တစ်ယောက်ထဲလည်း ဘာဖြစ်လဲ။
နှေးရင်နှေး မြန်ရင်မြန်၊ ကိုယ့်အတောင်ပံနဲ့ကိုယ်ပျံမယ်။
နှေးရင်နှေး မြန်ရင်မြန်၊ ကိုယ့်အတောင်ပံနဲ့ကိုယ်ပျံမယ်။
အရမ်းကြိုက်တဲ့ စာသားလေးတွေ့ပြီး ဒီစာရေးချင်စိတ်ဖြစ်မိသွားတယ် ။
အချစ်အကြောင်းမရေးတာလည်းကြားလှပါပြီး
မရေးဆို ရေးစရာလည်းမရှိဘူးရယ် အရင်ကတော့ ဘလော့မှာ အငှားခံစားချက်တွေနဲ့ လူရှိန်အောင်လိုက်ရေးနေတာ ကြာတော့ ဇတ်ကောင်မင်းသမီးတွေက
တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတော့ ကိုယ်ကမသိရင်
မျက်နှာများတဲ့မောင်လို ဖြစ်နေလို့ တော်ပြီဟဲ့
ဒီအချစ်အကြောင်းဆိုပြီး မရေးဖြစ်တော့ဘူး
။
ဒီအရွယ်ကြီးတို့ ဒီအရွယ်ရှိပြီတို့ ဆိုတဲ့
စကားနဲ့ကိုင်ပေါက်ရလောက်အောင်ကလည်း
ကိုယ့်ကိုယ်ကိုတော့ ငါ အသက်မှမကြီးသေးတာလို့ ခံယူပစ်လိုက်တယ် ။ ဒါနဲ့ ပက်သက်ပြီး အိမ်ထောင်ကျစောသွားတဲ့ တူတော်မောင်ကို သိပ်မကျေနပ်ဘူး ဒင်းသိပ်သွက်နေတယ် ကိုယ့်ကို
ဦးလေးကနေ ဖိုးလေးဖြစ်အောင် စွမ်းဆောင်နေတယ်လို့ သတင်းက ရထားလေတော့ ဘာကြီး ဘာကြီးဆိုပြီး ဖုန်းဆက်လို့ မင်းက
အလုပ်ကိုပဲအရင်အဆင်ပြေအောင်မလုပ်ပဲ
ခလေးယူတော့မလို့လား မင်းမိန်းမကိုပြောလေ မယူကြနဲ့အုံးဟ ဆိုပြီး တားစီးရတာ ကိုယ့်မှာ လူဆိုးကြီးဖြစ်ရတဲ့ဘ၀ ။
ခုရက်ပိုင်း
သူငယ်ချင်းစားရင်းမှာ ရှိနေတဲ့ သူငယ်ချင်းမလေး ဟုတ်ကဲ့
သူငယ်ချင်းမလေးပဲ သုံးပါရစေ နေကောင်းရဲ့လား ပျောက်နေတယ်
သူ့ကိုမေ့သွားပြီလားဆိုတဲ့ စာတိုမက်ဆေ့လေးတွေပို့ပို့လာတယ် နေကောင်းပါတယ် အဆင်ပြေလား ဒီ့ထပ်ပိုပြီး စာမပြန်ဖြစ်တော့ဘူး လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က ထိုင်းစာသင်တဲ့ သင်တန်းလေးမှာပါ
အချိန်လည်းပိုနေတာနဲ့ အင်္ဂလိပ်စာသင်တန်းလေးပါတက်ဖြစ်တယ် ထိုင်းမလေး သူ့တစ်ယောက်တည်း သူက ထိုင်းကပြားမလေးပါ ကျန်တာတွေကတော့ မြန်မာတွေကြီးပဲ ထိုင်းစကားတတ်တာလည်း
ကိုယ်တစ်ယောက်ပဲမို့ သူနဲ့ ကိုယ်ဘေးချင်းကပ်ထိုင်ဖြစ်တယ်
စကားတွေပြောတယ် သူအတန်းမလာတဲ့နေ့ဆို ကိုယ့်မှာဟာတာတာကြီး တစ်နာရီသင်တန်းလေးတောင်မှ မတက်ဖြစ်တဲ့နေ့ဆို ဆရာ့ဆီဖုန်းဆက်ပဲ သူ့ဆီအတန်းမလာတက်ဖြစ်ကြောင်းဖုန်းဆက်ဖြစ်တယ် သူချင်းမိုင်က
ပြန်လာရင် ကိုယ့်အတွက် လက်ပတ်ကြိုးကလေးတွေဝယ်ဝယ်ပေးခဲ့တယ် တစ်ခါကျတော့ စားပွဲပေါ်တင်တဲ့ ပန်းအိုးလေး အသဲပုံလေးနဲ့
ကိုယ့်ကိုလက်ဆောင်ပေးတယ် ။
သူဆိုင်ကယ်နောက်က အသားကင်သွားစားကြတော့ ကိုယ်လိုက်စီးဖူးတယ် လေတွေအေးအေးလေးတိုက်လို့
မီးရောင်တွေအောက်မှာ ပျော်စရာ ။သူဆိုင်ကယ်အကြမ်းမောင်းတယ်
(ကျနော်ဆိုင်ကယ်သေချာမမောင်းတတ်ဘူး သူလည်း လိုက်မစီးရဲဘူးတဲ့ ) ။ ဘယ်တုန်းကမှ
မိန်းခလေးတွေနဲ့ စကားစိတ်ရှည်ရှည်မပြောတတ်ပဲ သူနဲ့ကျ စိတ်ရှည်နေတတ်တယ် သူ့အိမ်နားက ကိုယ့်သူငယ်ချင်းအခန်းသွားလည်တဲ့အခါ သူကိုယ့်အတွက်
ကွတ်တီယိုလေးတွေ ၀ယ်လာပို့ပေးတယ် သူအခန်းပြောင်းတော့ ပင်ပင်ပန်းပန်းအလုပ်ဆို သေအောင်ပျင်းတဲ့ကောင်က ဗီရိုတွေသွားဝိုင်းမကူရတာ နောက်နေ့ခါးနာသွားတာ သူ့ကိုပြောမနေတော့ပါဘူး ။ ဒီအထိ ဇတ်လမ်းလေးက လှနေတယ် ကျနော်သူ့ကို ချစ်လိုက်ချင်တယ် သူကမလှပါဘူး သေးသေးဖြူဖြူလေးနဲ့ချစ်စရာတော့ကောင်းသား မရိုင်းဘူးဆိုရင် တစ်ခုဝန်ခံပါရစေ သူ့ကိုယ်သင်းနံ့လေး သိပ်မိုက်တယ်ဗျာာ အနီးကပ်ထိုင်ရင်း မသိမသာခိုးရှူမိတာပါ ။
သူ့ကို ကိုယ်ဂရုစိုက်လာတာ
သူရိပ်မိလာတယ် သူမလာရင် ကိုယ်မျှော်တတ်လာတယ်
ဖုန်းဆက်တယ် သူမအားသလိုလိုဖြေတယ် ကိုယ်တို့အခြေနေကို
ရိပ်စားမိတဲ့သူငယ်ချင်း ( ဒီကောင် FB friend lists ထဲရှိနေတယ် မဖွပါစနဲ့ မမြင်ပါစေနဲ့) က ရှေ့တိုးကြည့်ဖို့ကိုယ့်ကို ပြောတယ်
ကိုယ်ရှေ့တိုးမယ်ကြံတော့ သူအတန်းမလာတော့ဘူး ကိုယ်ဖုန်းဆက်တော့ သူမကိုင်တော့ဘူး သူဖုန်းကိုင်တဲ့အခါ ချစ်သူဘေးနားရှိနေသလိုလို ဖြေတယ် ။ တစ်မြို့ထဲနေပေမယ့် သူ့ဆီတော့ ကိုယ်မသွားဖြစ်တော့ဘူး သူရှောင်နေတာသိပြီးတဲ့နောက်မှာ သူ့ပုံတွေကြည့်တယ် သတိရလာမိတယ် ။ တစ်နေ့
တစ်ခုခုစားရင်း စကားပြောမိကြတော့ သူက ကြိုက်တဲ့သူလိုလို မတင်မကျတွေ ကိုယ့်ကိုဖြေတယ် ကြေကွဲပြီပေါ့ အချစ်က
အဲ့လိုကြီလား လာခြင်းမကောင်းလိုက်လေပုံများ
ကိုယ်သူ့ကိုမမုန်းမိဘူး ကိုယ့်မှာပြစ်ချက်တစ်ခုခု ဒါမှမဟုတ် သူ့မှာ တစ်ခြားတစ်ယောက်ယောက်လို့
ဖြေတွေးလိုက်တယ် ဒါပေမယ့် သူကိုယ့်ကို သံယောဇဉ်မဖြစ်ခဲ့ဘူးတာတော့ လုံးဝမဖြစ်နိုင်တာ ကိုယ်ငြင်းရဲတယ် ။ခု.....အကြာကြီးနေရင်တော့ တစ်ခါဖုန်းပြောဖြစ်တယ် အလုပ်အကိုင်အကြောင်း နေရေးထိုင်ရေးအကြောင်းပေါ့ တစ်ခါတလေ စာပို့ဖြစ်တယ် အဲ့ထက်မပိုတော့ဘူး ထပ်ကြိုးစားကြည့်ချင်သေးလားဆိုတော့ ကိုယ်လိုက်ရင် သူပြေးအုံးမှာ မလိုလားပြန်ဘူး ။
ဒီလိုပါပဲ အချစ်ဆိုတာကလည်း နုံးထဲက ငါဖမ်းရသလိုပါပဲ ကိုယ့်မှာတော့ စိတ်လှုပ်ရှားမှုများစွာနဲ့ မိ တော့မလိုလိုကြိုးစားဖမ်းပေမယ့် သူက ရေပွက်ရာကလေးပေးလိုက်
ပျောက်သွားလိုက်နဲ့ပေါ့ ဒါပေမယ့် အနည်းဆုံးတော့
ကိုယ် ငါးဖမ်းဖို့ကြိုးစားခဲ့တယ် ပြီးတော့
ကြည်နူးစရာစိတ်လှုပ်ရှားမှုကလည်းရလိုက်တယ်ပေါ့ ။
ဒါနဲ့ အဲ့ချစ်စရာကောင်မလေး ကျနော့်
သူငယ်ချင်းစာရင်းထဲမှာရှိနေတယ် ဒါပေမယ့်
သူမြန်မာစာမဖတ်တတ်လို့ ကျနော်ဒီစာကိုရေးရဲတား)