အဘ…..
တကယ်တော့
အဘဆိုတာက တစ်ချို့တွေဆို အဖိုးတွေ ဘကြီးတွေကိုပဲခေါ်တာများကြတာ ဒါပေမယ့်
အဘကလည်း သူ့အဖေကို အဘလို့ခေါ်သလို အမေကလည်း အဖိုးကို အဘလို့ခေါ်တော့ ကိုယ်တွေလည်း အဖေကိုအဘလို့ခေါ်ဖြစ်ကော အငယ်ကတည်းက
နှုတ်ကျိုးခဲ့တော့ အဖေလို့လည်းပြောင်းမခေါ်တတ်တော့သလို အဘလို့ခေါ်ရတာကပဲ ပိုပြီး အရသာ၇ှိနေတော့သလိုပဲ
စာရေးတော့လည်း အဘအကြောင်း အဘလို့ပဲေ၇းဖြစ်တယ် တကယ်တော့
ကိုယ့်စာလေးတွေဖတ်တဲ့သူတွေထဲ အဘ ပရိသတ်တွေလည်းရှိတယ်
း)။
အဘက ခုနောက်ပိုင်းပိုငြိမ်လာတယ် အရင်က သောက်ခဲ့ပေမယ့် ခုနောက်ပိုင်း သားသမီးတွေမျက်နှာထောက်ပြီး လုံးဝကိုမသောက်တော့တာ တစ်ခါတလေတော့ ထမင်းစားကောင်းဆိုပြီးတစ်ခွက်နှစ်ခွက်သောက်ဖြစ်တယ် အစ်မတွေကလည်း အဘကိုဆိုအချစ်ပိုတော့ သူ့အပေါင်းသင်းတွေ စွယ်လို့
ထိုင်သောက်ဖြစ်တဲ့အခါတွေတောင် အဲ့အိမ်မှာ သွားစောင့်ပြီးတော့ကိုစောင့်ခေါ်ကြတော့ အဘလည်း သူ့သမီးတွေကိုသနားပြီးတော့မသောက်ဖြစ်တော့ဘူး
။ ကိုယ်တွေအတွက်တော့ အဘ အသက်ရှည်ရှည်နေနိုင်ဖို့သာ လိုတော့ အဘ
ကျန်းမာနေဖို့သာ အဓိက ။
အစားသောက်ဆို
မရွေးတော့ ဘာစားစား ကုန်တယ် အဘပြောနေကြစကားက ထမင်းကိုတို့ကနဲဆိတ်ကနဲလုပ်နေတယ်ကွာ စားထည့်စမ်းပါ အစားဟာလူနဲ့တည့်တယ်တဲ့ လက်ဖက်ရည်တွေကော်ဖီတွေလည်းမကြိုက် မနက် အစောနိုးတာနဲ့ ထမင်းကြမ်း ငပိရည် တစ်ဇလုံဟာ အဘအတွက်
ဘရိန့်ဖတ်ပဲ အမေချက်ကျွေးတာဆို ငန်ငန်ခါးခါးစားတယ် တစ်ခါတလေများ
အမေဟင်းချက်ရင်မေ့ပြီး ဆားပိုထည့်မိလိုက်တာမျိုးဆိုရင်တောင်
အရင်ဆုံးစားဖြစ်တဲ့အဘက ဘာတစ်ခွန်းမှမပြောပဲစားသွားတာ ကိုယ်တွေစားမှငန်မှန်းသိလို့ အဘကလည်း ဘာလို့မပြောတာလဲဆိုရင် ပစ်ရမှာနမြောစရာကြီးကွာ စားပစ်လိုက်
ငန်ရင်ရေသောက်တဲ့ သူ့နည်းနဲ့သူတော့ဟုတ်တာပဲ ထမင်းမာရင်လည်း ဗိုက်ထဲရောက်ရင် နပ်သွားလိ့မယ်တဲ့ ။
အဘဟာ အိမ်ထောင်သက်တစ်လျောက်လုံးငွေသာရှာပေးတယ် ငွေလုံးဝမကိုင်ခဲ့တော့ ဘာဆိုဘာမှလည်းမစီမန့်တတ်ဘူး သောင်းဂဏန်းလောက်လေးများ အဘမှာရှိရင်လေ ဖွက်လို့ကိုမပြီးနိုင်တော့ဘူး ဘာကိုဖွက်နေမှန်းမသိ ပြီးတော့
အဘသိမ်းရင်သိပ်လုံတာ ပျောက်မှာဆိုး၇င်
အဘကိုသာသိမ်းခိုင်း တောအိမ် ထရံမိုးသာဖြစ်တယ် အဘက ဘယ်နားမှာသိမ်းမှန်းမသိအောင်ကို သိမ်းတာသိပ်တော်တယ် ပြီးတော့ ငွေနဲ့ပက်သက်ရင် သူ့မှာရှိလည်း အမေက လွဲပြီး ဘယ်သူက မရှိဘူးပဲပြောတယ် ရှိလည်းမရှိဘူးပြောတယ် ။ အဘငွေနှမြောတတ်ပုံကတော့ ရာဇဝင်နဲ့
ရွာနဲ့ ကျိုက်ထိုကို ဆိုင်ကယ်စီးရင်
၁၀၀၀ ပေးရမှာဆိုလို့ လမ်းလျှောက်တဲ့အခါတွေရှိတယ်
ပြီးတော့ မင်းတို့ဆိုင်ကယ်ထက် ငါ့ခြေထောက်ကိုပိုစိတ်ချတယ်တဲ့ ။တီဗွီကြည့်လည်း သူ့မြေးတွေက
ရီမုဒ်ကိုင်ပြီးပြောင်းသမျှလိုင်းတိုင်းကို တစ်ခွန်းမှကြိုက်သည်မကြိုက်သည်မပြောပဲထိုင်ကြည့်တယ်
ကာတွန်းကားပြလည်းကြည့်တာပဲ ။
အဘက စကားနည်းသလောက် ပြောရင်လည်း ပိဿလေးနဲ့ဘေးပစ်ပဲ အစ်ကိုတွေကတစ်ခါ KTV မှာ ဆိုကြသောက်ကြရင်း၆သောင်းကုန်ခဲ့တယ်ဆိုတာသိတော့
မင်းတို့တွေကွာ ငါမွေးထားတာလက်ပါသားးနဲ့ သူများခွံ့ကျွေးတာစားခဲ့ရမလားဆိုပြီး စိတ်တွေတိုတော့ စိတ်မဆိုးဖူးတဲ့အဘ ဒေါသထွက်တော့ အစ်ကိုတွေလည်း မလာရဲကြတော့
တစ်ခါခါစိတ်တိုရင်လည်း သူဆူတာ စပါးဖျင်းတွေတဲ့
သုံးလို့လည်းမရ လေတိုက်တဲ့နေရာတိုင်းလိုက်ပါသွားတတ်လို့ဆိုလား ငါ့သားလေးကတော့ စပါးဖျင်းမဟုတ်ဘူးတဲ့း) ။
အဘနဲ့ပက်သက်ပြီး မှတ်မှတ်ရရရှိနေတာ ကိုယ်မှတ်မိနေတာလေးတစ်ခုက ရွာကအိမ်မှာတုန်းက မောင်နှမတွေအားလုံးတန်းစီပြီးအိပ်ကြတယ်
အိမ်အောက်မှာနွားမွေးတော့ ခြင်ကအရမ်းပေါတာ ညဘက်အိမ်ရင် ခြင်တွေကိုက်ပြီးအိမ်မရတိုင်း အဘက သူအိပ်နေတဲ့အလည်ကနေ လုံချည်တစ်ထည်နဲ့ ဟိုဘက်ကော ဒီဘက်ကော ရမ်းပေးနေတတ်တာ ကိုယ်တွေကတော့
ခြင်ကိုက်သက်သာသလို လေအေးလေးလည်းရတော့ အေးအေးလူလူအိပ်နိုင်ပေမယ့် အဲ့လိုတစ်ညလုံး သတိရလိုက်
ခြင်ရမ်းပေးလိုက်လုပ်နေတဲ့ အဘက နှစ်နှစ်ခြိုက်ခြိုက်ဘယ်အိပ်ပျော်နိုင်ပါ့မလဲဆိုတာ တွေးမိလေ
အဘရဲ့ ကျေးဇူးတရားတွေပိုသိလေပါပဲ။
အဘဟာ ချစ်ခြင်းတရားကို
အပြောထက် အလုပ်နဲ့သက်သေပြတတ်တဲ့ ကိုယ်တွေအတွက် ပုံဆောင်ခဲဖခင်ကောင်းတစ်ယောက်ပါပဲ ။
အဘကျန်းမာပါစေ ။
3 comments:
မလေး စာလာဖတ်သွားပါတယ်.. :)
q5i96k4q76 t8x74a3k49 k2j54i0h84 q7m16q5v35 t5a81j9m51 o1q73e9q39
c0i14i9h21 f8a00n7g12 d3u78x2m39 k5s46a7e78 t3k23m9x75 c7f31m2z98
Post a Comment