တစိမ့်စိမ့်ကြည့်ရင်း
ေ၀၀ါးမှုန်ပြာသွားတဲ့အရာ
ထိခိုက်ရှနာသွားမှာစိုးလို့
ဖွဖွလေးကိုင်ထားကာမှ
ခွမ်းခနဲဆို ကျကွဲသွားလုပ်ပုံများ
တိပ်နဲ့လည်းကပ်လို့မရ ရွှံ့နဲ့လည်းစပ်လို့မရ
ဒါပါပဲ ....နောက်ဆုံးတော့
အချစ်ဆိုတာ အကိုင်တွယ်မတတ်ရင်
ကျကွဲတတ်တဲ့ ဖန်ခွက်လေးတစ်လုံးပါ ။
10 comments:
မောင်မျိုးရေ.. ကဗျာလေးက ချစ်စရာကောင်းတယ်၊ နားထဲမှာ 'ခွမ်း' ကနဲတောင် ကြားလိုက်မိသလားလို့..။
အင်း...ကွဲပလား...ညီ....:)
စတာ....လှတယ်...ကဗျာလေးက.....။
အချစ်=ဖန်ခွက်
သတိ...
အကိုင်အတွယ်မတတ်လျင်ကျကွဲတတ်သည်။
ဒါကြောင့်ပြောတာ ဆြာသမားကို ..သေသေချာချာလုပ်ပါဆိုတာ ... :D
ခင်မင်လေးစားလျှက်
အုပ်ကြီး
ဖန်ခွက်နဲ့ မသောက်နဲ့လေ ...
မကွဲအောင် စတီးခွက်နဲ့သာ မော့ပါလား မောင်မျိုးရဲ့။
ဖန်ခွက်လဲ ကွဲရှတတ်သည်။
ကြံလျက်လဲ လွဲရတတ်သည်။
ဖန်ခွက် ကွဲလျှင် ဆက်ရခက်သည်။
ကြံလျက် လွဲလျှင် ငတ်ရတတ်သည်။
ဖန်ခွက် ဆက်၍ မရပါ။
ကြံလျက် ငတ်၍ မ၀ပါ။
(ထို့ကြောင့် မောင်မျိုး ပိန်နေခြင်း ဖြစ်ပါသည်။)
:)))
ကိုညီ.... အစ်ကို့နား အူသွားသေးလားဗျး) အားနာလိုက်တာ ။
ကိုမောင်လေး... အဲ့တာလုပ်ကွဲတာ တကယ်ကွဲစရာလည်းမရှိဘူး ။
ကိုမြစ် .... ဟုတ်ပါ့ အကိုင်အတွယ်က အေ၇းကြီးတယ်နော့်
ကိုအုပ်....သူများကိုပြောမနေနဲ့ လူပြိုကြီးပဲ မကွဲအောင်လုပ် ဟဟား
မမေ....ပြောရယ်တယ်ဂျာ အစ်မပြောမှ ကျနော့်မှာ ပြုံးစိစိ နဲ့ ကိုယ်ရေးတဲ့စာကိုယ်ပြန်ဖတ်ပြီး အေး ဟုတ်တာပဲ ဖန်ခွက်နဲ့မသောက်ရင် ကွဲစရာအကြောင်းမှမရှိတာလို့ဖြစ်သွားတယ် ။ ကျနော်က ပိန်တယ်ပြောရင် စိတ်ဆိုးတယ် ။ ၀ အောင် ဘာစားရမလဲမသိတော့ပါဘူး လေထိုးထည့်ရမှပဲရတော့မယ်ထင်ပါတယ် အစ်မရာ ။
ဟဟဟ
ကြီးမေကော်မန့်ဖတ်လိုက်မှပဲ ဖိုးသူတော်ဦးနုစကားပုံတွေကို သတိရမိတော့တယ်..။
အကိုရေ...လွတ်မကျခင်ကတည်းက လွှတ်ချထားလိုက်ဟ
(Nyi)
အချစ်အကြောင်းတော့ သိပ်မသိဘူး.. ဖတ်လို့တော့ ထိသဗျ
look these up aaa replica bags our website dolabuy replica hop over to here replica ysl handbags
Post a Comment