ဘဝမှာအခက်အခဲကိုရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ဆိုရင်တော့ အပြောင်းအလဲတွေကိုလည်း
ခင်ဗျားအနေနဲ့လက်ခံနိုင်ရမယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော်တို့အနေနဲ့
ရှေ့မှာနဲ့မတူတဲ့အရာတွေ ကြုံတွေ့ဖြတ်သန်းရမှာကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့
အလုပ်အသစ်ပြောင်းရွှေ့တာမျိုးပဲဖြစ်ဖြစ်
စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်လုပ်ကိုင်တာမျိုးပဲဖြစ်ဖြစ် လူစိမ်းတစ်ယောက်ယောက်နဲ့ ခင်မင်ပက်သက်မှုအသစ်ပဲဖြစ်ဖြစ်ပေါ့။
အခြေနေသစ်တစ်ရပ်ကိုစတင်ဖို့ဆိုတာ လူတိုင်းအတွက်
စိုးရိမ်စိတ်ဖြစ်စေတယ်ဆိုတာဟာလည်း
သဘာဝပါပဲ ။ ကျွန်တော်ကိုယ်တိုင်လည်း
စိုးရိမ်စိတ်အများကြီးမဖြစ်ဘူးဆိုရင်တောင် ပြောင်းလဲမှုတိုင်းမှာတော့ စိတ်အနည်းငယ်ပူပန်တာမျိုးရှိပါတယ်။တစ်ခုခုကိုစတင်လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ကို
ဒီစိုးရိမ်ပူပန်မှုတွေကအမြဲလိုလို စိတ်မသက်မသာဖြစ်စေတော့တာပါပဲ ဖြစ်ပါ့မလား ဟုတ်ပါ့မလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့။ပတ်ဝန်းကျင်အသစ် အပေါင်းအသင်းအသစ် တာဝန်ယူမှုအသစ် တွေနဲ့ ကြုံရတော့မယ်ဆိုတာနဲ့ စိုးရိမ်စိတ်တွေဖြစ်ပြီး ကျနော်တို့ဒါကို၇ပ်ဆိုင်းလိုက်မိတတ်ကြတယ်။
ရှေ့ဆက်ဖို့ကျွန်တော်တို့ မရဲတော့ဘူး ကြောက်မိနေတတ်ကြတယ်။
ဒါပေမယ့်
ကျွန်တော်တို့ ဒီအကြောက်တရား စိုးရိမ်စိတ်တွေကိုသာ ကျော်ဖြတ်နိုင်မယ်ဆိုရင် ရှေ့ဆက်ပြီး
ကြုံတွေ့လာရမယ့်အခက်အခဲတွေကိုလည်း
ကျွန်တော်တို့ကျော်ဖြတ်နိုင်မယ်ဆိုတာအသေချာပဲ
ကျွန်တော်တို့ယုံကြည်စိတ်တွေများလာလိမ့်မယ်။အပြောင်းလဲတိုင်းကို
ကျွန်တော်တို့လက်ခံနိုင်မယ့်နည်းလမ်းတွေ
ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကိုလည်း သိလာပြီ
ဒါပါပဲ
ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းရာသုံးချက်ကလည်း ဒီကြောက်စိတ်တွေကို
ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုပြောပြချင်တာပါ ။
(၁)
ကျရှုံးမှာကိုကြောက်ကြတယ် …
အချစ်သစ်ဟာ အရင်တစ်ခါအသဲကွဲခဲ့သလိုမျိုးနဲ့ပဲလမ်းခွဲရအုံးမလား
၊ အလုပ်သစ်မှာ အလုပ်ဟောင်းကလို အတည်မကျ ပဲ
သေချင်တဲ့ကျားတောပြောင်းဆိုသလို
ပိုများဆိုးလေမလား ၊ အသစ်လုပ်မယ့် လုပ်ငန်းကပဲ အရှုံးပေါ်လေမလား အဲ့ဒီအတွေးတွေဟာ မကြာမကြာဖြစ်တတ်
တွေးမိတဲ့ ကိုယ်ထင်တဲ့အတွေးတွေပါပဲ။
အများကြီးတွေးတဲ့သူဟာ
အများကြီးပိုပြီးစိတ်ပင်ပန်းရလိမ့်မယ် ။
ဒါတွေဟာ
လူသားတွေအနေနဲ့ မကျရှုံးချင်တာ ၀မ်းနည်းကြေကွဲမှုမဖြစ်ချင်တာ အတွေးတွေမမှားချင်တာ အရှုံးသမားမဖြစ်ချင်တာ ဒါကလည်း
ဓမ္မတာပါပဲ
ဘယ်လိုလုပ်ပြီးတော့များ အမြဲတိုင်းနိုင်နေတဲ့သူဖြစ်နိုင်ပါ့မလဲဗျာ
။ ဒီ အကြောက်တရား စိုးရိမ်စိတ်တွေကို
ကျော်ဖြတ်နိုင်ဖို့ဆိုတဲ့နေရာမှာတော့
အမှန်ကိုအမှန်တိုင်း အဖြစ်ကိုအဖြစ်အတိုင်း
လက်ခံနိုင်တဲ့စိတ်ရှိကိုရှိရမယ်။
အဲ့ဒီလက်ခံတတ်တဲ့စိတ်နဲ့အတူ
ဘယ်အရာက တွဲလျှက်ပါလာမလဲဆိုတော့
(ရဲရင့်ခြင်း) က ပါလာလိမ့်မယ်။ အဲ့တာက
ကျွန်တော်တို့ ကြောက်စိတ် စိုးရိမ်စိတ်တွေကို လျော့ကျစေ
ပျောက်ပျက်စေလိမ့်မယ် ။ခင်ဗျားတို့ မမေ့လေနဲ့ ကိုယ်က
စိုးရိမ်စိတ်များတဲ့အခါမှာ
ပြသနာသေးသေးလေးကို
အကြီးကြီးလိုအတွေးဝင်လာလိမ့်မယ် ။ အကယ်၍ ရဲရင်စိတ်ရှိတဲ့သူဆိုရင်တော့ ပြသနာအကြီးကြီးတောင် သေးသေးလေးလို့ထင်ပြီး ဖြေရှင်းနိုင်တဲ့စိတ်မျိုးဖြစ်လာလိမ့်မယ်
။ပြီးတော့ ကိုယ်ယုံကြည်ထားသတ်မှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်စီကိုလည်း
အဲ့ဒီယုံကြည်စိတ်နဲ့ပဲ ပိုပြီးနီးကပ်အောင် လျှောက်လှမ်းလာနိုင်လိမ့်မယ် ။
ကျရှုံးခြင်းဆိုတာဟာလည်း ဘ၀တစ်ကွေ့မှာ
ကျွန်တော်တို့အနှေးနဲ့အမြန်ကြုံတွေ့ရမှာပါပဲ။
အရှုံးကိုကြောက်လို့ပြေးထွက်တယ်ဆိုတာဟာလည်း ဘာမှမလုပ်ပဲ အဲ့အရှုံးဆိုတဲ့နေရာမှာပဲ
ခင်ဗျားရပ်တည်နေတာနဲ့ဘာမှမခြားဘူး ။ရှေ့ဆက်ပြီးတော့လည်း
ဆက်လျှောက်နိုင်စွမ်းမရှိတော့ပြန်ဘူး။
အကောင်းဆုံးကတော့ ဒီအရှုံးကိုခင်ဗျားလက်ခံပါ ပြီးတော့ ရှေ့ဆက်မယ့်
ဘ၀လမ်းမှာ ဒါကိုသင်ခန်းစာအဖြစ်
လေ့လာသင်ယူပါ။
(၂) အပြောင်းအလဲဟာ ပြည့်စုံမှုရှိပါ့မလားလို့  စိုးရိမ်တတ်ကြတယ် …
ဘယ်သူပဲဖြစ်ဖြစ်တော့
ကိုယ်လုပ်တဲ့အရာအပေါ်မှာအကောင်းတွေဖြစ်လာဖို့ ကြုံလာဖို့ဆိုလူတိုင်းလိုလားကြတာပဲ ။
ဒါပေမယ့် ဘ၀မှာ အဲ့လိုအမြဲတမ်းအဆင်ပြေချောမွေ့နေဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ အလုပ်လုပ်နေတဲ့သူတိုင်းကတော့ ပြသနာအခက်ခဲတွေကြုံတွေ့နေရမှာပဲ ကိုယ်လုပ်ကိုင်ဖူးနေတဲ့အလုပ်တောင်မှ လွယ်ကူတယ်ထင်တဲ့အလုပ်တောင်မှာ အမှားသေးသေးလေးတွေ ပြသနာသေးသေးလေးတွေ ကြုံဆုံရမှာပဲ ။
တစ်ခါခါမှာ အရာအားလုံးကို
ပြီးပြည့်စုံဖို့
အပြင်းအထန်ကြိုးစားတယ်ဆိုတဲ့နေ၇ာမှာလည်း
ကျွန်တော်တို့ကို
ပြသနာအခက်ခဲတွေကို
လွယ်ကူစွာဖြစ်ပေါ်စေသလိုဖြစ်တတ်ပါတယ်။ ကိုယ်တိုင်က အရမ်းကျွမ်းကျင်တတ်မြောက်နေတဲ့နယ်ပယ်ဆိုရင်တော့လည်း
ခြွင်းချက်ပေါ့နော်။ ကျွန်တော်ဆိုလိုတဲ့
ပြီးပြည့်စုံခြင်းမရှိဘူးဆိုတဲ့နေရာမှာလည်း ခင်ဗျားကို
၁၀၀ရာခိုင်နှုန်းအပြည့်မျှော်လင့်ထားထားတယ်ဆိုပါစို့ ရလာဒ်က
၈၀-၉၀ ရာခိုင်နှုန်းဆိုရင်လည်း ကျွန်တော်ယူဆတာကတော့ ဒါဟာ အရမ်းကြီးဆိုးရွာတဲ့အခြေနေမဟုတ်ဘူးဗျ။ ကျွန်တော်တို့အတွက် အခက်အခဲဆုံးအရာတွေက
လုပ်နေရင်းနဲ့ပဲသင်ယူရင် နောက်အခေါက်တွေအတွက် အဲ့အခက်ခဲကို သင်ခန်းစာအဖြစ်ယူရင်း
ကျွန်တော်တို့ရှေ့ဆက်ပိုမိုကောင်းမွန်အောင်လုပ်ကိုင်နိုင်စွမ်းကိုဖြစ်စေမှာပဲ ။
ကျွန်တော်တို့
ဆုံးရှုံးသွားတဲ့အရာတွေထပ် အဲ့ဒီအရှုံးကနေ
ကျွန်တော်တို့ဘာတွေရရှိလိုက်သလဲဆိုတာကလည်း
အရေးကြီးသေးတယ်။
(၃) အပြောင်းအလဲသစ်အတွက် ကိုယ့်ကိုယ်ကို
ပြီးပြည့်စုံတယ်လို့မထင်ပဲစိုးရိမ်စိတ်ဖြစ်မိတာ……
ကျွန်တော်တို့ဟာ
တစ်ခါတလေ ကိုယ့်ကိုယ်ကို စံနှုန်းတွေနဲ့
မပြည့်စုံဘူး မမှီသေးဘူး အချိန်မတန်သေးဘူးဆိုပြီး ကိုယ်တိုင်တောင်မသိလိုက်တာမျိုးအခြေနေတွေနဲ့ တိုင်းတတ်ကြတယ်။ တကယ်ကတော့
ကျွန်တော်တို့တွေးထင်ထားတာထက် ကျွန်တော်တို့ကိုယ်တိုင်ပိုလုပ်နိုင်တာမျိုးတွေ ပိုမြင်တတ်တာမျိုးတွေ ပြီးတော့ ကိုယ်စိတ်မကူးခဲ့တဲ့
အိပ်မက်တောင်မမက်ဖူးခဲ့တဲ့အခြေနေတွေကိုလည်း
လုပ်ဆောင်နိုင်တယ်ဆိုတာတွေရှိလာမှာပဲ ။
ခင်ဗျားတို့မမေ့လေနဲ့ မိမိကိုယ်တိုင်က
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးတစ်ခုသတ်မှတ်ထားတာမျိုးမရှိဘူးဆိုရင် ဘယ်သူကများ
ကိုယ့်ကိုလာပြီးတန်ဖိုးသတ်မှတ်ပေးမှာပါလိမ့် ကိုယ့်ကိုယ်ကိုအကောင်းဘက်ကတွေးပါမြင်ပါ ပြီးတော့အခွင့်ရေများများးပေးပါ။ ကျွန်တော်ယုံကြည်ပါတယ်
ခင်ဗျားအနေနဲ့လက်ရှိအနေထားထက်ပိုပြီးတန်ဖိုးမြင့်လာမယ်
ပိုပြီးကောင်းမွန်လာမယ်ဆိုတာ ပိုပြီးတော့
ကြီးပြင်လာမယ် ရင့်ကျက်လာမယ်
ရှေးအနာဂါတ်တွေမှာ ကျရှုံးမယ် နာကျင်မယ်
ဒါပေမယ့် လူတစ်ယောက် ပြန်လည်ရပ်တည်နိုင်မယ့်အနေထားမှာ သူကိုယ်တိုင်နာကျင်မယ် ကျရှုံးမှုတွေကြုံမှပဲ
သူပြန်လည်ရုန်းထဖို့တတ်မှာပဲမဟုတ်လား ။
ဒီနေ့ဟာ မကောင်းသေးဘူးလို့
ခင်ဗျားတို့တွေးချင်တွေးလို့ရတယ် ဒါပေမယ့်
ဘာမှထမလုပ်ဘူး မစတင်ဘူးဆိုရင်တော့ အဲ့ဒီမကောင်းသေးဘူးဆိုတဲ့နေ့၇က်တွေက
မကြာမကြာကြုံနေရအုံးမှာပဲ ။
ခင်ဗျား
လဲကျနေရာကထလိုက်ပါ ပြီးရင် ခင်ဗျားယုံကြည်ရာကိုရယူဖို့အတွက် တစ်ဖန်ပြန်ပြီး
ကြိုးစားပြလိုက်စမ်းပါ ။
စာရေးသူ .Khun Nuttaputch ရဲ့ စာကို ဘာသာပြန်ပါသည်။
https://web.facebook.com/ nuttaputchdotcom?_rdr
ဘာသာပြန်တဲ့ပို့စ်မူရင်း
http://www.thairath.co.th/ content/572204
https://web.facebook.com/
ဘာသာပြန်တဲ့ပို့စ်မူရင်း
http://www.thairath.co.th/