စာအုပ်တွေနဲ့ဝေးနေတော့ စာငတ်နေတာကြာပြီဆိုလိုတာကအွန်လိုင်းမှာဖတ်လို့ရနိုင်ပေမယ့် စာအုပ်ဆိုတာနဲ့ လက်ထဲကိုင်ဖတ်ချင်တဲ့စိတ်ကရှိနေတာမို့ပါ အဲ့တာမှ ပိုအရသာရှိသလားလို့ မလေးရေးတဲ့ မိတောစာအုပ်လေးထုတ်ဖြစ်မယ်ဆိုတာတော့ ကြားတော့ကြားတယ်
ဒါပေမယ့် ဒီလောက်မြန်မြန်နဲ့ သပ်သပ်ရပ်ရပ်ကလေးဖြစ်လာလိမ့်မယ်လို့မထင်ထားဘူးအခုစာအုပ်ကလေးကအပြင်အဆင် အကြောင်းအရာအများကြီးလမင်းရှိုက်သံနဲ့
ကွာခြားနေတာခံစားလိုက်ရတယ် ။စာအုပ်မျက်နှာဖုံးလေးကလည်းချစ်စရာကောင်းတယ်
ပိုချစ်ဖို့ကောင်းတာကအတွင်းပန်းချီလေးတွေကတော်တော် ကိုလိုက်ဖက်တာပန်းချီဆရာကိုနော်ဆိုတဲ့ သူတော်တော်
တော်တယ် ။
စာအုပ်ဖတ်ရင်းမပြီးသေးတဲ့
အခါ စာမျက်နှာတွေ
ခေါက်ခေါက်ထားရတဲ့အခါ
အဆင်မပြေမှုကိုစာအုပ်စီစဉ်သူက
ကြိုးကလေးနဲ့ လုပ်ထားပေးတဲ့ အိုင်ဒီယာလေးမှာတော့ စာရေးသူနဲ့
စီစဉ်သူကြားကခင်မင်ဂရုစိုက်မှုကို ပြလိုက်သလိုပါပဲ ။
စာအုပ်လက်ဆောင် ၅ အုပ်ကြီးများတောင်ပေးတဲ့ မလေး ၊ စာအုပ်တွေသိမ်းထားပေးတဲ့ ကိုဏီနဲ့
အတူတကူးတကဒီအထိအရောက်ပို့ပေးလူပင်ပန်းငွေအကုန်ကျပါ
ခံလိုက်ရတဲ့
နာမည်လှလှနဲ့မသူတို့ကိုကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား ။စာအုပ်ရီဗြူးရေးမယ်
ရေးမယ်နဲ့
စာရေးပျင်းနေတဲ့အကြောကမသေသေးတော့ တစ်လုံးမှကိုမရေးဖြစ်ဘူးရယ် အသိတစ်ယောက်ကပြောတယ် အိမ့်ချမ်းမြေ့ကစာအုပ်တော်တော်များများမှာရေးနေတာမင်းကသူရေးသမျှစာတိုင်းရီဗြူးရေးနိုင်လို့လားတဲ့
အဲ့တာရွဲ့တား) အမှန်ကတော့ ခင်မင်မှုကြောင့်ရေးတာကောင်းပါတယ်ဆိုတဲ့ လန်ထွက်ပျံတတ်နေတဲ့ အွန်လိုင်းကဒိတ်ဒိတ်ကြဲတွေရဲ့
စာတွေကိုကောင်းပါတယ်ဆိုပြီးအားနာပါးနားရွှီးနေရမှာထပ်စာရင်
ခင်မင်စွဲကြောင်း
ဝေဖန်ရေး လေကန်ရေးလုပ်ရတာကပိုအဆင်ပြေသလားလို့ပါ ။
မလေးနဲ့ ခင်တာတော်တော်ကြာပါပြီဒါပေမယ့် သူ့အကြောင်းဘာမှမသိဘူးရယ်း)
မသိဆိုကျနော်တို့ဟာအွန်လိုင်းခင်မင် မှုအပြင် တစ်ခြားခင်မင်ရင်းနှီးဖို့
မရှိလို့ပါပဲ ။သူ့အာဘော် သူ့အရေးသားကိုခတ်မှန်းမိနေပေမယ့် မိတောကိုဖတ်လိုက်ရတဲ့
အခါမှာတော့
အရင်လိုလှိုင်းကြက်ခွက်ကလေးတွေလည်းပျောက်သွားတယ်
မောင် တွေ ကျိုက်ကလော့စေတီတွေနဲ့ နုအက်ဖုဖက်နေတဲ့
အရေးသားတွေလည်းပျောက်သွားတယ်
စာအုပ်ဖတ်နေရင်းတယ်ဟုတ်တဲ့
ငါ့အစ်မပါလားလို့ဖြစ်သွားတယ်။
စာအုပ်ရုံးကိုရောက်တဲ့အချိန်ကနေ့လည်ပိုင်းအဲ့နေ့ကခေါင်းနည်းနည်းမူးနေတော့
အပြင်ထွက်မစားဖြစ်ဘူးရုံးကအစ်ကိုတစ်ယောက်နဲ့
အလုပ်ထဲမှာပဲစားဖြစ်ရင်းစာအုပ်ကလေးဖတ်နေလိုက်တာသူကမေးတယ်
ဘာစာအုပ်လဲဘယ်သူရေးတာလဲတဲ့
လွယ်လွယ်ပဲဖြေလိုက်တယ် အချစ်စာအုပ် သူငယ်ချင်းရေးတာလို့ ။ ခဏနေတော့ နွယ်ရီကိုဖတ်ပြီးတဟီးဟီးထရယ်နေတဲ့ ကိုယ့်ကိုအလုပ်ဖော်
အစ်ကိုက
ပြန်မေးတာကမင်းသူငယ်ချင်းရေးတဲ့
အချစ်စာအုပ်ကရယ်ရတယ်လားတဲ့
ကိုယ့်အဖြေနဲ့ကို
ငြိလို့
ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး။
မိတောစီးရီးထဲက ၃-၎
ပုဒ်လောက်ပဲအွန်လိုင်းမှာဖတ်ဖူးတယ် ထင်တယ်
သိပ်မမှတ်မိဘူးမှတ်မှတ်ရရရှိနေသေးတာတော့ သဲရယ်
လို့ ခေါ်ခေါ်တတ်တဲ့
အဒေါ်ကြီးအကြောင်း
ပြီးတော့ ဆန်ပိုးနဲ့ အညိုရိပ် (၅၀) ကိုတော့ မှတ်မိနေတယ်
။
တကယ်ဆိုမလေးကဟာသတွေ မရေးဖူးပါဘူးသူ့ဆိုဒ်တွေမှာဆိုဒ်ဘာတွေကလေဘယ်ထဲမှာဟာသဆိုတဲ့ စာတောင် တစ်ခုမှမရှိဖူးဘူးဒါပေမယ့် ဒီမိတော
က
လုံးဝကို အရေးသားကွဲထွက်ပြီးစာဖတ်သူကိုတစ်ပြုံးပြုံးဖြစ်နေစေတော့တာ
။ သေချာတယ်
သူရေးတုန်းကသူကိုယ်တိုင်လည်းဒီစာတွေကို
၇ယ်စ၇ာဖြစ်စေတော့ရယ်လို့ေ၇းလိုက်တာမဟုတ်ပေမယ့်ဒီစာအုပ်ထဲကအကြောင်းရာတွေကကိုယ်တိုင်အဖြစ်အပျက်တွေမို့
တမင်လုပ်ရေးတာမဟုတ်ပဲအလွဲပေါင်းများစွာနဲ့
ရယ်စရာကောင်းနေတော့တာ ။ စာအုပ်ပါ
အကြောင်းရာထဲကဇာတ်ပို့ဖြစ်ကြတဲ့ မိတောရဲ့ မေမေနဲ့ ကိုရင်သာအေးတို့ ရဲ့ ရွှေပြည်အေးတရားစကားလေးတွေကစိတ်ကောက်စိတ်ဆိုးချင်တဲ့ မိတောရဲ့
စရိုက်နဲ့
လွဲလွဲကြီးကိုဆန့်ကျင်နေတတ်တဲ့
အပြုမူစကားပြောဟန်လေးတွေကလည်းတစ်မျိုးရသကလေးဖြစ်စေပြန်ပါတယ် ။
စာမူတစ်ပုဒ်ဆီတိုင်းကိုရေးဖို့
အဆင်မပြေတော့တာနဲ့
ကျနော်ကြိုက်တဲ့
မှတ်မှတ်ရရရှိနေတဲ့
အကြောင်းရာလေးတွေရေးပြပါရစေ ပြည်ပမှာအနေတော်တော်ကြာနေပေမယ့် မြန်မာမှု
မြန်မာစာကိုချစ်တဲ့ မလေးမိတောစာအုပ်ကလေးမှာ မြန်မာစာအရေးအပြောအသုံးနှုန်းလေးတွေ
ကြွယ်ဝလာတာ သတိထားမိတယ် လမင်းရှိုက်သံတုန်းကကိုယ့်နီးစပ်ရာမိတ်ဆွေတွေကိုပေးဖတ်ပြီးထင်မြင်ချက်တွေမေးမိတဲ့အခါ တစ်ချို့ စာကြောင်းတွေ သူတို့နားမလည်ဘူးတဲ့
။မလေးနဲ့ စကားပြောတော့
အဲ့အကြောင်းလေးအကြံပေးမိတယ်
အကြံပေးရကျိုးနပ်စွာပဲမိတောမှာတော့
လက်တွေ့ဘ၀တွေနဲ့ အကြောင်းရာတွေကိုလူတိုင်းဖတ်ပြီးနားလည်နိုင်လောက်မယ်ထင်ပါတယ် ။ ကနေဒီယန် ကန်စွန်းရွက်များမှာသတိထားမိတဲ့ စာကြောင်းလေးတစ်ကြောင်း (ကနေဒီယန် ကန်စွန်းရွက်ပင်များတောထနေအောင် ပေါက်နေသည့်သတင်းသည် နှစ်လုံးထီအတိတ်စိမ်းရသကဲ့သို့ဖြစ်လေ၏) ဆိုတဲ့ စာကြောင်းလေးမှာတကယ့် အရပ်ထဲကစကားတွေအတိုင်း
ချပြလိုက်တဲ့ ပြည်ပမှာ
နှစ်ရှည်လများနေထိုင်နေတဲ့ မလေးရဲ့
မြန်မာမှု အရေးသားတွေကလေးစားစရာ။
မိတောနဲ့
ရန်ကုန်မှာအထာမကျမှုတွေကိုနားလည်ခံစားလို့ရစွာနဲ့
ကိုယ်တိုင်လည်းရန်ကုန်ဆိုတာကြီးများရောက်သွားရင်
ကားပဲအနောက်က
ဝင်တိုက်ခံရတော့မလိုလို
မှတ်တိုင်တွေမှာအရှိန်နဲ့ မောင်းလာတဲ့ ဘတ်စ်စကားကြီးတွေ
လူအုပ်ကြီးထဲပဲ ၀င်တိုးတော့မလိုလို မနက်မနက်ကျ အမှိုက်တွေ
အမှိုက်တွေဆိုပြီးလက်ကုန်အော်ကြတဲ့
တွန်းလှည်းနဲ့
အမှိုက်သည်တဲ့သူတွေရဲ့
ခပ်စူးစူးအော်သံတွေကိုအထာမကျ မှုတွေဟာမိတောရေးတဲ့ မိဘပြည်သူများဆိုတာကိုဖတ်ပြီးအေးလေဟုတ်လည်းဟုတ်တာပဲကိုလို့ ထောက်ခံမိတဲ့အထိ မြန်မာပြည်မှာတိတ်တိတ်ဆိတ်ဆိတ် ပွဲလမ်းသဘင် ဆိုလို့ ဘာမှမရှိလောက်ဘူးထင်တာပဲမင်္ဂလာဆောင်ကလည်းလက်ကုန်ကို ဗြင်းတာမင်္ဂလာဆောင်သွားရင် သတို့သားသတို့ သမီးက ၀အောင်စားနော် ဘာညာကွိကွ
တွေ
လာလုပ်တာလေးကိုတောင်
ဆောင်းဘောက်အသံကြီးကိုကျော်အောင်
နှုတ်ဆက်ဧည့်ဝတ်ပြုရတဲ့ ကိစ်စကတော်ရုံတန်ရုံတော့မဟုတ်လောက်ဘူး။
နွေရာသီဆိုမီးဘေးသတိပေးချက် ကြားရတဲ့ လုပ်သားပြည်သူများခင်ဗျားဆိုတာကြီးခဏခဏ ကြားရတိုင်းနာတွေအူလွန်းလို့
။
တော်သေးတာပေါ့
မိတောတစ်ယောက်
နယ်မြို့ တွေထဲကရပ်ကွက်ထဲကအလှူခံဌာနတွေမတွေ့သေးလို့ မဟုတ်ရင်တော့ အလှူ့ရှင်နာမည်တစ်ခါကြေငြာလိုက် မြတ်စွာဘုရားကိုတိုင်တည်လိုက်နဲ့ဆိုတာအလှူခံဌာန ပြီးသွားတဲ့အထိ မြတ်စွာဘုရား မြတ်စွာဘုရားဆိုတာကိုသံရှည်စွဲပြီးအော်တဲ့ အသံကြီးကနားထဲစွဲကျန်ခဲ့တော့တာ ။
မိတောရဲ့
စာအုပ်ရီဗြူးထက် စာရေးနေတဲ့ ကျနော့်ရဲ့ အာဘော်ကတော်တော်များနေတယ် ကြော်ငြာတာမဟုတ်ပါဘူးအကုန်သာတစ်ပုဒ်ဆီလိုက်ရေးပြလိုက်ရရင်
စာအုပ် ၀ယ်မဖတ်တော့မှာဆိုးလို့ မဖတ်ရသေးသောသူများ ၀ယ်ဖတ်ကြည့်ပါ မိတောဟာ နေ့စဉ်ဘ၀တွေထဲမှာ ခပ်လွဲလွဲနဲ့ အဖြစ်ပျက်စုံနေတဲ့
အိမ်ရှင်မတစ်ယောက်ကိုစာဖတ်သူများတွေ့ပါလိမ့်မယ် ။
တစ်ခုထပ်ပြီးအာမခံပါရစေမိတောကိုဖတ်ပြီးသင့်နှုတ်ခမ်းကလေးမကွေးညွတ်သွားပါဘူးဆိုရင်
စာအုပ်ဖိုးကို
၃ ဆပြန်လျော်ပါမယ် ကျနော်တော့မဟုတ်ဘူးမိတောရေးသူဒေါ်အိမ့်ချမ်းမြေ့လျော်မှာပါ
J