ဆင်းရဲခြင်းဟာ
လူတစ်ယောက် အထူးသင်ဖြင့် လူငယ်လေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ပျက်စီးပြောင်းလဲစေနိုင်သလား ။ အဲ့ဒီပျက်စီးခြင်းဟာ ငတ်မွတ်ခြင်း
ဆင်းရဲခြင်းကြောင့်ဖြစ်လာတာဆိုရင်တော့ ထိုခလေးမှာ အပြစ်ရှိမယ်လို့ ယူဆနိုင်သလား
။ ကိုယ်လည်းတွေးရင်း တွေးရင်းဆိုသလိုပဲ နောက်ဆုံးတော့ ကိုယ်ရှာတွေ့လိုက်တာ ဒါဟာပညာကြောင့် ဆိုတာကိုသိလိုက်တယ် ထိုလူငယ်လေးရဲ့ မိဘတွေသာ ပညာတတ်ခဲ့လျှင် သို့မဟုတ်
သူသာ ကျောင်းခန်းထဲမှာ စာတွေ ပညာတွေ
သင်ကြားခွင့်ရမယ်ဆိုရင် ပျက်စီးခြင်း အကျင့်ပျက်ခြင်းဟာ ဖြူစင်တဲ့
ခလေးတစ်ယောက်အတွက် ဖြစ်လာမယ်မှာမဟုတ်ဘူး လို့ ကိုယ်အကြွင်းမဲ့ယုံကြည်ထားတယ်
။
ပြီးခဲ့တဲ့လတုန်းက
နှစ်ပါတ်လောက် နယ်မှာပြန်နေတယ် ရွာကိုလည်း နေ့တိုင်းနီးပါးရောက်ပြီး ညအိပ်တဲ့အခါတွေလည်းရှိတယ် ပြန်တဲ့ညတွေဆို ရွာထဲက
အငှားဆိုင်ကယ်တွေ ငှားစီးပြန်ပါတယ် ။အမေနဲ့ စကားပြောဖြစ်တဲ့ညတွေနဲ့ အပြန်ရက်တွေမှာ ဆိုင်ကယ်သမားရဲ့ ရင်ဖွင့်စကားတွေဟာ ကိုယ့်စိတ်ကို အတော်ကလေးမချမ်းမြေ့ဖြစ်စေတော့တာပါပဲ ။ ဘာကြောင့်မှတ်မှတ်ရရဖြစ်နေရပါသလဲဆိုရင် ဟိုးအရင်က
နယ်စပ်မှာထုတ်တဲ့ ဂျာနယ်လေးတစ်စောင်မှာ ဒီခလေးနဲ့ ကိုယ့်ရဲ့ကြားက အမှတ်တရလေးကို *အရင်းအနှီး* ဆိုတဲ့ စာလေးတစ်ပုဒ်ကိုယ်ရေးဖူးတယ် ။
လူပျိုပေါက်အရွယ်လေးသူဟာ ရွာက စာသင်ကျောင်းလေးဆောက်တဲ့ နှစ် ၂၀၁၆ လောက်ထိ ဘာမကောင်းသတင်းမှလည်းမကြားရပါဘူး ကျောင်းဆောက်တုန်းကဆို နေ့တိုင်းနီးပါး အုတ်သယ်တာ
ရေခက်တာ အမြဲလာဝိုင်းကူညီနေကြပါ ။ကိုယ်ပြန်တဲ့အခါတွေဆိုလည်း
ဦးသားလေး ပြန်လာတာကြာပြီလားလို့ ရိုရိုသေသေနှုတ်ဆက်တတ်တယ် ။ ဒီတစ်ခေါက်ပြန်တော့ ကိုယ်ကြားတဲ့ သတင်းမှာ ရွာမှာသူခိုးထနေတယ်ဆိုတဲ့ သတင်းပဲ ။ တကယ်ဆိုရွာလို့ဆိုရမှာထက် အိမ်စု
၊ တဲစုလေးလို့ပြောရမယ့် ကိုယ်တို့ ရွာမှာ
ဘယ်အိမ်မှာ ဘာဟင်းချက်လဲဆိုတာက အစ တစ်အိမ်နဲ့
တစ်အိမ်သိကြတယ် ။ ဘယ်အိမ်ကတော့ ချောင်ချောင်လည်လည်ရှိပြီး
ဘယ်အိမ်ကတော့ အဆင်မပြေတာလည်း အကုန်လုံးက သိကြတာပါပဲ ။
ခုတော့ အိမ်ကို
တံခါးပိတ်ခဲ့ရုံတင်မရတော့လို့  အိမ်ဆောက်တစ်ယောက်ကတော့ အမြဲရှိနေရတယ်တဲ့ ကြက်ခိုးတာ
ရွှေဖရုံသီးပျောက်တာတွေဟာ ပြောပလောက်တာမဟုတ်ပေမယ့် အိမ်တစ်အိမ်က
ခြောက်သောင်းနီးပါလောက် စုမိနေတယ်ဆိုတဲ့ စုဗူးပျောက်တာ အိမ်နောက်ပေါက်ကနေ လူရှင်းချိန်မှာ တက်ခိုးလို့
လက်စွပ်တစ်ကွင်းနဲ့ ငွေ သိန်းကျော်ပါသွားတဲ့အကြောင်း ကြားရပြန်တော့စိတ်မချမ်းမြေ့စရာ။ လက်ဆောင်ရတဲ့ ပုဇွန်ခြောက်အကောင်ကြီးကြီးဗူးတစ်ဗူးရတော့ အမေနဲ့ အဘစားဖို့ဆိုပြီး လူကြုံပါးလိုက်တာ အဲ့ဗူးကြီးပါ
ပျောက်သွားတယ်ဆိုတော့ အမေ့မှာပေါက်ကွဲပြန်ကော အဲ့ခလေးကို အမေပြန်လာတော့ အိမ်အောက်မှာတွေ့တယ်ဆိုတော့ အမေရယ်နေပါစေတော့ သားထပ်ပို့ပေးလိုက်မယ်နော်ဆိုပြီး ချော့ပြောရတယ် ။
စုဗူးပျောက်တဲ့သူကလည်း ရွာလူကြီးအိမ်သွားတိုင်တော့ အဲ့လူငယ်လေးအမေဆီလိုက်ကြတာမှာ ဖဲဝိုင်းတစ်ခုမှာ သူ့အမေဆော့နေတာက ပိုက်ဆံလေးတွေ
အခေါက်ကလေးတွေကြီးပဲတဲ့ တိုင်တဲ့သူပါ
ပါလာတော့ သူ့လက်ထဲရှိတဲ့ ပိုက်ဆံခေါက်လေးတွေကိုအတင်းဖြန့်နေတယ်ဆိုတယ် ။ ဒါဆိုရင် သူ့အမေပါသိနေရော့သလား တွေးရင်း
ရင်လေးမိပြန်။ မိလို့တော့ ကျနော်က အသေချမှာလို့ ပျောက်သူကပြောတော့ မလုပ်နဲ့လေ
အဲ့ကျ မင်းအလွန်ဖြစ်မှာပေါ့ လူကြီးဆီကပဲ ပြောကြဆိုကြစမ်းပါလို့ ကိုယ်ကတရားချမိတယ်
။ တကယ်ဆို အဲ့ခလေးကို သံယောဇဉ်ဖြစ်မိတဲ့ကိုယ့်အတွက် သူတစ်ခုခုဖြစ်သွားမှာမျိုးတော့မလိုလားပြန် ။
ပညာမတတ်ခြင်း တွေးတောဆင်ခြင်နိုင်စွမ်းနည်းပါးခြင်းနဲ့ နည်းမှန်လမ်းမှန်ဆိုဆုံးမမယ့် မိဘတွေမဟုတ်ပြန်တော့ ထိုခလေးရဲ့ အနာဂါတ်ဟာ ဘာတွေများဖြစ်လေမလဲလို့ မတွေးတတ်အောင်ပါပဲ ။
တစ်နေ့လုပ်တစ်နေ့စား ထိုမိသားစုအတွက် အဖေ အရက်သောက်တဲ့နေ့ မအေဖျားတဲ့နေ့မှာ သူ့အောက်က မောင်နှမ လေးယောက်လောက်အတွက် စားဝတ်နေရေးပြေလည်ဖို့ဟာ သူကအတွက်ထွက်ပေါက် သူ့မိသားစု ဝမ်းဝရေးဟာ သူ့ပုခုံးပေါက်ကျခဲ့တယ် သူထမ်းခဲ့တယ်ဆိုရင်ကော အပြစ်တင်ရက်ပါ့မလား သူ့နေရာမှာ
ကိုယ်သာဆိုရင်ကော ….။
*မင်း က ငါ့ကိုတောင်
မနှုတ်ဆက်တော့ပါလားကွ* ဆိုတော့ သူက မျက်နှာညှိုးညှိုးနဲ့ပြန်ပြောတာ * ဘာမှမဖြစ်ပါဘူး
ဦးသားလေးရယ် ဒီလိုပါပဲ သားလည်းမသိတော့ပါဘူးတဲ့
*
သူဘာပြောချင်တာပါလိမ့် သူဘာတွေခံစားနေရတာပါလိမ့်။
( စိတ်ကူးနဲ့
ချမ်းသာကြည့်တာ ကျနော်သာ ချမ်းသာခဲ့ရင်လေ တိုက်လည်းမဆောက်ဘူး ကားလည်းဝယ်မစီးဘူး ကျနော့်ပတ်ဝန်းကျင်လေး ကျနော့်ရွာလေး ကျနော်တို့တဲစုကလေး သူတို့ဘဝလေး
မြင့်မားပြီး ဝမ်းဝဖို့အတွက် မပူပင်ရလေအောင်
ဖန်တီးပေးချင်လိုက်တာဗျာ )
သူ့အကြောင်း ရေးဖူးတာလေး...........ဒီမှာ
3 comments:
ကလေးတွေ အကျင့်ပျက်နေကြတာဟာ မောင်မျိုးပြောသလိုပဲ ပညာမသင်ရလို့ စာမတတ်လို့ အဲဒါက အဓိကပဲ...ဖတ်ပြီး စိတ်မကောင်းဘူး...။ အရင်ပို့စ်ကိုတောင်ပြန်သွားဖတ်လိုက်တယ်...။
မိုးငွေ့
မိဘရဲ့သွန်သင်မှုကလည်း အဓိကကျတဲ့အချက်တစ်ချက်ပဲ မောင်မျိုးရေ။ စိတ်မကောင်းစရာပဲလေ။ စာမူပေးဘို့ မမေ့နဲ့အုံးနော်။
ကိုယ့်နိုင်ငံရဲ့ အခြေအနေတွက် ဘယ်သူ့ အပစ်ပြောရမယ်ကို မသိတော့ပါဘူး .. စီးပွားရေး မပြေလည်ရာကစ ပညာရေးအတွက် အားပေးမှုတွေနည်းပြီး အသိဥာဏ်တွေလဲ ချို့တဲ့ကုန်တော့တာပဲ ..:(
Post a Comment