၂။ ဘာအကျိုးမှ မမျှော်ကိုးပဲ ကူညီပေးလိုက်တဲ့နောက်မှာ “ ကျေးဇူး” ဆိုတဲ့စကားလေးတစ်ခွန်းမကြားရလည်း ၀မ်းမနည်းပါနဲ့ သူများအကျိုးဆောင် ကိုယ့်အကျိုးပြောင်လို့မပြောမိပါစေနဲ့ တစ်နေ့ စေတနာအကျိုးပြန်ပေးမယ်လို့ ယုံကြည်လိုက်ပါ ။
၃။ တစ်ခါတစ်ခါ ကိုယ့်လုပ်ရပ်ကမှန်တယ်လို့ထင်ရပေမယ့် ရှု့ထောင့်အမျိုးမျိုးပြန်စဉ်းစားကြည့်မိတဲ့အခါ မှားမှန်းသိရင် ပြန်တောင်းပန်ဖို့ ၀န်မလေးမိပါစေနဲ့
၎။ အချစ် = ပူတတ်သည် မကိုင်ပါနှင့် ( မီးဘေးရှောင်မလောင်ခင်တား)
၅ ။ အမုန်းဆိုတာ မုန်းနေရတဲ့ကိုယ်ကိုယ်တိုင်လည်း ပူလောင်တာမို့ ဘယ်သူ့ကိုမှမမုန်းမိအောင်ကြိုးစားပါ။
၆။ သူများအကြောင်း ပြောရင်တော့ ပြုံးစိစိနဲ့ တ၀ါးဝါးရယ်ပြီး ကိုယ့်အကြောင်းပြောတဲ့ အခါကျ သွားခိုးမနားထောင်မိစေနဲ့ ကိုယ်ပဲစိတ်ဆင်းရဲတတ်တာမို့။
၇ ။ စေတနာနဲ့ အကြံပေးတဲ့အခါ လေသံအေးအေးနဲ့ပြောပါ စိတ်မပါသလိုလို စိတ်မရှည်သလိုလိုနဲ့ ပြောမိတဲ့အခါ တစ်ခြားသူက ဘယ်လိုထင်မလဲ ကိုယ်တိုင်ဝင်ခံစားကြည့်တော့ စောင့်ကြီးအောင့်ကြီးပြောတယ်လို့ထင်ကော အဲ့တော့ ကိုယ့်စေတနာတွေက သဲထဲရေသွန် ..။
၈။ အသေးအမွှားအကြောင်းရာလေးတွေနဲ့ စိတ်ပျက်အာငယ်နေတတ်ရင် ရှေ့ဆက်လျှောက်လှမ်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါသလား ပြန်တွေးပါ ။
၉။ မလုပ်ခင် စဉ်းစားပါ စဉ်းစားပြီး အမှားနည်းအောင်လုပ်ပါ လုပ်ပြီး ဖြစ်ပြီးသမျှတိုင်းကို ပြန်ပြီး နောင်တ မရတတ်အောင်ကြိုးစားပါ ။
၁၀။ ဒေါသရှေ့ထား စကားမဆိုမိပါစေနဲ့ စိတ်ဆိုးစရာကြားရတိုင်း မြင်ရတိုင်း အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပါ ။
၁၁။ ကြား ၃ ကြားရှောင်ပါ ...။
၁၂ ။ အချစ်အကြောင်း မဝေဖန်မိပါစေနဲ့ ဒီတစ်ယောက်က ဒီလောက်ရုပ်ဆိုးတာ ဘယ်လိုများကြိုက်မိပါလိမ့်လို့ ဝေဖန်မယ်ဆိုရင် ကိုယ်လည်း တစ်နေ့ ကုလားမကြီးနဲ့ မညားနိုင်ဘူးလို့ အာမခံနိုင်သား အချစ်အကြောင်း ဝေဖန်မယ်ကြံတိုင်း ကုလားမကြီးကို မျက်လုံးထဲမြင်ယောင်ကြည့်လိုက်ပါ ဒါဆို မဝေဖန်ရဲတော့ဘူး ။
၁၃။ ကိုယ့်အပေါ် ကျေးဇူး ရှိဖူးသူများကို ကျေးဇူးလို့ပြောဖို့ ၀န်မလေးမိပါစေနဲ့ အပြောနဲ့တင်မပြီးသွားပဲ တစ်နေ့နေ့ ကျေးဇူးပြန်ဆပ်နိုင်အောင်ကြိုးစားပါ ။ အခါအခွင့်ကြုံတိုင်းအမှတ်ရပါ ။
P>S = နောက်လည်းရေးဖြစ်အုံးမှာပါ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ပြီး ပြစ်ချက်တစ်ချို့ပေါ့ အများကြီးရှိပါသေးတယ် အမှားတွေ လူဆိုတာ အမှားနဲ့တော့ ဘယ်ကင်းနိုင်မလဲလေ နော့် ဟုတ်ဘူးလားဗျာ :)