Wednesday, August 17, 2016

ဘဝဆိုတာ တိုတိုလေးပါ

ဆွမ်းကပ်တယ် ပန်းလှူတယ်
တစ်ခါတလေ တရားထိုင်တယ်
ကျမ်းစာဖတ်တယ် ဆုတောင်းတယ်
ဆယ်ဖို့တစ်ဖို့၊အငယ်ဆုံးသောသူနဲ့သက်ကြီးရွယ်အိုတွေကိုထောက်ပံ့တယ်
သူငယ်ချင်းတွေကို ရွေးပေါင်းတယ် တစ်ခါတလေဆဲတယ်
ဘီယာသောက်တယ် ကတယ်
ကိုယ်ကျိုးမဖက်တဲ့ ပရဟိတ တစ်ကိုယ်တည်းလုပ်တယ်
ပကာသနနဲ့ ရာထူးနေရာကို ရွံတယ်
အချစ်ဆိုတာ  ညအိပ်ယာဝင်ချိန်လောက်သာအရသာရှိပြီး နောက်ပိုင်းကျ ငြင်းခုံရတာပဲလို့ယူဆတယ်။
ကိုယ့်ကိုယ်ကိုပျက်စီးတယ်ရယ်လို့လည်းဘယ်တော့မှအတွေးမ၀င်မိ
အမှားကိုစမ်းကြည့်သလို အမှန်ဆီလည်းပြန်လျှောက်လာဖို့ဝန်မလေးဘူး
အခုကော နောင်ကော မပြောင်းမလဲ  ကိုယ်တိုင်ကျေနပ်နေတဲ့အရာကတော့
အစွန်းအထင်းနည်းနည်းရှိတဲ့ ကိုယ်ကျင့်တရားရယ်
သူတစ်ပါးပျက်စီးရာပျက်စီးကြောင်း ဘယ်တော့မှမလုပ်တဲ့  စိတ်နှလုံးတစ်စုံရယ်

စိတ်အပင်ပန်းခံပြီး ဟန်မဆောင်နေကြနဲ့ ဘဝဆိုတာ တကယ်တော့ တိုတိုလေရယ်
အနိစ   ဒုက  အနတ္တ  ဒီမမြဲခြင်း တရားတွေထဲမှာ မသေခင်တော့ လုပ်ချင်တာလုပ်မယ်။




2 comments:

Cameron said...

ဟုတ်တယ် ဘ၀ဆိုတာတိုတိုလေးပါ....အမှားဆီကို စမ်းလျှောက်ခဲ့ဖူးပြီ... အမှန်ဆီကိုလည်း လှမ်းလျှောက်ခဲ့ပြီးပြီ....ဘယ်သူ့ကိုမှမထိခိုက် မနစ်နာစေတဲ့ ကိုယ့်အတွက် လွတ်လပ်မျှတတဲ့ အမှုမှန်သမျှ အသေခင်လေးတော့ လုပ်ချင်တာ လုပ်ရမှာပဲ...။ ဒါမှ ဘ၀ကို အနှစ်သာရရှိရှိ အသုံးချတယ်ခေါ်တာ...။

သူငယ်ချင်းတစ်ယောက်က တွေ့တိုင်းပြောဖူးတယ် ဘ၀ဆိုတာ တိုတိုလေးပါ လုပ်ချင်တာလုပ် သွားချင်တဲ့နေရာသွား စားချင်တဲ့အစာစားတဲ့...စိတ်ချမ်းသာအောင်နေတဲ့..း)

Unknown said...

Your Domain Name Chloe Dolabuy his explanation replica louis vuitton Continued Dolabuy Celine

LinkWithin

Related Posts Plugin for WordPress, Blogger...