Monday, May 13, 2013

ရှင်သန်ခြင်း ဥပဒေဿ




ပန်းတိုင်ဟာ  ဟိုးအဝေးမှာ
တစ်ခါတလေ  နီးလာလိုက်
တစ်ခါတလေ  ဝေးသွားလိုက်
လိုက်ထား  ပြေးထား
အစာ နဲ့  မျှားခေါ်ခံရတဲ့ သတ္တ၀ါအသေးစားလေးတွေလို အစာနောက်လိုက်ထား
လမ်းတစ်လျှောက်မှာ  လဲမကျမိအောင်သတိထား
ပြေးနေရင်း  မေတ္တာတရားတွေနဲ့  ဝေးချင်ဝေးသွားနိုင်တယ်
အတ္တ မာန တွေနဲ့  ပုတ်သတ်တိုက်ခိုက်ရတဲ့အခါတွေ ရှိချင်ရှိမယ်
စိတ်မပျက် နဲ့  အားမငယ်နဲ့  မနက်ဖန်အကြောင်းမတွေးနဲ့
ရိုးရိုးလေးပါလို့တွေးရင်း  ရိုးရိုးလေးရှင်သန်ဖို့  ကြိုးစား
အနာဂါတ်မှာ သာယာမှုအကြောင်းတွေးလို့
ပစ္စုပ္ပန် မှာ ခါးသီးမှုနဲ့  လည်ပင်းဖက် ပေါင်းသင်းပါ
မျှော်လင့်မှု လက်တစ်ကမ်းအကွာမှာ နေထိုင်ရင်း
ဟိုး အဝေးက ပန်းတိုင်ဆီ  ပြေးဖို့ မမေ့လေနဲ့
ဒါဟာ  ဘ၀ ရဲ့ ရှင်သန်ခြင်း ဥပဒေဿ ။







6 comments:

Anonymous said...

ဥပဒေဆိုတဲ့ အပေါ်မှာ မြင်တဲ့လူနဲ့ သတ်ဆိုင်မယ်
ကောင်းတဲ့လူတွေအတွက် ဥပဒေဟာ ကာကွယ်ပေးတာဖြစ်ပေမယ့်
မကောင်းတဲ့လူတွေအတွက် ဥပဒေဟာ ပြစ်ဒဏ်ပေးတာပဲ

ရှင်သန်နေရတဲ့ ဘ၀ကို ဘယ်လို သုံးသပ်မလဲ.သုံးသတ်သူနဲ့သာသက်ဆိုင်ပါတယ်။
ပျော်ရွှင်ပါစေ

မြသွေးနီ said...

စိတ်မပျက်နဲ့ အားမငယ်နဲ့ မနက်ဖန်အကြောင်းမတွေးနဲ့
ရိုးရိုးလေးရှင်သန်ဖို့ ကြိုးစား..။

မောင်သီဟ said...

လောလောဆယ်လောကထဲမှာ သောကကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ရေးက အရေးကြီးဆုံးပါပဲ အဲဒီက နေတဆင့် ကျုပ်တို့ရဲ့ အနာဂတ်ကိုလှပအောင် တဘဝချင်း တဆင့်ချင်း ပျိုးထောင်သွားကြတာပေါ့ဗျာာာ

တန်ခူး said...

တခါတခါကျပြန်တော့ ပန်းတိုင်တခုဆုံးတိုင်း နောက်ပန်းတိုင်တခုရောက်လာတတ်ပြန်ရော. တခါတခါကျပြန်တော့ ပန်းတိုင်ကိုအရောက်သွားရင်း ပန်းတိုင်ပျောက်နေတတ်ပြန်ရော. အနတ္တလို့ နှလုံးသွင်းရင်း ရှေ့ဆက်ဖို့ အင်အားတွေမွေးရတာကပဲ ဘဝလား မသိပါဘူးမောင်မျိုးရယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဘဝ ရှင်သန်ခြင်း ဥပဒေဿလေးတွေကို အလေးအနက်ထားပြီး ဖတ်သွားခဲ့ပါတယ်ရှင်။

(ကဗျာလေးရဲ့ ပထမတစ်ကြောင်းမှာ ပန်းတိုင်အစား ပန်းတိုင်းဖြစ်နေတာလေးကို လက်တို့လိုက်ရပါစေရှင်။မြတ်ဆီ စာလာဖတ်တဲ့အခါတိုင်းလည်း စာလုံးပေါင်းသတ်ပုံလေးတွေ လွဲချော်နေတဲ့အခါ၊ စာလုံးအကျအပေါက်လေးတွေ ဖတ်မိတဲ့အခါ ပြင်ဆင်ဖို့ သတိပေးပါဦးလို့)

ခင်မင်စွာနဲ့
မြတ်ပန်းနွယ်

မဒမ်ကိုး said...

ဘယ်အကြောင်းအရာတွေဘယ်လိုဘဲတွေ့တွေ့ ပန်းတိုင်ကိုအေ၇ာက်သွားဖို့တော့မမေ့သင့်ဘူးမဟုတ်လား

LinkWithin

Related Posts Plugin for WordPress, Blogger...