Tuesday, February 26, 2019

မနေ့ကအမှတ်တရ…..24/2/2019



မနေ့က အပျော်က ဒီနေ့ထိကပ်ပါလာလို့ဒီစာကိုအမှတ်တရရေးချင်တာကြောင့်ရေးပါတယ် ။ အစ်မမြသွေးကလည်း အမှတ်တရစကားတက်ပြောရင်း ဘလော့ဂါတွေအနေနဲ့ ဒီအမှတ်တရလေးကိုစာရေးကြပါလို့ ပြောတာလေး အမှတ်တရတွေပြန်စဉ်းစားရင်းရေးလိုက်ပါတယ် ။

တကယ်ကတော့ ကိုယ့်စာလေးကို စာအုပ်လေးအဖြစ်နဲ့မြင်ခွင့်ရတာ ဝမ်းမသာပဲရှိပါ့မလား  အဲ့လိုတွေ ဝမ်းအသာလွန်ပြီး    ဘာမှစားမရပဲ  မနက်တည်းက မုန့်ဟင်းခါးတစ်ပွဲတောင်တစ်ဝက်ပဲကုန်တယ်      အမယ်  တီတင့်က   လက်မှတ်ထိုးမယ့်နေရာသာ စာရွက်ထဲကိုယ့်ကိုထည့်ထားတာ ဟိုရောက်တော့ သူ့ဟာနဲ့သူ လူကအေးဆေးဆိုတော့ စာအုပ်အရင်သွားထုတ်ပြီး   ကြည့်မဝ ရှူ့မဝတွေဖြစ်ပြီး  ဟား လှတယ်ကော ချစ်စရာလေးဆိုပြီး ပီတိတွေဖြစ်နေတာ ။ တစ်ခုပဲစိတ်မကောင်း တီတင့်က     စိန်ဆွဲကြိုးကြီးဆွဲမလာတာကိုပဲး)   ကိုဖိုးစိန်နဲ့ ကျနော်အမွေတောင်းမှာစိုးလို့ထင်တယ် တီတင့်က ကိုဖိုးစိန်ကိုတကယ်လန့်တဲ့သဘော  အိုင်ဖုန်း အိုင်ဖုန်းဆိုတော့  အလန့်တကြား  တီတင့် သမင်လည်ပြန်လေးဖြစ်သွားတာ မြင်လိုက်သေး ။

မတွေ့ဖူးတဲ့ ဘလော့ဂါတွေအများကြီး အစ်မတွေကတော့    အကယ်ဒမီပေးပွဲတက်ကြသလို  ဟယ်…မတွေ့တာကြာကြီလှလာတယ်နော်    အမလေး ချစ်စရာလေး အပြင်မှာ ဘာညာသာရကာတွေလုပ်ကြ ဖက်ကြ နမ်းကြပေါ့နော်    ( အစ်မနော် ဆိုပိုဆိုး  လိုက်ဖက်တာ သူ့အစ်မတွေ ညီမတွေကို ) ။  ကိုယ်ကတော့သိတာတွေလည်းနှုတ်ဆက်  ဘလော့နာမည်နဲ့   အပြင်နဲ့လည်းမတွဲမိတော့  ပေါက်ဖော်ဟောင်းကြီးတွေနဲ့ပဲ  တစ်ဝိုင်းတည်းထိုင်ဖြစ်တာ  မဇွန်ရယ် မသူ ရယ်        ။ ဟိုမှာမချော  တဲ့ ဟိုမှာ မမသီရိ  ။  မန်းလေးက  မရွှေစင်တို့တွေ   ။ ကိုဇက်တီ တဲ့ အဲ့တာက     ဟိုမှာ သမီးလေးနဲ့တူတူလာတာထင်တယ် ကိုချစ်သူမောင်    ခုမှမြင်ဖူးတာလေ ။   ဝမ်းဆက်နဲ့ လှလှက မမေဇူး     အဝါရောင်နဲ့  ဆရာမက  လသာညတဲ့    အဲ့တာလည်း မနော်ပြောပြလို့သိတာ ။သူများတွေပုံရိုက်တော့လည်း ပါမယ်ဆိုပြီးပြေးဝင်သွားလိုက်တာပဲ ။

မစနိုးကလာမေးတယ်    မောင်မျိုးအသက်ဘယ်လောက်လဲတဲ့  ဟမ်း…..သူတို့က  ၃၀ အောက် ဘလော့ဂါကို အင်တာဗျူးချင်လို့တဲ့   ၃၀ေ ကျာ်ပြီ   အိပ်ယာကိုသွားမေးဆိုပြီး ညွှန်လိုက်တယ် ကိုယ့်ထက်သေးတာ သူပဲရှိတော့သူ့ကိုငယ်မယ်ထင်တာ  အသက် ၂၀ က ဘလော့စရေးရင်တောင် ဘလော့ခတ်က ဆယ်နှစ်ကျော်ပြီကို  ၃၀ အောက်တော့မရှိနိုင်   ၄၀ ကျော်ဆို၇င်တော့ ကိုစိန် တို့  ကိုသောမတ်စ်  ကိုဇော်တို့ရှိမှာလေ ။

စကားပြောကောင်းတဲ့ မမြသွေးပြောတော့ တကယ်ပဲ ဘလော့ခေတ်ကြီးလွမ်းသွားပြန်ကော ဘလော့ဆိုတာ အိမ်   ငါ့အိမ်လာလည်အုံးဆိုရင် ငါ့ဘလော့လာအုံးလို့ပြောတာ  စာတိုက်ပုံးက ဆီပုံး  လွမ်းစရာကြီးတွေ  ဆီပုံးမှာ ဆဲထားတာတွေ့ရင်ရန်တွေဝိုင်းဖြစ်ရတာအမေား) ။    Live လွှင့်တဲ့ ဦးလေးကြီးရောက်လာပြီ မသူ နားရွက်ကြီးကုတ်မနေနဲ့ လှလှလေးနေလေ  မကြည့်နဲ့ နထရယ်အတိုင်းနေ အယ့်လယ် ။     မလေးက လှမ်းပြောတယ်  သံခမောက်တွေ  နှုတ်ခမ်းမွှေးတွေထွက်နေတယ်တဲ့   ။  ဟား နှုတ်ခမ်းမွှေးတဲ့  ခမောက်တဲ့ဆိုပြီး Live တွေ ချက်ချင်းပြန်ကြည့်တား) ။ရယ်လိုက်ရတာဆိုတာ တီတင့်က အလေးတုံးကြီးတွေ   ၊ မချောက  ခေါင်းမှာ အရုပ်ကြီးတွေပေါ်လာ   ပျော်စရာကြီးတွေ ။

နေဝသန်အတွက်ထုတ်တာရယ် ကိုယ့်အတွက်ရယ်က ၁၂ အုပ်   ထပ်ဝယ်သွားတာက  ၁၀ အုပ် စာအုပ်ထုတ်ကြီးနဲ့  လူကသေးသေးနဲ့ အိပ်ယာ အစ်ကို့ကိုဝိုင်းသယ်ပေး ကိုစိန် ….ညီ့ကိုလိုက်ပို့ပေးနော် (လမ်းကြုံလားတောင်မမေးဘူး   အတင်းကိုပို့ခိုင်းတာ ) ။  တီတင့်က ရွှေဘဲဆိုတော့လည်း ရွှေဘဲတဲ့ ရွှေဘဲဆိုပြီး  လုပ်ကြပြန်ကော  ဘယ်ကားမှာလူချောင်လဲဆိုပြီးလိုက်ကြပြန်ကော   သွားစရာလေးရှိလို့ပြန်တော့မယ့် မဇွန်ကလည်း ကိုယ်တွေအုပ်ကြီးကြည့်ပြီးစိတ်ပြောင်းသွားတယ်   သူလည်းလိုက်မယ်တဲ့း)

ဆိုင်ေ၇ာက်တော့  ကိုမြစ်တို့ပြောတယ်  ယောက်ကျားလေးတွေအပြင်မှာထိုင်မယ်ဆိုတော့  ဗိုက်ဆာနေလို့   အစ်မတွေခန်းထဲမှာ ကပ်တီးမလို့ပါဆို  အဲ့တာနဲ့ပဲ  သူတို့ဝိုင်းရောက်သွား ဘီယာတစ်လုံးသောက်    ခဏနေတော့ ဗိုက်အရမ်းဆာလာတာမတက်နိုင်လို့ တူတစ်ချောင်းကို ဘီယာဝိုင်းကယူပြီး   ကာရာအိုကေခန်းထဲ ကိုဖိုးစိန်နဲ့ ပြေးဝင်ပြီး  ဗိုက်ဆာလို့ လို့အော်ပြီး တီတင့်ဘေးနားခုံမှာ တွေ့တဲ့ပန်းကန်ဝင်စားပစ်လိုက်တာပဲ ဗိုက်နည်းနည်းပြည့်သွားတော့  သီချင်းဝင်ဆို   ဆိုင်နိုင်လွန်းသူ မခင်မင်ဇော်    ဆုံတွဲဆိုကြတဲ့ မစနိုး ၊ မမြ ၊ မမေ     ကိုယ်တွေက  FA ဆိုတော့ ဟိုယောင်ယောင် ဒီယောင်ယောက်   အစ်မရွှေစင်က  Live တွေ လွှင့်တာ လွှင့်တာဆိုတာ ပြန်ကြည့်ပြီး ငါလေးဟာ ဘာလို့ အဲ့လောက်ယွပြီး အပုဒ်တိုင်းဝင်ဝင်ကနေတာလဲမသိဘူးလို့ဖြစ်မိး)

နောက်ဆုံးအပုဒ်တဲ့ဆိုပြီးဆိုတာ ၄ ပုဒ်လောက်ထိဖြစ်   ဝိုင်းသိမ်းမှဆိုင်ကထွက်  ရုပ်ရှင်ထဲကလိုတွေ နှုတ်ဆက် တာ့တာတွေပြကြ  အိုဗာတင်းတွေဖျော်ကြ မိုင်လိုတွေသောက်ကြပေါ့နော်း)

လမ်းထိပ်ရောက်တော့အဆောင်ကသူငယ်ချင်းကိုဖုန်းဆက်   ဒီစာအုပ်ထုတ်ကြီး ၆ လွှာထိမသယ်နိုင်လို့ လာဝိုင်းသယ်ပါပြောရ  ။

မတွေ့ဖူးပဲ ဆုံလိုက်၇တဲ့သူတွေ ခဏခဏဆုံကြရသူတွေ  ကြာကြာမှတစ်ခါဆုံရသူတွေ  တွေ့လိုက်တိုင်း မစိမ်းနေပဲ  ရင်းနှီးနေကြတဲ့သူတွေ  ချစ်လည်းချစ် ကျေးဇူးလည်းတင်  တကယ်ပါ   ဘဝမှာ ဘလော့ဂါဖြစ်ခဲ့ရတာဟာ ကိုယ့်ဘဝမှာပြန်တွေးလိုက်တိုင်းကျေနပ်တယ်     FB မှာ  ခင်တဲ့သူတွေ အန်ဖို့ဝန်မလေးပေမယ့် ဘလော့ဂါဆိုတာနဲ့ လိုက်ရှာ   လိုက်အပ်    ဒါဟာ အစ်မမြပြောသလိုပဲ ရေစက်ကြီးကြသူတွေပေါ့ ။

မသိဘူး မနေ့ပျော်လည်းပျော်မောလည်းမော   ကိုယ်ဖိတ်တဲ့ဆရာစိုးမင်းလာတော့ ဆရာ့ကိုလာနှုတ်ဆက်တဲ့သူတွေက ပိုများ  ပုံတွေရိုက်ကြနဲ့  တကယ့်ကို အမှတ်တရပွဲလေး  တီတင့်ကိုကော ကိုဏီိ့ကိုကော   မမောနိုင်မပန်းနိုင်  အစကနေအဆုံးထိ တာဝန်ယူပေးတဲ့ အစ်မနော်ဖောကိုလည်းကျေးဇူးသိပ်တင်ပါကြောင်း ။

ဝမ်းသာစရာတစ်ခုက  ကိုယ့်ကိုမောင်မျိုးသေးသေးလေး ပိန်ပိန်လေးလို့ဘယ်သူမှမပြောကြဘူးး)

Thursday, February 7, 2019

ထိုင်းစာပို့သမားလေးနဲ့ မြန်မာအိမ်အကူလေးတို့ရဲ့ အချစ်ဇာတ်လမ်း


ထိုင်းစာပို့သမားလေးနဲ့ မြန်မာအိမ်အကူလေးတို့ရဲ့ အချစ်ဇာတ်လမ်း
 
( စာရေးသူ သူဌေးမ အပျိုကြီး -- ဘာသာပြန်သူ မောင်မျိုး)
**

အိမ်ကညီမလေး ( အိမ်အကူ) က စာတိုက်ကလာတဲ့ ပစ္စည်းလာပို့တာနဲ့ကိုယ်ကလည်း ခပ်လွယ်လွယ်ပဲခေါင်းညိတ်ပြလိုက်တယ် သူက ရပ်နေတုန်းပဲဆိုတော့ ကိုယ့်စိတ်ထဲ မသင်္ကာတာနဲ့ ဘာပြောစရာရှိလဲဆိုပြီးမေးလိုက်တော့ ကြောက်ရွံသလိုလေးဖြစ်နေတယ် ခဏနေတော့ သူက စာပို့သမားနဲ့ ကြိုက်နေပါတယ် အဲ့တာ ရုပ်ရှင်တူတူသွားကြည့်မယ်ဆိုပြီးခွင့်လာတောင်းတာပါတဲ့ ဘုရားရေ နင် ဘယ်တော့ ရည်းစားဖြစ်သွားရတာလဲဆိုပြီးမေးတော့ သူစာလာပို့တုန်း သွားသွားယူရင်းနဲ့ ဒီလိုပဲကြိုက်သွားတာတဲ့ အင်း ကိုယ်ဘယ်လောက်တောင် အွန်လိုင်းကမှာတယ်ဆိုတာ တွေးသာကြည့်တော့

အိမ်ကညီမလေးက အသက်ကတော့ 23 လောက်ရှိပြီ ကိုယ်နဲ့နေလာတာပဲ 7 နှစ်ကျော်ပြီဆိုတော့ ကိုယ့်ညီမလေးလိုဖြစ်နေပြီ မျက်နှာပုံကျကျနဲ့ ချစ်စရာကောင်မလေးပါ သူက များသောအားသွားရရင်လည်း ဈေးနဲ့ ကုန်တိုက်လောက်ပါပဲ သွားတိုင်လည်း ကိုယ်နဲ့အမြဲလိုလိုသွားဖြစ်နေတာ ကိုယ့်မျက်စေ့အောက်အမြဲရှိနေတယ်ဆိုပါတော့ သူက ခပ်အေးအေးနေတတ်သူဆိုတော့ ခုလိုရည်းစားရှိတယ်ပြောတော့ ကိုယ်က လန့်သွားတာပေါ့။
အဲ့တာနဲ့ စိတ်ပူလို့ အိမ်က CCTV ကိုသွားပြန်စစ်တော့ စာလာပို့တဲ့အချိန်တိုင်း သူတို့ ခဏလောက်ပဲ စကားပြောတာ တစ်ခြား စိုးရိမ်စရာအခြေနေလည်းမတွေ့ ပြုံးသလိုလို ရှက်သလိုလိုတော့ဖြစ်။ ရုပ်ရှင်သွားကြည့်မယ်ဆိုရင် သူ့ကိုဖုန်းဆက်လာခိုင်းလိုက် ဒါပေမယ့် သူဖုန်းဆက်လာလို့ ငါခွင့်ပြုလိုက်တယ်တော့မဟုတ်ဘူးနော် စကားပြောကြည့်အုံးမှာလို့ပြောလိုက်တယ် စာပို့သမားလေးရဲ့ ရာဇဝင်ကိုနည်းနည်းပါးပါး မေးမြန်းရမှာပေါ့

တကယ်လို့အဆင်မပြေရင် ပေးမသွားရုံပဲ တကယ်တော့ သူများကိုယ်ရေးကိုယ်တာ လိုက်ပြီးတော့ မရှုပ်ချင်လှပါဘူး သူတို့လည်းအရွယ်ရောက်ကြပြီပဲ တကယ်လို့ ပေးသွားရင်တော့ သူတို့နှစ်ယောက်တည်းပေးသွားလိုက်လို့တော့မဖြစ်ဘူး ဘကြီးအိမ်ကအိမ်အကူအဒေါ်ကြီးထည့်ပေးလိုက်မှဖြစ်မယ် ။စောင့်ကြည့်လိုက်အုံးမယ် အဲ့ကောင်လေး ဖုန်းဆက်လာရဲလားလို့ (အမလေး ရုပ်ရှင်ထဲကလို သားမက်က ယောက်ခလေးကို ခွင့်တောင်းသလိုကိုဖြစ်လို့ တကယ်ကတော့ ယောက်ကျားမရှိတဲ့ အပျိုကြီးအဖြစ် )
တကယ်ပဲ ဖုန်းဆက်လာပါတယ်ရှင့်(သံရှည်ဖြစ်ဖတ်ရန် ) ဖုန်းလာတာနဲ့ သူကိုယ်ဆီအပြေးရောက်လာပါတယ် ...

*ဟလို
* မင်္ဂလာပါခင်ဗျား သူဌေးကတော်
(အမလေးလေး ငါ့နှယ်ဟလိုလေးပဲလုပ်ရသေးတယ် စစချင်းခေါ်တာနဲ့တင် ငါ့မှာ လိုက်လျောရမလို့ကိုဖြစ်နေတာ )
* ကျနော့်နာမည်ကတော့ ကို----- ပါ အသက်ကတော့ 27ပါခင်ဗျ အရင်ဆုံး တောင်းပန်ချင်ပါတယ် ကျနော် လူကြီးသူမတွေကိုမလေးမစားလုပ်တာမဟုတ်ပါဘူးခင်ဗျ တကယ့်ကိုစိတ်ရင်းအမှန်နဲ့ ချစ်ကြိုက်မိတာပါ ခုလိုနောက်ကျမှ ဖုန်းဆက်ရတာကိုလည်းအားနာပါတယ်ခင်ဗျား ခုပဲ ကျနာ် အသုဘပို့ရာကနေပြန်လာရလို့ပါ။
(အော် ငါ့နှယ် ဟလိုလေးပဲလုပ်ရသေးတယ် သူ့ကိုစစ်ကြောရေးဝင်နေတာကျနေတာပဲ )
*ရပါတယ် ဘာမှမဖြစ်ဘူး ဘယ်တော့ကတည်းက အိမ်ကညီမလေးကို လာပိုးပန်းနေတာလဲပြောပါအုံး
*56လလောက်တော့ရှိပါပြီခင်ဗျ ကျနော်က အသစ်ရောက်လာတာဆိုတော့ ဒီရပ်ကွက်ထဲ မကျွမ်းတာနဲ့ သူ့ကိုမေးရင်း..........*

အခုကော ဘယ်မြို့နယ်မှာနေနေတာလဲ  (  တမင်ညစ်ပြီးလိုက်မေးတာ)

ကျနော် လဖရောင်းဘက်မှာ ညီလေးနဲ့တူတူနေပါတယ် ကျနော့်ညီလေးကတော့   ဒုတိယနှစ်တက်နေပါတယ်ခင်ဗျ  ( သူ့ညီလေးတောင်ပါလိုက်သေးတယ်)

မိသားစုရှိပြီလား
မရှိပါဘူးခင်ဗျ  ကျနော်  ကျိန်ဆိုကျိန်ရဲပါတယ်   ကျောင်း ၇ ကျောင်းပြည့်အောင်လိုက်ပြီး ကျိန်ဆိုကျိန်ပါ့မယ်ခင်ဗျ  ( ဟဲ့….သူကစာပို့သမားလား  ဟာသဇာတ်ဆောင်လား)

သေချာတယ်နော်

သေချာပါတယ်ခင်ဗျ   မယုံရင် ကျနော့်အမေတွေအမျိုးတွေနဲ့ ဖုန်းပြောရင်ပြောလို့ရပါတယ်   ခု ဘေးနားမှာလည်း  ညီလေးရှိပါတယ်  ပြောမလားခင်ဗျား    ညီလေးရေ  လာအုံး ငါမိသားစုမရှိတဲ့အကြောင်း  သူဌေးကတော်ကိုရှင်းပြပေးအုံး   ( သူ့ညီလေးကိုလှမ်းခေါ်ပါတယ် )

ဟဲ့ဟဲ့…..နေနေ    မပြောဘူး ယုံပါတယ်ဟယ် (   ငါ့နှယ်နော် )
အခု ဖုန်းဆက်တာက  ဘာအကြာင်းရှိလို့လဲ

အော်….ကျနော်တို့ရုပ်ရှင်သွားကြည့်ချင်လို့ခွင့်တောင်းတာပါ

ဘာဇာတ်ကားလည်း

စပိုင်ဒါမန်း ဇာတ်ကားပါ သူဌေးကတော်ကြည့်ဖူးလားဗျ   (  ကြည့်ဖူးတာပေါ့  စပိုင်ဒါမန်းရဲ့ ဝတ်စုံကြပ်ကြပ်ကို ငါကသိပ်ကြိုက်တာလို့စိတ်ထဲရွဲ့ဖြေလိုက်တယ် )

မကြည့်ဖူးဘူး  အဲ့တာဆို ငါလည်းလိုက်ကြည့်မယ် ။

ကောင်းတာပေါ့ဗျ   အဲ့တာဆို သူဌေးကတော်နဲ့ နီးနီးဖြစ်အောင် ကျနော် အဲ့နားက ရုံမှာပဲလက်မှတ်ဖြတ်လိုက်မယ်နော်

နင်  ရှင်းမှာမှတ်လား 

ရတာပေါ့ဗျ

ပြီးကော အဲ့တာဆိုလိုက်ကြည့်မယ်

နေပါအုံးမေးပါအုံးမယ်  သိတယ်မှတ်လား အိမ်ကညီမလေးကထိုင်းလူမျိုးမဟုတ်ဘူး  ဘယ်လောက်ထိစိတ်ရင်းမှန်နဲ့ တွဲမှာလည်းဆိုတာ မသိရဘူးလေ

သိပါတယ်ခင်ဗျ ကျနော် အတည်တွဲတာပါ

ကိုယ့်ဘက်က သေချာပေမယ့် သူ့ဘက်အသိုင်းဝိုင်းက အဆင်ပြေ မပြေ၇ှိသေးတယ်လေ  တကယ်တော့    ဒီလိုမျိုးတွေဝင်လည်းမပါချင်ပါဘူး   ရှင်လည်းငယ်တော့တာပဲ ညီမလေးလည်း ခလေးမဟုတ်တော့ဘူး   ဒါပေမယ့် ရှေးဆက်ပြိး ဖြစ်လာမှာတွေတွေးမိရဲ့လား    ရှင်သဘောပေါက်ပါတယ်နော်  ပြောတာကို  ( ငါလည်း အပျိုကြီးပီပီပါလားနော် )

သဘောပေါက်ပါတယ်ခင်ဗျ

အမှန်ပြောရရင်တော့  အိမ်ကညီမလေးကိုစိတ်ပူတာအမှန်ပဲ   ကိုယ်ကဒီမှာတော့ သူ့အုပ်ထိန်းသူလေ

အဲ့လိုဆိုရင် ကျနော့်မိဘတွေခေါ်လာပြီး သူနဲ့ကျနော်တွဲတာဟာ တကယ့်အတည်ဆိုတာမျိုးဖြစ်အောင် သူဌေးကတော်ဆီမှာ မိဘတွေနဲ့လာတွေ့မယ်လေ

(ဟဲ့ဟဲ့  ဘယ်အထိတွေရောက်ကုန်ပါလိမ့်နော် ) မလိုဘူး မလိုဘူး အဲ့လောက်ထိ  သွားမယ်လာမယ်ဆို ခွင့်တောင်း  လူကြီးတွေမျက်စိအောက်နေရင် ရပါပြီလေ

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် သူဌေးကတော်ခင်ဗျား (ဝမ်းသာတဲ့အသံကဖုံးဖိမရ)

အဲ့တာဆိုရင်  မနက်ဖြန်တွေ့တာပေါ့   အိမ်ကညီမလေးနဲ့ စကားဆက်ပြောလိုက်အုံးမယ်

ဟုတ်ကဲ့ပါခင်ဗျား

(ပြောရင်းလူကြီးဖုန်းမချခင် ချသွားတဲ့အတွက်  ၅ မှတ်ဖြတ်တယ်)

ကိုယ့်လူကိုယ်လည်းကိုယ်က သင်ပြပြောပြရတာပေါ့  နောက်ဆုံးတော့ ကိုယ်လည်း စကားအဖြစ်သာပြောလိုက်တာပါ   တကယ်လည်းသူတို့နဲ့ လိုက်မကြည့်ပါဘူး    ပြောနေရင်းကသူ့မျက်နှာက အပျော်တွေနဲ့ ပြုံးချိုနေတာပဲ 

စာပို့သမားဟာ သာမာန်ထိုင်းလူမျိုးကြည့်ကောင်းရုံလေးပါ အိမ်က ညီမလေးနဲ့ စကားပြောရင်း အဆင်ပြေကြတယ်ဆိုတာက  အိမ်မှာနေတာကြာတော့ သူက ထိုင်းစကားကောင်းကောင်းရတာကြောင့်လည်းပါတာပေါ့   ။ အိမ်က အလုပ်သမလေး ရည်းစားထားတာ ကိုယ့်မှာ ပူရပင်၇နဲ့နော်   မိဘတွေဆိုရင် သမီးတွေကိုဘယ်လောက်ပူပင်ရမလဲ အဲ့တာကြောင့် ကိုယ်ငယ်ငယ်က ရည်းစားနဲ့ရုပ်ရှင်သွားကြည်ရင် ပါပါးက  ဘေးကနေလိုက်ထိုင်တာပါဆို  ခုတော့လည်း ဒင်း ခလေးတောင် ၂ ယောက်ရတဲ့ခလေးအဖေကြီးဖြစ်လို့ပေါ့လေ   မသာကောင် ။






အဲ့အကြောင်း ထိုင်းတွေအတော်ဖတ်ကြ သဘောကျကြတာတွေ့မိ

Monday, February 4, 2019

အချစ်သည်....



#အချစ်သည်အတောင်ပံ
ဟိုးခပ်ဝေးဝေးကပျံသန်းလာတယ် နီးခြင်းဝေးခြင်းတွေဟာ ကိုယ်တို့နှစ်ဦးကြားစာမဖွဲ့လောက်ပေမယ့် သူနဲ့ဆုံခါနီးတိုင်းကိုယ်ရင်ခုန်တယ် ။အားကောရှိရဲ့လား ၀မ်းကောမှန်ရဲ့လားလို့ သူမေးချင်မေးမယ် သိပ်သတိမရသလိုနဲ့ ဟန်ဆောင်ချင်လည်းဆောင်လိမ့်မယ် ပြီးတော့ သူကိုယ့်ကိုတည့်တည့်ကြည့်မှာမဟုတ်ဘူး ခိုးခိုးကြည့်တာလားဆိုတော့လည်း ကိုယ်သူခိုးကြည့်တာကိုတစ်ခါမှမဖမ်းမိဘူး။ အဝေးကြီးပဲ ပျံသွာသွား နီးနီးလေးပဲ ပျံလာလာ အချိန်တစ်ခုမှာတော့ကိုယ်တို့ဆုံစည်းကြစမြဲ သူက ပျံသန်းလာမယ့် တောင်ပံတစ်စုံဆိုရင် ကိုယ်က ကမ်းလင့်ကြိုမယ့် သစ်ပင်တစ်ပင်ပေါ့။ ခိုးနားပါစေ သူအေးမြပါစေ နားခိုနိုင်ပါစေ။

#အချစ်သည် နားလည်မှု
ကော်ဖီမနက်တိုင်းတူတူသောက်ဖြစ်ချင်မှာသောက်ဖြစ်လိမ့်မယ် ကိုယ်ကြိုက်တတ်တဲ့ ခရမ်းချဉ်သီးသုတ်ကို အမြဲလိုလို သူသုတ်ကျွေးချင်မှသုတ်ကျွေးနိုင်မယ် ဒါပေမယ့် အချစ်နဲ့ဖျော်ထားတဲ့ရေကြည်အေးတစ်ခွက် ကိုယ်တို့မနက်နိုးတိုင်း တစ်ဖက်ခြားကနေ သောက်ကြတယ် ။ပျင်းတယ်လို့ဆိုရင် တစ်ခါခါ ကိုယ်တို့ဖျော်ရည်က သုံးလေးခွက်လည်းဖြစ်ချင်ဖြစ်သွားလိမ့်မယ် ။ စကားလုံးအသံထွက်တွေ ပီ မပီ အပြိုင်ငြင်းချင်ငြင်းကြလိမ့်မယ် ဒါပေမယ့် ကိုယ်တို့တစ်ခါမှရန်မဖြစ်ကြဘူး ။ အဲ့တာ ကိုယ်တို့နားလည်ထားတဲ့ သူနဲ့ကိုယ့်ကြားက နားလည်မှု။ စကားလုံးကြမ်းကြမ်းတွေနဲ့ ကိုယ်တို့ မတိုက်ခိုက်ကြဘူး။

#အချစ်သည်လေပြေအေး
ပူလောင်တတ်တဲ့ ကိုယ့်အတွက် သူဟာအေ့းငြိမ်ရာ။စကားတွှေကြာကြီးပြောလို့ စိတ်အေးချမ်းစေတာဆိုလို့ ကိုယ့်ဘ၀မှာ အမေပြီးရင်သူပဲ တစ်နေ့တာဖြစ်စဉ်ကိုစိတ်လိုလက်ရာရှိတဲ့အခါ ခလေးတစ်ယောက်လို ကိုယ်ပြောပြတတ်တာဆိုလို့လည်း သူဟာအမေပြီးရင်ဒုတိယလူဖြစ်ပြန်ကော။ ကိုယ်စိတ်နောက်နေတယ်ဆိုရင် သူက ရေအေးအေးသောက်ဖို့ပြောတယ်။ သောက်ကြည့်တော့လည်း အေးမြသား သူသောက်ခိုင်းလို့အေးတယ်ထင်တာပဲ။
ကိုယ့်ကိုလိမ်မာဖို့အမြဲပြောတတ်တဲ့သူငယ်ချင်းက ကိုယ့်ကိုမှတ်ချတ်ပေးတာက ဒီတစ်ခါတကယ်ချစ်လို့ဖြစ်လိမ့်မယ်တဲ့။ ဘယ်သူမှမရှိတော့ဘူးဆိုတဲ့ ခံစားချက်မျိုးဝင်ရင် ကိုယ်အရင်ဆုံးသတိရစေသောသူ။ဘုရားပေးတဲ့ဆုတဲ့ ဒီဆုကျေးဇူးအတွက် ကိုယ်ဘုရားသခင်ကိုသိပ်ကျေးဇူးတင်တတ်ခဲ့တယ်။
ဟိုးဝေးဝေးက သူပျံသန်းလာနေတယ် အရိပ်တစ်ခုသူနဲ့ကိုယ်ဆုံကြလိမ့်မယ်။









LinkWithin

Related Posts Plugin for WordPress, Blogger...