Thursday, August 29, 2013

အိတ်ကိုမှောက်လို့ နှစ်ဆယ့်ကိုးး

ဦးလေးကြီးရေးတဲ့ အိတ်မှောက်သွန်ပစ်  နှစ်ဆယ့်ရှစ်ကို အားကျလို့     ကာရန်ညီအောင်ပြောင်းရေးပါတယ်း)  ။   ဟိုးအရင် အိတ်ကိုမှောက်ဖူးပြီသားဆိုတော့ မရေးတော့ဘူးလေဆိုပြီး  သူများရေးထားတာတွေပဲ  အားရပါးရ လိုက်စပ်စုကြည့်တာ ဘာတွေများရှိမလဲပေါ့  ။ ကျနော့်အစ်မ  မဟွင်းဟွင်းက  မောင်မျိုးလည်း အိတ်မှောက်ပါဆိုလို့ ညက  အခန်းပြန်ရောက်ရောက်ချင်းမှောက်ပါတယ် အိတ်ကိုသွန်ချ  ပြီးတော့ ကြည့်ကောင်းအောင် ဟိုစီဒီစီ   တကယ်ကတော့  အိတ်ထဲ  သွန်ထည့်ထားတာတွေကြီးပဲ အစီစဉ်ကျဖို့လုံးဝမရှိဘူး  လိုချင်တာရှိ လက်နဲ့စမ်းပြီး  မဲနှိုက်သလိုနှိုက်လိုက်တာကြီးတွေပဲ ။ အိတ်ထဲကဟာတွေသွန်ချပြီး ကောင်းကောင်းဓာတ်ပုံရိုက်နေတဲ့ကိုယ့်ကို အခန်းဖော်က  ကြောင်သွားပြီလားဆိုပြီး ကြည့်သေးတယ် ။      ဘလော့ဂါဆိုတာ ဒီလိုပဲ  စည်းလုံးမှုကိုပြရတယ်ဆိုတဲ့ အထာနဲ့   ချက်ချင်းကို လိုက်လုပ်ပစ်လိုက်တယ်း) 



ကျနော့်ရဲ့  ခရေဇီအဖြစ်ဆုံးတွေထဲ   အိတ်တွေက ထိပ်ဆုံးကပါပဲ အိတ်ကောင်းကောင်းသန့်သန့်လေးတွေ  တွေ့ရင် လိုချင်တယ် ဒါပေမယ့် အိတ်ကလေးတစ်လုံးတည်းကို ဈေး အရမ်းကြီးပေးလွယ်ရမှာကျတော့ နှမြောတယ်  အဲ့တာကြောင့်  ခပ်ပေါပေါလေးတွေပဲ လွယ်တယ်       ပေါတာမက်တော့ ခဏလေးပျက်ရတာနဲ့ ကြုံတာပေါ့   ခုအိတ်ကလေးကိုကြည့်  အပေါ်ဇစ်က   ပျက်နေပြီး     ဆွဲဖွင့်တာများတော့   ပြုန်းသွားတယ် ။  အိတ်ထဲမှာ ထီးပါတယ်   နားက ခဏခဏယားလို့ ကလောက်တဲ့ ဂွမ်းတံထုတ်ပါတယ်  မျက်မှန်က  တစ်ခါခါမှတက်တယ်    လက်သည်းညှပ် ၊ ဘော်ပင်နဲ့    အလုပ်မှာသုံးတဲ့အသုံးအဆောင်နည်းနည်း    အကြွေစေ့ ထည့်ထားတဲ့  အညိုရောင်အိတ်ကလေးတစ်လုံး ကားခပေးရအောင် အဲ့ထဲ စုထည့်ထားတာ    ပြီးတော့ ပတ်စပို့စ် ပုံမှန်တော့ မယူတာများပါတယ်   တလောက  ပုလိပ်တွေ ထနေတာနဲ့  ထည့်ဆောင်ဖြစ်နေတာ ။  ပိုက်ဆံအိတ်ထဲမှာ  ၂၀၀ လောက်ပဲပါတယ်  ဘဏ်ကဒ်    ခဏခဏကို   ၂၀၀    စီ သွားထုတ်နေလို့  ဘဏ်ကတောင် အမြင်ကတ်နေပြီလားမသိတော့ပါဘူး ။   တစ်ခါတလေ သီချင်းနားထောင်ရအောင် နားကြပ်  ဖုန်းနဲ့ရိုက်ထားတာဆိုတော့ ဖုန်းတော့ မပါဘူး ဒါနဲ့   ကြွားအုံးမလို့   အနော်  ပွတ်တဲ့ဖုန်းလေးဝယ်လိုက်ပီ  ငှဲငှဲ  ခုတော့ သုံးစရာပြတ်နေတယ် ဖုန်းဝယ်ထားတဲ့အကြွေးပြန်ဆပ်လိုက်ရတာကိုးးး ။ဦးလေးကြီးပြောသလို ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ရင်   ဖုန်းကနေ အမြဲ ထုတ်လွှတ်နေတဲ့ radiation ရောင်ခြည်တွေကြောင့်ပါ၊ ဖုန်းကို လုံးဝပိတ်ထားတဲ့ အချိန်ကလွဲလို့ radiation တွေအမြဲ ထွက်နေတတ်တော့ ယောက်ျားတွေရဲ့ မျိုးပွားအင်္ဂါ အဖွဲ့အစည်းကို ထိခိုက်နိုင်တယ်လို့ ပြောကြတယ်...၊း)  အဲ့လိုသာဆိုရင်တော့ ကျနော် လိုချင်တဲ့  သမီးအမွှာပူးလေး ရတော့မယ်မထင်ဘူး  သမီးတို့ရယ်  အဖေ မိုက်ကိုခွင့်လွှတ်ပါလို့သာ ပြောရတော့မယ်    ။

 မျက်နှာခဏခဏသစ်ပြီးရင် လူးရအောင်  ဗူးတစ်ဗူးး  ပြီးတော့ နှုတ်ခမ်းကွဲလို့  နှုတ်ခမ်းနီဗူးတစ်ဗူး   ။ တဟ်ခါတလေ   Toilet  ၀င်ရင်   အရေးပေါ်သုံးရအောင် တစ်ရှူး         မျိုးစုံသုံးတာပဲ  ချွေးထွက်သုတ်တယ်    တစ်ခုခုစားလို့ပေရင်   သုတ်တယ်း)   တကယ်ဆိုရင်တော့  ပေါ့ပေါ့ပါးပါးလေးပဲ သွားချင်တာ ကျနော်က မေ့တတ်တာများတော့ ခဏ သော့ကျန်ပြန်ပြီ    ဖုန်းကျန်ပြန်ပြီး  ဟိုဟာကျန် ဒီဟာကျန်ဖြစ်တတ်လွန်းလို့ကို အိတ်တစ်လုံးတည်း စုပြုံထည့်လိုက်တော့မှပဲ စိတ်ချရတာမျိုး ဒါတောင်တစ်ခါလေ ဘာကျန်အုံးမလဲဆိုပြီး ခဏခဏ ဖွင့်ကြည့်လွန်းလို့ကို  ဇစ်တွေပြုန်းပေါင်းများပြီ ။ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့  ကျောပိုးအိတ်ကလေးတွေကို သိပ်ကြိုက်ပါတယ် သူတို့ဟာ  ကျနော်တို့တွေ  ဘယ်လိုအရပ်မျိုးကိုပဲ  သွားသွား  ပျော်ရွှင်ခြင်းတွေပဲ ထည့်ထည့်   စွန့်စားခြင်းတွေနဲ့ပဲ  ထွက်ခဲ့ထွက်ခဲ့  ကျနော်တို့နဲ့     ထပ်ကြပ်မကွာလိုက်တတ်ကြတာလည်း ကျောပိုးအိတ်ကလေးတွေပါပဲ ။ 

မှောက်ချလာတဲ့ အိတ်ကလေးတွေကြည့်ပြီး စာရေးဖော် အစ်ကိုအစ်မတွေရဲ့ စည်းစနစ်ကျမှု    သပ်ရပ်ပေါ့ပါးမှုလေးတွေကို   ပုံဖော်ခွင့်ရလိုက်တယ် ။ ကျနော့်အိတ်ကိုကြည့်ပြီး ဘယ်သူတွေက  ဘယ်လိုမြင်ကြမှာပါလိမ့်  ရှပ်ပြာတိုက်နေတဲ့ ရုပ်တည်ကြီးနဲ့ လွဲတတ်တဲ့  သူတစ်ယောက်ကိုတော့  ကျနော့်ပါသာ မြင်လိုက်တာပဲး)

ဆက်ပြီးမှောက်ချလာမယ့် အိတ်တွေကို  စောင့်မျှော်စပ်စုရင်းးး   ကျနော်လည်း  ၂၉ မှာ နောက်မကျပဲ  ခေတ်မှီအောင် မှောက်ချလိုက်ပါတယ်    (အိတ်)  :)



13 comments:

ရွှေအိမ်စည်မေ said...

မျက်နှာ ခဏခဏသစ်တာကလွဲရင် ကျန်တာတွေ သိပ်မကွာလောက်ဘူးဆိုရမယ်...။
သူ့အိတ်ကတော့ ကျောပိုးအိတ်ကြီးးပေါ့လေ...။
ဒါနဲ့ အိတ်ကို ကြည့်ပြီး ပုံဖော်ရမယ်ဆိုရင်တော့ “ငါ့လိုပါပဲလား” လို့ :D...။
ကယ်ကူလေတာလေးလားမသိဘူး..အဲဒါလေးလည်း တွေ့တယ်....။
စတာပလာက ဘာလုပ်ဖို့လည်း မသိဘူး..ဟီးး
အကြွေစေ့ဆိုတာ ခဏခဏ တွေ့နေရတယ်..။
နာတို့ နိုင်ငံကလွဲပြီး သူညားဒေ အကြွေစေ့နဲ့ ဘတ်စ်ကားစီးလို့ရတယ်..ဗြဲ

Cameron said...

ဖတ်ပြီးသမျှအိတ်မှောက်တဲ့ သူတွေထဲမှာ မောင်မျိုးအိတ်ထဲမှာပဲ နားကျပ်တံတွေ့တယ်... ပွတ်ဖုန်းဝယ်လိုက်ပြီဆိုတော့ သမီးတို့အဖေမိုက်မဖြစ်ခင် မြန်မြန်ယူလိုက်တော့ပေါ့ကွယ်...။

မျှားပြာ said...

ဟိုက်၇ှားးးးးးးးး အမွှာပူးတောင်မွေးမယ်ဆိုပဲ
မိုက်တယ် ရေးထားတာလည်း ဂွတ် ..... ။

Adora etc. said...

သမီးတို့ရယ် အဖေ မိုက်ကိုခွင့်လွှတ်ပါလို့သာ ပြောရတော့မယ် ဆိုတဲ့နေရာမှာ အသံထွက်အောင်ကို ရီသွားပါတယ် ကိုမျိုးရေ

San San Htun said...

သမီးတွေက အဖေမိုက်ကို ခွင့်လွှတ်မှာပါ..းD..ကျောပိုးအိတ်ကြိုက်တာ တူတယ်ဗျို့ ...

ညီလင်းသစ် said...

ညီ ရေးထားတာကို ဖတ်ပြီးတော့ တပြုံးပြုံးနဲ့ကို သဘောတွေ ကျနေရတယ်..၊း)) အိတ်ထဲကို မကြည့်ဘဲ နေ့တိုင်းနေ့တိုင်း ကံစမ်းမဲ နှိုက်နေတဲ့ အဖြစ်ကလည်း ရယ်ချင်စရာ..၊ “အဖေမိုက်ကို ခွင့်လွှတ်ပါ..” ဆိုတဲ့ နေရာမှာတော့ သူများတွေလိုပဲ ဝါးလုံးကွဲကို ရယ်လိုက်မိတော့တယ်...၊းD

ဒါနဲ့ ကျောပိုးအိတ်နဲ့ ပတ်သက်ပြီးတော့ ညီ့ကို အကြံကောင်းတစ်ခု ပေးမလို့...၊ နောက်တစ်ခါ ကျောပိုးအိတ် အသစ်တစ်လုံး ဝယ်ရင် ဇစ်မပြုန်းအောင် လုပ်တဲ့နည်း.....၊ အရင်ဦးဆုံး အိတ်ထဲကို ဘာမှမထည့်နဲ့ဦး၊ အိတ်ထဲမှာ ဘာမှမရှိတာ သေချာပြီဆိုရင် ကျောပိုးအိတ်ကို ဇစ်အပြည့် ဆွဲပိတ်ပြီး လွယ်လိုက်...၊ ပြီးတော့မှ ကျောပိုးအိတ်ထဲ ထည့်မယ့် ပစ္စည်းတွေကို ကျွတ်ကျွတ်အိတ် တစ်လုံးထဲ စုပြုံကောက်ထည့်ပြီး လက်ကဆွဲသွားလိုက်...၊ ထုတ်စရာရှိ ကျွတ်ကျွတ်အိတ်ထဲက ထုတ်၊ ထည့်စရာရှိ ကျွတ်ကျွတ်အိတ်ထဲကို ထည့်...၊ အဲဒီလို အမြဲလုပ်သွားရင် ကျောပိုးအိတ်လေး ဇစ်မပြုန်းတော့ဘူး...။းPးD

ဟန်ကြည် said...

ဘီးနဲ့မှန် ဘယ်နားသွားဝှက်ထားလိုက်သလဲ မောင်မျိုး...း)

သူများတွေ မှောက်နေလို့ အားကျပြီး မှောက်မလား အောက်မေ့ပါတယ်...ကိုယ့်အိတ်ထဲမှာက ပြဌာန်းစာအုပ်တွေ သင်ထောက်ကူတွေချည်းဖြစ်နေလို့ အမှောက်ခက်နေပါရောလား...ဟဲ ဟဲ

လောလောဆယ်တော့သူများမှောက်တာတွေပဲလိုက်ကြည့်နေတုန်းး)

မြသွေးနီ said...

ရုံးက အလကားရတိုင်း အိတ်ထဲထည့်ထားတဲ့ စတေရှင်နရီတွေ.. မသက်ဝေကျေးဇူးနဲ့ မိပြီ... :)
ယောကျာ်းလေးလဲ ပစ္စည်းတွေ ပါသင့်သလောက်ပါတာပါပဲ..
ကိုညီပြောတဲ့နည်းလေး မဆိုးဘူး။ မှတ်ထားဦးမှ..

မြသွေးနီ said...

ရုံးက အလကားရတိုင်း အိတ်ထဲထည့်ထားတဲ့ စတေရှင်နရီတွေ.. မသက်ဝေကျေးဇူးနဲ့ မိပြီ... :)
ယောကျာ်းလေးလဲ ပစ္စည်းတွေ ပါသင့်သလောက်ပါတာပါပဲ..
ကိုညီပြောတဲ့နည်းလေး မဆိုးဘူး။ မှတ်ထားဦးမှ..

Thandar Lwin said...

ဘုရားရေ
မျက်နှာလိမ်းတာနဲ့ နှုတ်ခမ်းနီဘူးမပါတာ ကိုယ်တစ်ယောက်ထဲပါလား ။
စုံပလုံကို စိနေတာပဲတော့ မောင်မျိုးအိတ်ထဲမှာ
အဲလေ သမီးအမွှာရဲ့ အဖေမိုက်အိတ်ထဲမှာ

Angelhlaing(May everybody be happy and healthy! said...

အိတ်ဖွင့်ရင်း... ကျောပိုးအိတ်လေးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး...ကိုသဘောကျသွားတယ် ..:)

တန်ခူး said...

မောင်မျိုးရေ. လူကြုံရှိရင် အမကိုလဲပြောပါ. အိတ်ကောင်းကောင်းလေးထည့်ပေးလိုက်မယ်. အရင်ကသားကျောင်းအိတ်ဆို ခဏခဏပျက်တာ. ခုလွယ်တဲ့အိတ်ကလေးဝယ်ပေးပြီးမပျက်တော့ဘူး. အတော်ခိုင်တာ. ပွတ်ဖုန်းရပြီဆိုတော့ viber နဲ့ ဖုန်းခေါ်လို့ ရပလား.

ညိုလေးနေ said...

ဘလော့ဂါတိုင်းလိုလို " ကြောင်သွားပြီလား " ဆိုတဲ့အကြည့်မျိုး အကြည့်ခံရတတ်တယ် ထင်ပါရဲ့နော် ၊
အဲလိုအကြည့်ခံပြီးတော့ကို မှောက်ပြထားတဲ့ ကျောပိုးအိတ်လေး လာကြည့်သွားတယ် :)

LinkWithin

Related Posts Plugin for WordPress, Blogger...