Wednesday, February 9, 2011

ပြစ်ချက်

စာရေးဖို့ အာရုံမရတာကြာပြီး ဟိုဒါလေးရေးမယ်လုပ်လိုက် ပြန်ဖျက်လိုက် ဒါလေးရေးရင် ကောင်းမလားတွေးမိလိုက် တော်ပါပြီလေ ဖြစ်သွားလိုက်နဲ့ တော်တော်ကြာပြီး ။ စဉ်းစားမရတဲ့ အဆုံးတော့ ကျနော်မကြိုက်တဲ့ ကျနော့်ရဲ့ အကျင့်စရိုက်လေးတွေကို နံပါတ်စဉ်တပ်ပြီးရေးချကြည့်မိတယ် ကိုယ့်ကိုယ်ကို ပေးလိုက်တဲ့ အကျင့်ဆိုးက ပြစ်ချက် တဲ့ ပြင်းပါ့ :)

၁။ နာရီပတ်ရတာတော်တော်ပျင်းပါတယ် တကယ်ဆို ယောက်ျားလေးတစ်ယောက်အတွက် အဆင်တန်ဆာထဲ မရှိမဖြစ် ရှိသင့်တာနာရီလို့ထင်ပါတယ် နာရီပတ်လိုက်ရင်ပဲ ကိုယ့်လက်ကြီးက ခဲဆွဲထားသလိုလို တော်တော်ကို ခွကျတဲ့ အတွေးပါပဲ နာရီပတ်ရတာ ပျင်းသလောက် နာရီကိုလည်းမကြာမကြာကြည့်တတ်တဲ့ အကျင့်ဆိုးက ရှိသေး မနက်မနက်ဆို အချိန်တွေက ဘာလို့ ကုန်မြန်တာလဲမသိပါဘူး အနည်းဆုံးတော့ ၅ မိနစ်လောက် ပြန်ကွေးလိုက်ရမှ အလုပ်တက်တာသာနောက်ကျရင် ကျမယ် အလုပ်ဆင်းရင်တော့ အတိကျ ။ ဒီ့ထက်ဆိုးတဲ့ အကျင့်တစ်ခုက ရှိပါသေးတယ် တကယ်ဆို ကိုယ့်လက်မှာနာရီလေး ပတ်ထားတာ ဘယ်လောက်မှလေးတာလဲမဟုတ်ပဲနဲ့ အဲ့အကျင့်က ပြင်မရပဲ လမ်းထဲကနေ ဆိုင်တွေထဲက နာရီတွေ အိမ်ထဲက နာရီတွေကို လိုက်လိုက်ကြည့်တတ်တဲ့ အကျင့်ဆိုးပါ တော်တော်ဆိုးတဲ့ ပြစ်ချက် ။

၂။ ဘက်ကန်တာပါ မြင်ဖူးကြတယ်ဟုတ် နံရံကို ဘောလုံးလေးနဲ့ ပစ်လိုက်ရင် ကိုယ့်ဆီကို ပြန်ရောက်လာသလိုမျိုး ကျနော်က အဲ့လိုလူစားမျိုးပါ အဲ့အကျင့်က မကောင်းမှန်း လူကြီးမဆန်မှန်းသိပေမယ့် ပြင်မရတာ တော်တော်ကြာပြီး အငယ်တုန်းကပါ အိမ်က အစ်မ မအားတော့ ကျနော်ဈေးသွားတယ် ဖောက်သည် ငါးရောင်းတဲ့ အဒေါ်ကြီးက ကျနော့်ကို ခလေးဆိုပြီး အလေးခိုးလိုက်ပါတယ် သမာဓိဒိုင်မှာ ခပ်တည်တည်နဲ့ သွားချိန်ပါတယ် လျော့တာက ၂၀ သားကြီးများတောင် ဈေးခေါင်းကို သွားတိုင်ပါတယ် အဲ့အဒေါ်ကြီးက “ ဟုတ်တယ် ငါးတစ်ကောင် ပြုတ်ကျကျန်ခဲ့တာ” တဲ့ သူလုံးတုတ်တာ ကျနော်သိတာပဲ “ ကျနော့်ကို ပိုက်ဆံပဲပြန်ပေးတော့” ဆိုပြီး ငါထုတ်ကိုပြန်ပေးလိုက်ပါတယ် နောက်နေ့ကျ အစ်မက ခေါင်းကို ခေါက်ခနဲ ဆော်ထည့်ပြီး တော်တော်စွာတယ်တဲ့ သူ့မှာဖောက်သည်နဲ့ မျက်နှာပျက်ရတယ်ဆိုပဲ သူ့ကိုလည်း အလေး ခဏခဏ ခိုးချင်ခိုးနေမှာ သူသိချင်မှသိမယ် ။


အလုပ်က သူတွေကလည်း ကျနော့်ကို တစ်ချက် တစ်ချက် ထထ ဖောက်တယ်များထင်နေသလားမသိ ။အလုပ်နဲ့ပက်သက်တဲ့ ဖုန်းတွေက ကျနော်ခေါ်ရတဲ့ တာဝန်ပါ ထိုင်းအလုပ်ရှင်ကိုင်ရင် ရုံးက စာရေးမလေးကိုပြန်လွှဲရပြီး ဗမာဆိုရင်တော့ ကျနော်ပဲ အလုပ်အကြောင်းပြောဖြစ်တယ် အမှန်တော့ ကျနော်က စကားပြောကောင်းတာနည်းပါတယ် လိုတိုရှင်း ပလောပလပ်တာတွေမတက်တော့ မျက်နှာကြောမာ လေသံမာတဲ့သူလို့ထင်ကြတယ် အပိုတွေရွှီး၇တာ အာညောင်းလို့ပါ ။ ဖုန်းခေါ်တာများ ရွှေမြန်မာတွေများ “ဟလို” လေးတောင်မလုပ် ဘယ်သူလဲ တဲ့ လေသံမာကြီးနဲ့ “ကျနော်*** စကားပြောချင်လို့ပါ” ဆိုတော့ သူက ဘယ်သူလဲပဲထပ်မေးပါတယ် သူ့ယောက်ျားကိုတော်တော်စိတ်ချတယ်ထင်ပါ့ ယောက်ျားချင်းပြောမှာတောင် လ၀ကထပ်ဆိုးနေတယ် စိတ်ညစ်ပါ့ ကျနော့်ရဲ့ ဘက်ကန်တတ်တဲ့ အကျင့်က ၄ ခါမြောက်လောက်ကျ မရတော့ပါဘူး “ ကျနော် ဘယ်သူလဲ ပြောပြနေလို့ အစ်မသိမှာလဲမဟုတ်ဘူး အဲ့တော့ အစ်မယောက်ျားကိုသာပြောပေးပါ *****ဖုန်းဆက်ပါတယ်လို့ အစ်မကျနော့်ကိုသိချင်ရင်တော့ ရုံးကိုလိုက်လာလို့ရပါတယ် အဲ့ကျ ကျနော်ဘယ်သူလဲသိမှာပါ ” ဒီလောက် စကားပြောတဲ့ကောင် ဘော့စ်သာ စကားနားလည်လို့ကတော့ အလုပ်ပြုတ်တာကြာပေါ့ ။

၃ ။အင်မတန် ကူညီချင်တဲ့စိတ်ပါ တစ်ခါခါတော့ အဲ့စိတ်ကပဲ ကိုယ့်ကိုပြန်အနှောင့်ယှက်ပေးတတ်တယ် အိမ်ကိုလာလည်တဲ့ အန်တီကြီးတစ်ယောက် ဈေးသွားချင်တော့ လိုက်ပို့ပေးဖြစ်တယ် သူက ဈေးရောက်တော့ အမျိုးသမီးတွေသုံးတဲ့ ဟိုဒင်းလေ အင်္ကျီသေးသေးလေးတွေ ကိုယ်လုံးလှလှနဲံ့ ကော်ရုပ်မလေးတွေ ၀တ်ပြထားတာလေ သိတယ်ဟုတ် ပြောတော့ဘူး အဲ့ဆိုင်ထဲဝင်သွားပါတယ် လိုက်ဝင်လို့လည်းမဖြစ်ဖူးလေ ကျနော့်မှာ ဆိုင်ရှေ့တည့်တည့်လည်းမဟုတ် ဘေးနားလေးမှာ ရပ်စောင့်နေရတာ ကောင်မလေးတွေက ဆွေကြည့်ဆွေကြည့်နဲ့ ဒီဆိုင်နား သူ့နဲ့ ဘာဆိုင်လို့ လာရပ်နေတာလဲမသိဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ။ အိုဗာတွေဖြစ်ဖြစ်သွားတာပါ သူများအတွက် မလိုအပ်တာမျိုးကို ကိုယ်က လိုက်လုပ်ပေးလိုက်မိလို့ မလိုပဲ အပိုတွေ လုပ်နေတဲ့ဆိုတဲ့ အမြင်မျိုးတွေနဲ့ မြင်ရတာလည်း ခဏခဏပေါ့ ဒါပေမယ့် မကူညီပဲလည်းမနေနိုင်တာကလည်း ပြစ်ချက်တစ်မျိုး ။

၎ ။ ဒါကတော့ တော်တော်ကြောင်တဲ့ ပြစ်ချက် ရုံးမှာ ကုလားအစ်ကိုတစ်ယောက်ရှိပါတယ် သူ့သားလေးက ဖြူဖြူဖွေးဖွေးလေး ကျနော်ကတော့ ကျီးကန်း ဘဲဥ ချီထားသလိုပဲလို့ အမြဲစပါတယ် ခလေးက ပါးင်္ကြီးတွေတွဲလို့ လှုပ်စိလှုပ်စိနဲ့ ပိုးကောင်ကြီးနဲ့တူတယ် အဲ့ပါးကြီးကို ခဏခဏသွားသွားဆွဲနေလို့ သူ့အမေကတောင် သိပ်မကြည်ချင်တော့ဘူး ။ နောက်ပြီး ကိုညီလင်းသစ် ဘလော့ကိုရောက်ရင် အစ်ကို့ရဲ့ သားလေးပုံကိုကြည့်ပြီး တော်တော်ကို ချစ်သွားတာ သူ့ပုံကို ကိုယ်တစ်ယောက်ကြည့်တာမ၀လို့ သူများတွေကို ခေါ်ပြရတာ အမော ဒီပြစ်ချက်က တစ်မျိုး သားလေးတစ်ယောက်လိုချင်တဲ့ ပြစ်ချက်ပါ အဟုတ်တကယ် ခုနောက်ပိုင်း ခလေးအဖေဖြစ်ချင်တာပါ ချစ်မယ့် ချစ်သူလည်းမရှိ ယူစရာဇနီးလည်းမရှိ လှေကားတွေ ကျော်တတ်သွားလိုက်တာများ ခလေးအဖေတဲ့ ဆိုးပါ့ ။


ပြစ်ချက်ဆိုတာဟာလည်း ပြစ်ချက်မှန်းသိပေမယ့် ပြင်ဖို့ခက်ရတာကလည်းဆိုးလှပါတယ် စိတ်ရဲ့ခေါ်ဆောင်နောက်လိုက်ရင်း ပြစ်ချက်တွေဟာ အမှားနည်းတဲ့ ပြစ်ချက်မျိုး တစ်ပါသူကိုထိခိုက်မယ့်ပြစ်ချက်မျိုး မဖြစ်ရလေအောင်တော့ ကိုယ့်ကိုယ်ကို အမြဲသတိပေး ကြိုးစားပြင်လျှက်ပါ ။

10 comments:

မိုးယံ said...

ပြင်ပါ ပြင်ပါ ... မကောင်းတာကို မကောင်းမှန်းသိတယ် ပြင်ရဲတယ်ဆို နင် သူရဲကောင်းပဲ။

မေဓာဝီ said...

ဟုတ်ပ စွာလိုက်တာ လွန်ရော ... ငါးသည်ကိုများ သွားတိုင်သေးတယ်။ အမ ငယ်ငယ်တုန်းက ငါးဝယ်တော့ ငါးသည် ပိုက်ဆံ ၂ ခါပြန်တောင်းတာ သိသိနဲ့ ကြောက်လို့ ပေးခဲ့ရတယ်။ အလေးနဲ့ကောက်ထုခံရမှာ စိုးတာ။

နောက်ဆုံး ပြစ်ချက်အတွက် အကြံပေးလိုတာကတော့ ....
ကြိုးစားပေါ့ကွယ် ... :)

ညီလင်းသစ် said...

မောင်မျိုးရဲ့ ဒီ self-critique ပို့စ်လေးကို ကြိုက်တယ်...၊

ကျနော်မြင်တာတော့ တချို့ဟာတွေက ပြစ်ချက်လို့ တောင်ခေါင်းစဉ်တပ်ဖို့ ခပ်ခက်ခက်ပါ၊ ဥပမာ-ငါးသည်က လူလည်ကျတာကို မခံဘဲ သတ္တိရှိရှိ၊ မှန်ကန် တဲ့နည်းလမ်းနဲ့ ဖြေရှင်းတာ...၊ တကယ်တန်ဖိုးရှိတဲ့ စိတ်ကလေးပါပဲ၊

အင်း...နောက်ဆုံး 'ပြစ်ချက်'ကတော့...အဟမ်း..းD

နေ၀သန် said...

:P.. ငါးသည်ကို ဆော်တာပိုင်သကွာ... ဖုန်းအော်ပရေတာဖြစ်ပြီးတော့ စွာတာ... :P... အဲဒါပဲ ဖုန်းကို တာဝန်ခံကိုင်ရတာ လွယ်တာမဟုတ်ဘူးကွ.... နာရီကတော့ ငါလည်းမကြိုက်... ဖုန်းဆိုတာလည်း ကိုင်နေရတာပဲ.. အချိန်သိချင် အဲမှာကြည့်ပေါ့.. ရှုပ်ရှုပ်ရှပ်ရှပ်..နာရီကြီးတကားကားနဲ့.... :D.. ကလေးတော့ မင်းလိုမချစ်တတ်ပါဘူး... စိတ်ဆင်းရဲတယ်.. ငိုမယ်..ပူဆာမယ်..ဆိုတာချည်းပဲ.. အဟီး... (ဒါပေမယ့် ကလေးတော့လိုချင်တယ်...ဟိ).. သြော်.. အန်တီကြီးဝယ်တဲ့ဆိုင်ရှေ့မှာရပ်စောင့်တာတောင် မင်းကဘာဖြစ်တာလဲ.. ငါဆိုတစ်ခါတစ်ခါ အထဲထိပါလိုက်ဝင်သွားတာ... :P.. ဘာမှမဖြစ်ဘူး... အတွဲတွေလာရင်လည်း သူတို့ဘဲတွေလည်းလိုက်ဝင်တာပဲဟာ..... :D

ခင်မင်တဲ့
နေ၀သန်

Anonymous said...

အောက်ဆုံး အချက်က ပြစ်ချက်မဟုတ်ဘူး .. ရောဂါ :P

မိုးခါး

nYi ThU E@in said...

ဟုတ်ပ
စွာချက်...:)
နောက်ဆုံးပြစ်ချက်အတွက် မပူနဲ့
အကို့အတွက် အရုပ်ဝယ်ထားပေးမယ်
(အ၀ှာမပုခင်အထိတော့ အသုံးတည့်မှာပေါ့)

Thiri Aung said...

ကျွန်တော့် ပြစ်ချက်တွေ နံပတ်တပ်ရရင် ၁၅ချက်လောက် ရမယ်ထင်တယ်။ နံပတ် ၁ နဲ့  ၂ ကတော့ကျွန်တော်လဲရှိတယ်.... အပျင်းကြီး ၊ ဂျစ်တိုက်၊ ဘုပြော စုံလို့ ပါပဲး) ......ကူညီချင်စိတ်လေးတော့ရှိပါတယ် ။ဒါပေမယ့် တချို့ ကိုယ်မလုပ်ပေးနိုင်တာမျိုးကျ.. ငြင်းလို့ လဲ မကောင်း လုပ်လဲမပေးနိုင် စိတ်ကသိကအောက်ဖြစ်ရတယ် ... နံပတ် ၄ ကတော့ မရှိသေးဘူး တော်သေးရဲ့  ....ကိုယ်ကိုကိုယ်တောင် အနိုင်နိုင်ဆိုတော့ XD

Than Lae said...

အားလုံးကို စုပြီး ပြစ်ချက်လို့ တော့ ပြောလို့ မရဘူးမောင်မျိုးရဲ့။ (၁)နဲ့ (၃)ဆိုရင် အကျင့်ပေါ့နော်။ လူတိုင်းမှာ အဲ့လို မတူကွဲပြားတဲ့အကျင့်လေးတွေ ရှိတတ်ကြပါတယ်။ သူတစ်ပါးကို ကူညီရင်းက အဲ့လို ဂွတီးဂွကျ အဖြစ်လေးတွေ ကြုံရတာလည်း အမှတ်တရပဲဗျ။ ကိုယ်တ...စ်ယောက်တည်း မဟုတ်တဲ့ အတွက် ပြစ်ချက်လို့ မဆိုသာပါဘူးလေ။ (၂)ကတော့ အမှန်တရားကို လက်ကိုင်ထားတဲ့သူလို့ မြင်မိတယ်။ ဘယ်လို မတရားတာကိုမှ မျက်နှာမလွဲတတ်တာပေါ့။ ဖြေရှင်းလိုက်ရမှ နေသာထိုင်သာရှိတယ်လေ။ ကျွန်တော်လည်း အဲ့အကျင့်ရှိတယ်ဗျ။ ဟီး (၄)ကိုတော့ မပြောတတ်ဘူးဗျို့ ။ တစ်ချို့ သောအရာတွေက ကိုယ်ကိုယ်တိုင်ကြိုးစားမှ ရနိုင်တာဗျ။ အဆင့်ကျော်ရင်တော့ အငှားပဲ ဖြစ်လိမ့်မယ် မောင်မျိုးရေ။ ဘာပဲဖြစ်ဖြစ် ဖတ်လို့ တကယ်ကောင်းမှကောင်းဧ။်။,,,,, :)

Su Myat Htar said...

လုမြောင်ရေ...(၁) နာရီပတ်ရတာ မပျင်းပါနဲ့လား။ ဟုတ်တယ် လုမြောင် ပြောသလို ယောက်ျားလေးတစ်ယောက်အတွက် အဆင်တန်ဆာထဲ မရှိမဖြစ် ရှိသင့်တာ နာရီပါ။ (၂) ဘက်ကန်တဲ့အကျင့်ကတော့ အစ်မမှာလည်း ရှိတယ်။ အသက်အရွယ် အချိန်အခါနဲ့ တည်ငြိမ်ရင့်ကျက်မှုအရ ပြောင်းလဲသွားမှာ...ပါ။ (၃)အင်မတန် ကူညီချင်တဲ့စိတ်ကလေးကတော့မွန်မြတ်ပါတယ်။ အပိုတွေ လုပ်နေတယ်ဆိုတဲ့ အမြင်မျိုးမြင်တဲ့သူ မြင်ပစေပေါ့ကွယ်၊ ဂရုမစိုက်ပါနဲ့၊
(၄) သားလေးတစ်ယောက်လိုချင်တဲ့ ပြစ်ချက်၊ အဲ...ဒါက ကလေးချစ်တာ၊ စိတ်သဘောထား သိမ်မွေ့နူးညံ့တာပေါ့၊ ဒီအချက်လေးလည်းရှိသင့်တဲ့ အကျင်ကောင်းလေးပါပဲ။

ညိမ်းနိုင် said...

နာ၇ီလား....အသေပဲခံမယ်....လုံးဝမပတ်....:)....
နောက်ဆုံးအချက်ကို အကြံပေးချင်တာကတော့ ကြိုးစား
ကိုယ့်လူ....အားမလျော့နဲ့....:)
ကိုယ်တို့တော့ ဒီဘဝဒီမျှပါပဲကွယ်....:(

LinkWithin

Related Posts Plugin for WordPress, Blogger...