ဒီကိစ္စက စဉ်းစားကြည့်ရင် ရယ်စရာတော့
တော်တော်ကောင်းသား စာတွေ ကဗျာတွေဖတ်ဖူးတဲ့ထဲမှာတော့ မနက်
မနက်ဆို တေးငှက်ဆိုသံလေးတွေနဲ့ နိုးထရတယ်ပေါ့ ကိုယ်လည်း အဲ့လိုလေးနားဆင်ဖူးပါတယ် ရွာရောက်ရင်
မနက်ပိုင်းကျ
ငှက်တေးဆိုသံလေးတွေ
။ ခုတော့ ဘယ်ဟုတ်မလဲ ပြောင်းလာတဲ့
အခန်းသစ်က
ဘေးအိမ်တွေက
ခြံဝင်းကြီးတွေနဲ့ ပြီးတော့ သစ်ပင်တွေ
တော်တော်များတယ် အဲ့တော့ ငှက်တွေ ပေါတာပေါ့ အပေါဆုံးကတော့ ခိုငှက်တွေပါ မနက် ဆို
သူတို့
အော်သံက တော်တော်ဆိုးတာ အခန်းပြောင်းတဲ့နေ့ကဆို ငှက်ချေးတွေ
တော်တော် တိုက်ချွတ်လိုက်ရသေးတယ် ။
ရေချိုးခန်းမှန်ချပ်ကလည်း ကွဲနေတော့
ငှက်တွေက ၀င်ပြီး
အပေါ့အလေးသွားကြသေး တော်တော်
အမြင်ကတ်ဖို့ကောင်းတယ် တစ်နေ့က
သူငယ်ချင်းတစ်ယောက် လာလည်ရင်း အပေါ့ဝင်သွားတော့
နှာခေါင်းရှုံ့သေးတယ်တဲ့ သူပြောတယ် ရေအိမ်ခန်းထဲ အ၀ါ အဖတ်တွေ
တွေ့တယ်တဲ့
း) အောင်မာ ငါက ခလေး ကုလားမှတ်လို့ အဲ့တာ ငှက်ချေးတွေဆိုပြီး အဲ့ ငှက်ရာဇ၀င်
သူ့ကို
ငြီးချင်ချရသေးတယ်။ မနက်ဆို အခန်းပြတင်းပေါက်ကနေ လာငြီးနေတော့တာ စကားပုံမှာ
အငြီးသံတဲ့သူတွေကို ခိုနဲ့
နှိုင်းတာ ရှိတယ်
ဒါပေမယ့်
ခိုငြီးသံကို ခုမှပဲ သေချာကြားဖူးတော့တာ တကယ် နားဝင်ဆိုးတယ် မသိရင် လူနာ
ငြီးသလိုပဲ မုန်းစရာကြီး ပထမ နေ့တွေ သည်းခံသေးတယ်
နားပိတ်ပြီးဆက်အိပ်တယ်
နောက်နေ့တွေကျ
လွန်လာတယ်
သည်းမခံနိုင်တော့ဘူး
တံခါးဝကို
အသာလေးသွားတယ်
ပြီးတော့ ရေဗူး အလွတ် တစ်လုံးယူပြီး ပယ်ပယ်နယ်နယ်တီးပစ်လိုက်တယ် သေအောင်တော့
မရိုက်ပါဘူး မှတ်လောက်
သားလောက်အောင်ဆုံးမပေးလိုက်တာ။
ပြတင်းပေါက်က သံဇကာ ကာထားတော့
သူ ချက်ချင်းပြေးမရဘူး ကျနော်လည်း ၃-၄ချက်လောက်
ရေဗူးနဲ့ တီးထည့်ပေးလိုက်တယ် နောက်နေ့တွေကျ အဲ့အကောင်
ဟုတ်လား မဟုတ်လားလည်းမသိပါဘူး ရေဗူးသံပေးလိုက်တာနဲ့
ပြေးတာ တန်းလို့ စာရေးစရာပို့စ်လည်းမ၇ှိတာနဲ့ ဘာရေးရင်
ကောင်းမလဲဆိုပြီး တွေးနေတယ် ငှက်ငြီးချင်းရေးမယ်ဆိုပြီး
ညနေက
သက်သေပြရအောင်
အဲ့အကောင်ကို ဓာတ်ပုံခိုးရိုက်နေတာ ကင်မရာပဲ
ချိန်ရသေးတယ်
ထ
ထ ပျံလို့
ရိုက်လို့ကိုမရဘူး
နောက်ဆုံးတော့
ကုတ်ချိုချိပုံလေးရိုက်လို့ရသွားတယ်
ကျနော် ရေဗူးနဲ့
တီးလိုက်တဲ့ အကောင်
ဟုတ်မဟုတ်တော့မသိဘူး
ဒါပေမယ့်
သူတို့ ၀တ်ထားတဲ့
ဝတ်စုံကတော့ တော်တော်တူတယ်ဗျး)
6 comments:
ငှက်တောင် ဝတ်စုံတူသတဲ့လား
ငှက်ဝတ်စုံလေး မြင်ဖူးချင်သား... :)
စာနဲ့တွဲဖတ်မှဘဲငှက်မှန်းသိတာမောင်မျိုးရေ... :D ပုံချည်းဘဲဆို မဲမဲအတုံးလေးတွေလို့ဘဲမြင်မှာ
တန်ဆေးလွန်ဘေးဆိုသလိုပေါ့. အရင်က မြန်မာပြည်မှာနွေရောက်ရင် ဥသြသံလေးကြားတိုင်း လွမ်းလွမ်းဆွေးဆွေး. ဒီရောက်တော့ မိုးရွာလဲ ဥသြ နေပူလဲ ဥသြ. သြသြနိုင်လွန်းလို့ အလွမ်းအဆွေးတွေတောင် ကြက်ပျောက်ငှက်ပျောက်လေ
ခိုညည်းသံက တကယ်နားကြားကပ်စရာ ကောင်းတယ်..ဒီအိမ်ထဲကကောင်က ရေဗူးနဲ့  ဆော်တယ်ဟလို့  အချင်းချင်း လက်တို့ ထားကြတာဖြစ်မယ်...:P
ကြောင်မာနနဲ့ ငှက်ကို ခုတ်မလွှတ်တာ တော်သေးတာပေါ့
မစဒက
Post a Comment