမ်းတွေတောင်မှားလို့ ပြီးတော့ တံခါးကိုလည်းအကျယ်ကြီးပိတ်မိသွားတယ် ။ ကွန်ပျူတာမျက်နှာပြင်ကို
ကြည့်နေတဲ့
ဆရာဝန်မလေးကို ကြည့်ရင်
ကိုယ်ပါ
အဖြေကိုပြေးကြည့်ချင်စိတ်ပေါက်သွားတယ်
။ လက်ဖျားတွေလည်းအေးစက်လို့ ကိုယ်မျက်လုံးကိုခဏမှိတ်ပစ်လိုက်တယ်
လက်ကိုဆုပ်ကိုင်ရင်းပြောလာမယ့် အဖြေကိုအာရုံစိုက်လိုက်တယ် ။
ပြီးတော့ သူမပြောလိုက်တဲ့ အဖြေက ( ဆေးစစ်ချက်အဖြေကရှင့်မှာ HIV
- Negative ပါ စိုးရိမ်စရာတစ်ခုမှ
မရှိပါဘူး
ဝမ်းသာပါတယ်ရှင်
ဒါပေမယ့်
ရှေ့ဆက်
ပြုမူစရာတွေကြုံလာတဲ့အခါမှာတော့
လုံခြုံစိတ်ချမှုရှိဖို့
အကြံပေးချင်ပါတယ်)
တဲ့ ။ သူမကိုကိုယ်သိပ်ကျေးဇူတင်သွားတယ်
ဆွေးနွေးခန်းကထွက်လာတဲ့ အခါ ကိုယ့်မျက်နှာပေါ်ကအပြုံးရိပ်ကိုကိုယ်တိုင်နှစ်သက်လွန်းလို့ ။ ဒီနေ့ရက်ဟာကိုယ့်အတွက်
မင်္ဂလာရှိလွန်းစွာ။
စစ်ဆေးချက်အပြင်
လာရောင်စစ်ဆေးသူများအတွက်
တစ်နှစ်စာအခမဲ့ကြည့်ရှု့နိုင်တဲ့
ရုပ်ရှင်လက်မှတ်လေး ၂စောင်ပါ ရလိုက်သေးတယ်
း)
ကိုယ့်အတွက်တော့
ဝမ်းသာစရာတွေက တစ်ခုပြီးတစ်ခု ။
အိမ်အပြန်လမ်းမှာကိုယ့်ကိုယ်ကိုမှတ်ချက်ပြုလိုက်တာကမင်းဟာ
ပြီးပြည့်စုံတဲ့ ရိုးသားသူတစ်ယောက်တော့မဟုတ်ဘူးဒါပေမယ့်မင်းဟာသန့်ရှင်းသူတစ်ဦးဆိုတာမင်းကိုယ်မင်းတော့
လက်ခံလိုက်ပါဆိုတာပါ။
ဒီစာကြောင်းများအား ပြုံးရိပ်သန်း၍ရေးသားပါသည် ။
ဒါနဲ့ ပိုနေတဲ့ ရုပ်ရှင်လက်မှတ်ကလေးတစ်စောင်ကိုကိုယ် ဘာလုပ်ရမှာပါလိမ့် ????
5 comments:
ဟင်..
ဘကြီးက အစစ်မဟုတ်တော့ပါလား..
ဘလော့ဂ်ရိုးလ်မှာ တက်မလာတော့ မသိလိုက်ဘူး မောင်မျိုး။ သတိတရ ဘလော့ဂ်ကို လာကြည့်တော့မှ အသစ်တင်ထားတာ သိရတာ...။
စိတ်ခံစားချက်ကို ရေးပြသွားတာ သဘောကျတယ်..။
စာဖတ်သူပါ တထင့်ထင့်နဲ့ အဖြေကို ငံ့လင့်နေမိတယ်..။
နောက်ဆုံးမှာ ကိုယ် ပါ ရောယောင်သက်ပြင်းခပ်ဖွဖွချမိတယ်။
ပတ်ဝန်းကျင်ရဲ့ အခြေအနေ၊ စိတ် အတက်အကျ..ဒါတွေ ရေးပြသွားတာ ကောင်းတယ်..။
ပိုနေတဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်ကို အသုံးချရင်း နောက်ထပ် လက်မှတ်နှစ်စောင် ထပ်မရပါစေနဲ့တော့ကွယ် :P
More about the authordescription great post to readClick This Link see herepop over to this web-site
company website 7a replica bags wholesale read the article replica bags buy online check out the post right here buy replica bags
Post a Comment