အိမ်နဲ့အဝေးမှာနေကြတဲ့သားသမီးတွေ အမေနဲ့တစ်ပါတ်ဘယ်နှစ်ရက်ဆုံ နိုင်ကြပါသလဲ အမေနဲ့ တစ်ပါတ်ကိုဘယ်နှစ်ခါထမင်းတူ တူစားကြပါသလဲ။ ကမ္ဘာမှာအလုပ်အများဆုံးလို့ေ ပြာလို့ရတဲ့သူ လုပ်ငန်းဆောင်တာ ထောင်နဲ့သောင်းနဲ့ချီစီစဉ်ေ ဆာင်ရွက်ရမယ့်သူ
စစ်သားပေါင်းသန်းနဲ့ချီကို အုပ်ချုပ်ရတဲ့မင်းတစ်ပါးဟာ သက်တော် ၉၃
နှစ်ရှိပြီဖြစ်တဲ့ မယ်တော်ဆီကို ညနေတိုင်းသွားပါတယ် ပြီးတော့ အမေနဲ့
ညနေစာတူတူစားတယ် တစ်ပါတ်ကို၅ရက် အမေစိတ်လန်းလာအောင်ပြောတယ် အတူတူရှိနေပေးတယ် ။ ကျနော်တို့ဆိုရင်ကော မအားတာနဲ့ သူငယ်ချင်းတွေနဲ့ချိန်းထားတာမို့လို့ အပြင်မှာစားခဲ့ပြီးပြီမို့လို့ပြောကြမှာမှတ်လား ။
ဘုရင်ကြီးဟာ မယ်တော်ဆီကိုသွားတိုင်း အမေ့ရဲ့ရင်ခွင်ကိုလက်အုပ်ကေ လးးချီလို့ အရိုသေးပေးတယ် မယ်တော်ဟာ သူ့သားရဲ့ကိုယ်ကိုရင်ခွင်ထဲ ထိပွေ့ဖက်တယ် ပြီးတော့ ပါးတွေကိုနမ်းတယ် ဘာကြောင့်နမ်းတယ်လို့ထင်ပါသ လဲ
မွှေးမြလို့ လို့ ကျနော်တော့မထင်ဘူး ဘုရင်ကြီးက ရေအေမွှးမှမသုံးတာပဲ ။
ဒါဆိုဘာကြောင့်နမ်းပါသလဲ မယ်တော်ဟာ သားတော်တစ်ပါးဆီက
ချစ်ခြင်းတရားရနံ့ကိုနမ်းတယ် ရိုသေလေးစားမှုကိုနမ်းတယ် နှလုံးသာှးဆီက ရနံ့ကိုနမ်းပါတယ် ။
တကယ်ဆို သာမန်အရပ်သူဘ၀ကလာတဲ့ သာမန်အမျိုးသမီးကလေးကို အရှင့်သားတစ်ပါးအနေနဲ့မွေးဖွားလာသူ တော်ဝင်သွေး နန်းဆက်ခံနိုင်ဖို့အလားအလာရှိသူမင်းတစ်ပါး က အမြဲတမ်းရှစ်ခိုးအရိုသေပြု ကတယ် ။ တစ်ချို့သူတွေကတော့ အဆင့်တန်းမြင့်တဲ့ရာထူးဂုဏ် လေးများရှိသွားကြရင် မိခင်ကိုလူကြားထဲ ကန်တော့ဖို့ဆိုတော့ ရှက်ရွံ့သလိုလိုဖြစ်တတ်ကြတယ်မဟုတ်လား။
တစ်ကြိမ်မှာတော့ ဘုရင်ကြီးကော သူ့ရဲ့မယ်တော်မှာ နာမကျန်းဖြစ်ကြတော့ ဆီရီရာ့ဆေးရုံမှာ ဆေးကုသမှုခံယူကြရတယ် တစ်ဦးတစ်နဲ့တစ်ဦး အဆောက်အဦးတစ်ခုဆီမှာပေါ့ ။ ဘုရင်ကြီးရဲ့အခန်းကို သူ့မယ်တော်က လာတော့ သူနာပြုတွေက လက်တွန်းလှည်းကလေးနဲ့ တွန်းလာပေးကြတယ် ဘုရင်ကြိးအခန်းပေါက်ဝရောက်ေ တာ့ သူ့မယ်တော်ကိုတွေ့တာနဲ့ ကမန်းကတန်းဆင်းလာပြီး လက်တွန်းလှည်းကိုယူတွန်းပါတ ယ် မယ်တော်က ( …နေပါစေလေ…သူနာပြုတွေရှိတာပဲ
သူတို့တွန်းပါစေ သက်တောင့်သက်သာ ကိုယ့်ပါသာနေစမ်းပါလေ) လို့ပြောတော့
…. ဘုရင်ကြီးကပြန်ပြောတယ် ( ကိုယ့်အမေကို ကိုယ်ရှိနေရဲ့သားနဲ့
တစ်ခြားသူက ဘာလို့ ကူတွန်းပေးနေဖို့လိုမှာလဲ ကိုယ့်ပါသာပဲတွန်းမှာပေါ့)
တဲ့ ။ အမေနဲ့စကားတွေအကြာကြီးပြောတ ယ် အမေ့ကိုထမင်းခွံတယ် ရေတိုက်တယ် ဆေးတိုက်တယ် သူဟာ ဘုရင်တစ်ပါးဖြစ်နေသည့်တိုင် အောင်။
မယ်တော်နဲ့ ည ၁၀နာရီ ၁၁ နာရီတိုင်အောင်အဖော်ပြုတယ် အမေ့လက်ကလေးကိုကိုင်လိုက် အမေ့ကိုဖက်လိုက်နဲ့ နွေးထွေးစွာအဖော်ပြုပေးတယ် တစ်ခါတလေ အမေအိပ်ပျော်သွားးမှသူပြန်တ ယ် ။ တစ်ရက်တော့ သူပြန်ပြီးမှ ဆေးရုံကအကြောင်းကြားလာတယ် မယ်တော်ကြီးစိုးရိမ်ရတဲ့အြေ ကာင်း သူ ချက်ချင်းဆေးရုံကိုပြန်တယ် ။ မယ်တော်ကြီးရဲ့ ကုတင်ပေါ်မှာ မျက်လုံးကလေးမှိတ်လို့ငြိမ် သက်စွာအနားယူနေတယ် အမေ့ရင်ခွင်နားသွား ဦးခေါင်းကိုတိုးကပ်လို့ (…အမေ့နှလုံးသားကို နောက်ဆုံးအချိန်နမ်းခွင့်ပြုပါအုံး) ဆိုပြီး အမေ့ရဲ့ရင်ခွင်ကိုနမ်းလိုက် ပါတယ် ။ ဒီသာမန်နှလုံးသားရှိသူကပဲ သာမန်အရပ်သူလေးပဲ နိုင်ငံတစ်နိုင်ငံကဘုရင်တစ် ပါးဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးခဲ့တာမဟု တ်လား ။
ဘီးတစ်လက်ကိုယူပြီး အမေ့ရဲ့ဆံပင်တွေကိုဖြီးသင်ေ ပးတယ် အမေသာအလှဆုံး အ၀တ်စားတွေကူလဲပေးတယ် ဟုတ်တယ် အမေကအလှဆုံး မယ်တော်ကြီးရဲ့နောက်ဆုံးအချိန်ထိ တူတူရှိအဖော်ပြုပေးတယ်။ဒါဟာ ရှားပါးလွန်းလှတဲ့သားတစ်ယော က်ရဲ့မိခင်အပေါ်ရိုသေလေးမြတ် မှုပါပဲ ။
တကယ်လို့သာ ဒီစာကလေးဖတ်ပြီး သင့်ရဲ့မိခင်ကိုမမေ့ဖို့ပြောပါရစေ မိခင်ကိုအချိန်ပေးသင့်တာပေါ့  အမေ့မှာ ကျနော်တို့ကိုပြောစရာစကားတွေရှိချင်ရှိနေမှာလေ။အလုပ်အင်မတန်များပါတယ်ဆိုသော ဘုရင်ကြီးတောင် သူ့မိခင်အတွက်အချိန်ပေးနိုင်သေးရင်…..ကျနော်တို့ကကော
#MgMyo
ဆီလျှော်အောင်ဘာသာပြန်သည်။
ဘုရင်ကြီးဟာ မယ်တော်ဆီကိုသွားတိုင်း အမေ့ရဲ့ရင်ခွင်ကိုလက်အုပ်ကေ
တကယ်ဆို သာမန်အရပ်သူဘ၀ကလာတဲ့ သာမန်အမျိုးသမီးကလေးကို အရှင့်သားတစ်ပါးအနေနဲ့မွေးဖ
တစ်ကြိမ်မှာတော့ ဘုရင်ကြီးကော သူ့ရဲ့မယ်တော်မှာ နာမကျန်းဖြစ်ကြတော့ ဆီရီရာ့ဆေးရုံမှာ ဆေးကုသမှုခံယူကြရတယ် တစ်ဦးတစ်နဲ့တစ်ဦး အဆောက်အဦးတစ်ခုဆီမှာပေါ့ ။ ဘုရင်ကြီးရဲ့အခန်းကို သူ့မယ်တော်က လာတော့ သူနာပြုတွေက လက်တွန်းလှည်းကလေးနဲ့ တွန်းလာပေးကြတယ် ဘုရင်ကြိးအခန်းပေါက်ဝရောက်ေ
မယ်တော်နဲ့ ည ၁၀နာရီ ၁၁ နာရီတိုင်အောင်အဖော်ပြုတယ်
ဘီးတစ်လက်ကိုယူပြီး အမေ့ရဲ့ဆံပင်တွေကိုဖြီးသင်ေ
တကယ်လို့သာ ဒီစာကလေးဖတ်ပြီး သင့်ရဲ့မိခင်ကိုမမေ့ဖို့ပြေ
#MgMyo
ဆီလျှော်အောင်ဘာသာပြန်သည်။
1 comment:
ကျွန်တော်လည်း တတိယ အကြိမ်ပြန်လာချင်လို့ ဝင်ဖတ်နေမိ
Post a Comment