Wednesday, February 23, 2011

ဘလော့ရွာ

ရှော့ပင်မထွက်တာကြာပြီး ခေါင်းလျှော်ရည်လည်းကုန်နေတယ် ကိုကိုဝယ်ပေးတဲ့ နှုတ်ခမ်းနီဗူး အမဲရောင်ကလည်းဖင်ပိုင်းပဲကျန်တော့တယ် ရွာကနေ လှည်းကြုံနဲ့ မနက်အစောကြီးထလာလိုက်တယ် ပြီးတော့ ရထားတစ်တန် လှေလည်းစီးလိုက်သေးတယ် ။ အင်းး...ဘယ်သူ့ဆီအရင်သွားရင်ကောင်းမလဲ ဒီကောင်မနဲ့မတွေ့တာကြာတော့ ဟဲ့ ညည်းစတိုင်လ်က ခေတ်မမှီလိုက်တာလို့တော့ အပြောမခံနိုင် ဒီနေရာမှာကိုယ့်ရဲ့အလှကိုထုတ်ပြဖို့အချိန်ပဲ လေဒီဂါဂါလိုအုပ်ထုတ်ဒီဇိုင်း ရွာမှာအဘလယ်ဆင်းရင် စောင်းတဲ့ ခမောက်စောင်းလိုက်တယ် နည်းနည်းတော့ မာတောက်တောက်ဖြစ်နေတယ် ဖြစ်ပါစေ ဖြစ်ပါစေ စတိုင်ရှိမှစတားဖြစ်တာ ။ အပေါ်က ကြိုးပျောက် အင်္ကျှီအသားရောင်ဝတ်လိုက်တယ် ပြီးတော့ အဖြူရောင် အနောက်ကွဲ စကပ်တိုတိုဝတ်လိုက်တယ် တော်လောက်ပြီး မြားကိုယ်လုံးက ငါးရှဥ့်ကိုယ်လုံးဆိုတော့ ဘယ်လိုကြည့်ကြည့်လှနေတာပါး)။

အရင်ဆုံး ဟိုကောင်မဆီသွားရမယ် ဖုန်းခေါ်အုံးမှ နံပါတ်မမြင်ရတော့တဲ့ 15000 တန်မိုဘိုင်းဖုန်းနဲ့ အထွက်မရလို့ ချေးငွေ 30 ချေးပြီးဆက်လိုက်တယ် “ ဟဲ့.... ကောင်မ ဘာလုပ်နေလဲ ငါ နင့်ဆီလာမလို့ အော် ခုပဲ လေဆိပ်ရောက်တော့မှာ ငါ ဆိုက်ကားနဲ့လာနေတယ် ခု အေး ဗွီအိုင်ပီတန်းက ၀ယ်တာပဲ မရလို့ ကြုံတာနဲ့ပဲ လိုက်တော့မယ် လွတ်တဲ့နေရာဖျာခင်းဝင်ထိုင်လိုက်တော့မယ်ဟယ် အေးအေး စီးယူး ဘိုင်းဘိုင်း ” မိုးမျှော်စင်ကြီး ၂ ခု ထောင်ထောင်တတ်နေတဲ့ မလေးရွာက မိုးပျံမ ဆီကို မနက်ပိုင်းရောက်သွားတယ် သူ့အခန်းနံပါတ်သိနေတာနဲ့ တန်းဝင်သွားလိုက်တာ ချဉ်နံ့က ဟောင်းခနဲနှာခေါင်းထဲဝင်လာတယ် ပြောတော့သာ ဘုရားတရားလို့ပြောပြောနေတဲ့ ကောင်မ သားစိမ်းငါးစိမ်းတွေ ရေမဆေးပဲစားနေလိုက်တာ လုံးနေတာပဲ ကောင်မ မသိရင် တရားပဲထိုင်နေသလိုလိုနဲ့ ဘီယာဗူးတွေက တန်းစီနေတာပဲ ။နှိုးမနေတော့ပဲ လည်မြိုကိုတက်နင်းပေးလိုက်တယ် “ ဟဲ့ ..ငါရောက်ပြီး ” ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ သူ့စမောလေးတွေကို “ ဟဲ့ဟဲ့ သားတို့ ထထ မာမီ့သယ်ရင်းရောက်လာလို့ နောက်နေ့မှ နှစ်ပါးသွားဆက်ကမယ်နော် တာ့တာ့ အာဘွား ကျွတ် ကျွတ် ” အဟွတ် ရွံ့ တာ တော်တော်ကဲတဲ့ ကောင်မ ဒါကြောင့်လည်း မိုးကိုတောင်တက်ဖောက်မယ့် မိုးပျံမလို့ခေါ်တာကိုး။

သူကျွေးတဲ့ ပေါင်မုတ်မီးဖုတ်နဲ့ကြက်သားပြုတ်ကို လက်မဆေးပဲစားလိုက်တာ ဆာနေတာကိုး လမ်းမှာ လေယာဉ်ကမနားတာနဲ့ မစားခဲ့ရဘူး ။ သူရေချိုးတာကိုစောင့် သူအလှပြင်တာကိုစောင့်နေလိုက်တာ ဘယ်လောက်ပြင်ပြင် ညည်းငါ့လောက်မလှပါဘူး ကောင်မရယ် ဟွန်း “ မမဇော် ကိုဝင်ခေါ်အုံးမလား သူ့ရွာကနဲ့ဒီက ထမင်းအိုးတစ်လုံးချက်စာလောက်ပဲ စောင့်ရတာဆို ၀င်ခေါ်လိုက်ရအောင် တော်ကြာ ငါ့ကိုနှာကောက်နေအုံးမယ် ” ဘယ်တော့တည်းကအတင်းပြောချင်နေမှန်းမသိတဲ့ မိုးပျံမ “ဟယ် ...ညည်းမသိသေးဘူးလား အပျိုကြီး အပျိုကြီ်းနဲ့ ဘာသာရေးပဲ လုပ်တော့မလိုလိုနဲ့ အထာကြီးနဲ့ နေနေတဲ့ မမဇော်လေ ခု ဗိုက်ကြီးနဲ့တဲ့တော့ ” ၀မ်းသာအားရပြောနေတဲ့စကားနားထောင်ပြီး ကိုယ်လည်းစိတ်ထဲမှာတော့ ထကနေလိုက်တာ နည်းတောင်နည်းသေးပေါ့ “ ဟုတ်လား စိတ်မကောင်းလိုက်တာဟယ် ဖြစ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ မှားတာတွေလည်းမှားခဲ့ပြီးပဲ ခုတည်းက နနွင်းမှုန့်လေး ဘာလေးသွားပို့ထားရင်ကောင်းမလား ” မမဇော် ကိုအားပေးစကားပြောဖို့ သူ့အိမ်ကိုရောက်တော့ မအီမသာဖြစ်နေတဲ့ သူ့ကိုတွေ့လိုက်တယ် “ ဟဲ့...မသာမ အဲ့တာ ဗိုက်မှမဟုတ်တာ ဟုတ်သေးပါဘူး ဗိုက်တော့ဗိုက်ပဲ ဟိုဗိုက်မဟုတ်ဘူး ဘီယာဗိုက် နင်ကလည်း လေဥလား ဘာဥလားတောင်မခွဲတတ်သေးဘူးလား ” ။မမဇော် အတွက် ၀ယ်သွားတဲ့ ချစ်ချစ်ယိုစုံ ၂ ထုတ်နဲ့ ကန်တော့ပြီး မြားတို့ ၂ယောက် ပြန်ခဲ့လိုက်တယ်။

အင်းး ....ဘယ်ကိုအရင်သွားရင် ကောင်းမလည်း မေကျောက် နေမကောင်းဘူးကြားတယ် သတင်းမေးလေးသွားရမယ် “ ဟဲ့ နင့်မှာ ပတ်စပို့စ် ရှိလို့လား ” ကောင်မ ညံ့ချက် အောက်လမ်းက အပေါ်လမ်းထက် သက်သာတာ သူမသိဘူးထင်ပါ့ ငါ ယ မှာ နေနေတာ ၅ နှစ်ရှိပြီး ဘာစပို့စ်မှမရှိဘူး ဒီတိုင်းပဲ အောက်ကနေ သွားလိုက်လာလိုက် ဘယ်လောက်သက်သာလည်းး) “ နေစမ်းပါ လ၀က တွေအထာ ငါသိတယ် မရှိလည်းရတယ် ဒီတိုင်းပဲ ငါလုပ်စားနေကျ ငွေပေးလို့မရရင် ၀င်လုံးလိုက်တာပေါ့ ခရီးတစ်ရက်နောက်ကျသွားလို့လည်း ဘာမှမဖြစ်း) ” ။ မေကျောက် အိမ်ကိုရောက်တော့ သတင်းမေးလာကြတဲ့သူတွေ ပို့ထားတဲ့ မုန့်တွေ အသီးတွေကို တဖြဲနှစ်ဖြဲစားပြီး တရေးတမော အိပ်လိုက်သေးတယ် ပြီး၇င် ဆရာလေး မေဓာဝီ ဆီသွားမယ် သူဆွမ်းခံလို့ရထားတာလေး သွားတောင်းရမယ် လမ်းစရိတ်ပြတ်နေလို့ပါ ဆိုပြီး ပိုက်ဆံတောင်း၇မယ် သူ့အိမ်မှာလည်း သူ့ဦးရီးတော်နဲ့စိတ်မချလို့ မြားတို့ကိုတော့ အိမ်မှာသောင်တင်ခံမှာမဟုတ် အဲ့တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် သူရှိတာ ပေါင်နှံပြီး လမ်းစရိတ်တော့ပေးလိုက်မှာပဲ ။


သြဇီ သွား၇င်ကောင်းမလား အဲ့မှာ ဂုရုကြီး ၀ီရှီမီ တို့ မိသားစုရှိတယ်ကြားတယ် ဒါမယ့် ဒစ်စကာဗာရီ နေ့တိုင်းကြည့်နေတော့ သြဇီမှာ ချောက်တွေပေါတယ် မမြင်မစမ်းနဲ့ ညဘက်မီးမလာရင် ဘယ်လိုလုပ်မလဲ ချောက်ထဲပြုတ်ကျနေမှဖြင့် အောင်မလေး မတွေးရဲစရာ ။ညူးလီသွားရင် ကောင်းမလား စဉ်းစားကြည့်သေးတယ် ကိုယ့်အသိက ဟိုဟာမလေး မေပယ်လ် တစ်ကောင်ပဲရှိတယ် ဒီကောင်မလေးကလည်း ကိုယ့်မမတွေကို ပစ်ထားလိုက်တာ အဆက်သွယ်တောင်မလုပ် အေးပေါ့လေ အသစ်တွေ့တော့ အဟောင်းမေ့ဆိုတာ ဖြစ်တတ်တာပဲ ဒီကောင်မလေး အသည်းတွေ ဟက်တက်ကြီးကွဲနေတယ်ကြားတယ် သူ့ချစ်ချစ်က 1500 တန် မခန်းကျဉ်းလေးထဲ မကုန်နိုင်တဲ့ အဲ့ဧည့်သည်တွေကို ခဏခဏထည့်နေလို့တဲ့ ဟုတ်မှာပေါ့ သူ့ 1500 က ကုန်ကိုမကုန်နိုင်ပဲ အတိုးတွေ အရင်းတွေချနေတာဖြစ်မယ် ။

ဆွစ် မှာ ဘဏ်ဖွင့်ထားတဲ့ ကိုညီ တို့ဆီသွားရမယ် ရွာမှာ လယ်ပြန်လုပ်ဖို့ဆိုပြီး အမတော်ငွေ သွားတောင်းထုတ်ရမယ် သူ့မွေးနေ့တုန်းက အမှတ်တရေ၇းထားပေးတာ မရဘူးလို့တော့ ပြောမှာမဟုတ်ပါဘူးလေ ဒီလိုပဲ ၀င်ငွေလည်ပတ်စီးဆင်းနေတယ်ဆိုတာ သူသိမှာပါ “ အစ်ကိုကြီး ရယ် ပစ်မထားပါနဲ့ အဟင်း အိမ်က ခလေးတွေရဲ့ အဖေကလည်းလေ သောက်လိုက် စားလိုက်နဲ့ အလုပ်လည်းမလုပ်လို့ပါ အကြီးမကလည်း လင်နောက်လိုက်သွားပြီးမကြာဘူး ခုခလေးတစ်ကောင်နဲ့ အိမ်ပေါ်ပြန်ရောက်လာတယ် အငယ်ကောင်ကလည်း ရိုက်မှုဖြစ်လို့ ခု အချုပ်ထဲမှာတဲ့ အဲ့တာ အဆင်ပြေမယ်ဆိုရင် ဒေါ်လာ ၂ ဘီလီယံလောက် ခဏလှည့်ထားပေးပါ အဆင်ပြေတာနဲ့အတိုးကော အရင်ကောပြန်ဆပ်ပါ့မယ် ” ပိုပိုသာသာလေး ပြောထားမှမရရင်တော့ ပျော်ပွဲစားထွက်တုန်းက သူ့ကားအကောင်းစားကြီးတွေ့ထားတယ် အဲ့တာပဲ ခဏငှားပါဆိုပြီးရောင်းတုတ်၇မယ် ။ အစ်ကိုက မျက်နှာကြီးက ပုတ်သိုးလို့ ပိုက်ဆံကို တံတွေးဆွတ်လိုက် ရေလိုက်လုပ်နေတာတာ ပြီးကိုမပြီးနိုင် လက်ကြီးကတုန်နေတယ် ချွေးစေးတွေကလည်းပြန်လို့ ပြီးတော့ ခပေါင်စထဲက ထုတ်လာတဲ့ လက်ကိုင်ပ၀ါလေးထုတ်ပေးလိုက်တယ် ပွတာပဲ ကွိကွိး) လှမ်းယူဖို့လက်ကိုကမ်းလိုက်တော့.............။

”ဟဲ့ ဟဲ့ ထတော့ မနက် ရှစ်နာရီကျော်နေပြီး ရုံးမတက်သေးဘူးလား နင့်ဧည့်သည်တွေရောက်နေပြီး”ဆိုတဲ့ ရုံးက အစ်မ ဖုန်းက၀င်လာတယ် နာပါ့ကွာ အိပ်မက်ကကောင်းခန်းရောက်နေပြီး ဟင်း နောက်တစ်ခါ ဒါမျိုးအိပ်မက် ထပ်မက်လို့ကတော့ ဘာဖုန်းလာလာမကိုင်ဘူး ။


( P-S အပျော်ပါး) မပေါရတာကြာလို့ ခင်မင်သောသူများနဲ့ ဘလော့ရွာထွက်ကြည့်တာပါ )

15 comments:

Andy Myint said...

ဘယ်နှယ့် ဂုရုကြီးတုန်း။ ဂုရုလို့ဆိုရင် ဆာဒူးပုံပဲ မျက်စိထဲမှာ မြင်တတ်တယ် :D သြော်ဇီမှာ လူနေ ရပ်ကွက်တွေမှာတောင် ဆောင်းတွင်းဆို ည ၆ နာရီကျော်ရင် မှောင်မဲနေတာပဲ။ စင်္ကာပူတို့လို ညဖက် ထိန်ထိန်ညီး မဟုတ်ဘူး။

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်
မာမီမျိုးက ဘလောဂ့်ရွာ အလည်ထွက်သကိုး
နှုတ်ခမ်းနီလေးဆိုး ကြိုးတစ်ချောင်းလေး ၀တ်ပြီးတော့ပေါ့
မြင်ယောင်ကြည့်လိုက်ပါတယ် အတော်ကို လန်းနေမှာ သေချာတယ်..
ဒေါက်ဖိနပ်လေး တစ်ဂွပ်ဂွပ်နဲ့ပေါ့
ရယ်လိုက်ရတား)

Anonymous said...

ဟားဟား
မြင်ယောင်ပါရဲ့
နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ပုံကို :P

မိုးခါး

ရဲထွန်းဇော် said...

မိုးပျံမ...မမဇော်...ဟားဟားဟား

ဆြာလေး မေဓာဝီ said...

ဆရာလေး ဆွမ်းခံတာကိုတောင် မရှောင်ပါလား မာမီမျိုးရယ်။ ဒီမှာ ထီးဖြူ ဖိနပ်ပါး အရပ်တကာလှည့်ပီး ပင်ပင်ပန်းပန်း ဆွမ်းခံရထားတာလေးကိုမှ အားမနာ လာတောင်းလို့ကတော့ ကန်တော့ပါသေးရဲ့ပဲ ... :P

Than Lae said...

:D,,, :D ,,,ဟား ဟား ရီလိုက်ရတာ မောင်မျိုးရယ်။ ရေးလည်း ရေးတတ်ပါ့နော်။ လူကြုံရင် လေဒီဂါဂါလိုအုပ်ထုတ်ဒီဇိုင်း မှာလို့ ရမလားဟင်,,,, :D ဒီမှာ အပြင်ထွက်ရင် နေအရမ်းပူလို့ ပါဗျ။ ပို့ ပေးနော်,,,,မောင်မျိုး။ :P

ဆွေလေးမွန် said...

မာမီမျိုးရယ် လည်လည်သွားတာလဲ သွားပေါ့..
တို့များတောင် ကြိုးတစ်ချောင်းမ၀တ်ရဲတော့တာ..
မာမီမျိုးတို့ ကြိုးတစ်ချောင်းနဲ့ နှုတ်ခမ်းနီနဲ့ဆိုတော့
လန်ထွက်နေတော့မှာပဲ...

ဟားဟား.. စဖတ်ထဲက ပြုံးစိစီ မာမီဇော် မှာဘီယာဗိုက်တော့ တော်တော်ရီချင်နေပြီ. ရုံးမှာမို့

ကိုဇော် said...

ဟယ် . . . မယ်မျိုးရယ်။
ကျုပ်နေမကောင်းဘူးအေ ( ခေါင်းမူးနေတာကို ပြောတာပါ ) အပြင် သိပ်မလိုက်နိုင်ဘူးတော် ( ရှော့ပင်ပါ ) ၊ များက ဘယ်လိုလုပ်ပြီး ဗိုက်က ကြီးရမှာလဲ . . အဲဒါ ဖက်ရှင်ဟဲ့။ သူများတွေများ ဗိုက်ကြီးအောင် မနည်းလုပ်နေရတာ ( ဘီယာဗိုက်ကို ပြောတာပါ ) သူများတွေများ အားတွေတောင်မှ ကျလို့ . . . (အားကျမှာပေါ့ . . . မီးမလာလို့ နေမှာပေါ့။ )

လူဇီုးတွေနော်. . . . ဟွန်း . . .

ညီလင်းသစ် said...

ဟားဟား..ရီလိုက်ရတာ ညီရေ့....၊ စိတ်ကူး ကောင်းကောင်းလေးနဲ့ ရွာပတ်ပြီး လူတကာကို ရီအောင် လိုက်လုပ်နေတာကိုး၊ အိုင်ဒီယာလေး သဘောကျတယ်၊

ပိုက်ဆံတော့ ချေးချင်ပါတယ် ညလေးရယ်၊ ဒါပေမယ့် သူ့တိုင်းပြည်က ခပ်လှုပ်လှုပ်ဖြစ်နေလို့-တဲ့၊ ဟိုတနေ့က ကဒါဖီက အကုန်ပြန်လာ ထုတ်သွားတာနဲ့ ပြောင်သလင်းခါသွားပြီ၊ သူ့ပိုက်ဆံတွေကို အီဂျစ်နဲ့ တူနီးရှားမှာ ရင်းနှီးမြှုပ်နှံ ထားမိလို့ အခုအကြွေးတင်နေ တာနဲ့ ကားလည်း ရောင်းပြီး ဆပ်လိုက်ရတယ်၊ ညလေး ရဲ့ အကိုကြီးက နာမည်လည်း မကြီးပဲ ထမင်းငတ်နေ တာကွဲ့၊ ရွာအပြန် ဟိုနေ့ကကျန်တဲ့ ချော့ကလက်လေးပဲ ယူသွားတော့နော်...။ :D

အုပ်ကြီး said...

ဒါနဲ့ ဟိုကောင်မ အကြောင်းပေါရဦးမယ် ..သိလား ...
ဟား ဟား ....ဂွတ်၏ ..

rose said...

မောင်မျိုးရေ... လာဖတ်ပြီး တခွိခွိနဲ့ သဘောကျလို့ ရယ်မိတယ်။ အဲ့လို ပို့စ်လေးတွေ နောက်လည်း ရေးနော်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာလေး။ ခင်ရာမင်ရာ လူတွေကို စနောက်ထားတာ အပာင့် ရို့စ်ကျ မပါဘူး....။

nYi ThU E@in said...

မိုးပျံမအခန်းထဲ ၀င်လိုက်ရင် အဲလိုချည်းပဲ
ချဉ်စူးစူးနဲ့..။
မမဇော်က ဘကုန်းဗိုက်ကြီးပေါ့..။
ဟိုကောင်မလေး မေပယ်ကတော့ အသဲတွေရောင်းစားပစ်တယ်ဆိုလား:P

ညိမ်းနိုင် said...

ဟဲ့မယ်မျိုး.....အလျှန်းထွက်နေတယ်ပေါ့လေ...ဟွန်း...၊
အစင်လေးတွေမတွေ့ခဲ့ဘူးလား...:D

မိုးယံ said...

အော... ဖဘက မေးလ်ဝင်တာလာ ကိုအေးဆေး ဖတ်မလို့လုပ်နေတာ... အခုနင့်အိမ်မှာပါမြင်တော့ ညမှ အေးအေး ရွာထဲလှည့်မယ်လုပ်တာ.. အခုမှ သိတယ် ညည်းက ကျုပ်တို့ အတင်းထုတ်ထားသကိုး.. ကောင်မ ကြိုးတစ်ချောင်းနဲ့ ဖလမ်းဖလမ်းထနေတာကို... နေဦး နောက်တခါကျမှ လေဒီဂါဂါ ခမောက်ပေါ်ကနေ ဘီယာနဲ့ကိုလောင်းချလိုက်ဦးမယ်.. သားစိမ်း ငါးစိမ်းတွေက အသုဘ ကမ္မဌာန်း ရှုတာ သင်္ချိုင်းမသွားရဲလို့. ဘီယာဘူးခွံတွေက မကောင်းတဲ့ ဒီသူရာရည်တွေ လူတွေ ဘာလို့သောက်ပါလိမ့်လို့ မြည်းကြည့်ရင်း လက်လွန်သွားတာ... သားတွေကတော့ အတွေ့ကို လွန်ဆန်နိုင်ရဲ့လား စမ်းရင်းနဲ့ ဈာန်လျောတာဟေ့.. ညည်းလုပ်တာနဲ့ ငါ့ကို အထင်တွေကြီးကုန်ဦးမယ်.. အစင်လေး သုံးယောက်ထဲပါဟယ်.. ငါ့မွေးစားသားတွေပေါ့အေ။

Anonymous said...

off white
cheap jordans
supreme
golden goose outlet
golden goose sale
curry 9
hermes handbags
jordan travis scott
off white jordan
off white hoodie

LinkWithin

Related Posts Plugin for WordPress, Blogger...