မနှစ်တုန်းကလည်း Thailand's Got Talent ရဲ့ စိတ်ဝင်စားစရာ အစီစဉ်လေးတွေ တင်ဖူးပါသေးတယ် ။ ဒီနှစ်မှာတော့ ပြိုင်ပွဲ အစမှာ ပွဲစဉ်တွေကြည့်ပြီး သိပ်ပြီး စိတ်ဝင်စားစရာမကောင်းတာနဲ့ မတင်ဖြစ်ဘူး ။ ဒီနှစ်မှာတော့ ထိုင်းနိုင်ငံမှာ အပေါဆုံးလို့ ပြောရမယ့် အခြောက်တွေက အများဆုံး ပြိုင်ပွဲဝင်လာတယ်လို့ အစီစဉ်တင်ဆက်သူက ကြေငြာလိုက်တာလည်း နားထောင်မိလိုက်သေးတယ် ။ ဒီနေ့မှ အစီစဉ်ဟောင်းတွေ ပြန်ကြည့်ရင်း စိတ်ဝင်စားစရာ ကိုယ့်စိတ်နှလုံးကို ထိစေတဲ့ သူတစ်ယောက် အကြောင်း နားထောင်လိုက်ရတာမို့ မိတ်ဆွေတွေကို နားထောင်စေချင်မိတာနဲ့ ဝေမျှလိုက်ပါတယ် ။ ဒိုင်တွေရဲ့ သုံးသပ်ချက်မှာပြောသွားကြတာကတော့ သူ့ရဲ့ အသံဟာ သာမာန်အဆင့်မှာပဲရှိပါတယ်တဲ့ ဒါပေမယ့် သူပြောပြသွားတဲ့ သူ့ဘ၀အကြောင်းနဲ့ သူ့ရဲ့ သူ့ရဲ့ သီချင်းနဲ့အတူ စီမျောနေတဲ့ မျက်နှာပေါ်က ခံစားချက်က သူတို့တွေကိုပါ ခံစားမိစေတဲ့အကြောင်း မှတ်ချက်ပေးသွားပါတယ် ဒိုင်အမျိုးသမီးကတော့ မျက်ရည်မဆယ်နိုင်တဲ့ အဖြစ် ။
သူဟာ အငယ်လေးတည်းက မိဘစွန့်ပစ်ခြင်း ခံရတဲ့သူ ဒါပေမယ့် သူ့ရဲ့ မိဘအပေါ်ထားတဲ့ စိတ်နေစိတ်ထားလေးနဲ့ သူ့ဘ၀အကြောင်းတွေက သီချင်းဆိုမကောင်းပေမယ့် ပရိသတ်ကို မျက်ရည်ကျစေတဲ့ အဖြစ် ။ သနားစရာ သူ့အကြောင်းရာလေးကို သူပြောတဲ့ စကားလေးတွေ ဘာသာပြန်ပေးလိုက်ပါတယ် ။
* မင်္ဂလာပါ ခင်ဗျား ကျနော့် နာမည် ခင်း ပါ ။ အသက် ၂၆ နှစ်ပါ နေ့ပိုင်းတွေမှာတော့ ဈေးရောင်းပြီး ညပိုင်းတစ်ချို့မှာလည်း အလုပ်လုပ်ပါတယ် ။ အငယ်လေးကတော့ ကျနော် မိဘမဲ့ ကျောင်းမှာ နေခဲ့ပါတယ် ကိုးရီးယား မိဘတွေ မွေးစားပြီးတဲ့နောက် ကျနော်ဟာလည်း တစ်ခြား ခလေးတွေလို ကြီးပြင်းခဲ့ပါတယ် ။
အရင်ကနဲ့ အခု မတူတော့ဘူးပေါ့ အရင်ကတော့ ရတယ် ကျနော့်ကို စွန့်ပစ်ခဲ့ကြတာကိုပေါ့ အခု ကျနော် အရွယ်ရောက်လာပါပြီ ကျနော် အရှုံးမပေးချင်ဘူးဗျ ။ ကျနော် အခုတစ်ယောက်တည်းပါပဲ ကျနော်နေလို့ရတာပါပဲ ။ ကျနော် ရှေ့ဆက်ပြီး ဘ၀ကို ဆက်လျှောက်နေအုံးမှာပါ ။ အခွင့်ရရင်တော့ ကျနော့်မိဘတွေကို တစ်ကြိမ်လောက် တွေ့ချင်သေးတယ်ဗျာ အခွင့်ရေးရှိမယ်ဆိုရင်ပေါ့ *
ကျနော့်နာမည်လား မသိဘူးခင်ဗျ ကိုးရီးယားမိဘတွေ ပေးထားတဲ့ နာမည်ပါပဲ ။ ကျနော့်မိဘတွေလားး အင်းး... ကျနော်က စွန့်ပစ်ခံရတဲ့ ခလေးတစ်ယောက်ပါ ။ ကျနော်ဒီပြိုင်ပွဲကို ဘာကြောင့် ၀င်ပြိုင်ရတာလဲဆိုတော့ ကျနော့်မိဘတွေများ တကယ်လို့ နားထောင်နေမယ်ဆိုရင် သူတို့ကိုသိစေချင်တာပါ ကျနော် လောကကြီးမှာ ရှိနေသေးတယ်ဆိုတာ တစ်နေ့နေ့မှာ ဆုံအုံးမယ်လို့ပေါ့ ကျနော့်ကို သူတို့တွေ မကြည့်ရှူ့မစောင့်ရှောက်ခဲ့ပေမယ့် သူတို့ကို ကျနော်မမုန်းဘူးဆိုတာ သိစေချင်ပါတယ် ။ အခွင့်ရေးများရရင် တစ်ခါလောက်တော့ အမေနဲ့ အဖေ့ ကို ဖက်ကြည့်ချင်တယ်ဗျာ ဖက်ကြည့်ရုံလေးပါ ။ ကျနော့်မိဘတွေနာမည်လား မသိဘူးဗျ ကျနော့်ထိုင်းနာမည်တောင် ကျနော်မသိဘူး ဘာမွေးစားရင်းမှလည်း မရှိပါဘူး ။ ကျနော် ရတဲ့ ကျနော့် လုပ်အားခလား ဟုတ်ကဲ့ ကျနော့် ဘ၀ ရှေ့ဆက်ဖို့အတွက် သုံးရတာပေါ့ ။
ပရိသတ်များခင်ဗျား ဒီသီချင်းလေးနဲ့ စိတ်ခွန်အားပေးချင်ပါတယ် ကျနော့်အတွက်လည်းပဲ ကျနော့်မိဘတွေများ နားထောင်နေခဲ့မယ်ဆိုရင် ကျနော့်ရဲ့ စိတ်ခံစားချက် ကို သိစေချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။
သီချင်းလေးထဲက ရင်ကိုထိတဲ့ စာသားလေးတစ်ခုကတော့ အမေ ဘယ်သူမှန်းမသိပေမယ့် အမေဘယ်မှာလည်းမသိပေမယ့် အမေသာ နားထောင်နေမယ်ဆိုရင် ပြန်လာခဲ့ပါလို့ မှာလိုက်ချင်ပါတယ် ။
10 comments:
မောင်မျိုးရေ.. သူ့အသံနားထောင်ရရင် ပိုစိတ်မကောင်းဖြစ်မလား မသိ..။ အခု ရေးပြတာနဲ့တင် တော်တော် စိတ်မကောင်းဖြစ်သွားတယ်.. သူ့ရုပ်ကလည်း ရိုးရိုးပဲနော်..။ စိတ်ထားလေးကလည်း ကောင်းလိုက်တာ....။ မိဘကို စိတ်နာတာမရှိဘူး.... ။ ကိုယ်ကတော့ ကိုယ့်အပေါ်ကောင်းတဲ့ မိဘကို ဆိုးချင်ခဲ့တာ.. ၂၆ နှစ် သူကအရွယ်ဆို ဆိုးတုံးးးး။
မစဒက
ပြောသမျှတွေ ဘာမှ နားမလည်ပေမဲ့ ဆိုနေတဲ့သီချင်းလေးနားထောင်ရင်း မောင်မျိုးဘာသာပြန်တာလေးဖတ်ရင်း မျက်ရည်လည်မိတယ် ... !_!
ဝမ်းနည်းစရာပဲဗျာ
မိသားစုပြန်ဆုံဆည်းနိုင်ကြပါစေ
ခံနိုင်ရည်ရှိဖို့ သူတော်တော် ကြိုးစားခဲ့ရမယ် ထင်ပါတယ်...:(:(
ဆန္ဒပြင်းပြတဲ့ ခင်း တစ်ယောက် မျှော်လင့်ချက်တွေ တစ်နေ့ပြည့်ဝလာပါစေလို့ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သီချင်းနားမလည်ပေမယ့် ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ အကောင်းမြင်ဝါဒရှိတဲ့လူတိုင်းကို လေးစားပြီးသားမို့ ဖတ်ရင်းနဲ့ ကြည်နူးမိပါသဗျား...
FB မှာ တက်ဂ်ထားလို့  ကြည့်ဖြစ်သွားတယ်။ သဘောကျတယ် ကမျိုး
အော်....... စကားမစပ် ။ မနေ့ က မိဘမဲ့ကျောင်းကို သွားပြီး အလှူနည်းနည်း လုပ်ဖြစ်သွားတယ် တိုက်ဆိုင်မှုလေလား။ မပြောတတ်။
မိသားစုတွေ အမြန်ပြန်ဆုံတွေ့ပါစေ...။
သူ့ ဆန္ဒတွေ ပြည့်ပါစေ..
Post a Comment