Shutter Island မင်းသား Leonardo ရဲ့ အနုပညာပြကွက်တွေ ဖော်ပြခွင့်ရတဲ့ဇတ်ကားတစ်ကားလို့ ဆိုနိုင်ပါတယ် ဒီဇတ်ကားမှာတော့ သူက အင်ဒရူ အဖြစ်သရုပ်ဆောင်ထားပါတယ် ။ ဇတ်လမ်းထဲသူနဲ့အတူမျောပါသွားလောက်တဲ့ခံစားချက်တွေ ကျနော်တို့ခံစားကြည့်ကြပါစို့ ။ ဇတ်လမ်းရဲ့အစ သူနဲ့ သူ့သူငယ်ချင်း ဂျက် ကျွန်းကိုသွားတဲ့ခရီ အဲ့ဒီကျွန်းဟာ ထူးခြားလွန်းတဲ့ ၀န်းကျင်လို့ထင်ပါတယ် ထူးခြားတယ်လို့ ဆိုရာမှာ ဆေးရုံနဲ့ တူတဲ့ အရာတွေ မတွေ့ရပါပဲ လူမမာရုပ်ပေါက်နေတဲ့ အကျဉ်းသားဆန်ဆန် လူတစ်ချို့ကိုတွေ့ရလို့ပါ ။ ပြီးတော့ ရဲ အစောင့်များ ဒီလူနာတွေနဲ့ ရဲတွေက ဘယ်လို အကြောင်းတွေကြောင့် ပက်သက်ဆက်နွယ်နေပါသလဲ ။
အင်ဒရူလိုက်ရမယ့်အမှု အမျိုးသမီးတစ်ယောက်ရဲ့ အမှု ။“ ဒီအခန်းထဲမှာ ထွက်ပေါက်မရှိပဲ သူဘယ်လို အပြင်ကိုရောက်သွားခဲ့တာလဲ ” ပြီးတော့ သဲလွန်စ စာတစ်စောင် ။ အမှုနဲ့ ပက်သက်တဲ့ စုံစမ်းမှုတွေ လုပ်ဖို့အတွက် ကျွန်းပက်ဝန်းကျင်ကို ကြည့်ရှု့ကြတယ် ။ ကျွန်းရဲ့ တားမြစ်နယ်မြေတစ်ခု “ င်္ဒိနေရာက ထွက်ပြေးမယ်ဆိုရင် ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး” တဲ့ ဒီကိုရောက်နေတဲ့ အပြစ်သားတွေ တစ်နည်းအားဖြင့် လူနာဆန်ဆန် ဒီအပြစ်သားတွေဟာ ဘာကြောင့် ရောက်နေကြတာလဲ ဘယ်လိုအပြစ်တွေကြောင့် ဒီကျွန်းပေါ် ရောက်နေကြတာလဲဆိုတာ ဇတ်လမ်းကိုကြည့်ရှု့သူ ကို စိတ်ဝင်စားလာအောင် ဆွဲခေါ်သွားတဲ့ ပုံစံပါပဲ ။ သက်သေတွေကို မေးမြန်းခန်းမှာတော့ သူနာပြု ဆရာမတွေရဲ့ အပြုမူတွေက တစ်မျိုးထူးခြားနေပါတယ် သူတို့ အင်ဒရူ့ကို ဆက်ဆံပုံက အဖြေမရှိနိုင်တဲ့ ပုဆ်စာတစ်ပုဒ်ကိုတွက်နေတဲ့သူတစ်ယောက်ကို ကြည့်တဲ့ လှောင်ပြုံးတွေပြုံးလို့ပါ။ အင်းဒရူ့ ရဲ့ မသိစိတ်ကနေမြင်နေရတဲ့ ပုံရိပ်တွေက ဘာကိုဖော်ပြနေပါသလဲ မကြာမကြာဆေးသောက်နေရတဲ့ ပြကွက်တွေ သူကော ရောဂါသည်တစ်ယောက်များလား ကျနော်တို့အတိကျမသိသေးပါဘူး။
အမှုနဲ့ ပက်သက်တဲ့ သူ့ရဲ့ စုံစမ်းမှုတိုင်းကို သက်သေတွေက ဘာကြောင့် “မသိဘူး” ဆိုတဲ့စကားကို တွင်တွင်သုံးနေကြာတာပါလိမ့် ။ ဒါကလည်းတွေးစရာတစ်မျိုးပါပဲ သူတို့ကိုကြည့်ရတာ တစ်ခုခုကိုဖုံးကွယ်ထားကြသလိုပါပဲ ။သူစိတ်ထဲထင်နေတဲ့ အရာအတွက် အမှုရဲ့ သက်သေအတွက် နေရာကို ဒီနေရာကိုသူဘယ်လိုသိနေတာလဲ သင်းချိုင်းတစ်ခု ပြီးတော့ တောအုပ်ထူထူ ရာသီဥတုကြမ်းတမ်းအေးစက်လွန်းတဲ့နေရာကြီးပါ အင်ဒရူနဲ့ဂျက် သစ်တောအုပ်ကြီးမှာ မုန်တိုင်းတွေကျတော့ ပြေးလွှားရင် တိုက်အိုဟောင်းကြီးတစ်ခုထဲ ရောက်ခဲ့ကြတယ် ။ ဂျက် ကမေးတယ် “ မင်းဒီနေရာကို ဘယ်လိုသိတာလဲ ” တဲ့ ကြည့်ရှု့သူနဲ့ ထပ်တူကျတဲ့မေးခွန်းပါပဲ ကျနော်လည်း င်္ဒီမေးခွန်းကို မေးချင်တာပါ ။ ပြီးတော့ သူအတိတ်ကိုပြန်တွေးတယ် ။ နှင်းတွေအရမ်းကျနေတဲ့ နေ့တစ်နေ့ စစ်သားတွေအများကြီး လမ်းဘေးဝဲယာမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ ကျား/မ လူကြီးလူငယ်မျိုးစုံ သေဆုံသူတစ်ချို့ သူကတော့ စစ်သားတွေထဲက တစ်ယောက် ။
ကျွန်းကြီးနားက မီးပြတိုက်ကြီး ကြောက်စရာလှိုင်းပုတ်သံများ အဲ့ဒီနေ၇ာကို သွားဖို့ သူတို့သူငယ်ချင်းနှစ်ယောက် အငြင်းအခုန် လုပ်နေကြရင်း ဂျက်က မသွားသင့်ဘူး သူကတော့ သွားမယ် သူတို့နှစ်ယောက်လမ်းခွဲရင်း ပြန်ဖို့အတွက် ဂျက်ကိုလိုက်ရှာတော့ ဂျက်ဟာ ကြောက်ကမ်းပါပေါ်က ပြုတ်ကျသလိုလို သူ့အလိုလို ကျသွားတာလား တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့်လား ကမ်းပါးပေါ်က သူမြင်နေရတာ ဂျက် ၀မ်းလျားမှောက်လဲကျနေတယ် သူဂျက်ဆီကို သွားတယ် သူရောက်တော့ ဂျက်ကိုမတွေ့တော့ဘူး ဂျက် ဘယ်ရောက်သွားသလဲ လှိုင်းတွေထဲ ပါသွားသလား ဒီအခန်းကနေစပြီး ဂျက်ကိုမတွေ့ရတော့ပါဘူး ဂျက် သေဆုံးသွားပြီလား အတိအကျမသိပါ ။သူရောက်နေတယ် ကျောက်စွယ်တွေပေါ လှိုင်းပုတ်သံတွေကြမ်းတဲ့နေရာ ပြီးတော့ ကျောက်လှိုင်ဂူကြီးတစ်ခု ကျောက်ဂူကြီးထဲမှာ တော့အမျိုးသမီးတစ်ယောက် ဒီက လွတ်မြောက်မဲ့လမ်းကို ရှာဖွေးရင်း သူ့အတွက်လုံခြုံတယ်လို့ထင်ရတဲ့အတွက် ဒီဂူထဲ နေရတာပါတဲ့ ။
ဒီဇတ်လမ်းထဲက ဇတ်ဆောင်တိုင်းရဲ့ စရိုက်တွေက ထူးခြားလွန်းပါတယ် သူတို့ရဲ့မျက်နှာတွေမှာ တစ်ခုခုကို စိုးရိမ်စိတ်တွေ ထင်ဟပ်နေပါတယ် ။ အိမ်အိုပျက်ကြီး အဖြူရောင်ဝတ်လူများ ဆရာဝန်အဖိုးကြီးကို သူတိုက်ခိုက်ပြီးတဲ့နောက် သူထွက်ပြေးဖို့ကြိုးစားတယ်။ သူ့ရဲ့မိန်းမဟာ သူ့ကို မကြာမကြာ ကိုယ်ယောင်ပြလို့ စကားတွေလာလာပြောနေပါသေးတယ်။ ဒါတွေဟာ သူ့ရဲ့မသိစိတ်တွေက ဖြစ်နေတာတွေကြီးပါပဲ တကယ်တော့ သူ့မိန်းမဟာ သေဆုံးသွားခဲ့ပါပြီ။
နောက်ဆုံးတော့ စိတ်ဝင်စားစရာမီးပြတိုက်ကြီးထဲ သူရောက်အောင်လာခဲ့တယ် ။ဘယ်သူတွေရှိနေမှာလဲ သူကကော ဘာကိုရှာတာလဲ ဇတ်လမ်းထဲက ဇတ်ဝင်ခန်းတွေကတော့ စိတ်ဝင်စားစရာ ထိတ်လန့်စရာအပြည့်နဲ့ပါ ။သူတစ်ယောက်တည်း ယောက်ယတ်ခပ် လှုပ်ရှားနေသလောက် ကျွန်းရဲ့ အကြီးအကဲ ဖြစ်တဲ့သူကတော့ အေးအေးလူလူနဲ့ သူ့ကိုမေးခွန်းမေးပါတယ် “ မင်း ဘာကိုမသင်္ကာလို့ စုံစမ်းနေတာလဲ ” ။ “မင်းရောက်လာတာ ဘာအတွက်လဲ ပြန်တွေးကြည့်ပါ ” ပြီးတော့ သေပြီလို့ထင်ရတဲ့ ဂျက် ပြန်ရောက်လာတယ် ဂျက် သူ့ကိုကြည့်တဲ့ မျက်လုံးတွေက ဆရာဝန်တစ်ယောက်က ကယောင်ကတမ်း ဖြစ်နေတဲ့ လူနာတစ်ယောက်ကိုကြည့်တဲ့မျက်လုံးတွေလိုပါပဲ ။
သူပြန်တွေးတယ် သူချစ်တဲ့ သားသမီးတွေ သေဆုံးသွားတော့ ယူကြုံးမရဖြစ်ရတဲ့ဖခင်တစ်ယောက်ရဲ့ ခံစားချက် ။ သူ့မိန်းမကို သူကိုယ်တိုင်ပဲ သတ်လိုက်မိတယ် ။ ဒါက ဇတ်လမ်းတစ်ခုလုံးရဲ့ အစဆုံးဖြစ်ရပ်လို့ ယူဆနိုင်တဲ့အခန်းကို နောက်ဆုံးမှာ ပြသွားတာလေးပါ။တကယ်တော့ အင်ဒရူး ကိုယ်တိုင်က ရုးမှန်းမသိ ရူးနေတဲ့ ရောဂါသည်တစ်ယောက်လို့ ကျနော်တော့ထင်ပါတယ်။
ဒီဇတ်လမ်းမှာ ဇတ်ကားတစ်ခုလုံးရဲ့ အနှစ်ဆိုတာထပ် ကြည့်ရှု့သူတစ်ယောက်နေရာက ပြောရမယ်ဆိုရင်တော့ အင်ဒရူအဖြစ် သရုပ်ဆောင်သွားတဲ့ Leonardo ဟာတကယ့်ကို ဇတ်လမ်းထဲ သရုပ်ဆောင်မှန်းမသိအောင် သူ့လို ဇဝေဇ၀ါနဲ့ သံသရတွေများရတော့မလိုလို မောပန်းလွန်းပုံပေါက်နေတဲ့သူ့ပုံ အသက်ရှူသံပြင်းပြင်းတွေ ယူကြုံးမရခံစားရတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက် မိသားစုဘ၀ ပြိုလဲပျက်စီးပြီးတဲ့နောက် ဆောက်တည်ရာမရ ငိုးကြွေးနေတဲ့ သူ့ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်လက်ဖျားခါဖို့ကောင်းပါတယ် ။ အတွေးတွေ အများကြီးပေး မေးခွန်းတွေ အထပ်ထပ်နဲ့ ကြည့်ရှု့သူကို မေးခွန်းတွေပေးသွား အဆုံးမှာတော့ ကို အဖြေကို လှည့်ကွက်တစ်ခုနဲ့ လှလှလေးပြသွားတဲ့ ဇတ်ကားတစ်ကားပါ။ တကယ်ပဲ ဒီကျွန်းဟာ စိတ်တဇ ဆန်နေတော့တာပါပဲ ။
