Thursday, August 23, 2012

ခဏ

အဝေးဆုံးကို သွားချင်လို့
အနီးဆုံးကို ကျောခိုင်းတယ်
ဟိုတစ်ဘက်ကမ်းက
တရားဒေသနာကို
နာဖို့အတွက်
ဒီဘက်ကမ်းက
ငြိမ်းချမ်းခြင်း တချို့ ကို
လျစ်လျူရှုတယ်
အင်း .... လူဖြစ်ရတာ
မီးခြစ်ထိုင်ခြစ်ရတာလောက်
ရင်ခုန်စရာ မကောင်းဘူး
...............................
...............................
...............................
..............................
..............................
ခဏနေလို့ ရေအိုးခွဲမှ တို့တွေ
ရှိုက်ကြီးတငင် ငိုကြတာပေါ့ ...။

မျှားပြာ







9 comments:

8Yar said...

မိုက်တယ် အစ်ကိုမောင်မျိုးရေ... မျှားပြာ ဆိုတာ အစ်ကိုပဲလား။ မရောက်တာကြာလို့ Sorry ပါနော်။

minnoo said...

ဆက်ကြိုးစားသင့်ပါတယ်.. ကောင်းပါတယ်.

mstint said...

ခဏတာ လူ့ဘဝကြီးမှာ နောင်တမရစေဘို့ သံဝေဂလေး ကြိုတင်သတိချပ်သင့်တယ် မောင်မျိုးရေ။ 'မျှားပြာ' က မောင်မျိုးလား?
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

မျှားပြာရဲ့ ကဗျာလေးက အမရဲ့ လက်ရှိအခြေအနေအတိုင်း ဖြစ်နေလို့ ဖတ်ရင်းနဲ့ ထိထိခိုက်ခိုက် ခံစားရတယ် မောင်မျိုးရေ ...

ခဏ ... ဆိုတာလေးတွေ ခဏခဏ ကြုံရမှာ ကြောက်တယ်။

ညီလင်းသစ် said...

လူဖြစ်ရတာ မီးခြစ်ထိုင်ခြစ် ရတာလောက် ရင်ခုန်ချင်စရာ မကောင်းဘူးဆိုတဲ့ ဒီကဗျာလေး အရမ်းသဘောကျတယ် ညီရေ..၊

အဲဒီလို ခဏလေးတွေ များစွာကို ကျနော်တို့ ခဏခဏ ဖြတ်နေရအုံးမှာပါပဲ...။

Anonymous said...

မျှားပြာကိုသတိရမိတယ်... ဒီကောင်လေးအစစအရာရာအဆင်ပြေပါစေ


အစ်မမေဦးခင်

San San Htun said...

ကဗျာလေးက တိုတိပြတ်ပြတ်လေးနဲ့  ထိမိတယ်..

yanmaneee said...

supreme t shirt
hermes handbags
birkin bag
balenciaga
vans
kd 10
coach handbags
fila
supreme outlet
kyrie 5 shoes

Unknown said...

navigate herelook these up weblinkwebsites check over herefrom this source

LinkWithin

Related Posts Plugin for WordPress, Blogger...