ဘန်ကောက်မှာ အလုပ်လုပ်နေပေမယ့် ကိုယ့်မှာ ရေပေါ်ဈေး မြဘုရား ကိုရောက်ဖူးပြီလားမေးရင် ဟင်အင်းလို့ဖြေရမှာ ဖြတ်သွားဖြတ်လာလောက်ပဲရှိတယ် ရောက်ကတည်းက အလုပ်ရဖို့ကိုသာရှာနေရတာနဲ့ အလုပ်ရပြန်တော့လည်း မနက်ကနေ ညနေထိ အလုပ်ဆင်း ပိတ်ရက်လေးတစ်ရက်မှာ ပါစင်နယ်လေးလုပ်ရတာနဲ့ ဘယ်မှ ဟုတ်တိပတ်တိမရောက်ဖြစ်ဘူး ။ ဒီလ ၁၆ ရက်နေ့က အလုပ်က အပျော်ခရီ ပို့ပေးတယ် Company ၁၁ နှစ်ပြည့်အတွက် ။ ကိုယ်လည်း ဘာလိုလိုနဲ့ အလုပ်ဝင်တာ တစ်နှစ်နီးပါးလောက်ရှိပြီဆိုတော့ လိုက်ခွင့်ရတယ် ထိုင်းဝန်ထမ်းတွေနဲ့အတူ ကျနော်ရယ် အလုပ်ဖော်သူငယ်ချင်းရယ်ပဲ မြန်မာပါတယ် ။ စနေနေ့ မနက်သွား တနင်္ဂနွေ ညပြန်လာ ။
မြို့ကြီးတွေမှာ ကြုံကြရတဲ့ စိတ်ဖိစီးမှုများ ဖြေဖျောက်ဖို့အတွက် ဘော့စ်က တမင်ရည်ရွယ်ပြီးတော့ကို ခေါ်သွားပေးတာမျိုးပါ အလုပ်တွေများပြီး တစ်ယောက်နဲ့တစ်ယောက် တစ်ရုံးတည်းနေပေမယ့် မခေါ်မပြောကြသူများ အသစ်ရောက်လာပြီး အဖွဲ့မကျသေးသောသူများ ပိုမိုရင်းနှီးစေချင်တာကြောင့်လည်းပါမယ်ထင်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ စိတ်အပြောင်းလဲလေးတစ်ခုနဲ့ နယ်မြေဗဟုသုတ ရစေခဲ့တော့တာ ။
လမ်းမှာ ထမင်းစား နားတုန်းရိုက်ထားကြတာ ။ညနေပိုင်း ကစားကြရင်း ဘော့စ်နဲ့အတူ အမှတ်တရ
ကျနော်တို့အဖွဲ့ ပထမ ရတယ်ဗျး) ဘီလောက်လဲသိလား စာအိတ်ကြီးဖောင်းနေလို့ ပျော်နေတာ ဘီဟုတ်မတုန်း ၂၀ တန်တွေ ၅၀၀ တည်း
Take me to your heart သီချင်း သူငယ်ချင်းက ဂစ်တာတီးသီချင်းဆို အစ်မ ၂ ယောက်က ဘေးကနေ က ကျနော်က ဖော်လို လိုက်း)
အောက်က ပုံကတော့ ဆုပေးခါနီး မြူးဇစ်ဆိုပြီး တစ်ဖွဲ့တစ်ယောက် ကခိုင်းတုန်း ဘီလို ကလိုက်မိမှန်းတောင်မသိ အရှိန်လေး နည်းနည်းရသွားလို့နေမယ် ။ည၁၀ နာရီထိုးမှာ ဒီဂျေက သီချင်းပိတ်ပေးတယ် ။
မနက်စာ စားရင်း ညကအရှိန်နဲ့ ညောင်နာနာဖြစ်နေတဲ့ အဖော်မဲ့သူတစ်ဦးး)
မြို့တည်း ပြန်ခါနီး လမ်းမှာ ဘုရားဝင်ဖူးကြသေးတယ် ။ ရုံးကအဖွဲ့တွေနဲ့ အမှတ်တရ ။
ဘုရားပေါ်ကနေမြင်ရတဲ့ ကန်ချနဘူရီ ခရိုင်ရဲ့ စိမ်းမြမြ မြင်ကွင်း မြန်မာပြည်ရဲ့ ဘာအံရှု့ခင်းနဲ့တောင် ခပ်ဆင်ဆင် ။
အလုပ်မှာ မြန်မာဝန်ထမ်းလေး ၂ယောက်ပဲရှိပေမယ့် ဖေဖေမမ နဲ့ စိတ်ကောင်းရှိကြတဲ့ အလုပ်ဖော်တွေ ။အလုပ်တွေများပြီး အမြဲ မျက်နှာကြောတွေတင်းနေတဲ့ အန်တီကြီးတွေ ။ အရင်က စတိုင်လ်ကြီးတစ်ခွဲသားနဲ့ နေတတ်ကြတဲ့ ရုံးဝန်ထမ်းအစ်မတွေ ဒီဂျေ အရှိန် ၀ီစကီအရှိနဲ့ ကကွက်စုံလင်ပြီးတဲ့နောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြုံးစိစိ နဲ့ဖြစ်လို့ အရင်ထက် ရင်းနှီးမှု ပိုရရှိခဲ့တာတော့ အမှန်ပဲ ။
ဒီခရီးစဉ်လေး လုပ်ပေးတဲ့ ဘော့စ်နဲ့အတူ စီစဉ်ကြီးကြပ်တဲ့အစ်ကိုတွေကိုကျေးဇူးတင်ကြောင်း တစ်နေ့ မြန်မာပြည်ပြန်သွားတဲ့အခါ အခုပျော်ရွှင်မှုလေး အမြဲတမ်း သိမ်းထားမှာဖြစ်ပြီး လုပ်ငန်းခွင်မှာ မြန်မာတစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရမှုအပေါ် ကူညီဖေးမကြတဲ့ လုပ်ဖော်ကိုင်ဖက်များ ဒီခရီစဉ်လေးမှာ လိုက်ပါပျော်ရွှင်ခွင့်ရတဲ့အပေါ် ကျေးဇူးတင်စကားပြောနေစဉ်း)
ထိုင်းမှာက ခရီးစရိတ် သိပ်မများပဲ လည်ပတ်စရာတွေတော်တော်များတယ်ဆိုတာ ခုနောက်ပိုင်းပိုသိလာတယ် အလည်လာသူများဖိတ်ပါ :P