မနေ့က အပျော်က ဒီနေ့ထိကပ်ပါလာလို့ဒီစာကိုအမှတ်တရရေးချင်တာကြောင့်ရေးပါတယ် ။ အစ်မမြသွေးကလည်း အမှတ်တရစကားတက်ပြောရင်း ဘလော့ဂါတွေအနေနဲ့ ဒီအမှတ်တရလေးကိုစာရေးကြပါလို့ ပြောတာလေး အမှတ်တရတွေပြန်စဉ်းစားရင်းရေးလိုက်ပါတယ် ။
တကယ်ကတော့ ကိုယ့်စာလေးကို စာအုပ်လေးအဖြစ်နဲ့မြင်ခွင့်ရတာ ဝမ်းမသာပဲရှိပါ့မလား အဲ့လိုတွေ ဝမ်းအသာလွန်ပြီး ဘာမှစားမရပဲ မနက်တည်းက မုန့်ဟင်းခါးတစ်ပွဲတောင်တစ်ဝက်ပဲကုန်တယ် အမယ် တီတင့်က လက်မှတ်ထိုးမယ့်နေရာသာ စာရွက်ထဲကိုယ့်ကိုထည့်ထားတာ ဟိုရောက်တော့ သူ့ဟာနဲ့သူ လူကအေးဆေးဆိုတော့ စာအုပ်အရင်သွားထုတ်ပြီး ကြည့်မဝ ရှူ့မဝတွေဖြစ်ပြီး ဟား လှတယ်ကော ချစ်စရာလေးဆိုပြီး ပီတိတွေဖြစ်နေတာ ။ တစ်ခုပဲစိတ်မကောင်း တီတင့်က စိန်ဆွဲကြိုးကြီးဆွဲမလာတာကိုပဲး) ကိုဖိုးစိန်နဲ့ ကျနော်အမွေတောင်းမှာစိုးလို့ထင်တယ် တီတင့်က ကိုဖိုးစိန်ကိုတကယ်လန့်တဲ့သဘော အိုင်ဖုန်း အိုင်ဖုန်းဆိုတော့ အလန့်တကြား တီတင့် သမင်လည်ပြန်လေးဖြစ်သွားတာ မြင်လိုက်သေး ။
မတွေ့ဖူးတဲ့ ဘလော့ဂါတွေအများကြီး အစ်မတွေကတော့ အကယ်ဒမီပေးပွဲတက်ကြသလို ဟယ်…မတွေ့တာကြာကြီလှလာတယ်နော် အမလေး ချစ်စရာလေး အပြင်မှာ ဘာညာသာရကာတွေလုပ်ကြ ဖက်ကြ နမ်းကြပေါ့နော် ( အစ်မနော် ဆိုပိုဆိုး လိုက်ဖက်တာ သူ့အစ်မတွေ ညီမတွေကို ) ။ ကိုယ်ကတော့သိတာတွေလည်းနှုတ်ဆက် ဘလော့နာမည်နဲ့ အပြင်နဲ့လည်းမတွဲမိတော့ ပေါက်ဖော်ဟောင်းကြီးတွေနဲ့ပဲ တစ်ဝိုင်းတည်းထိုင်ဖြစ်တာ မဇွန်ရယ် မသူ ရယ် ။ ဟိုမှာမချော တဲ့ ဟိုမှာ မမသီရိ ။ မန်းလေးက မရွှေစင်တို့တွေ ။ ကိုဇက်တီ တဲ့ အဲ့တာက ဟိုမှာ သမီးလေးနဲ့တူတူလာတာထင်တယ် ကိုချစ်သူမောင် ခုမှမြင်ဖူးတာလေ ။ ဝမ်းဆက်နဲ့ လှလှက မမေဇူး အဝါရောင်နဲ့ ဆရာမက လသာညတဲ့ အဲ့တာလည်း မနော်ပြောပြလို့သိတာ ။သူများတွေပုံရိုက်တော့လည်း ပါမယ်ဆိုပြီးပြေးဝင်သွားလိုက်တာပဲ ။
မစနိုးကလာမေးတယ် မောင်မျိုးအသက်ဘယ်လောက်လဲတဲ့ ဟမ်း…..သူတို့က ၃၀ အောက် ဘလော့ဂါကို အင်တာဗျူးချင်လို့တဲ့ ၃၀ေ ကျာ်ပြီ အိပ်ယာကိုသွားမေးဆိုပြီး ညွှန်လိုက်တယ် ကိုယ့်ထက်သေးတာ သူပဲရှိတော့သူ့ကိုငယ်မယ်ထင်တာ အသက် ၂၀ က ဘလော့စရေးရင်တောင် ဘလော့ခတ်က ဆယ်နှစ်ကျော်ပြီကို ၃၀ အောက်တော့မရှိနိုင် ၄၀ ကျော်ဆို၇င်တော့ ကိုစိန် တို့ ကိုသောမတ်စ် ကိုဇော်တို့ရှိမှာလေ ။
စကားပြောကောင်းတဲ့ မမြသွေးပြောတော့ တကယ်ပဲ ဘလော့ခေတ်ကြီးလွမ်းသွားပြန်ကော ဘလော့ဆိုတာ အိမ် ငါ့အိမ်လာလည်အုံးဆိုရင် ငါ့ဘလော့လာအုံးလို့ပြောတာ စာတိုက်ပုံးက ဆီပုံး လွမ်းစရာကြီးတွေ ဆီပုံးမှာ ဆဲထားတာတွေ့ရင်ရန်တွေဝိုင်းဖြစ်ရတာအမေား) ။ Live လွှင့်တဲ့ ဦးလေးကြီးရောက်လာပြီ မသူ နားရွက်ကြီးကုတ်မနေနဲ့ လှလှလေးနေလေ မကြည့်နဲ့ နထရယ်အတိုင်းနေ အယ့်လယ် ။ မလေးက လှမ်းပြောတယ် သံခမောက်တွေ နှုတ်ခမ်းမွှေးတွေထွက်နေတယ်တဲ့ ။ ဟား နှုတ်ခမ်းမွှေးတဲ့ ခမောက်တဲ့ဆိုပြီး Live တွေ ချက်ချင်းပြန်ကြည့်တား) ။ရယ်လိုက်ရတာဆိုတာ တီတင့်က အလေးတုံးကြီးတွေ ၊ မချောက ခေါင်းမှာ အရုပ်ကြီးတွေပေါ်လာ ပျော်စရာကြီးတွေ ။
နေဝသန်အတွက်ထုတ်တာရယ် ကိုယ့်အတွက်ရယ်က ၁၂ အုပ် ထပ်ဝယ်သွားတာက ၁၀ အုပ် စာအုပ်ထုတ်ကြီးနဲ့ လူကသေးသေးနဲ့ အိပ်ယာ အစ်ကို့ကိုဝိုင်းသယ်ပေး ကိုစိန် ….ညီ့ကိုလိုက်ပို့ပေးနော် (လမ်းကြုံလားတောင်မမေးဘူး အတင်းကိုပို့ခိုင်းတာ ) ။ တီတင့်က ရွှေဘဲဆိုတော့လည်း ရွှေဘဲတဲ့ ရွှေဘဲဆိုပြီး လုပ်ကြပြန်ကော ဘယ်ကားမှာလူချောင်လဲဆိုပြီးလိုက်ကြပြန်ကော သွားစရာလေးရှိလို့ပြန်တော့မယ့် မဇွန်ကလည်း ကိုယ်တွေအုပ်ကြီးကြည့်ပြီးစိတ်ပြောင်းသွားတယ် သူလည်းလိုက်မယ်တဲ့း)
ဆိုင်ေ၇ာက်တော့ ကိုမြစ်တို့ပြောတယ် ယောက်ကျားလေးတွေအပြင်မှာထိုင်မယ်ဆိုတော့ ဗိုက်ဆာနေလို့ အစ်မတွေခန်းထဲမှာ ကပ်တီးမလို့ပါဆို အဲ့တာနဲ့ပဲ သူတို့ဝိုင်းရောက်သွား ဘီယာတစ်လုံးသောက် ခဏနေတော့ ဗိုက်အရမ်းဆာလာတာမတက်နိုင်လို့ တူတစ်ချောင်းကို ဘီယာဝိုင်းကယူပြီး ကာရာအိုကေခန်းထဲ ကိုဖိုးစိန်နဲ့ ပြေးဝင်ပြီး ဗိုက်ဆာလို့ လို့အော်ပြီး တီတင့်ဘေးနားခုံမှာ တွေ့တဲ့ပန်းကန်ဝင်စားပစ်လိုက်တာပဲ ဗိုက်နည်းနည်းပြည့်သွားတော့ သီချင်းဝင်ဆို ဆိုင်နိုင်လွန်းသူ မခင်မင်ဇော် ဆုံတွဲဆိုကြတဲ့ မစနိုး ၊ မမြ ၊ မမေ ကိုယ်တွေက FA ဆိုတော့ ဟိုယောင်ယောင် ဒီယောင်ယောက် အစ်မရွှေစင်က Live တွေ လွှင့်တာ လွှင့်တာဆိုတာ ပြန်ကြည့်ပြီး ငါလေးဟာ ဘာလို့ အဲ့လောက်ယွပြီး အပုဒ်တိုင်းဝင်ဝင်ကနေတာလဲမသိဘူးလို့ဖြစ်မိး)
နောက်ဆုံးအပုဒ်တဲ့ဆိုပြီးဆိုတာ ၄ ပုဒ်လောက်ထိဖြစ် ဝိုင်းသိမ်းမှဆိုင်ကထွက် ရုပ်ရှင်ထဲကလိုတွေ နှုတ်ဆက် တာ့တာတွေပြကြ အိုဗာတင်းတွေဖျော်ကြ မိုင်လိုတွေသောက်ကြပေါ့နော်း)
လမ်းထိပ်ရောက်တော့အဆောင်ကသူငယ်ချင်းကိုဖုန်းဆက် ဒီစာအုပ်ထုတ်ကြီး ၆ လွှာထိမသယ်နိုင်လို့ လာဝိုင်းသယ်ပါပြောရ ။
မတွေ့ဖူးပဲ ဆုံလိုက်၇တဲ့သူတွေ ခဏခဏဆုံကြရသူတွေ ကြာကြာမှတစ်ခါဆုံရသူတွေ တွေ့လိုက်တိုင်း မစိမ်းနေပဲ ရင်းနှီးနေကြတဲ့သူတွေ ချစ်လည်းချစ် ကျေးဇူးလည်းတင် တကယ်ပါ ဘဝမှာ ဘလော့ဂါဖြစ်ခဲ့ရတာဟာ ကိုယ့်ဘဝမှာပြန်တွေးလိုက်တိုင်းကျေနပ်တယ် FB မှာ ခင်တဲ့သူတွေ အန်ဖို့ဝန်မလေးပေမယ့် ဘလော့ဂါဆိုတာနဲ့ လိုက်ရှာ လိုက်အပ် ဒါဟာ အစ်မမြပြောသလိုပဲ ရေစက်ကြီးကြသူတွေပေါ့ ။
မသိဘူး မနေ့ပျော်လည်းပျော်မောလည်းမော ကိုယ်ဖိတ်တဲ့ဆရာစိုးမင်းလာတော့ ဆရာ့ကိုလာနှုတ်ဆက်တဲ့သူတွေက ပိုများ ပုံတွေရိုက်ကြနဲ့ တကယ့်ကို အမှတ်တရပွဲလေး တီတင့်ကိုကော ကိုဏီိ့ကိုကော မမောနိုင်မပန်းနိုင် အစကနေအဆုံးထိ တာဝန်ယူပေးတဲ့ အစ်မနော်ဖောကိုလည်းကျေးဇူးသိပ်တင်ပါကြောင်း ။
ဝမ်းသာစရာတစ်ခုက ကိုယ့်ကိုမောင်မျိုးသေးသေးလေး ပိန်ပိန်လေးလို့ဘယ်သူမှမပြောကြဘူးး)
4 comments:
ကိုမျိုးရေ ဒေါက် ဒေါက် ဒေါက်
လာလည်သွားပါတယ်။
92 feeling ဖတ်သွားပါတယ်။
ကိုမျိုးဆီ အလည်မလာတာကြာခဲ့ပြီ...
သတိရ လွမ်းလို့ post အဟောင်းတွေရှာဖတ်သွားပြီ
Interactive LED Flat Panel Display Gladwin E800 Series: Available in Five different sizes which are 55"/65"/75"/86"/98". Technologically designed in Canada and manufactured in Taiwan and Malaysia. Interactive LED Flat Panel Display is available both in Android & windows OPS Dual Operating System.
supreme
air jordan
yeezy boost 350
goyard
golden goose sneakers
golden goose
hermes birkin
yeezy 350 v2
birkin bag
goyard bag
Post a Comment